ဖိနပ်ပေါက်သူများ


''ဟာ   ဟေ့ကောင်ကြီး.ဘယ်တုန်းကရောက်နေတာလဲ?အသံမကြားဘာမကြားနဲ့..ငါနေတဲ့နေရာကို
ဘယ်လိုမေးလာတာလဲ?ခုဘယ်မှာနေပြီးဘာတွေလုပ်နေလဲ?စာရေးဖြစ်သေးလား?ထိုင်ဦးကွာ....'' စသဖြင့်တောင်တစ်လုံးမြောက်တစ်လုံးစကားတွေထွက်ကျလာလျက်ဝမ်းသာအားရဆိုသည်..။
ထိုင်ဦးကွာဟုဆိုသော်လည်းကုလားထိုင်ကတစ်လုံးထဲ..။ဖြူရော်သောအသားအရေနှင့်ကရင်သင်တိုင်း
အကျီင်္နီနီပွပွကြီးကလည်းတစ်မျိုးတော့လိုက်ဖက်ညီကာကြည့်၍ပင်ကောင်းနေသေးသည်..။ကျောင်းတုန်း
ကထက်ပိုမိုပိန်လှီသောအသွင်ကပေါ်လွင်လှသည်..။နာထင်နာရင်းများလည်းချိုင့်နေသည်..။ကြိုးနှစ်ချောင်း
ပြတ်နေသောစပိန်ဂစ်တာပြားချပ်ချပ်တစ်လက်ကိုနံရံတွင်ထောင်လျက်သားတွေ့ရသည်..။နံရံကိုမှီလျက်
ပင်ကြမ်းပြင်ပေါ်နှစ်ယောက်သားထိုင်ချလိုက်ပြီးစကားတွေဖြန့်ကျဲမိကြသည်..။
မြို့ပြခရီးတစ်ခေါက်တွင်သူငယ်ချင်းနှစ်ယောက်နှင့်ပြန်ဆုံတွေ့ခဲ့ရသည်။တစ်ယောက်ကား ချိုတူး..
သူနှင့်စတွေ့ခဲ့သည်ကပုသိမ်ကောလိပ်ပထမနှစ်တုန်းက..။ထိုစဉ်ကသုတဆောင်အခန်းတစ်ခန်းတွင်
ကျောင်းသားရှစ်ဦးနေရသည်..။အိပ်စင်လေးခုရှိသည်..။အပေါ်တစ်ဦး၊အောက်တစ်ဦးနေရသည်..။ အခန်းသို့ရောက်စကတော့သူ့ကိုယ်မသိ၊ကိုယ့်သူမသိ၊ကိုယ်ဟာကိုခပ်တန်းတန်း၊ခပ်အမ်းအမ်း..။
ကျနော်ကတော့အရင်ရောက်နှင့်နေသူမို့အခန်းနှင့်တခြားသူတွေလိုတော့စိမ်းမနေတော့ပါ..။ တစ်ရက်အခန်းထဲမှာခေါင်းဖြီးနေလျက်ကသီချင်းတစ်ပုဒ်ညည်းမိသည်..။

''အသံလည်းမကောင်းပဲနဲ့ဗျာ..ဆိုမနေစမ်းပါနဲ့''
 
နောက်နားဆီကဗလုံးဗထွေးနဲ့ပြောလိုက်သံကိုကြားရသည်..။လှည့်ကြည့်လိုက်တော့ခပ်ကြမ်းကြမ်းမျက်နှာတစ်ခု ကိုတွေ့ရသည်..။ဆံပင်ကရှည်ရှည်၊အရပ်ကကလန်ကလား၊အကြည့်ကဆင်ကြည့်နဲ့..ပြီးတော့မျက်လုံးများကအခိုးအငွေ့ တစ်မျိုးထွက်ပေါ်နေသယောင်နှင့်ရီဝေနေသောသူ..ဘယ်လိုလူပါလိမ့်ဟူသောအတွေးနှင့်အတူအနည်းငယ်တော့ လန့်ဖျပ်သွားမိသည်ပေါ့..။သူကတော့ငယ်ပေါင်းကြီးဖော်တွေလို..။
 
''လာဗျာ..ကင်န်တင်းသွားရအောင်..မိတ်ဖြစ်ဆွေဖြစ်ပေါ့''
 
