အရည်ပျော်နေ့ရက်များ

မိုးတွေအုံ့မှိုင်းနေပြီး စိတ်တွေကိုထိုင်းစေတဲ့အနေအထားနဲ့ဒီနေ့အိပ်ယာကထမိတယ်..။ သွားစရာကလည်းအရေးတကြီးဘာမှမရှိတာနဲ့အိပ်ယာပေါ်မှာလူးလိမ့်ရင်း မေ့ဖျောက်ထားခဲ့တဲ့အကြောင်းအရာလေးတစ်ခုခုကဖြက်ကနဲခေါင်းထဲဝင်လာခဲ့တယ်ဗျာ..။ကြာခဲ့ပြီဆိုပေမယ့် ခုချိန်ထိလတ်လတ်ဆတ်ဆတ်လိုပဲခံစားရတုန်းလို့ပြောရင် ပျော့ညံ့တဲ့သူလို့ထင်ကြလေမလား..။
အဲဒီအတွေးတွေနဲ့လုံးထွေးနေရင်းက အနားမှာရှိတဲ့စာရေးစားပွဲပေါ်ကိုအလိုအလျောက်ရောက်သွားခဲ့ပါ တော့တယ်ဗျာ..။ဒီလိုနဲ့ သိပ်အရုပ်မဆိုးတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်လာခဲ့တယ်ပေါ့ဗျာ..။ ဖတ်ကြည့်ကြပါဦးလို့ သူငယ်ချင်းတို့ကိုတိုက်တွန်းချင်ပါတယ်..။:P





လွှတ်ချခံရသောမေတ္တာ ၎

ထိုအခိုက်မှာပင်သူတို့ထိုင်နေကြသောအပင်ကြီးအောက်ရှိခုံတန်းနှင့်အနီးဆုံးသောစားပွဲဝိုင်းမှ ငွေရှင်းပြီးကြ၍ကလေးလူကြီးမကျန်
တစ်ဝိုင်းလုံးထပြန်ကြလေရာ အုပ်ထိန်းသူဟုထင်ရသောမိန်းမကြိးတစ်ဥိးက ငွေနှစ်ရာတန်တစ်ရွက်ကိုထုတ်ကာအနားရှိစားပွဲထိုး
ကို ဘောက်ဆူးသဘောမျိုးဖြင့်ပေးလိုက်လေသည်။ ထိုသို့ငွေနှစ်ရာကိုပေးလိုက်သည်ကိုသာမြင်လိုက်ရသော(စားသောက်ခငွေရှင်း
တာကိုမမြင်လိုက်မိပဲ)ဖြူတုတ်ကဝမ်းသာအားရပင်...



ကွန်ပြူတာအသုံးများတဲ့သူတွေပြုအပ်ဖွယ်ရာအချို့

ကျနော်စာတွေရေးတာကျဲနေတယ်နော်.. အဖတ်ကိုပဲလျှော့လို့မရလို့ပါ..... အွန်လိုင်းကဒေါင်းထားတဲ့ဝတ္ထုတွေမှအများကြီးဖတ်ဖို့ကျန်နေသေးတယ်လေ..ဟီးဟီးး
ဒီလိုနဲ့ပဲအင်တာနက်ဂျာနယ်ဆိုတဲ့အွန်လိုင်းဂျာနယ်ကိုမျက်စေ့လည်ပြီးရောက်သွားရောဗျာ.. ဟိုဟာဒီဟာလျှောက်ဖတ်နေရင်းကပဲ  ကွန်ပြူတာအသုံးများတဲ့သူတွေမျက်စေ့ကိုမထိခိုက်အောင်ဘယ်လိုကာကွယ်ကြမလဲ 
ဆိုတဲ့ပို့စ်လေးကိုသွားတွေ့လို့ဖတ်လိုက်မိရင်းက တကယ်လိုအပ်တဲ့အကြောင်းလေးမှန်းသိလိုက်ရလို့ ကျနော့်မှတ်စုလေးထဲကို သိမ်းထားလိုက်မိပါတယ်.။




