လွှတ်ချခံရသောမေတ္တာ ၂

      အင်း...ပို့စ်လေးတစ်ပုဒ်စထားပြီးမှပြီးအောင်ရေးရမှာကျနော့်တာဝန်လို့ကျနော်ခံယူထားပါတယ်။
   ဒီတော့အကြောင်းအမျိုးမျိုးကြောင့်(အဲလိုပြောလိုက်လို့လဲတခြားထင်မနေကြနဲ့ဦးနော်:P)စာတွေလည်း
               မရေးနိုင်၊ဘလော့တွေကိုလည်းမလည်နိုင်ဖြစ်ခဲ့ရတာကျနော့်ဆုံးရှုံးမှု့တစ်ခုပါ။        
             တကယ်တော့ဘုရားသခင်သက်မှတ်ထားသလိုပဲကျနော်တို့ဖြစ်နေကြရတာပဲလေ.
                                        လွန်ဆန်နိုင်စွမ်းမရှိဘူးပေါ့ဗျာ...။
        ဘာပဲဖြစ်ဖြစ်ခုလိုကျန်းကျန်းမာမာနဲ့ဘလော့လေးကိုပြန်လာနိုင်တာကိုကဘုရားသခင်ကိုကျေးဇူးတင်ရမှာပါ..။
                                      လေတော့ရှည်မနေတော့ပါဘူး....။
                      ရေးရမယ့်အဆက်ပို့စ်လေးကိုပဲ   ရေးလိုက်ပါတော့မယ်ဗျာ...။
                   အားလုံးကိုလေးစားစွာကျေးဇူးတင်တယ်လို့ပြောလိုက်ပါရစေနော်..။


''ပျော်ရဲ့လားမောင်နေမိုးနိုင်?ကစားရတာဝပြီဆိုရင်လည်းပြန်ကြစို့နော်''

''မဝသေးဘူးလေးလေးမြင့်..သားထပ်ကစားချင်သေးတယ်..တိုက်ကားတွေမောင်းဖို့ပိုက်ဆံထပ်ပေးပါ
ဦးလေးလေးမြင့်''

''ပိုက်ဆံမရှိတော့ဘူးမောင်နေမိုးနိုင်ရဲ့. လေးလေးမြင့်ယူလာတဲ့ပိုက်ဆံတွေအားလုံးမောင်နေမိုးနိုင်ကစား
လိုက်တာကုန်သွားပြီလေ..နောက်နေ့မှပြန်လာကြတာပေါ့ကွာ..နော်''

''မရဘူးဗျာ..သားတိုက်ကားမောင်းချင်သေးတယ်..ဒီနေ့ပဲမောင်းချင်တာ.လေးလေးမြင့်ပိုက်ဆံသွားယူပေါ့ဗျ.''

''လာပါမောင်နေမိုးနိုင်ရယ်..နောက်နေ့မှပြန်လာကြမယ်လေ..လိမ္မာပါတယ်ကွာ''

''ဟင့်အင်း မရဘူး..သားခုပဲကစားချင်နေတာ...သွားရှာဗျာ..ဟိုမှာသူများတွေတောင်မောင်းကုန်ကြပြီ..''

''လေးလေးမြင့်ပိုက်ဆံသွားယူနေရင်မောင်နေမိုးနိုင်ကိုဘယ်သူကြည့်ထားမှာတုန်းကွာ..ဒုက္ခပါပဲ''

''မသိဘူး..မရဘူးဗျာ..ပိုက်ဆံပေး  အီးးဟီးးဟီးးအီးး''

''ဟာကွာ..အဲလိုအော်ကြီးဟစ်ကျယ်မငိုရဘူးလေမောင်နေမိုးနိုင်ရဲ့.ပြသနာပဲကွာ..ဒါဆိုနေဦး.လေးလေးမြင့်
အသိဆီကသွားချေးလိုက်မယ်''


