Showing posts with label ဇာတ်လမ်းတို. Show all posts
Showing posts with label ဇာတ်လမ်းတို. Show all posts

ဖိနပ်ပေါက်သူများ


''ဟာ   ဟေ့ကောင်ကြီး.ဘယ်တုန်းကရောက်နေတာလဲ?အသံမကြားဘာမကြားနဲ့..ငါနေတဲ့နေရာကို
ဘယ်လိုမေးလာတာလဲ?ခုဘယ်မှာနေပြီးဘာတွေလုပ်နေလဲ?စာရေးဖြစ်သေးလား?ထိုင်ဦးကွာ....'' စသဖြင့်တောင်တစ်လုံးမြောက်တစ်လုံးစကားတွေထွက်ကျလာလျက်ဝမ်းသာအားရဆိုသည်..။
ထိုင်ဦးကွာဟုဆိုသော်လည်းကုလားထိုင်ကတစ်လုံးထဲ..။ဖြူရော်သောအသားအရေနှင့်ကရင်သင်တိုင်း
အကျီင်္နီနီပွပွကြီးကလည်းတစ်မျိုးတော့လိုက်ဖက်ညီကာကြည့်၍ပင်ကောင်းနေသေးသည်..။ကျောင်းတုန်း
ကထက်ပိုမိုပိန်လှီသောအသွင်ကပေါ်လွင်လှသည်..။နာထင်နာရင်းများလည်းချိုင့်နေသည်..။ကြိုးနှစ်ချောင်း
ပြတ်နေသောစပိန်ဂစ်တာပြားချပ်ချပ်တစ်လက်ကိုနံရံတွင်ထောင်လျက်သားတွေ့ရသည်..။နံရံကိုမှီလျက်
ပင်ကြမ်းပြင်ပေါ်နှစ်ယောက်သားထိုင်ချလိုက်ပြီးစကားတွေဖြန့်ကျဲမိကြသည်..။

လွမ်းဆွက်ခြင်းအပြည့်နဲ့တခါကအနမ်း

ဒီနေ့မနက်စောစောမြတ်မင်းနဲ့ထွေးငယ်ဈေးဝယ်ဖို့ထွက်လာကြတာပေါ့။ မနေ့ကအတန်းထဲမှာဖြေခဲ့တဲ့ အစမ်းစာမေးပွဲမှာသူတို့နှစ်ယောက်ကြိတ်ပြီးတော့ဘယ်သူမှမသိအောင်အလောင်းအစားလေးတစ်ခုလုပ် ထားခဲ့တယ်လေ..။အမှတ်နည်းတဲ့သူကထမင်းဟင်းတစ်ရက်စာချက်ကျွေးကြေးပဲပေါ့...။ဒါနဲ့ကတိအတိုင်း
အမှတ်များတဲ့မြတ်မင်းကိုအမှတ်နည်းတဲ့ထွေးငယ်ကမြတ်မင်းကြိုက်တာချက်ကျွေးရမှာပါ......။ဒါကြောင့်
ဈေးမကွဲခင်စောစောလေးလိုချင်တာဝယ်လို့ရအောင်မြတ်မင်းကိုခေါ်ပြီးဈေးကိုထွက်လာခဲ့ကြတာပေါ့.။