လွှတ်ချခံရသောမေတ္တာ ၃

မင်္ဂလာပါသူငယ်ချင်းတို့...နေ့တိုင်း Blog ကို Update မလုပ်နိုင်တာခွင့်လွှတ်ပါ.
အလုပ်နည်းနည်းပိုလုပ်ပေးနေရလို့ပါ..။တတ်နိုင်သလောက်တော့ကြိုးစားနေပါတယ်။
ဒီတော့ ''လွှတ်ချခံရသောမေတ္တာ ၂'' တုန်းကနေသွေးနိုင်က အစ်ကိုကြိးနေမိုးနိုင်ရဲ့လက်ကိုဆွဲပြီး 
ဦးလေးနဲ့အဒေါ်ကိုကျောခိုင်းထွက်လာခဲ့တယ်နော်.. အိုကေ...ခုပြန်ဆက်မယ်ဗျာ..။ အားပေးကြပါဥိးလို့မေတ္တာရပ်ခံပါရစေ...။ ကျေးဇူးတင်၏ပေါ့..:P



နည်းပညာနဲ့ပတ်သက်တဲ့စာအုပ်တစ်ချို့

ဒီနေ့တော့အလုပ်ကပြန်လာပြီးတာနဲ့ထိုးအိပ်လိုက်မိတယ်ဗျာ..ဒီနေရာမှာထိုးအိပ်တယ်ဆိုတဲ့စကားကို ရှင်းပြစရာမလိုပါဘူးနော်..ရိုးရိုးလေးပဲတွေးပေါ့ဗျာ.:P
ရာသီဥတုကလည်းကိုယ့်ဖက်မှာ ရှိတယ်လို့ပြောရမလိုပဲ..အုံ့မှိုင်းနဲ့...ရွာကိုလွမ်းတာလည်းလက်ကုန်ပဲ...
ဒါနဲ့ကျနော့်ဆရာ(ဖတ်ဆရာနော်)လေးတွေကိုသတိရလို့  ကျနော့်လိုပဲအူတူတူအတတ သူငယ်ချင်းတွေလည်း ရှိနေနိုင်တယ်ဆိုပြီးတော့အဲဒီဆရာလေးတွေကိုမျှဝေဖို့စိတ်ကူးမိပါတယ်..
တကယ်ရေးခဲ့တဲ့စာအုပ်ပိုင်ရှင်ကိုကိုတွေမမတွေကိုတော့ ခွင့်ပြုချက်မယူတဲ့အတွက်
တောင်းပန်ပါတယ်နော်.


ဒါဘယ်သူ့အလွန်လဲ?

စိတ်ထဲငြီးစီစီဖြစ်နေတာနဲ့ရေးလက်စဇာတ်လမ်းရှည်လေးကိုဘေးခဏချထားပြီး  ပြုံးချင်ရယ်ချင်လွန်းနေတာနဲ့ဒီဟာသပို့စ်လေးကိုကောက်ရေးလိုက်တယ်ဗျာ..။ ဒါရိုက်တာဧရာရဲ့အဖေလွန်လား၊သားလွန်လားဆိုတဲ့ Short Plot လေးကိုမှီငြမ်းထားတာပါ..။
အားပေးကြမယ်လို့ထင်ပါတယ်...။အမောလေးတွေပြေပြီးရှုပ်နေတဲ့ခေါင်းတွေရှင်းသွားကြပါစေလို့  ဆန္ဒလေးလည်းပြုပေးလိုက်ပါတယ်ဗျာ..။