ဒါကတော့ဦးဝဏ္ဏနိုင်ရဲ့သားကြီး၊နေသွေးနိုင်ရဲ့အစ်ကိုကလေးစိတ်မကုန်သေးတဲ့နေမိုးနိုင်နဲ့သူသွားလေရာကို
လိုက်ပါစောင့်ရှောက်ဖို့ခန့်ထားတဲ့ကလေးထိန်းဦးမြင့်အောင်တို့တိရိစ္ဆာန်ရုံထဲက ကလေးကစားကွင်းကိုရောက်
နေကြတာပါ။ နေမိုးနိုင်ကဥာဏ်ရည်မမှီသူပီပီဒီလိုကစားကွင်းတွေကိုအမြဲလာလာဆော့နေကြလေ..
အဖော်ကတော့လေးလေးမြင့်လို့သူတို့ညီအစ်ကိုတွေခေါ်တဲ့ဦးမြင့်အောင်ပေါ့..။ ခုလည်းနေ့တစ်ဝက်လောက်ကစား
ပြီးတာတောင်အာသာမပြေသေးပဲလေးလေးမြင့်ကိုဂျီကျနေတဲ့အတွက်ခင်မင်နေတဲ့ 
ကစားကွင်းမန်နေဂျာဆီ
ဦးမြင့်အောင်ငွေချေးဖို့ထွက်သွားတာပါ။အမြဲတမ်းမဟုတ်ပေမယ့် တခါတခါမောင်နေမိုးနိုင်ကအဲလိုဂျီကျတတ်
တော့လည်းအထိန်းတော်ပီပီတာဝန်ကျေအောင်ကြိုးစားရတယ်လေ.။အဲ တာဝန်ဆိုတာထက်တကယ်တော့
ဦးမြင့်အောင်ဟာသူ့လက်ပေါ်မှာပဲလူလားမြောက်ကြီးပြင်းလာခဲ့ကြတဲ့နေမိုးနိုင်နဲ့နေသွေးနိုင် 
တို့ညီအစ်ကိုကိုသံယောဇဉ်လည်းရှိရှာတယ်လေ..
ဒါကြောင့်လည်းခုလိုစိတ်ရှည်လက်ရှည်နေမိုးနိုင်ပူဆာသမျှဖြစ်အောင်ကြိုး
စားပေးနေခဲ့တာပေါ့..။

''ဟော ကိုမြင့်အောင်.လာပါ လာပါ. ထိုင်ပါဥိးဗျာ.''

''မထိုင်တော့ဘူးမန်နေဂျာကြီးရေ.. မနက်ကငွေတစ်သိန်းယူပြီးမောင်နေမိုးနိုင်ကစားချင်တယ်ပူဆာလို့
ထွက်လာတာနေ့တစ်ဝက်တောင်မခံဘူးကုန်သွားလို့ဗျို့..ပြန်မယ်ဆိုတော့လည်းမပြန်ချင်ဘူး..တိုက်ကား
မမောင်းရသေးလို့တိုက်ကားမောင်းပြီးမှပြန်မယ်ဆိုပြီးဂျီကျနေတယ်လေ..အဲဒါကြောင့်ခင်ဗျားဆီမှာနည်း
နည်းပါးပါးလာဆွဲတာပါ..ကျနော်အိမ်ရောက်ရောက်ချင်းဒရိုင်ဘာကိုလာပို့ခိုင်းလိုက်ပါ့မယ်ဗျာ..
ငွေနှစ်သောင်းလောက်ခဏပေးထားစမ်းပါ''

''ဟားဟား ကိုမြင့်အောင်ရယ်..ဒါလေးများဗျာ..ဒီလူနဲ့ဒီလူပြောစရာလိုသေးလို့လား..နောက်တစ်ခေါက်
လာမှပေးလည်းရပါတယ်ဗျာ.အမြဲလာနေကျဖောက်သည်တွေပဲ...ရော့ရော့...လိုသေးရင်ပြောနော်..
အားမနာနဲ့သိလားကိုမြင့်အောင်.''

