Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

ပျော်စရာသတင်းတစ်ပုဒ်

 
မြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးဆိုင်ရာသ၀ဏ်လွှာ


ဒီနေရာမှာတွေ့လို့  ဝမ်းသာအားရမျှဝေလိုက်တာပါ။သိပြီးသူများဆော်ရီးအခါတစ်ရာနော်..



ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

လူမဆန်သောလူတစ်ယောက်အကြောင်း

ခုမကြာသေးခင်မှလတ်လတ်ဆတ်ဆတ်တွေ့ကြုံလိုက်ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။
ကျနော့်ကိုယ်တွေ့စစ်စစ်ပါ။အလုပ်ကပြန်လာပြီးအဝတ်အစားတွေလဲနေရင်းဖုံးဝင်လာလို့
အပြေးကလေးသွားပြီးကိုင်မိပါတယ်..။အဲဒီလိုပြေးသွားလိုက်ခြင်းကကျနော့်ဘဝမှာအကြီး
မားဆုံးအတွေ့အကြုံတစ်ခုလို့ပြောလို့ရတဲ့အင်မတန်မှထိန့်လန့်စရာကောင်းတဲ့အခြေအနေ
တစ်ခုကိုဖြစ်ပေါ်စေဖို့နဲ့သင်ခန်းစာအသစ်တစ်ခုကိုရစေလိုက်မယ်ဆိုတာကျနော်မသိခဲ့ရိုးအမှန်ပါ။

ဆေးစစ်တဲ့အဖြေ




နေ့ခင်းကအသည်းမကောင်းတဲ့ကျနော် Trondheim မြို့က st.Olavs ဆေးရုံကြီးမှာပုံမှန်စစ်ဆေးဖို့အတွက် ရောက်သွားခဲ့တယ်ဗျာ.. အားလုံးအဆင်ပြေခဲ့ပါတယ်.။ အမှန်ပြောရရင်ဒီရက်ပိုင်းတွေမှာ နေရထိုင်ရတာမကောင်းသလိုလိုဖြစ်နေလို့ ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီးကြားဖြတ် appoiment လုပ်ပြီးသွားစစ်ဆေးလိုက်တာပါ..။စိတ်ကထင်နေလို့လားတော့မသိပါဘူး..။ ခုတော့လည်းလုံးဝအကောင်းကြီးပါပဲလေ.. ဒီလိုပါပဲ..ဒါကြောင့်လည်းလူကြီးသူမတွေက ''ကျန်းမာခြင်းသည်လာဘ်တစ်ပါး'' လို့ပြောခဲ့ဆိုခဲ့ကြတာကိုးး. လေရှည်နေတာနဲ့ပဲဒီနေ့ပြီးတော့မှာမဟုတ်တော့ဘူး..။ :P ဒါနဲ့ပဲသတိရလို့ကျနော့်ဘလော့လေးကိုလည်း ကျနော်ကိုယ်တိုင်ပဲဓာတ်ခွဲခန်းပို့ပြီး ဆေးစစ်လိုက်တော့တာပေါ့..။ အဖြေကတော့ သိတဲ့အတိုင်း ၊ မြင်တဲ့အတိုင်းပါပဲသူငယ်ချင်းတို့ရယ်...... တိန်.....







ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

တောင်းပန်စကားလေးပါ

၂၉-၀၅-၂၀၁၁ နေ့ညကအိပ်ယာဝင်ဖို့လုပ်နေရင်း ရုတ်တရက်ဆိုင်းမဆင့်ဗုံမဆင့်နဲ့ဟိုးတောင်ဖက် အစွန်ဆုံးပိုင်းမှာနေတဲ့ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကဖုံးဆက်ပြီး ဟိုကနေသူထွက်လာနေပြီ၊ မနက်ရောက်လာမယ်..ပြီးရင်သူနဲ့အတူတူလိုက်ခဲ့ပြီးဝိုင်းကူညီလုပ်ကိုင်ပေးဖို့အဆင်သင့်လုပ်ထားပါလို့ ပြောလာတာနဲ့ ခေါင်းညိတ်လိုက်ရတယ်လေ...။ ဒါနဲ့ပဲမနက်ကျတော့ညီတော်မောင်ရောက်လာပါလေရော.. ကျနော်နေတဲ့မြို့ကတချို့သူသိတဲ့သူတွေကိုပါလိုက်နှုတ်ဆက်ရင်းကနေ အကျိုးအကြောင်းမေးကြည့်မိတော့ သူ့ယောက္ခမဆုံးတာနှစ်နှစ်ပြည့်အလှူလေးလုပ်ချင်လို့ပါတဲ့..။ သကောင့်သားကကြိုပြီးတော့လည်းမပြော၊ လိုက်မသွားပေးလို့ကလဲမဖြစ်ဆိုတော့ရရာအိတ်လေးတစ်လုံးထဲမှာ အဝတ်အစားလေးနှစ်စုံလောက်ထည့်ခဲ့ပြီး သူ့ကားပေါ်ကိုပစ်တင်ထားလိုက်တာပေါ့..။ အလှူအိမ်ကူညီဖို့သွားရမှာဆိုတော့လည်း လပ်တော့ကြီးတစ်ကားကားနဲ့မသင့်တော်ဘူးလေ..ဒါကြောင့် နှစ်ရက်သုံးရက်လောက်အတွက်တော့ လပ်တော့လေးထားခဲ့တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပေါ့ဗျာ..။ အမလေးးး ကျနော်ကထင်တာကနှစ်ရက် သို့မဟုတ် သုံးရက်ဆိုကျနော်ပြန်လာနိုင်ပြီပေါ့..။ (တခြားနိုင်ငံကသူငယ်ချင်းများအပါအဝင်) သူငယ်ချင်းတွေအားလုံးက မပြန်ပါနဲ့ဦး..ရောက်တုန်းသူတို့မြို့လေးကိုလိုက်လည်ပါဦးဆိုပြီး ဟိုကခေါ်လိုက်၊ဒီကဆွဲလိုက်နဲ့..နောက်ဆုံးတော့စုစုပေါင်း မြို့လေးမြို့မှာတစ်ရက်ဆီလိုက်လည်ပြီး ဒီမနက်မှညီတော်မောင်နေတဲ့အိမ်ကနေ ကျနော့်နေရာကိုပြန်လာနိုင်ခဲ့ပါတယ်ဗျာ...။ ဒါတောင်တစ်ချို့လူတွေကိုမနည်းတောင်းပန်ခဲ့ရသေးတယ်လေ....။ :P သူငယ်ချင်းတွေဆိုလို့ကျနော့်မှာသူငယ်ချင်းတွေတော်တော်များပါလားလို့မတွက်လိုက်နဲ့နော်... ။ ဟီးး ဒီတစ်နိုင်ငံလုံးမှာမြန်မာပြည်သားကျနော့်သူငယ်ချင်းဆိုလို့ ဆယ်ယောက်တောင်မပြည့်ပါဘူးဗျာ..။ သူတို့ကွန်ပြူတာတွေကိုလည်းယူသုံးရမှာအားနာတာနဲ့၊နောက်ပြီးအချိန်သိပ်မရတာနဲ့ပေါင်းပြီးတော့ ဘလော့လေးကိုခုမှဝင်ဖြစ်တယ်ဆိုပါတော့ဗျာ..။ စာတွေမရေးနိုင်ခဲ့တာရယ်၊ဘလော့သူငယ်ချင်းတွေရယ်ကို အကျိုးလေးအကြောင်းလေးတောင်မပြောပြပဲ ဘလိုင်းကြီးပျောက်သွားရပုံလေးကိုရှင်းပြပြီးတောင်းပန်ချင်လို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ..။ သူငယ်ချင်းအားလုံးနားလည်ပေးကြပြီး ခွင့်လွှတ်ကြမယ်လို့ထင်ပါတယ်ဗျာ.။
ကျေးဇူးတင်ပါတယ်....