ခုတော့ရွာကလေးလည်းBusyဖြစ်နေပြီ

“ အရပ်ရှစ်မျက်နှာမှာရှိကြကုန်သောမိဘပြည်သူများခင်ဗျား။ (ကျွီ အီ ဟီဟီ..ကျွီ... ဤကားလော်စပီကာ နာစေးချောင်းဆိုးသဖြင့်ပေါ်ပေါက်လာသောအသံပေတည်း....စကားချပ်) အဟမ်း အဟမ်း... လော်စပီကာကချောင်းဆိုးတာနဲ့ကြေငြာသူလည်းယောင်သွားတယ်ထင်ပါ့ဗျာ..။သူကပါလိုက်ပြီး
လည်ချောင်းရှင်းလိုက်ရသေးတယ်လေ..။ အဟမ်းချစ်ရပါသောရွာသူရွာသားများအားလုံး နေထိပန်းလိုမညှိုးနွမ်းပဲမိုးဆန်းပန်းလိုလန်းဆန်းပါစေလို့ကျွန်တော်များမိဘမေတ္တာ TV အိမ်မှဆုတောင်းအပ်ပါတယ်ခင်ဗျား...” ကျွီ..ဟီ အီ..............အီ..။

ဂလိုဘယ်လိုက်ဇေးရှင်း=ကျနော်တို့၏ရွာကလေး

နေ၀င်ပြီးလို့မှောင်စပျိုးလိုက်တာနဲ့ရွာလည်ပိုင်းက “ဘုတ်ဘုတ်” ဆိုတဲ့အသံတွေနဲ့ အတူ
ကျနော်တို့ရွာကလေးဟာ မီးရောင်ထိန်ထိန်အောက်မှာရုပ်လုံးကြွလို့၊အသက်ဝင်လို့ပေါ့ဗျာ။ ဧရာမမီးစက်ကြီးနဲ့တစ်ရွာလုံးကိုမီးပေးထားတယ်ဆိုပဲ။ မိုက်တော့မိုက်တယ်ဗျ။
ရွာကလူတွေအနေနဲ့ကျနော်တို့ မြို့နေလူတန်းစားတွေလိုမီးပျက်ခြင်းဆိုတဲ့အတွေ့အကြုံကိုမခံစားရလို့
မြို့မှာလို ''ဟာ'' ကနဲ ''ဟင်''ကနဲမဖြစ်ရဘူးပေါ့ဗျာ...။ပြီးတော့တီဗီကကိုရီးယားကားစောင့်ကြည့်တဲ့သူ တွေလည်းလွတ်သွားတဲ့အပိုင်းဆိုတာမရှိ။ ရွာလည်လမ်းမဆိုတာကမီးရောင်ထိန်ထိန် ..........................။

ကြည်နူးဖွယ်အချိန်လေးများ

ဒီနေ့တော့ပျင်းပျင်းရှိတာနဲ့ဘာရေးရကောင်းမလဲဆိုပြီး အွန်လိုင်းပေါ်မှာဟိုဟိုသည်သည်လျှောက်သွားရင်းမှ စဉ်းစားနေမိပါတယ်။ ခဏနေတော့မြန်မာပြည်မှာရှိတဲ့အိမ်နားကအသိလင်မယားအကြောင်းလေးက တိုက်တိုက်ဆိုင်ဆိုင်ခေါင်းထဲ၊အတွေးထဲဝင်လာတာနဲ့ နည်းနည်းပါးပါးပြန်စီပြီး ခုလိုဇာတ်လမ်းတိုလေးတစ်ပုဒ်ရေးလိုက်မိပါတယ်။(ငယ်ငယ်တုန်းကအဖြစ်အပျက်လေးပါ) ကျနော်ရေးလိုက်တဲ့ဇာတ်လမ်းတိုလေးဟာ စာဖတ်သူတွေရဲ့အဖြစ်အပျက်နဲ့များတိုက်ဆိုင်သွားခဲ့ပါက ခွင့်လွှတ်နားလည်ပေးကြပါ။ အမှန်မှာတော့ခုလိုတိုက်ဆိုင်တာမျိုးလည်းဖြစ်လာချင်မှဖြစ်လာမှာပါပဲ။သို့သော် ကိုယ်က(ဘယ်သူ့ကိုမှစော်ကားဝေဖန်လိုစိတ်မရှိပါပဲ) အပျော်သက်သက်ရေးလိုက်မိသောစာက တစ်ပါးသူကိုစိတ်အနှောင့်အယှက်ဖြစ်သွားမှာကိုမလိုလားတာမို့ ကြိုတင်ပြီးတောင်းပန်ထားလိုက်တာပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အားလုံးကိုခင်မင်လေးစားလျက်ပါ။