''ဟုတ်ကဲ့ဗျာ..ကျေးဇူးတင်ပါတယ်နော်..ခင်ဗျားတစ်ယောက်ရှိနေလို့တော်သေးတယ်..မဟုတ်ရင်
မောင်နေမိုးနိုင်ဂျီကျနေသလိုမျိုးဆိုကျနော်တော့မလွယ်ပါဘူးဗျာ.သွားလိုက်ဦးမယ်နော်မန်နေဂျာကြီး..
ကျေးဇူးပဲဗျို့.''

''ကောင်းပါပြီဗျာ.. ကိုမြင့်အောင်လည်းဒီကလေးတွေကိုတော်တော်သံယောဇဉ်တွယ်နေပြီပဲ..
ဒါနဲ့ငွေကိုတော့နောက်ကြုံမှငွေပြန်ပေးနော်..အရင်မလိုပါဘူးဗျာ''


ဒီလိုပါပဲ..နေမိုးနိုင်ကတော့လေးလေးမြင့်ယူလာပေးတဲ့ငွေတွေကိုဆုပ်ကိုင်ပြီးတိုက်ကားမောင်းတဲ့
လက်မှတ်တွေသွားဝယ်နေလေရဲ့...ဦးမြင့်အောင်ကတော့အရွယ်နဲ့မလိုက်အောင်ဥာဏ်ရည်ချို့တဲ့
ရှာသည့်နေမိုးနိုင်၏ကျောပြင်ကိုငေးကြည့်ရင်းသက်ပြင်းမောတစ်ခုကိုသာအသာအယာချလိုက်မိ
တော့သည်ပေါ့....။

''ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး''



''ဒါကဘာလုပ်နေတာတုန်းဝတီရဲ့''

''ဘာမှမလုပ်ပါဘူးကိုကြီးရဲ့..ပျင်းလို့အလှပြင်နေတာပါ''

''ကောင်းတယ်..တနေ့တနေ့ဒါပဲလုပ်.''

ဦးဗညာနိုင်တစ်ယောက်အလှပြင်မှန်တင်ခုံရှေ့တွင်ထိုင်ကာအလှပြင်နေသောဇနီးဖြစ်သူဒေါ်ဝတီတိုးခန့်
ကိုအခန်းထဲတွင်တွေ့သဖြင့်မေးနေခြင်းပါ..။
ဥိးဗညားနိုင်၏ပြောစကားကြောင့်ချက်ချင်းလှည့်ကာမျက်စောင်းထိုးလိုက်ရင်းမှ

''ကိုကြီးပဲပြောထားတာလေ.လှတာလေးပဲမြင်ချင်တယ်၊အလှပြင်ပြီးအမြဲတမ်းအဆင်သင့်ဖြစ်နေအောင် နေရမယ်ဆို?''

''ဟေ....ဘာအတွက်လည်းကွ?''

''သြော် အပြင်တွေဘာတွေသွားစရာရှိရင်အဆင်သင့်သွားလာလို့ရအောင်အမြဲတမ်းလှအောင်ပြင်ထား
ရမယ်လို့ကိုကြီးပြောထားလို့ဒီကပြင်နေရတာကိုပြောတာပါနော်...ဟွန်း''

''ဟီး ..ဟုတ်သားပဲ.....ငါ့မိန်းမကနဂိုကတည်းကချောပြီးလှပြီးသားပါဗျာ..ခုလိုအမြဲပြင်နေတော့လည်းပိုပြီး
လှပနေလို့ကိုကြီးကချစ်နေရတာပေါ့ကွာ''

''ဟုတ်လို့လားကိုကြီးရယ်''

''ဟုတ်တာမှ ဟုတ် ဟုတ် ဟုတ်နဲ့တောင်မြည်သေးတယ်..ဒါနဲ့ကိုကြီးကိုဘယ်တော့မှပစ်မသွားရဘူးနော်..''