ပြီးတော့တရင်းတနှီးရယ်ကာမောကာဖိတ်ခေါ်နေတော့လည်းအသာပင်လိုက်သွားခဲ့သည်ပေါ့..။ ထိုမှစ၍ထိုဟသာင်္တနယ်သားနှင့်ကျနော်အပေါင်းအသင်းဖြစ်ကြသည်..။ပေါင်းကြည့်တော့လည်းမဆိုး..။ သဘောကောင်းသည်၊စိတ်ထားဖြောင့်သည်..။သူငယ်ချင်းအပေါင်းအသင်းကိုခုံမင်တတ်သည်..။ပြောချင်ရာပြော၊ ဆိုချင်ရာဆို၊ကိုယ်နစ်နာမည်၊ သူများနစ်နာမည်ကိုဂရုမစိုက်တတ်..။သူ့အိတ်ထဲပါတာအကုန်ထုတ်သည်..။ လက်မနှေးတတ်..အဲမပါလျှင်တော့ပူဆာတတ်သည်..။သာသည်၊နာသည်မတွက်..။ 
ဒီတော့လည်းအခန်းထဲကရှစ်ယောက်စလုံးအချိန်တိုတိုအတွင်းရင်းနှီးကုန်ကြတာပေါ့...သူ့ကြောင့်ပဲလို့ဆိုရမှာပါ..။
နောက်ပြိးသူ့ကြောင့်ပဲအရက်ခဏခဏသောက်ဖြစ်ကြသည်..။သူ့ကြောင့်ပဲမိန်းကလေးတွေအဆောင်ရှေ့ညဖက် ညဖက်ဂစ်တာသွားတီးဖြစ်ကြသည်..။သူ့ကြောင့်ပဲပျော်ရွှင်ရယ်မောကြရသည်..။သူ့ကြောင့်ပဲမကြာခဏ စိတ်ညစ်ကြရပြန်သည်..။ချိုတူးကားထိုသို့ချိုတူးပင်..........။ဒုတိယနှစ်မှာအခန်းတွေပြောင်းရသည်..။ လူချင်းကွဲကုန်ကြသည်..။အဆောင်ကတော့အတူတူ..။ထို့ကြောင့်ချိုတူးနှင့်တွဲမိကြတုန်း..။
ထိုနှစ်မှာကျနော်ဖဲရိုက်တတ်လာသည်..။စီးပွါးဖြစ်ရော၊စီးပွါးပျက်ရောကစားမိသည်..။အဖတ်မတင်သည်ကများသည်..။ အချေးအငှားထူပြောလာသည်..။ကျန်းမာရေးလည်းအနည်းငယ်ထိခိုက်လာသည်..။ကျောင်းစာတွေလည်း ချွတ်ယွင်းလာသည်..။နဂိုကတည်းကအဓိကယူထားသောဘာသာချင်းမတူသည့်ချိုတူးနှင့်တစ်စတစ်စဝေးလာသည်..။ သည်လိုနေရာကြတော့ချိုတူးတို့ကသူငယ်ချင်းကောင်း..။ကျနော့်ကိုတားသည်..။သူကိုယ်တိုင်လည်းဖဲမကစား..။ လဘ္ဖက်ရည်သောက်မည်၊မုန့်စားမည်၊စားသောက်ဆိုင်ထိုင်မည်၊အဝတ်အစားဝယ်ချုပ်မည်၊ရုပ်ရှင်ကြည့်မည်၊ မသကာအရက်သောက်ချင်သောက်မည်၊ဖဲတော့လုံးဝမရိုက်..။ဒါကချိုတူးဝါဒ..။ 
သို့သော်ကျနော်ကအသိခေါက်ခက်အဝင်နက်နေတုန်း..။ချိုတူးကလည်းလက်မလျှော့၊ချော့ပြောသည်၊ မကြာခဏပစ်ပစ်ခါခါရှုတ်ချသည်..။သည်လိုနှင့်ဒုတိယနှစ်အောင်စာရင်းတွေထုတ်ပြန်တော့ကျနော့်နာမည်ပါမလာတော့..
ကျောင်းလခနှင့်အဆောင်စားစရိတ်ကြွေးကျန်နေ၍ဟုဆိုသည်..။မှတ်မိသလောက်ဆိုရလျှင်လေးရာပျော့ပျော့လောက်တော့ရှိမည်..။ တတိယနှစ်တက်ရောက်ရန်အိမ်မှခပ်တည်တည်ထွက်လာခဲ့သည်..။ 
မုန့်ဟင်းခါးသည်အမေ့ထံမှငွေပိုမတောင်းခဲ့..။အကျိုးအကြောင်းလည်းမပြောရက်၊မုန့်ဟင်းခါးရောင်း၍ကောလိပ် ထားပေးရသည်ကပင်လွန်လှပြီမဟုတ်ပါလား..။အိမ်သို့ပို့လိုက်သောအကြွေးတောင်းစာဖြတ်ပိုင်းကိုလည်း မိမိဖြတ်ယူထားလိုက်ပြီးပြီဆိုတော့အမေဘာမှမသိသေး..။သည်လိုနှင့်ကျောင်းရောက်လာတော့အောင်စာရင်းထုတ်မပေးသေး..။ သူများတွေကတော့တတိယနှစ်တက်နေကြပြီ..။ကျနော်ကတော့ယောင်လည်လည်ဖြစ်နေတုန်း..။ ချိုတူးရောက်လာတော့ကျနော့်ကိုကယ်လိုက်သည်..။ကြွေးကျန်တွေကိုထုတ်ပေးသည်..
နောင်ရှိမှပြန်ဆပ်..။နှစ်ယောက်သားကျောင်းရုံးခန်းသို့သွားပြီးသွင်းစရာကျန်နေသောငွေများသွင်း၊ပြေစာပြန်ယူ
၊မော်ကွန်းထိန်းဆီသွားတွေ့..။ကျနော်နှင့်ဘဝတူကျောင်းသားတစ်ဦးရှေ့မှာ
ရောက်နှင့်နေသဖြင့်စောင့်နေလိုက်တော့သည်ပေါ့..။
မော်ကွန်းထိန်းကထိုကျောင်းသား၏ပြေစာစာရွက်ပေါ်တွင်အောင်စာရင်းရေးပေးသည်..။
ကျမြဲအတိုင်းကျပါသည်တဲ့..။ထိုကျောင်းသားအတွက်စိတ်မကောင်းဖြစ်မိ၍ကျနော့်အတွက်လည်းရင်ထိတ်သွားမိပါသည်..။
ကျနော့်အလှည့်ရောက်တော့ရင်ခုန်စွာနဲ့မော်ကွန်းထိန်းရေးပေးလိုက်သောပြေစာစာရွက်ပေါ်မှအောင်စာရင်းကိုမကြည့်ရဲ..။ ပင်မအဆောက်အဦး၏လှေကားထစ်များပေါ်ကျမှချိုတူးကပြောသည်..၊ မင်းအောင်တယ်တဲ့..။ပျော်လိုက်တာလေ.....။ပျော်လို့ကောင်းနေတုန်းချိုတူးကမေးသည်..။