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

ကော်ဖီလက်ဆောင်

 ဒီနေ့တော့ရေးလက်စဇာတ်လမ်းရှည်လေးကိုလက်စသတ်ပြီးသွားပါပြီ.. ဒါပေမယ့်မတင်ဖြစ်သေးပါဘူး.. ဘာလို့လဲဆိုတော့သူငယ်ချင်းတွေရဲ့အားပေးကူညီမှု့ကြောင့်လို့ပဲဆိုရမှာပေါ့ဗျာ.. ဟီဟိ ဘာလိုလိုနဲ့ကျနော့်ဘလော့လေးတောင် နှစ်လပြည့်ခဲ့ပြီလေ..အဲဒါအမှတ်တရလေးဖြစ်သွားအောင် အမြဲတမ်းစာတွေလာလာဖတ်နေကြတဲ့ သူငယ်ချင်းတွေကို ဒီနေ့ရေးပြီးကာစဇာတ်သိမ်းပိုင်းလေးကို မတင်ပေးတော့ပဲ ကော်ဖီပဲတိုက်မလားလို့စဉ်းစားမိလို့ပါ.. ကြိမ်ဆဲကြမှာမဟုတ်ဘူးလို့တော့ထင်ပါတယ်နော်.:P ပိုက်ပိုက်လဲမပေးပါနဲ့.. သူငယ်ချင်းတို့မှာရှိတဲ့ Credit Card လဲမလိုပါဘူးဗျာ.. ကျနော်ဒါနလုပ်တာမို့ကြိုက်သလောက်သာသောက်သွားပါတော့လို့..:P:P:P လေရှည်နေတာနဲ့ပြီးမှာမဟုတ်တော့ပါဘူး..ဒီတော့  ဟောဒီမှာပါ  ။ ကိုယ့်ဟာကိုယ်သောက်သွားကြပြီးနီးစပ် ရာသူငယ်ချင်းတွေကိုလည်းမိတ်ဆက်ပေးပါဥိးလို့ ညာတာပါတေးအခွင့်အရေးတောင်းယူလိုက်ပါရစေ..။



ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

လေးစားစွာတောင်းပန်ခြင်း

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးကျန်းမာချမ်းသာကြပါစေလို့ဦးစွာပြောပါရစေ..
ကျနော်ဒီဘလော့လေးကိုလုပ်ပြီးသုံးပါတ်မြောက်တဲ့နေ့မှာမတော်တဆကြိုတင်စီစဉ်မထားပဲ 
ခရီးတစ်ခုထွက်ဖြစ်သွားတယ်ဗျာ..သုံးလေးရက်ပဲကြာမယ်ထင်ပြီးကွန်ပြူတာလဲယူမသွားမိဘူးလေ..။
ဒါနဲ့နှစ်ပါတ်ကြာသွားတယ်ပေါ့ဗျာ... သူငယ်ချင်းတွေဆီကယူသုံးရမှာအားနာလို့ သူတို့စက်တွေလည်းယူမသုံးဖြစ်ဘူးဆိုပါတော့..ကိုယ့်ဘလော့လေးကို လွမ်းတဲ့စိတ်တွေနဲ့ပြန်လာဖို့ကြိုးစားရင်းဒီနေ့နှစ်ပါတ်မြောက်တဲ့နေ့မှာပြန်ရောက်လာပါပြီ..။ ကိုယ့်အိမ်ကိုယ့်ယာရောက်တော့မှစိတ်ချမ်းသာသွားတယ်လို့ဆိုရမှာပေါ့ဗျာ..

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
abcs