''အမလေး  ပစ်စရာလားကိုကြီးရဲ့.. ကိုကြီးကိုလေ ချစ်လွန်လွန်းလို့ကိုကြီးနဲ့လက်ထပ်ရဖို့ကို ကိုကြီးရဲ့အစ်ကို
မသေခင်ထိုင်စောင့်လိုက်ရတာဆယ်နှစ်ကျော်တောင်နော်..''

''အင်းးဟုတ်တယ်နော်..အစ်ကိုကြီးသဘောမတူလို့မယူပဲနေလာခဲ့ရတာနှစ်ပေါင်းကိုမနည်းတော့ဘူး''

''ဟုတ်တယ်''

''ဒါဆိုအခုမှပဲအတိုးချပြီးချစ်ရတော့မှာ'' ဆိုပြီးလှမ်းဖက်ဖို့လုပ်လိုက်ရော

''အို ကိုကြီးကလည်းတော်ကြာကိုကြီးတူတွေပြန်လာလို့မြင်သွားမှရှက်စရာ'' ဆိုပြီးရုန်းဖယ်လိုက်သေးတယ်။

ဒါနဲ့အခန်းတံခါးကိုလှည့်ပြီးပိတ်ချလိုက်ပြီးမှအားရပါးရဖက်လိုက်တာပေါ့..။ ဒီအချိန်မှာပဲသူငယ်ချင်းတွေနဲ့အပြင်
သွားလည်ပတ်ဖို့ချိန်းထားတဲ့နေသွေးနိုင်ကပိုက်ဆံအိတ်ထဲမှာအနည်းငယ်သာကျန်တော့တဲ့ပိုက်ဆံတွေ ကိုကြည့်ရင်းဦးလေးဗညာနိုင်ဆီကမုန့်ဖိုးတောင်းသွားဦးမှပဲ ဆိုပြီးတွေးကာဥိးလေးတို့အခန်းကိုတဒုန်းဒုန်းနဲ့လာခေါက်တော့တာပါပဲဗျာ...။

ဒုန်း ဒုန်း

''ဦးလေးရေ  ဦးလေး..တံခါးဖွင့်ပါဥိးဗျာ.ဦးလေး ဦးလေးရေ''

''တောက် အရေးကောင်းပြီဆိုဒိန်းဒေါင်းဖျက်ပြီကွာ'' 
လို့ညည်းပြီးပိတ်ထားတဲ့အခန်းတံခါးကိုဖွင့်လိုက်တော့အခန်းဝမှာ
ရပ်နေသူကတူဖြစ်သူနေသွေးနိုင်.

''ဦးလေးတို့ကလည်း ခေါ်မကြားအော်မကြားနဲ့ဗျာ..နေ့ခင်းကြောင်တောင်ကြီးဘာတွေများလုပ်နေကြတာလဲ''

''ငါ့ဟာငါဘာလုပ်လုပ်ပေါ့ကွာ..ဘာလဲ? မင်းကဘာကိစ္စငါ့ကိုဒီလိုအသံပြဲကြီးနဲ့ခေါ်နေရတာလဲ? ပြောစမ်းပါဦးကွ''

''ဟို ဟိုလေ..ကျနော့်ကိုပိုက်ဆံတစ်သိန်းလောက်ပေးပါနော်..ကျနော်သွားစရာရှိလို့ပါ''

''ဘာကွ..တစ်သိန်းဟုတ်လား?''