ကမ်းမျှော်ငှက်

ပင်လယ်ထဲမထွက်ခင်နေပူပူကုန်းမြေပေါ်မှာလမ်းသလားနေတဲ့သူကို ကဗျာဆရာမြင့်ဦးဦးမြင့်က ကဗျာစာအုပ်လေးတစ်အုပ်လက်ဆောင်ပေးပါတယ်။ စာအုပ်ရဲ့နာမည်က ''ပင်လယ်ကိုလရောင်နဲ့မျှားရတယ်တဲ့'' ..။ တွေ့ဖူသမျှကဗျာစာအုပ်တွေထဲမှာတော့အတော့်ကိုအဆင်အပြင်ကောင်းမွန်တဲ့ စာအုပ်ပါ။ ပင်လယ်ကိုချစ်တတ်အောင်သင်နေသူ  'သူ့'  အတွက်ကံကောင်းခြင်းလက်ဆောင်ပေါ့။ မျှားတဲ့အလုပ်ကိုမကြိုက်ပေမယ့် 'မျှား' တဲ့စာတွေကိုသူကြိုက်သည်။ အပြင်လောကဇာတ်ခုံမှာတော့ 'မျှား' ခြင်းတွေသံသရာလည်နေသည်။ 'မျှား' ခြင်းဆိုသည်မှာ ကိုယ့်ရဲ့လိုအင်ဆန္ဒပြည့်ဝဖို့ တစ်ပါးသူအားဖြားယောင်းသွေးဆောင်သိမ်းသွင်းသည်ဟုအဓိပ္ပာယ်ဖွင့်လို့ရမလားမသိ။


ကြိုးပြတ်ကျသူများ

ကျနော်တို့ထဲကကြယ်ကလေးတစ်လုံးကြွေကျခဲ့တာပါ။ကျနော်တို့လှမ်းဆွဲမထားနိုင်ခဲ့ကြလို့ အတော့်ကိုဝမ်းနည်းကြေကွဲခဲ့ရတယ်။ကျန်ရစ်ခဲ့တဲ့သူငယ်ချင်းတစ်တွေ မျက်ရည်ကလေးစမ်းတမ်းစမ်းတမ်းနဲ့ သူမလိုက်သွားရာအရပ်ဆီဝိုင်းပြီး ငေးမောနေမိကြတယ်..။ကျနော်တို့အပေါ်လောကဓံရဲ့ပထမဦးဆုံး ထိုးနှက်ချက်ဖြစ်တာမို့ အတော်ကလေးကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့်ရက်ကိုလစားတော့လည်းခွဲခွါသွားသူ အတွက်အရိုးပဲကျန်တတ်ပါတယ်။သူ့ခရီးလမ်းသူလျှောက်လှမ်းသွားခဲ့ပြီမို့ နောက်တော့လည်းကျနော်တို့နေသားကျခဲ့ပါပြီ....။



ညပြာပြာရဲ့ပန်းသီး

လူတွေကပြောကြတယ်။ပန်းသီးမစားဖူးတဲ့ကလေးတစ်ယောက်ဟာ ပန်းသီးကိုဘယ်တမ်းတမလဲတဲ့။ပန်းသီးရဲ့အဓိပ္ပါယ်ကိုသူမှမသိတာပဲတဲ့လေ..။
တကယ်ပဲမှားယွင်းခဲ့တယ်..။အကြီးအကျယ်ပဲပေါ့။လူတွေကသူတို့သိသလောက်ပဲပြောခွင့်ရှိကြတယ်လေ..။ သူတို့မှာသိတာထက်ပိုတဲ့ပြောပိုင်ခွင့်မှရှိမနေတာပဲ..။  
သူတို့မသိတာက အဲဒီပန်းသီးနဲ့ကလေးတစ်ယောက် ဘယ်လိုပတ်သက်ခဲ့သလဲဆိုတာကိုပေါ့..။  
မေတ္တာတရားနဲ့တူတဲ့အဲဒီပန်းသီးကိုကလေးငယ်တစ်ယောက်ဟာချစ်မက်စွာစားသုံးခဲ့ဖူးတယ်ဆိုတာ
ပြောပြချင်ပါတယ်..။