ငါ့ကိုလှန့်တဲ့ ည

ကဗျာမရေးတာကြာပြီဆိုတော့ကဗျာရဲ့ဖီလင်နဲ့လည်းကွာလှမ်းနေတယ်ဗျာ..။ဘလော့တွေပေါ်လျှောက်
လှမ်းကြည့်ရင်းမင်းခိုက်စိုးစံ (လို့တော့ထင်တယ်သေချာတော့မမှတ်မိတော့ပါ) ရဲ့စာအုပ်တစ်အုပ်ထဲက ကဗျာလေးကိုခုလောလောဆယ်တိုက်ဆိုင်နေတာလေးတွေနဲ့ထပ်ဟပ်ခံစားမိလို့
နည်းနည်းလေးပြင်ပြီးကဗျာလေးတစ်ပုဒ်ဖြစ်အောင်ပြန်ရေးမိပါတယ်။
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး။အလွမ်းသက်သက်နဲ့ပါပဲ..။

လွှတ်ချခံရသောမေတ္တာ ၂

      အင်း...ပို့စ်လေးတစ်ပုဒ်စထားပြီးမှပြီးအောင်ရေးရမှာကျနော့်တာဝန်လို့ကျနော်ခံယူထားပါတယ်။
   ဒီတော့အကြောင်းအမျိုးမျိုးကြောင့်(အဲလိုပြောလိုက်လို့လဲတခြားထင်မနေကြနဲ့ဦးနော်:P)စာတွေလည်း
               မရေးနိုင်၊ဘလော့တွေကိုလည်းမလည်နိုင်ဖြစ်ခဲ့ရတာကျနော့်ဆုံးရှုံးမှု့တစ်ခုပါ။        
             တကယ်တော့ဘုရားသခင်သက်မှတ်ထားသလိုပဲကျနော်တို့ဖြစ်နေကြရတာပဲလေ.
                                        လွန်ဆန်နိုင်စွမ်းမရှိဘူးပေါ့ဗျာ...။
        ဘာပဲဖြစ်ဖြစ်ခုလိုကျန်းကျန်းမာမာနဲ့ဘလော့လေးကိုပြန်လာနိုင်တာကိုကဘုရားသခင်ကိုကျေးဇူးတင်ရမှာပါ..။
                                      လေတော့ရှည်မနေတော့ပါဘူး....။
                      ရေးရမယ့်အဆက်ပို့စ်လေးကိုပဲ   ရေးလိုက်ပါတော့မယ်ဗျာ...။
                   အားလုံးကိုလေးစားစွာကျေးဇူးတင်တယ်လို့ပြောလိုက်ပါရစေနော်..။


လွှတ်ချခံရသောမေတ္တာ ၁

ရေးစရာတွေအများကြီးရှိနေပေမယ့် မျက်လုံးမကောင်းတာရယ်၊ အိမ်အလုပ်၊ အပြင်အလုပ်တွေနဲ့လုံးထွေးနေရတာတွေရယ်ကြောင့်စိတ်ပဲရှိပြီးလူကမလိုက်နိုင်ဆိုသလိုဖြစ်နေတယ်ဗျာ.
ဘာပဲပြောပြောအထိုက်အလျောက်အားပေးနေတဲ့သူငယ်ချင်းတွေရှိနေမှတော့ 
နားချိန်နည်းနည်းလျှော့ပြီး ကြိုးစားနေဖြစ်ပါတယ်.. ရှေ့လျှောက်ပိုပြီးလက်ခံအားပေးလာလိမ့်မယ်လို့လည်းယုံကြည်မိပါတယ်..။ စကားမဆက်ဒီနေ့အဆင်ပြေတုန်းကျနော်ဇာတ်လမ်းရှည်တစ်ပုဒ်လောက်အစပျိုးရေးလိုက်ပါပြီဗျာ.။ လေးငါးပိုင်းလောက်တော့ခွဲရေးရမယ်ထင်ပါရဲ့..။ 
မြန်နိုင်သမျှမြန်အောင်နဲ့ဖတ်ကောင်းအောင်ရေးပါ့မယ်လို့ အလေးအနက်ပြောလိုပါတယ်ခင်ဗျာ.. အားပေးဖတ်ရှု့ကြည့်ကြပါ.. ကျေးဇူးတင်ပါတယ်သူငယ်ချင်း.။