''မင်းဘာလို့ဖဲကိုသဲကြီးမဲကြီးရိုက်ရတာလဲ''
 
''အာရုံမပျံ့လွင့်ချင်လို့ကွ...မိန်းကလေးတစ်ယောက်ကိုမေ့ထားချင်လို့''
 
''တစ်ယောက်ကိုမေ့ချင်ရင်နောက်တစ်ယောက်ရှာရတယ်ကွ...လာငါ့နောက်လိုက်ခဲ့''
 
ဟုဆိုပြီးကျနော့်ကိုခေါ်သွားသည်ပေါ့..။သူအဓိကယူထားသောဘာသာရပ်သင်ကြားရာအခန်းဆီသို့ရောက်သွားသည်..။ ထိုမှာပင် ''သဇင်'' နှင့်ကျနော်စတင်သိကျွမ်းခဲ့ပါသည်..။ ထို့နောက်ဖဲရိုက်ခြင်းကိုအပြီးအပိုင်စွန့်လွှတ်လိုက်ပါတော့သည်..။သြော်..သူငယ်ချင်းကောင်းချိုတူး...လွမ်းပင်လွမ်းစရာ...။










ထိုစဉ်ကချိုတူးနှင့်ခုရန်ကုန်မှာပြန်ဆုံမိသည်ပေါ့...။ကျောင်းပြီးသည့်နောက်အစိုးရဌာနတစ်ခုတွင်ပုတ်ပြတ်ဝန်ထမ်း အဖြစ်ဝင်ရောက်လုပ်ကိုင်နေသည်ဟုကြားမိပေမယ့်လူချင်းတော့ပြန်မတွေ့ဖြစ်ကြ..။ အကြောင်းကြောင်းကြောင့်မဆုံဖြစ်ခဲ့ကြတယ်ဆိုရမှာပေါ့ဗျာ..။ခုတော့လည်း
အကြောင်းမရှိပေမယ့်တိုက်တိုက်ဆိုင်ဆိုင်ဆူးလေဘုရားလမ်းမတစ်နေရာမှာဆုံဖြစ်ကြသည်ပေါ့..။
 
''ဟေ့ကောင်ချိုတူး''
 
