ဧရာဝတီဆိုတာ...............

ဧရာဝတီကိုမှီတင်းပြီးနေထိုင်လာခဲ့၊ပီပြင်လာခဲ့တဲ့သမိုင်းတွေဟာ
လက်တစ်ဆုပ်စာလူတစ်စုကြောင့်ပျက်စီးရတော့မယ်။ကျနော်ကိုယ်တိုင်ဧရာဝတီကို
မမြင်ဖူးခဲ့ပေမယ့်ဧရာဝတီရဲ့မေတ္တာတွေကိုတော့ခံစားရခဲ့ဖူးပါတယ်။ခုတော့ဧရာဝတီမြစ်ဆုံစီမံကိန်း
ဟာပြည်သူတွေရဲ့အကျိုးထက်အဆိုးဖက်ကိုတွန်းပို့နေတဲ့စီမံကိန်းတစ်ခုလို့
ခိုင်ခိုင်မာမာယုံကြည်မိတာကြောင့်မိတ်ဆွေတစ်ယောက်ရှဲတဲ့
Youtube  ပေါ်ကလင့်လေးတစ်ခုမှတဆင့်ရရှိခဲ့တဲ့(ဗီဒီယိုမြန်မာစာတမ်းထိုး) 
ကလစ်လေးတစ်ခုကိုပြန်လည်မျှဝေရပါတယ်။အားလုံးဧရာဝတီမြစ်ဆုံစီမံကိန်းရပ်တန့်
သွားအောင်(စိတ်နဲ့ဖြစ်စေ၊နှုတ်နဲ့ဖြစ်စေ၊လက်နဲ့ဖြစ်စေ၊နက် "Net" နဲ့ဖြစ်စေ)ဝိုင်းဝန်းတားဆီး
ကြပါလို့ပန်ကြားချင်ပါတယ်။တကယ်တော့ငိုနေတဲ့ဧရာဝတီနဲ့အတူကျနော်တို့အားလုံး
သမိုင်းတစ်ခုတူတူရေးကြတာပေါ့ဗျာ။အားလုံးကိုခင်မင်လေးစားလျက်ပါ....။



ဧရာဝတီဆိုတာမြစ်မဟုတ်ဘူး.............တို့အားလုံးရဲ့အဖေ
ဧရာဝတီဆိုတာမြစ်မဟုတ်ဘူး.............တို့အားလုံးရဲ့အမေ
မယုံဘူးလား??????????????.......ဒါဆိုရင်သမိုင်းကိုကြည့်


ဧရာဝတီဆိုတာတို့အားလုံးအတွက်...............ဆန်အိုးကြီးပဲ
ဧရာဝတီဆိုတာတို့အားလုံးအတွက်.................ရွှေအိုးကြီးပဲ
မယုံဘူးလား?????????????.ဒါဆိုရင်လတ်တလောကိုကြည့်


ဧရာဝတီဆိုတာတို့အားလုံးရဲ့သခင်ပါ
ဧရာဝတီဆိုတာတို့အားလုံးရဲ့ဘုရင်ပါ
ဧရာဝတီဆိုတာအားလုံးရဲ့အနာဂတ်ပါ
မယုံဘူးလား????????????.......ဒါဆိုလည်းစောင့်သာကြည့်


ဧရာဝတီဆိုတာကိုတို့အားလုံးယုံတယ်
ဧရာဝတီဆိုတာကိုတို့အားလုံးပုံတယ်
ဒီတော့ဧရာဝတီဆိုတာကိုတို့အားလုံးပိုင်တယ်
ယုံကြပြီလား???????????????........ဒီလိုဆို


အဖေနဲ့တူအမေပီသခဲ့တဲ့တို့ဧရာဝတီ.......................
ဆန်အိုးနဲ့တူရွှေအိုးအလား,လားခဲ့တဲ့ဧရာဝတီ.............
သခင်သဖွယ်၊ဘုရင်တဖုံ၊အနာဂတ်အတွက်လုံခြုံနေမယ့်
တို့အားလုံးရဲ့ဧရာဝတီ..........................................
မလုံခြုံနိုင်တော့ဘူးတဲ့ဗျာ....။


လူသားပေါင်းမြောက်မြားစွာလုံခြုံရာရခဲ့
ဒါပေမယ့်သူကိုယ်တိုင်
မလုံခြုံနိုင်တော့ဘူးတဲ့ဗျာ....။



ရင်ကိုခွဲကလီဇာထုတ်သလို
ခံစားချက်ကပြင်းရှရှ........နဲ့
ဧရာဝတီငိုနေတာမမြင်ရက်ခဲ့


တော်ကြပါတော့ဗျာ......။

မရက်စက်ကြပါနဲ့ဗျာ.....။

မရက်စက်ကြပါနဲ့.........။

မရက်စက်ကြပါနဲ့.........။

မရက်စက်ကြပါနဲ့.........။

မရက်စက်ကြပါနဲ့.........။

မရက်စက်ကြပါနဲ့.........။

 မရက်စက်ကြပါနဲ့.........။



ဒီကလစ်လေးကိုတော့ www.youtube.com မှယူပါသည်။

ကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
10 Responses
  1. ကိုကိုးအိမ်(မန္တလေး) Says:

    ကျွန်တော်တို့အားလုံးသည် နိုင်ငံရေးသမားများမဟုတ်ကြပါ... စာပေ၀ါသနာရှင် ဘလော့ဂါများသက်သက်သာ ဖြစ်ကြပါသည်.... သို့သော် အမျိုးသားရေးသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်ပါသည်။ ကျွန်တော်တို့အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် ဧရာသတီနှင့်သက်ဆိုင်သော အမျိုးသားရေးတာဝန်များ ရှိကြပါသည်။...
    စာချစ်သူအားလုံး တတ်စွမ်းသမျှသော တတ်နိုင်သမျှသော နေရာများမှ မိမိတို့၏ မိခင်အတွက် တာဝန်ယူရေးသားကြလိမ့်မည်ဟု ယုံကြည်မှိပါသှ်။