ရင်ထဲကမုန်တိုင်း

ဖိတ်မခေါ်ပဲရောက်လာခဲ့သူတစ်ယောက် မောင်းမထုတ်ပဲထွက်ပြေးသွားတာကြောင့် ရင်မှာမချိအောင်ခံစားနေရလို့ ကဗျာတစ်ပုဒ်အဖြစ် ဘလော့ပေါ်တင် ဝေမျှပေးလိုက်ရတာပါ..။ ဘာမှမဆိုင်ပေမယ့် ပိုင်လည်းမပိုင်ချင်ခဲ့ပါဘူးလေ... ဟောဒီရင်ဘတ်ထဲမှာဒဏ်ရာတွေပြည့်နှက်နေတဲ့ ခေတ်တခေတ်ကိုလွယ်ထမ်းထားရင်း ရှေ့ခရီးကိုအဖော်မပါပဲ သွားရဦးမှာပေါ့......။

ရယ်ကြရအောင်ဗျာ

တချက်ရယ်လိုက်ရင် တစ်ရက်အသက်ပိုရှည်တာလား ! တစ်ရက်မှာဆယ်ခါပြည့်အောင်ရယ်မောလိုက်ရင် တစ်ရက်အသက်ပိုရှည်တာလား ! ဆိုတာသေချာမရေရာပေမယ့် ရယ်မောခြင်းဆိုတာလူနဲ့ သဟဇာတဖြစ်စေပြီး စိတ်ကိုပေါ့ပါးရွှင်လန်းစေတယ်၊ သောကတွေကို မေ့ဖျောက်နိုင်စွမ်းတယ်ဆိုတာကတော့ သေချာရေရာတယ်ဆိုတာအားလုံးလက်ခံကြမှာပါ..။ ဒါကြောင့်လည်းကျနော်အားတုန်းက လိုက်ဖတ်ထားမိတဲ့ ရယ်မောဖွယ်ရာ ဟာသလေးများကို စုစည်းတင်ပြလိုက်တာပါ..။ ဖတ်မိတဲ့သူငယ်ချင်းတွေခေတ္တခဏ သောကအပူတွေပြေပျောက်ပြီး ကိုယ်စိတ်နှလုံးရွှင်လန်းနိုင်ကြပါစေလို့ ဆန္ဒလေးလည်းပြုလိုက်ပါတယ်ဗျာ..။



လွမ်းလိုက်တာအရိပ်လေးရယ်

ကျနော့်ဘဝမှာ မထင်မှတ်တာတွေဖြစ်ဖူးကြုံဖူးပေမယ့် လတ်တလောကြုံတွေ့လိုက်ရတဲ့အဖြစ်အပျက်လေးကိုတော့ဒီတစ်သက်မေ့နိုင်တော့မှာမဟုတ်ပါဘူးဗျာ.
အားလုံးသိကြတဲ့အတိုင်းခေတ်ကလည်း Globalization ခေတ်လို့ပြောနေကြတဲ့ 
ခုနေခေတ်ကြီးထဲမှာ လူငယ်ကလည်းဖြစ်ပြန်.. အချစ်ဆိုတာကိုလည်းကိုးကွယ်တတ်သူမို့ နိုင်ငံတွေဘယ်လောက်ဝေးဝေး နီးနေစေတဲ့အွန်လိုင်း Communication ကနေတဆင့်..........

