ကဗျာမရေးတာကြာပြီဆိုတော့ကဗျာရဲ့ဖီလင်နဲ့လည်းကွာလှမ်းနေတယ်ဗျာ..။ဘလော့တွေပေါ်လျှောက်
လှမ်းကြည့်ရင်းမင်းခိုက်စိုးစံ (လို့တော့ထင်တယ်သေချာတော့မမှတ်မိတော့ပါ) ရဲ့စာအုပ်တစ်အုပ်ထဲက ကဗျာလေးကိုခုလောလောဆယ်တိုက်ဆိုင်နေတာလေးတွေနဲ့ထပ်ဟပ်ခံစားမိလို့
နည်းနည်းလေးပြင်ပြီးကဗျာလေးတစ်ပုဒ်ဖြစ်အောင်ပြန်ရေးမိပါတယ်။
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး။အလွမ်းသက်သက်နဲ့ပါပဲ..။
အလွမ်းတွေဥသြဆွဲလိုက်တော့
ငါ့တစ်ကိုယ်လုံးရထားတွဲကြီးဖြစ်သွားတယ်
ဘယ်ဘူတာမှာရပ်နားရမှာလဲဆိုတာ
ငါတစ်ကယ်မသိဘူး
လမ်းမတွေပေါ်ကိုလျှောက်လျှောက်သွားရင်း
ငါ့နာမည်ခေါ်သံများကြားမလားလို့
မယောင်မလည်နဲ့နားစွင့်မိပါရဲ့
ခေါ်သံကြားရပြီ..
သေချာလား.. ဟုတ်တယ်..ငါ့ကိုခေါ်နေတာ.
ဟင်....သေချာပါတယ်သူ..သူခေါ်နေတာငါ့ကိုပါပဲ
အရုပ်မလေးဆိုပါလား...
အရုပ်ဆိုတာကလေးတွေအတွက်ပါ
ငါ့ကိုခေါ်ပြီးသူဘာလုပ်မှာပါလိမ့်..
သူနဲ့တူတူကစားစေချင်လို့တော့
မဟုတ်ပါစေနဲ့...
ငါ့မှာကစားဖို့အချိန်မှမကျန်တော့တာပဲ..
အင်းးးး ညတောင်ရောက်လာပြီ..
ငါကြောက်နေတဲ့ 'ည' ရောက်လာပြန်ပြီ..
ငါ့ရဲ့ အိပ်မက်တွေကို
ကျစ်ဆံမြီးလိုကျစ်တတ်တဲ့ အရုပ်မလေးရေ
မင်းဆံပင်ရှည်ရှည်တွေက
ည.....ညဆို ငါ့ကို
ခြောက်လှန့်နေလို့ပါ.....။
ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
ညဆိုတာတစ်ခါတစ်လေ
အိမ်မက်ချိုတွေမက်တတ်တယ်။ ။
ရထားမှန်ရင်တော့ ဘူတာတစ်ခုမှာ ခရီးဆုံးရပ်နားရမှာပါဘဲ။
အဲဒါဘယ်ဘူတာလဲ..
မရောက်မချင်းတော့လဲ ဆက်လက်ခုတ်မောင်းနေရအုံးမှာပေါ့။
ခရီးဆုံးတော့မှ ခိုနားခွင့်ရတဲ့ဘူတာမှာ
တိတ်တဆိတ်လေး နားခွင့်ရပါရစေလား ...။