(ငယ်ငယ်တုန်းက) ပန်းသီးဖီလင် ဇာတ်သိမ်း

အဒေါ်ကြီးကလှည့်မကြည့်ပဲပန်းသီးကိုင်ထားသောလက်ကိုသန်းမောင်ဖက်သို့ဆန့်တန်း၏..။
တကယ်ကျွေးတော့မှာ...။ဝမ်းသာစိတ်ဖြင့်သံတိုင်တွေကြားထဲခေါင်းကိုတိုးကပ်၏..။
စားရပါတော့မယ်ဆိုမှဗိုက်က ဂလွီဂလွမ်မြည်လာသည်..။မြည်....ကြိုက်သလောက်
မြည်ထား...ခဏနေရင်မင်းထဲကိုပန်းသီးတွေပစ်ထည့်လိုက်မယ်....။


 အားပေးတဲ့သူတွေကိုကျေးဇူးပါဗျာ..

(ငယ်ငယ်တုန်းက) ပန်းသီးဖီလင် ပထမပိုင်း

ကောင်လေးကခေါင်းကိုတယမ်းယမ်းလုပ်နေ၏..တွဲလောင်းချထားသောခြေထောက်ကိုလည်း မြေကြီးပေါ်သို့မမှီတမှီလှမ်းဆောင့်နေသေး၏.. 
''အတော်မိုက်တဲ့ကောင်ပန်းသီးများမစားချင်ဖူးတဲ့...ပန်းသီးဆိုတာလူတိုင်းစားနိုင်တာမဟုတ်ဘူးကွ..
မင်းကသူဌေး မို့စားနိုင်တာ...'' 


အရောင်ရင့်ရင့်အမုန်းများ ၆ (ဇာတ်သိမ်း)

အဖိုးလုပ်တဲ့သူက 
''ငါတို့အားလုံးမြေးမလေးကိုမေးကြည့်ပြိးပြီ၊ 
သူကပြောတော့မင်းနဲ့ခင်ယုံပဲခင်တာပါတဲ့၊လက်ထပ်ထားတယ်ဆိုတာသူ့ရဲ့ခင်မင်မှု့ကိုမင်းက
အလွဲသုံးစားလုပ်ပြီးသူသိက္ခာကျအောင်ပြောနေတာပါတဲ့..ဒီတော့မင်းဘာပြောချင်သလဲ..''

• • • • • • • • • • • • • • • • • • • •

အရောင်ရင့်ရင့်အမုန်းများ ၅

''ကိုကြီးအဲလိုပြောမှာစိုးလို့ဘာမှမပြောပဲနေမြဲအတိုင်းနေခဲ့တာကို ကိုကြီးပဲမရမကလိုက်မေးနေတော့..ဒီကပြောလိုက်ရတယ်.. ထင်တဲ့အတိုင်းပဲကိုကြီးညီမလေးကိုအထင်သေးသွားပြီမို့လား?ဒါကြောင့်အတင်း
နှင်လွှတ်နေတာပေါ့'' ဆိုပြီးငိုပါလေရောဗျာ..... 
ကျနော့်မှာခြေမကိုင်မိလက်မကိုင်မိဖြစ်သွားခဲ့တာပေါ့... ကိုယ်ချော့တတ်သလိုချော့ရင်းကျနော်လည်းဘာတွေပြောမိမှန်းတောင်မသိတော့ဘူးးး.