မော်ဒန်အိပ်မက်

ကျားဆိုတော့လည်းသူတို့ကြောက်ရှာကြမှာပေါ့လို့တွေးပေးလိုက်ပါတယ်..။
အောင်မာသူတို့ကြောက်ရှာမှာပေါ့လို့တွေးပေးလိုက်တယ်ဆိုတော့မင်းကမကြောက်ရှာဘူးပေါ့လို့ မေးလာရင်တော့ ဟုတ်ကဲ့ကျနော်လည်းကြောက်ပါတယ်၊ ဒါပေမယ့်ထွက်ပြေးလို့မရအောင် 
သကောင့်ကျားက ကျနော့်ကိုတားဂတ်ထားပြီးလာမိတ်ဖွဲ့နေလို့မကြောက်ချင်ယောင်ဆောင်နေရတာပါဗျာ..




ဆေးစစ်တဲ့အဖြေ




နေ့ခင်းကအသည်းမကောင်းတဲ့ကျနော် Trondheim မြို့က st.Olavs ဆေးရုံကြီးမှာပုံမှန်စစ်ဆေးဖို့အတွက် ရောက်သွားခဲ့တယ်ဗျာ.. အားလုံးအဆင်ပြေခဲ့ပါတယ်.။ အမှန်ပြောရရင်ဒီရက်ပိုင်းတွေမှာ နေရထိုင်ရတာမကောင်းသလိုလိုဖြစ်နေလို့ ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီးကြားဖြတ် appoiment လုပ်ပြီးသွားစစ်ဆေးလိုက်တာပါ..။စိတ်ကထင်နေလို့လားတော့မသိပါဘူး..။ ခုတော့လည်းလုံးဝအကောင်းကြီးပါပဲလေ.. ဒီလိုပါပဲ..ဒါကြောင့်လည်းလူကြီးသူမတွေက ''ကျန်းမာခြင်းသည်လာဘ်တစ်ပါး'' လို့ပြောခဲ့ဆိုခဲ့ကြတာကိုးး. လေရှည်နေတာနဲ့ပဲဒီနေ့ပြီးတော့မှာမဟုတ်တော့ဘူး..။ :P ဒါနဲ့ပဲသတိရလို့ကျနော့်ဘလော့လေးကိုလည်း ကျနော်ကိုယ်တိုင်ပဲဓာတ်ခွဲခန်းပို့ပြီး ဆေးစစ်လိုက်တော့တာပေါ့..။ အဖြေကတော့ သိတဲ့အတိုင်း ၊ မြင်တဲ့အတိုင်းပါပဲသူငယ်ချင်းတို့ရယ်...... တိန်.....







ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

အဖွားရဲ့အပြုံး

တောင်တွင်းကြီးကလာတဲ့ကားတော့ဆိုက်နေပြီပဲ..
ငါနောက်ကျနေလို့အဖွားများတက္ကစီငှါးပြီးသွားပြီလားမသိဘူး..ဟီဟိ.
ဒီလိုသာဆိုရင်တော့ အောင်မျိုးနဲ့ ဟန်လင်းကိုသွားခေါ်ပြီး Game City ကိုသွားကမြင်းပစ်လိုက်ဦးမယ်....
ဆိုပြီးကားကိုအောင်မင်္ဂလာအဝေးပြေးဝင်းထဲကိုချိုးကွေ့လိုက်ရင်း ကျော်ဝေစဉ်းစားနေခြင်းပါ..။



