Showing posts with label မှတ်တမ်းဓာတ်ပုံလေးတွေပါ. Show all posts
Showing posts with label မှတ်တမ်းဓာတ်ပုံလေးတွေပါ. Show all posts

101 East - The Lady on the Lake

မင်္ဂလာပါဗျာ..။ပထမဆုံးပြောချင်တာကတော့အခုရက်ပိုင်းမှာခင်မင်ရတဲ့မောင်နှမတွေဆီကိုလည်ပတ်ဖို့
အချိန်သိပ်မရလောက်အောင် Busy နေတယ်ဆိုတာပါပဲဗျာ။ ခွင့်လွှတ်ကြပါလို့တောင်းပန်ချင်ပါတယ်..
နှစ်ရက်လောက်မလည်ဖြစ်တာနဲ့ထူးခြားချက်တွေတော်တော်များများဘလော့ရွာလေးထဲမှာဖြစ်နေတာ
ကိုတွေ့လိုက်ရပါတယ်။ ညီညွတ်မှု့တွေပြည့်လျှံနေတဲ့ဒီဘလော့ရွာလေးကိုနေ့စဉ်မပျက်ဝင်ထွက်ချင်မိ
တာပင်ကိုယ်ဆန္ဒသက်သက်ပါ။နို့ပေမယ့်မပြည့်စုံလေသူဆိုတော့ရုန်းကန်ရသေးတယ်လေဗျာ..:P
တွယ်လာတဲ့သံယောဇဉ်လေးကလုပ်နေတဲ့အလုပ်ဆက်လုပ်မဖြောင့်အောင်၊ ဖွင့်ထားတဲ့စာအုပ်ဆက်ဖွင့်မထား
ချင်တော့အောင်ကိုတစ်စထက်တစ်စခိုင်မာလို့လာတယ်ဆိုတာဝန်ခံမိပါတယ်..။သံယောဇဉ်ဆိုလိုက်လို့အဝှာ
လို့မထင်မိစေနဲ့နော်..:Dဘလောဂ္ဂင်းသံယောဇဉ်ကိုပြောတာပါ..။ပြောရင်းဆိုရင်းကြောက်လွန်းမကကြောက်နေ
မိတဲ့တဂ်လေးနဲ့မိလိုက်ပါပြီ။ရေးမယ်စဉ်းစားတိုင်းခေါင်းစဉ်ကိုဖျားသွားမိတာနဲ့ဟိုပတ်ဒီရှောင်လုပ်နေမိတယ်ဗျာ.။ 
ခွင့်လွှတ်ပေးကြပါ..ဘာရေးရမှန်းမသိနိုင်လို့နောက်နေ့(မနက်ဖြန် OR သန်ဘက်ခါ)မှပဲရေးဖြစ်နိုင်မယ်ထင်တယ်။
လောလောဆယ်တော့အမေစုနဲ့ပတ်သတ်တဲ့ဗီဒီယိုလေးတစ်ခု AlJazeera ရုပ်မြင်သံကြားကတင်ဆက်ထားတာ
ကို YouTube မှာတွေ့လို့ပြန်လည်မယူလာပါတယ်...။ဘလော့ထဲမှာအမှတ်တရထားချင်လို့ပါ..။ 
အားလုံးကိုယ်စိတ်နှဝမ်းငြိမ်းချမ်းကြပါစေလို့ကျနော် KMC ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ...။