''ဟုတ်တယ်လေဦးလေးရဲ့..ဘာလဲကျနော်ကဘာလို့တောင်းတာလဲဆိုတာစာရင်းပြုစုပေးရဦးမှာလားဗျ. ထုံးစံအတိုင်းပေါ့ဦးလေးရာ...လုပ်ပါမြန်မြန်လေး..ခုတောင်နောက်ကျနေပြီ''

ဦးလေးဘာမှမပြောနိုင်သေးခင်မှာပဲဒေါ်တိုးခန့်ဝတီကနောက်ကနေ

''နင်ပြုစုထားစရာမလိုပါဘူး.နင်သုံးထားသမျှတွေအားလုံးငါစာရင်းလုပ်ထားပါတယ်'' 
ဆိုပြီးဆောင့်ကြီးအောင့်ကြီးနဲ့
ဝင်ပြောတာပေါ့..နေသွေးနိုင်လည်းသူနဲ့ဖက်ပြီးမပြောချင်တာနဲ့ဘာမှပြန်မပြောနေတော့ပါဘူး..။

''ဒီမှာကိုဗညား ရှင့်တူနဲ့ရှင်ကိုယ်တိုင်စာရင်းရှင်းမလား? ဒါမှမဟုတ်ကျမဝင်ရှင်းပေးရမလား? ကြိုက်တာသာပြောပါ''

''နှစ်ယောက်လုံးပေါင်းရှင်းတော့ပိုကောင်းတာပေါ့ကွာ'' ဆိုပြီး မ.ယ.က လေသံနဲ့ဦးလေးကမယားကိုပြန်ပြောလိုက်တယ်လေ.

ဒါနဲ့လင်မယားနှစ်ယောက်စလုံးတဒုန်းဒုန်းမြည်အောင်ခြေသံပြင်းပြင်းနင်းပြီးဧည့်ခန်းဖက်ထွက်သွား တော့နေသွေးနိုင်ခမျာတောင်းထားတဲ့ငွေများပေးမှာလားဆိုတဲ့အတွေးတွေနဲ့ ဘုမသိဘမသိနောက်ကလိုက်သွားတာပေါ့....ဧည့်ခန်းရောက်တော့
ဘယ်တုန်းကစပြီးမှတ်ထားသလဲမသိရတဲ့စာအုပ်တစ်အုပ်ကိုထုတ်လာပြီးဥိးဗညားနိုင်တို့လင်မယား နှစ်ယောက်ကတူဖြစ်သူနေသွေးနိုင်ကို....

''ဒီမှာငါ့တူ..မင်းတို့အဖေငါ့အစ်ကိုက သူမရှိတဲ့နောက်မင်းတို့ညီအစ်ကိုဒုက္ခမရောက်အောင်ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီး
ဒီအိမ်ကြီးနဲ့အတွင်းပစ္စည်းတွေကို မင်းတို့အတွက်ဆိုပြီးငါ့ကိုအပ်သွားခဲ့တယ်.လုပ်ငန်းတွေကိုတော့ငါ့အတွက်အမွေဆိုပြီးပေး
သွားခဲ့တာမင်းသိမှာပါ..''

''ဟုတ်ကဲ့ဥိးလေး သိပါတယ်..ဆက်ပြောပါ''

''အေး မင်းတို့ညီအစ်ကိုတွေကလည်းမလိမ္မာဘူးကွ.ဘာမှမစဉ်းစားပဲသုံးကောင်းတိုင်းစွတ်သုံးနေတော့ တနေ့ဒုက္ခရောက်လိမ့်မယ်ကွ''

''ဦးလေးပြောတာကျနော်မရှင်းဘူးဦးလေး''

''ဟားဟားဟား ကောင်းပြီ၊ မင်းနားလည်အောင်လွယ်လွယ်ပြောရမယ်ဆိုရင်တော့ တို့တူဝရီးတွေစောစောစီးစီးအမွေခွဲထားလိုက်ရင်
ကောင်းမယ်ပေါ့ကွာ''

''ဟာ ဦးလေး..ဥိးလေးပြောတဲ့သဘောက ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကိုမစောင့်ရှောက်နိုင်တော့ဘူးဆိုတဲ့သဘောလား?''