♣♣♣♣♣ ♣♣♣♣♣ ♣♣♣♣♣ ♣♣♣♣♣

အရောင်ရင့်ရင့်အမုန်းများ ၎

နောက်ပိုင်းကျတော့ သူကသိသိသာသာကို မကျေနပ်ကြောင်းပြလာပါလေရောဗျာ။
သူ့မှာချစ်သူရှိတယ်ပေါ့၊ ကျနော်ခုလိုလိုက်လိုက်ပို့နေတာကိုသူ့ချစ်သူမြင်ရင်မကောင်းဘူးပေါ့၊ လိုက်မပို့တော့နဲ့ပေါ့၊ အဲလိုတွေပြောပြောလာတယ်လေဗျာ။ ကျနော်ကလဲ ဘယ်ယုံမလဲဗျာ။
ကိုယ့်အထင်နဲ့ကိုယ်ကိုးးး ထားပါတော့ဗျာအတိုချုပ်ပြိးပဲပြောတော့မယ်။
♦♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦♦

အရောင်ရင့်ရင့်အမုန်းများ ၃

တစ်ရက်ကြတော့ကိုယ့်ကိစ္စနဲ့ကိုယ် စိန်ပေါလ်ကားမှတ်တိုင်ကနေပြီး လိုင်းကားစီးလို့ တာမွေကိုအသွားကျနော်စီးလိုက်တဲ့ကားပေါ်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် သူလေ....
''မိုးလေးပေါ့'.. တတ်လာတယ်ဗျာ~ ကိုယ်စီးထားတဲ့ဘတ်စ်ကားကိုရော တလောကလုံးကိုပါမေ့ပြီး ကျနော်မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ချစ်ဦးသူ မိုးလေးကို ငေးကြည့်ရင်းက ဘယ်လိုကဘယ်လို
သူ့အနားကိုရောက်သွားတယ်ဆိုတာမသိနိုင်လောက်အောင် မြန်ဆန်စွာပဲ နားနားကပ်ပြီးထိုင်လိုက်မိသွားတယ်ဗျာ။

  
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥

အရောင်ရင့်ရင့်အမုန်းများ ၂

ခဏလေးကြာတော့မိုးက သူတို့အခန်းရဲ့ ဝရန်တာမှာပေါ်လာပြီး ဖုန်းဆက်ဖို့ လက်ဟန်ခြေဟန်နဲ့ပြလာတယ်လေ... ဒါနဲ့ပဲ ချစ်အဖြေရပြီကွာ ဆိုပြီး လေတွေပါတွေချွန်၊
ကိုယ့်ဘာသာကိုယ် အပိုင်တွက်၊ရင်ကိုကော့၊မာန်ကိုမြှင့်ပြီး (သမိုင်းစာအုပ်ထဲကမွန်သူရဲကောင်းသမိန်ဗရမ်း၊တိုင်းတပါးသားဂါမဏိကိုစီးချင်းထိုးအနိုင်ယူပြီး ပြိုင်ပွဲကွင်းတစ်ပတ်ကြော့ကြော့လေးမြင်းစီးပြနေတဲ့ပုံစံလေးကိုတောင်မြင်မိတယ်၊မဆီမဆိုင်ပေါ့)

♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥

အရောင်ရင့်ရင့်အမုန်းများ ၁

ကျနော်ဒီအရွယ်ထိကျင်လည်ခဲ့ရတဲ့ရန်ကုန်မြို့ကြီးကို နှုတ်ဆက်ကြည့်လေးကြည့်နိုင်ဖို့အတွက် ပြတင်းဖက်မှထိုင်ခုံကိုယူလိုက်ကာ departure hall ထဲမှတဆင့် 
လေယာဉ်ပျံပေါ်သို့တက်လာခဲ့ပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ သိမ့်ကနဲ ခါသွားတာနှင့်အတူလေယာဉ်ကြီးမှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် .....

♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥

abcs