ဝမ်းသာအားရလှမ်းခေါ်လိုက်ပြီးမှသံသယဝင်ရသည်..ဟုတ်ကောဟုတ်ရဲ့လားပေါ့...။ ပုံစံတွေပြောင်းနေသည်ကိုး...။ကျောင်းမှာတုန်းကတော့
ဘောင်းဘီရှည်ချုပ်ဝတ်မည်ဟုခဏခဏကြုံးဝါးတတ်သော်လည်းစာသင်နှစ်လေးနှစ်သာကုန်သွားခဲ့သည်.. တစ်ခါမှချုပ်မဝတ်ဖြစ်ခဲ့..။အပေါင်းအသင်းတွေနှင့်စားရင်းသောက်ရင်းမှသူ့မုန့်ဖိုးများကုန်သွားခဲ့ရသည်..။ ခုမြင်ရသည်ကဂျင်းဘောင်းဘီနှင့်အကျီင်္ကလည်းလက်တိုအကွက်ဆန်းဆန်း၊ခပ်လန်းလန်း။ ဟိုက်ဟီးလ်ဟုခေါ်သောခုန်မြင့်ဘွက်ဖိနပ်အကောင်းစားကြီးနှင့်..ပြီးတော့ပတ်ထားသောနာရီကလည်း လက်လှုပ်လိုက်တိုင်းလက်ကနဲ၊လက်ကနဲ.ရွှေရောင်ကိုဝင်းလို့....။ ကိုယ့်ကောင်ကြီးတယ်သားနားနေပါလားဟုစိတ်ထဲမှလျှပ်တစ်ပြက်မှတ်ချက်ချလိုက်စဉ်မှာပဲချိုတူးက ကျနော့်အနားေ၇ာက်လာသည်ပေါ့..နှစ်ယောက်သားလဘ္ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြသည်..။ မတွေ့တာကြာတော့စကားတွေပြောလိုက်ကြသည်မှာမပြီးနိုင်မစီးနိုင်..။သဇင်
အိမ်ထောင်ကျသွားတဲ့အကြောင်း၊နွဲ့နွဲ့နှင့်မနော်တို့လည်းကလေးတွေရနေပြီဖြစ်ကြောင်း၊မချိုအပျိုကြီးကတော့ချင်းတောင်မျာဆရာမသွားလုပ်နေပြီ
ဖြစ်ကြောင်း၊ကိုကိုမောင်ကရွှေတောင်ချည်မျှင်စက်၊ခင်သိန်းကတော့ကျောင်းဆရာ၊ဘလက်ကီက ကျော်စွာစီမံကိန်း၊မဲလေးနှင့်စန်းလွင်ကထောင်မှူး
နှင့်ဒုရဲအုပ်၊နောက်ပြီးကျောင်းမှာတုန်းကရိုးလွန်းအလွန်းသောတင်ဝင်းကအောင်မြင်နေသောကုန်သည်အကြီးစား၊ခိုင်ဇော်ကဆည်မြောင်းဌာန၊မျိုးဇင်
နှင့်ဆိုးပေကဝေလေလေ(တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်)စသည် စသည်ဖြင့်......နောက်ဆုံးမေးလွန်းမကမေးတော့မှသူ့အကြောင်းမပြောချင်ပြောချင်နှင့်
ပြောလေတော့သည်ပေါ့...။လေးငါးနှစ်ဆိုသောအချိန်သည်လူတစ်ဦးကိုကောင်းကောင်းကြီးပြောင်းလဲနိုင်စွမ်း လဲရှိတတ်သည်..။နေရာဝန်းကျင်၏ထိရောက်မှု့နှင့်လဲသက်ဆိုင်ပေမည်..။ချိုတူးကားမြို့ပြချိုတူးဖြစ်နေချေပြီတကား..။




 

''သည်လိုကွ.....ငါရန်ကုန်မှာအလုပ်ရပြီးတစ်နှစ်လောက်ကြာတော့အမေဆုံးတယ်။
အဖေကသူ့ဆန်စက်မှာပြန်လုပ်စေချင်တယ်။ငါကဘယ်ပြန်ချင်တော့မလဲ။
ငါ့အမေလဲမရှိတော့ဘူး..ပြီးတော့အရင်ကတည်းကငါကငါ့အဖေနဲ့သိပ်အဆင်ပြေတာမဟုတ်ဘူးလေ..။ အဆိုးဆုံးကအဲဒီဆန်စက်ဆိုတာကဟိုး   တောထဲမှာ..။ငါလည်းငါ့အဖေကို ကျနော်ဖုန်တောထဲမတိုးချင်တော့ဘူးလို့အပြတ်ပြောချလိုက်တယ်ကွာ...ဒီတော့အဖိုးကြီးကငါ့ကိုသိပ်မကြည်ဘူးပေါ့ကွာ..။ အမွေပြတ်ကြေငြာမယ်..ဘာညာပေါ့..ဟိုတလောကပဲငါအိမ်ပြန်ပြီးငါ့အဖေဆီကပိုက်ဆံပြန်တောင်းသေးတယ်....။ မပေးတာနဲ့ငါလည်းအိမ်ကစက်ဘီးယူလာပြီးကြံခင်းမြို့မှာ
ရောင်းပစ်ခဲ့တယ်..။ရန်ကုန်မှာနေတော့မှငါလည်းသိလာရတယ်ကွာ...လောကမှာ ဒါရှိမှကွ..ဒါ..ဒါ ''   

ဟုပြောပြီးလက်မနှင့်လက်ညှိုးကိုကွေးကာဝိုင်းပြလေသည်.။
 

''ငွေရှိမှလူရာဝင်တာ..ငါလည်းဆုံးဖြတ်လိုက်တယ်ဟေ့ကောင်ရ...ငွေကိုအပြတ်ရှာမယ်.. ရလာရင်သုံးမယ်၊ဖြုံးမယ်၊ဝတ်မယ်၊စားမယ်..လူ့ဘဝဆိုတာတကယ်
တမ်းတော့တိုတိုလေးပါကွာ...လောလောဆယ်တော့ငါဟွန်ဒါတစ်စီးလောက်စီးချင်နေတာကွ.. အသည်းကိုယားနေတာပဲ.။ဟိုတနေ့ကဆိုရင်လက်ထဲငွေရှစ်ထောင်
လောက်ရနေပြီးမှနောက်တစ်ချက်(ကြက်)ပေါ်လိုက်ရင်ပြီးပြီ...တစ်ချည်ထဲပွဲသိမ်းရမှာကွာ...တောက်...နာသွားတယ်.... ငါပြောနေတာတွေမင်းသိရဲ့လားဟေ့ကောင်..။ဒါလေကွာ..ဒါ..ဒါ.''  