တောင်းပန်စကားလေးပါ

၂၉-၀၅-၂၀၁၁ နေ့ညကအိပ်ယာဝင်ဖို့လုပ်နေရင်း ရုတ်တရက်ဆိုင်းမဆင့်ဗုံမဆင့်နဲ့ဟိုးတောင်ဖက် အစွန်ဆုံးပိုင်းမှာနေတဲ့ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကဖုံးဆက်ပြီး ဟိုကနေသူထွက်လာနေပြီ၊ မနက်ရောက်လာမယ်..ပြီးရင်သူနဲ့အတူတူလိုက်ခဲ့ပြီးဝိုင်းကူညီလုပ်ကိုင်ပေးဖို့အဆင်သင့်လုပ်ထားပါလို့ ပြောလာတာနဲ့ ခေါင်းညိတ်လိုက်ရတယ်လေ...။ ဒါနဲ့ပဲမနက်ကျတော့ညီတော်မောင်ရောက်လာပါလေရော.. ကျနော်နေတဲ့မြို့ကတချို့သူသိတဲ့သူတွေကိုပါလိုက်နှုတ်ဆက်ရင်းကနေ အကျိုးအကြောင်းမေးကြည့်မိတော့ သူ့ယောက္ခမဆုံးတာနှစ်နှစ်ပြည့်အလှူလေးလုပ်ချင်လို့ပါတဲ့..။ သကောင့်သားကကြိုပြီးတော့လည်းမပြော၊ လိုက်မသွားပေးလို့ကလဲမဖြစ်ဆိုတော့ရရာအိတ်လေးတစ်လုံးထဲမှာ အဝတ်အစားလေးနှစ်စုံလောက်ထည့်ခဲ့ပြီး သူ့ကားပေါ်ကိုပစ်တင်ထားလိုက်တာပေါ့..။ အလှူအိမ်ကူညီဖို့သွားရမှာဆိုတော့လည်း လပ်တော့ကြီးတစ်ကားကားနဲ့မသင့်တော်ဘူးလေ..ဒါကြောင့် နှစ်ရက်သုံးရက်လောက်အတွက်တော့ လပ်တော့လေးထားခဲ့တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပေါ့ဗျာ..။ အမလေးးး ကျနော်ကထင်တာကနှစ်ရက် သို့မဟုတ် သုံးရက်ဆိုကျနော်ပြန်လာနိုင်ပြီပေါ့..။ (တခြားနိုင်ငံကသူငယ်ချင်းများအပါအဝင်) သူငယ်ချင်းတွေအားလုံးက မပြန်ပါနဲ့ဦး..ရောက်တုန်းသူတို့မြို့လေးကိုလိုက်လည်ပါဦးဆိုပြီး ဟိုကခေါ်လိုက်၊ဒီကဆွဲလိုက်နဲ့..နောက်ဆုံးတော့စုစုပေါင်း မြို့လေးမြို့မှာတစ်ရက်ဆီလိုက်လည်ပြီး ဒီမနက်မှညီတော်မောင်နေတဲ့အိမ်ကနေ ကျနော့်နေရာကိုပြန်လာနိုင်ခဲ့ပါတယ်ဗျာ...။ ဒါတောင်တစ်ချို့လူတွေကိုမနည်းတောင်းပန်ခဲ့ရသေးတယ်လေ....။ :P သူငယ်ချင်းတွေဆိုလို့ကျနော့်မှာသူငယ်ချင်းတွေတော်တော်များပါလားလို့မတွက်လိုက်နဲ့နော်... ။ ဟီးး ဒီတစ်နိုင်ငံလုံးမှာမြန်မာပြည်သားကျနော့်သူငယ်ချင်းဆိုလို့ ဆယ်ယောက်တောင်မပြည့်ပါဘူးဗျာ..။ သူတို့ကွန်ပြူတာတွေကိုလည်းယူသုံးရမှာအားနာတာနဲ့၊နောက်ပြီးအချိန်သိပ်မရတာနဲ့ပေါင်းပြီးတော့ ဘလော့လေးကိုခုမှဝင်ဖြစ်တယ်ဆိုပါတော့ဗျာ..။ စာတွေမရေးနိုင်ခဲ့တာရယ်၊ဘလော့သူငယ်ချင်းတွေရယ်ကို အကျိုးလေးအကြောင်းလေးတောင်မပြောပြပဲ ဘလိုင်းကြီးပျောက်သွားရပုံလေးကိုရှင်းပြပြီးတောင်းပန်ချင်လို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ..။ သူငယ်ချင်းအားလုံးနားလည်ပေးကြပြီး ခွင့်လွှတ်ကြမယ်လို့ထင်ပါတယ်ဗျာ.။
ကျေးဇူးတင်ပါတယ်....

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

abcs