    ကျွန်တော်တို့သည် နိုင်ငံရေးသမားများမဟုတ်ပါ.. သို့သော် မိခင်ကိုချစ်သောသားများသာဖြစ်ပါသည်.... တစ်ခါတစ်လေမှာ တိတ်လေးချစ်ကြသော်ငြား တစ်ခါတစ်ရံမှာတော့ ချစ်ပြဖို့လိုပါသည်....။

    ကိုကိုးအိမ်(မန္တလေး)

  2. Candy Says:

    ဟုတ်တယ် အစ်ကိုရေ... ဧရာဝတီကိုတော့ အမြဲရှင်သန်စေချင်တာ အမှန်ပါ.... :(

  3. kztk Says:

    ဧရာဝတီဆိုတာ တို့အားလုံးရဲ့ အဖေ
    ဧရာဝတီဆိုတာ တို့အားလုံးရဲ့ အမေ
    တို့ဖေတို့မေတွေကို အရမ်းချစ်လို ဧရာဝတီကိုလည်း တို့ချစ်တယ်။
    ဧရာဝတီဟာ တို့ရဲ့ အသက်.။
    ဧရာဝတီကို သတ်ရင် တစ်မျိုးသားလုံးကို သတ်တာ နဲ့ အတူတူပဲ...
    ဒါကြောင့် တစ်မျိုးသားလုံး ရှင်သန်နေဖို့ အတွက် တို့အားလုံးမှာ တာဝန်၇ှိတယ်။ တက်နိုင်တဲ့ဘက်က ပါဝင် ကူညီ စောင့်ရှောက်ရမယ်..

    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

  4. မေသိမ့်သိမ့် ကျော် Says:

    သူများတွေက သူတို့နိုင်ငံအတွက်ပဲ တွေးတယ်။ သူတို့လူမျိုးအတွက်ပဲတွေးတယ်။ ဟိုးအောက်ဆုံး အဆင့်ကနေ အထက်အထိ သူတို့လူမျိုး ၊ သူတို့ နိုင်ငံအတွက်ဆိုတာပဲရှိတယ်။ ဒို့လူမျိုးတွေကကော...???? ကိုယ့်တစ်ယောက်စာ ၊ တစ်မိသားစုစာ ၊ အသိုင်းအဝိုင်းတစ်ခုစာ အတွက်ပဲလား.....??? ဧရာဝတီကို ထာဝစဉ်ရှင်သန်စေချင်ပါတယ်။

    ခင်တဲ့
    မေသိမ့်

  5. KMC@ချင်းလေး Says:

    ဧရာဝတီကိုချစ်တဲ့အားလုံးရဲ့စိတ်ထားတွေကိုသိရတော့ ကြက်သီးတဖြန်းဖြန်းထလာမိတယ်။အားလုံးညီညွတ်၇င်
    ဧရာဝတီထာဝရရှင်သန်ရမှာပါ။

    ညီညွတ်ခြင်းရဲ့တစ်ဖက်မှာအောင်မြင်ခြင်းဆိုတာရှိတယ်..

    စည်းလုံးခြင်းရဲ့အနှစ်ဟာတို့အားလုံးရဲ့အင်အားပဲ.......

    ရာဇဝင်ရိုင်းလိမ့်မယ်တကယ်.................

    မညီညွတ်ပဲသွေးကွဲနေတဲ့လူတစ်စုကိုညီညွတ်ပြီးသွေးစည်းလုံးတဲ့တို့တွေ

    ဘယ်တော့မှမရှုံးနိမ့်စေရဘူး................

    ဘယ်တော့မှမရှုံးနိမ့်စေရဘူး................

    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...ခင်မင်လေးစားလျက်(KMC)

  6. အိမ်မက်စေရာ Says:

    စီမံကိန်းတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ.
    ကိုယ့်မိခင်ကို ရင်ခွဲ အသဲထုတ်နေသလို..
    လက်မတွန့်ပဲ ရက်စက်နေလိုက်တာများ အတ္တကြီးလိုက်ကြတာနော် သူတို့ အကျိုးပဲ သိတယ်...

    အိမ်မက်...

  7. 8Yar Says:

    အစ်ကိုချင်းရေ လေးစားပါတယ်ခင်ဗျာ။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးပါ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

  8. စံပယ်ချို Says:

    ဟုတ်ပါတယ် မောင်ချင်းရေ
    ဧရာဝတီ ထာဝရ ရှင်သန်ပါစေကွယ်။
    ခင်မင်တဲ့ အမ jasmine

  9. Anonymous Says:

    ကိုချင်းရေအားပေးထောက်ခံပါတယ်

  10. KMC@ချင်းလေး Says:

    တနိုင်ငံလုံးရဲ့ပရိုတိန်းဟာဘာလဲ?

    တို့အားလုံးချစ်တဲ့ဧရာဝတီမို့တို့အားလုံးညီညာစွာကန့်ကွတ်ကြပါစို့။
    ထောက်ခံအားပေးကြတဲ့ချစ်သူငယ်ချင်းတွေဧရာဝတီနဲ့အတူထာဝရ
    အရှိန်အဟုန်နဲ့စီးဆင်းနိုင်ကြပါစေလို့လေးလေးနက်နက်ဆန္ဒပြုပါတယ်။

abcs