ဟုဆိုပြီးစားပွဲပေါ်တွင်လက်နှင့်လှည့်သည့်ဟန်လုပ်ပြသည်..။
 
''ဂျင်ကစားတာလေကွာ...ငါအခုအဲဒါတွေလုပ်နေတယ်ဟေ့ကောင်..အထင်မသေးနဲ့ဟေ့ကောင်.. အဲဒါကတစ်ခါထဲနဲ့ကြီးပွါးသွားနိုင်တဲ့စီးပွါးရေးပဲ...ခုတော့ကံမပေါ်သေးလို့ပေါ့ကွာ..... ဆက်တိုက်ဆိုသလိုထိနေတယ်သူငယ်ချင်းေ၇..။မင်းကိုလည်းပြောထားရဦးမယ်...ငါဝတ်စားထားတာတွေကြည့်ပြီး သိပ်လည်းအထင်ကြီးမနေနဲ့ဦး..ဟဲဟဲ..နာရီကတစ်ထောင်လောက်တန်တယ်လို့မင်းထင်နေမှာပဲ.. အမှန်ကတစ်ရာငါးဆယ်ပဲပေးရတယ်...ဟဲဟဲ....။ဘောင်းဘီတွေ၊အကျီင်္တွေ၊ဟိုက်ဟီးလ်တွေ
ကတော့ပေါပါတယ်ကွာ....ဆိုင်တွေကငှါးဝတ်လို့ရတယ်လေ..။မင်း ငါပြောတာတွေကြားလို့အံ့သြနေပြီလား..ရန်ကုန်ဆိုတာကသည်လိုနေမှကွ..။အဝတ်အစားစုတ်စုတ်ပြတ်
ပြတ်နဲ့တော့ဘတ်စ်ကားစီးတဲ့သူအချင်းချင်းတောင်မယုံသင်္ကာနှင့်ကွက်ကြည့်ကွက်ကြည့်လုပ်ခံရတာ.... 
နောက်ဆိုမင်းသိလာမှာပါကွာ..'' ကျနော်ဘာမှမပြောမိပါ။
 
''ဟာဟေ့ကောင်..စကားတော့ပြောလို့ကောင်းပါရဲ့..ငါးနာရီမှာဘော်ဒါတစ်ပွေနဲ့ချိန်းထားတာလေးရှိလို့သွားဦးမယ်ကွာ..'' 

ဟုပြောပြီးပေါ့ပါးစွာထရပ်လိုက်သည်..။ဘောင်းဘီဖင်ကိုတစ်ချက်နှစ်ချက်ခါသည်..။ပြီးတော့ငုံ့၍ဖိနပ်ကို နည်းနည်းပြင်စီးလိုက်သည်..။
 
''ဟီးလ်ကနည်းနည်းကျပ်နေလို့ဖိနပ်ပေါက်ချင်ချင်ဖြစ်နေတယ်ကွ..။သွားမယ်ဟေ့ကောင်.....ချမ်းသာရင် သူငယ်ချင်းတွေကိုမမေ့ပါဘူး..ဟဲဟဲ.''
 
သူ့အကြောင်းပြောမယ့်ပြောတော့လည်းရေပက်မဝင်..။ကျနော့်ဖက်ကဘာတစ်ခွန်းမှကောင်းသည်ဆိုးသည်ပြောချိန် မရလိုက်..။ကျောင်းတုန်းကဖဲမရိုက်ရန်သူများကိုတားခဲ့သောသူငယ်ချင်းကလူပြောသူပြောများသောလေးကောင် ဂျင်ကစားနေသည်တဲ့..။ မယုံကြည်နိုင်ခြင်း၊အံ့သြခြင်းတစ်လှေကြီးနဲ့သူ့ကျောပြင်ကိုငေးနေလိုက်မိသည်..။အက်ီၤ
အကွက်များတွင်မြို့ပြ၏အစွန်းအကွက်များကိုပါလှမ်းမြင်လိုက်ရသလိုလိုခံစားမိလိုက်သည်..။