ကာတွန်း နဲ့  မှတ်တမ်း

အောက်ကဗွီဒီယိုလေးကိုကြည့်လိုက်ပါ။ဒီဗွီဒီယိုလေးကကျနော်တို့နိုင်ငံကိုနှိမ့်ချထားသလို ဖြစ်ကောင်းဖြစ်မယ်...သို့သော်ဒါတွေကအမှန်တရားတွေပါ။သွေးထွက်အောင်ကိုမှန်နေတဲ့
အပြင်လူထုရဲ့နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတဲ့အခက်အခဲတွေ၊တွေ့ကြုံကျော်လွှားနေရတဲ့အန္တရာယ်တွေ၊ စိတ်ပျက်စရာကောင်းစဖွယ်ဖန်တီးပြောင်းလဲပစ်လိုက်တဲ့ပညာရေးအခြေအနေတွေ၊ ရယ်မောချင်စရာကောင်းလှတဲ့SYSTEMတွေ၊(ရယ်တယ်ဆိုတာပျော်လို့မဟုတ်ပါ)၊စသည့်..စသည့် ပေါင်းများစွာကိုလှလှပပလေးသရုပ်ဖော်ထားတာကိုတွေ့ရမှာပါ။တချို့ကပြောချင်ပြောကြမယ်။
နိုင်ငံခြားရောက်သွားလို့ကိုယ့်တိုင်းပြည်ကိုအထင်သေးသွားတယ်ဆိုပြီး...။ကျနော်ကြိုပြောလိုက်ပါတယ်။ အထင်မသေးပါ။ဘယ်တော့မှလည်းကိုယ့်တိုင်းပြည်ကိုအထင်ပြန်သေးမယ့်စိတ်ထားမျိုးမွေးမှာမဟုတ်ပါ။ ကိုယ့်နိုင်ငံကိုကိုယ်အထင်အမြင်သေးသွားကြတဲ့တချို့သူများကိုလည်းဘာဝေဖန်ချက်မှပေးမည်မဟုတ်ပါ။ လူတိုင်းကိုယ့်ဆန္ဒအတိုင်းနေခွင့်ရှိကြပါတယ်။အဲဒီအချက်ကိုလည်းပြည့်ပြည့်ဝဝလေးစားမိပါတယ်။ သို့သော်ဖြစ်ပျက်နေတာတွေကိုတော့လက်ခံပါတယ်။စိတ်မကောင်းပါဘူး။ ဘယ်သူ့ကိုအပြစ်တင်ရမှာလည်းဗျာ?ထားပါတော့လေ..။ပြောနေတာများသွားရင်လည်း လိုရင်းရောက်မှာမဟုတ်လို့ခုပဲရပ်နားလိုက်ပါပြီဗျာ။လေးစားစွာနဲ့ပဲတိုက်တွန်းချင်တာကNEGATIVE  WAYနဲ့မကြည့်ကြပဲPOSSITIVWAY နဲ့ကြည့်ပေးကြပါလို့...။။။။   (ခင်မင်လေးစားစွာဖြင့်....ချင်းကလေး)



ဝမ်းနည်းပါတယ်နော်ဝေ

နောက်ကျနေတယ်လို့ပြောလည်းခံရမှာပါပဲဗျာ..ပထမတော့မတင်မလို့နေနေပြီးမှ မှတ်တမ်းလေးတစ်ခုကိုယ့်ဘလော့ပေါ်မှာရှိနေစေချင်တာနဲ့တင်လိုက်တာပါ..။ အားလုံးလည်းသိပြီးကြားပြီးကြပြီဆိုတာယုံပါတယ်...မြို့ထဲသွားတော့လူအုပ်ကြီး
လမ်းလျှောက်နေတာတွေ့လို့ဘတ်စ်ကားပေါ်ကဆင်းပြီးကိုယ်ပါဝင်ရောလိုက်တယ်။ ရောတယ်ဆိုတာထက်စိတ်ထဲကလည်းတကယ်ကိုမကောင်းဖြစ်မိလို့ပါ..ကျနော်တို့ ထရောင်ဟိုင်းမ်မြို့မှာတော့လမ်းလျှောက်စီတန်းနေတဲ့လူအုပ်ဟာခြောက်သောင်း ဝန်းကျင်လောက်ရှိမယ်ထင်ပါတယ်..။



အိုင်ဝေဝေ

မြန်မာလူငယ်တွေစစ်အစိုးရကိုဆန့်ကျင်တာထောက်ခံပြီးအာဏာရှင်ရွံ့မုန်းသူတစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံသားအိုင်ဝေဝေကိုတရုတ်အစိုးရက 
ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့သတင်းကို ဖတ်လိုက်ရလို့ သူ့ကိုစာနာတဲ့အနေနဲ့ရော၊ မြန်မာလူငယ်တွေကိုအားပေးတတ်တဲ့သူ့ရဲ့အာဏာရှင်ဆန့်ကျင်ရေး 
သူရဲကောင်းစိတ်ဓာတ်ကိုပါ ကြိုဆိုတဲ့အနေနဲ့ သူဖန်တီးထားတဲ့အနုပညာလက်ရာအချို့ကို 
တင်ပြချင်လို့ ဒီပို့စ်လေးရေးဖြစ်သွားတာပါ။ 
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥





abcs