မြို့နယ်မဂ္ဂဇင်းကိစ္စဝိစ္စများအတွက်သူငယ်ချင်းတစ်ယောက်အကူအညီလိုသဖြင့်စံရိပ်ငြိမ်က ပန်းသီးအိမ် သို့ရောက်ဖြစ်ခဲ့သည်..။ ၄၀ဝပ်အား၏ဝါကျင့်ကျင့်အရောင်ကအိမ်ရှေ့
ခန်းလေးကိုလွှမ်းခြုံထားပြီးအိပ်ခန်းထဲတွင်မူမှောင်မည်းနေသည်..။ပထမဆုံးကျင်းမြောင်းပြီးအသက်ရှုမဝသော အဖြစ်ကိုခံစားလိုက်ရသည်..။ဆံပင်ဖွာဆန်ကျဲနှင့်ခုံပေါ်မှာအာရုံနစ်စွာထိုင်နေသောသူငယ်ချင်းကိုအဆင် သင့်တွေ့ရသည်..။နေမျိုး......နေမျိုး။စာပေအပေါင်းအသင်းနေမျိုး.....။မြို့ချင်းလည်းမတူ၊ အတန်းလည်းကွဲပေမယ့်ဝါသနာကတော့ကွာခြားချက်မရှိခဲ့ကြ...။ ကျနော်ကတတိယနှစ်မှစပြီးစာတွေကဗျာတွေကိုဟိုတစ်တို့သည်တစ်တို့ရေးမိသည်...ထိုစဉ်ကတည်းကပင်နေမျိုးက စာပေနယ်ထဲသို့ရောက်နှင့်နေပေပြီ..။သူသည်ကဗျာလည်းရေးသည်..။ပန်းချီလည်းဆွဲသည်..။ သူ့လက်ရာသူ့စာတွေကိုနံရံကပ်စာစောင်တွေနှင့်ကျောင်းမဂ္ဂဇင်းတွင်မကြာခဏဆိုသလိုတွေ့ရတတ်သည်..။
အသင်းအဖွဲ့စာပေကိစ္စများတွင်လည်းသူ့လက်ရာမကင်းဆိုတော့ကျင်းမြောင်းလှသော ကန်သုံးဆင့်အသိုင်းအဝိုင်းတွင်သူနှင့်ဆုံတွေ့ရင်းနှီးဖြစ်ခဲ့သည်..။ဦးပြုံးဆိုင်တွင်မကြာခဏ
ထိုင်လျက်ကဗျာအကြောင်း၊စာအကြောင်းပြောဆိုဖြစ်ခဲ့ကြသည်..။သူကကျောင်းတစ်နှစ်စောပြီးသွားခဲ့သည်..။ ခုတော့ရန်ကုန်မှာသူဝါသနာပါရာယုံကြည်ရာတွင်ဘဝကိုမြှုပ်နှံထားလိုက်ပုံရသည်..။ လစဉ်ထုတ်မဂ္ဂဇင်းတစ်စောင်တွင်သူ့လက်ရာသန့်သန့်လေးများကိုလစဉ်လိုလိုတွေ့ရတတ်သည်..။ ခုလည်းကြည့်လေ...သူ့အနုပညာတွင်ဈာန်ဝင်နေသည်မှာနောက်ကလူရောက်နေသည်ကိုပင်မသိ..။ သူ၏ရှေ့နံရံတွင်ပန်းချီမျိုးညွန့်၏လှည်းယာဉ်ပုံလေးကလေထဲလွင့်ပျံနေသယောင်ယောင်..။ သူ့ကျောပေါ်မှကျော်ပြီးကြည့်လိုက်တော့
 
 ''သဲအိမ် မောင်နေဝါ''  

ဟူသောစာလုံခပ်ရွယ်ရွယ်ကိုတွေ့ရသည်..။လက်ထဲမှဆေးပေါ့လိပ်တိုကိုချ၍ရေအိုးစင်ရှိရာကို သူထတော့မှကျနော့်ကိုမြင်သွားသည်..။
 
''ဟာ   ဟေ့ကောင်ကြီး.ဘယ်တုန်းကရောက်နေတာလဲ?အသံမကြားဘာမကြားနဲ့..ငါနေတဲ့နေရာကို ဘယ်လိုမေးလာတာလဲ?ခုဘယ်မှာနေပြီးဘာတွေလုပ်နေလဲ?စာရေးဖြစ်သေးလား?ထိုင်ဦးကွာ....'' 

စသဖြင့်တောင်တစ်လုံးမြောက်တစ်လုံးစကားတွေထွက်ကျလာလျက်ဝမ်းသာအားရဆိုသည်..။ ထိုင်ဦးကွာဟုဆိုသော်လည်းကုလားထိုင်ကတစ်လုံးထဲ..။
ဖြူရော်သောအသားအရေနှင့်ကရင်သင်တိုင်းအကျီင်္နီနီပွပွကြီးကလည်းတစ်မျိုးတော့ လိုက်ဖက်ညီကာကြည့်၍ပင်ကောင်းနေသေးသည်..။ကျောင်းတုန်းကထက်ပိုမိုပိန်လှီသောအသွင်
ကပေါ်လွင်လှသည်..။နာထင်နာရင်းများလည်းချိုင့်နေသည်..။ကြိုးနှစ်ချောင်းပြတ်နေသောစပိန်ဂစ်တာပြားချပ်ချပ် တစ်လက်ကိုနံရံတွင်ထောင်လျက်သားတွေ့ရသည်..။နံရံကိုမှီလျက်
ပင်ကြမ်းပြင်ပေါ်နှစ်ယောက်သားထိုင်ချလိုက်ပြီးစကားတွေဖြန့်ကျဲမိကြသည်..။ လာရင်းကိစ္စဘာဘာညာညာတွေပြောလျက်မှကျောင်းတုန်းကအကျင့်လေးတစ်ခုတားမရ၊ဆီးမရပေါ်
လာပြန်သည်..။တခြားတော့မဟုတ်ပါ...လဘ္ဖက်ရည်ဆိုင်ထိုင်လိုခြင်းမျှသာ..။ဦးချစ်ဆိုင်သွားကြရအောင်ကွာ  ဟုဆိုတော့မနက်ရှု့မဝသွားဖို့ကားခပဲရှိတယ်ဟုပွင့်လင်းစွာသူဆိုလေသည်..။
ငါပြုစုမှာပေါ့သူငယ်ချင်းရာဟုပုခုံးကိုဖက်ကာပြောလိုက်တော့ထမင်းမေ့ဟင်းမေ့ရေးဆွဲတတ်သောသူ့ဥာဉ်ကို သတိရမိပြီးထမင်းရောစားပြီးပြီလား ဟုကြင်နာစွာမေးမိသည်..။
ဟေ့အေး..မစားရသေးဘူးဟုကြည်လင်စွာပြုံးလျက်သူဆိုလေရာလက်မှနာရီကိုအသာကြည့်လျက်မှ အချိန်မနည်းတော့သည်ကိုသတိပြုလိုက်မိသဖြင့်အံ့သြမိကာ ဒါဆိုထမင်းပါစားလိုက်
ပါလား
ဟုဆိုတော့ ဟေ့အေးးးလဘ္ဖက်ရည်ပဲလိုက်သောက်တော့မယ် ဟုပြောလျက် နေဦးကွ..အခန်းထဲမှာအပေါင်းအသင်းတွေရှိသေးတယ်...သူတို့လည်းဘာမှမစားရသေးဘူးဟုဆိုကာ
အခန်းထဲဝင်သွား၍သူ့အပေါင်းအသင်းတွေကိုသွားနှိုးသည်..။သန့်စင်သော၊ပွင့်လင်းရွှင်ပြသော၊တက်ကြွလန်းဆန်းသော ဟန်တွေနှင့်သုံးလေးဦးထွက်လာသည်..။သူမိတ်ဆက်ပေးသဖြင့်
ကဗျာသမား၊စာသမားတွေဟုသိရသည်..။ကျနော်ပင်လန့်သွားပါသည်..။ညရှစ်နာရီကိုနာရီအချိန်ထိညနေစာ မစားရသေးတဲ့အနုပညာသမားတွေရှိနေပါသေးဟုတွေးမိကာဖျားချင်သလိုလို
ပင်ဖြစ်သွားမိသည်....နေလည်းနေနိုင်ကြတဲ့သူတွေပဲ...။

''ငါတို့ဘဝတွေကတော့သည်လိုပါပဲကွာ...ဖဲသမားတို့၊နှဲသမားတို့ဘဝကမှပိန်လိုက်ဖောင်းလိုက်သုံးလို့ရသေးတယ်...
ငါတို့ကတော့ပိန်လိုက်၊ပိန်လိုက်ပါပဲကွာ..ဘယ်တော့မှဖောင်းလာတယ်ဆိုတာမရှိပါဘူး....။''
 
ရေနွေးကြမ်းပန်းကန်ကိုဆုပ်ကိုင်ရင်းနေမျိုးကပြောတော့မျက်နှာနုနုမျက်မှန်ထူထူနှင့်ပုဂ္ဂိုလ်လေးကပေါက်စီတွေ ပလုတ်ပလောင်းဝါးနေလျက်က အင်း အင်း ဟုမြည်သံပြုသည်..။ကဗျာရေးသူကတော့

''သူငယ်ချင်းတစ်ယောက်ရေးခဲ့ဖူးတဲ့ကဗျာတစ်ပိုင်းတစ်စလေးကိုတစ်ခါတစ်ခါရွတ်မိတယ်..ဘာတဲ့...... အလှူရေစက်လက်နှင့်မကွာ..အိုဘယ့်ဝိသာခါသံသရာမှာ ပြန်လာဦးမှာလားဟင် ဆိုတာလေး
လေ...ဟင်းဟင်း ဟင်း''

''ဘာပဲပြောပြောခုလိုကိုယ်တို့ကိုဂရုစိုက်မယ့်လူလေးဘာလေးပေါ်လာတဲ့အခါလောကကြီးဟာသာယာ လှပတဲ့နေရာထိုင်ခင်းတစ်ခုဆိုတာဘယ်သူမှမငြင်းနိုင်ဘူးး  ကဲ..ပေါက်စီနောက်တစ်ပွဲဗျို့..။''

ဘာသာပြန်တွေရေးနေသူ၏အရွှန်းဖောက်မှု့ကြောင့်ရယ်ပွဲဖွဲ့ကြရပြန်သည်..။သူကပင်ဆက်၍
 
''တစ်ခါတုန်းကဗျာ..ကျနော်တို့တစ်တွေဘယ်လောက်ရယ်ရလဲဆိုရင်ထမင်းကခဏခဏငတ်နေကျမဟုတ်လား... အဲဒါညနေစာချက်ထားပြီးအားလုံးမေ့နေကြတာ..ဟိုသွားသည်သွားနဲ့ပေါ့လေ..။
ညရောက်တော့လည်းရှိစုမဲ့စုလေးတွေစုပြီးလဘ္ဖက်ရည်သောက်ဗိုက်မှောက်နေကြ၊ မနက်ရောက်တော့လည်းညကပန်းချီဆွဲ၊စာရေးကြနဲ့နောက်ကျမှအိပ်ယာဝင်ခဲ့ကြတာဆိုတော့တမနက်လုံးအိပ်၊
နေ့လယ်လောက်ရောက်တော့မှဆာလွန်းအားကြီးလို့ရှိတဲ့ဆန်လေးခြစ်ခြုတ်ပြီးထမင်းတော့ချက်ဦးမှလေဆိုပြီး အိုးတွေဖွင့်ကြည့်လိုက်တော့မှ သောက်ကျိုးနဲ..ထမင်းတွေဟင်းတွေအိုးအပြည့်၊မှိုတွေတက်ပြီးသိုးလို့......နှမျောလိုက်တာဗျာ....။''








နယ်တွင်အမေ့ထမင်းနပ်မှန်စားနေရသူကျနော်သည်စိတ်ထဲတွင်အမှန်တကယ်ထိခိုက်ခံစားလိုက်ရသည်..။ စကားနည်းသောနေမျိုးကပြန်ခါနီးမှစကားတစ်ခွန်းဆိုသည်..။

''လူဆိုတာတနေ့သေကြရမှာကွ..ဒါအသေချာဆုံးပဲ...မသေခင်မှာကိုယ်ဘာလုပ်မလဲ..မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ကိုယ်ဘာချန်ထားခဲ့မလဲ....ယုံကြည်ချက်တစ်ခုခုကိုရွေးချယ်ပြီးကိုယ့်ဘဝအတွက်
ပြဌာန်းထားရမယ်....အဓိပ္ပါယ်မဲ့သေသွားတာကတော့ဘာလုပ်မလဲကွာ......သံသရာဆိုတာရှိမယ်ဆိုရင်လည်း တစ်ခုခုတော့သယ်သွားချင်သေးတယ်...''

ခေါင်းငုံ့၍ဆေးလိပ်ဖွာနေရင်းနေမျိုးပြောလိုက်သောစကားတွေကိုဆင်ခြင်တွေးတောနေမိသည်..။တွေးနေရင်းမှ မျက်လုံးများကခုံအောက်ကိုကြည့်ဖြစ်သွားသည်..။နေမျိုးချွတ်ထားသောဖိနပ်ကလေး..။
ရာဘာဖိနပ်အစုတ်ကလေး....။ထိုဖိနပ်အမြှီးဖက်တွင်ကျပ်စေ့သာသာအဝိုင်းလေးတစ်ဝိုင်းစီတွေ့ရသည်..။ တနည်းအားဖြင့်နေမျိုး၏ဖိနပ်ပေါက်နေသည်ပေါ့..။

အကယ်၍ဖိနပ်တစ်ရံသည် လောကဓံ ဖြစ်၍ ခြေထောက်တစ်စုံသည်ဘဝ၏အားမာန် ဖြစ်သည်ဆိုကြပါစို့...။
မြို့ပြသို့ခရီးတစ်ခေါက်တွင်ဖိနပ်ပေါက်ခြင်းနှစ်မျိုးကိုကျနော်တွေ့ခဲ့ရသည်။  

ဖိနပ်ကြောင့်ခြေထောက်ပေါက်ခြင်းနှင့်ခြေထောက်ကြောင့်ဖိနပ်ပေါက်ခြင်းတို့ဖြစ်လေသည်..။






စာဖတ်သူမိတ်ဆွေများကိုဒီစာလေးဖတ်ပြီးတစ်ခုခုရစေချင်တဲ့စေတနာသက်သက်ကြောင့်မာင်သုန်၏အဖေခေသူမဟုတ်ပါ ဆိုတဲ့စာအုပ်ကလေးထဲမှပြန်လည်ရိုက်ယူတင်ပြပါသည်..။
အမှားများပါခဲ့ပါကခွင့်လွှတ်ပါလို့...။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
2 Responses
  1. Candy Says:

    အစ်ကိုချင်းရည်ရွယ်သလို တစ်ခုခုရခဲ့ပါတယ်... :D

  2. Angelhlaing(May everybody be happy and healthy! Says:

    ရသလောက်လေး ယူပြိးပြန်တယ် လိုက်မတောင်းရဘူးနော် ...:P
    စာအုပ်ရှေ့ချပြိးစာကျက်ချင်ယောင်ဆောင်နေပါတယ်ရှင့်။

abcs