''ဒီလိုလည်းမဟုတ်သေးဘူးလေကွာ...ဒါပေမယ့်ငါ့မှာက မင်းသိတဲ့အတိုင်း မင်းဒေါ်လေးရှိနေပြီဆိုတော့....''

''ရပါတယ်ဗျာ... ကျနော်လည်းကိုယ်ပိုင်အစွမ်းအစရှိတဲ့လူတစ်ယောက်ပါ..
ဒီတော့ဦးလေးတို့ဘယ်လိုစီစဉ်ချင်သလဲဆိုတာပဲခပ်ရှင်းရှင်းပြောပါ'' 
ဆိုပြီးအခြေအနေအရပ်ရပ်ကိုသဘောပေါက်လိုက်တဲ့နေသွေးနိုင်က လမ်းဖွင့်စကားဆိုလိုက်ပါတယ်....

''ကဲ ပြောဦးလေး ကျနော်တို့ညီအစ်ကိုနှစ်ယောက်သုံးထားတာဘယ်လောက်ရှိသွားပြီလဲ?''

''နင်တို့ညီအစ်ကိုနှစ်ယောက်သုံးထားတာကိုတိတိကျကျပြောကြေးဆိုရင်နင်တို့အဖေသေပြီးကတည်းက ခုချိန်ထိအားလုံးပေါင်းပြီးတစ်ပြားမှပေးစရာမရှိတော့ဘူးဟေ့''
ဆိုပြီးမကြည်ဖြူတဲ့လေသံမာမာကြီးနဲ့ဒေါ်တိုးခန့်ဝတီကပြောရခက်နေတဲ့ဦးလေးကိုယ်စားဝင်ပြောလိုက်တော့နေသွေးနိုင်တစ်ယောက်အံ့
သြလွန်းလို့  
''ဗျာ'' ဆိုတာကလေးပဲနှုတ်ကထွက်လာနိုင်ခဲ့ပါတော့တယ်ဗျာ..


''အဖြစ်အပျက်ကတော့ဒါပါပဲသူငယ်ချင်းတို့ရယ်''

အိမ်ကအဖြစ်အပျက်တွေကိုခင်မင်မိတဲ့သူငယ်ချင်းတွေကိုလက်ဖက်ရည်ဆိုင်မှာရင်ဖွင့်လိုက်တာပေါ့..

''ဒါတော့မင်းဦးလေးလင်မယားကသက်သက်မတရားအကွက်ဆင်တာပဲကွ''

နေသွေးနိုင်ရဲ့စကားအဆုံးမှာသူရကတောက်တစ်ချက်ခေါက်ပြီးသုံးသပ်လိုက်တာပါ.အောင်ကြီးကလည်း

''ဟုတ်တယ်ကွ မင်းကစာရင်းဇယားတွေဘာတွေသတိမထားတတ်ဘူးဆိုတာသိလို့တမင်အသုံးချသွားတာ..
ဒီတော့မင်းဘယ်လိုဆက်လုပ်မလဲသူငယ်ချင်း''

''ငါလည်းဘာလုပ်ရမှန်းမသိလို့မင်းတို့ကိုတိုင်ပင်တာပေါ့အောင်ကြီးရာ..''

''နေပါဦးကိုနိုင်..ကိုနိုင်တို့ညီအစ်ကိုနှစ်ယောက်သုံးထားတာအဲလောက်တောင်ရှိပါ့မလား?''

ဒေလီယာဝင်မေးလိုက်တာပါ။

''ကိုယ်လည်းဘယ်သိပါ့မလဲဒေလီယာရယ်. ကိုသိထားတာကတော့အဖေချန်ခဲ့တဲ့စည်းစိမ်တွေက ကိုယ်တို့ညီအစ်ကိုတစ်သက်
လုံးဘာအလုပ်မှမလုပ်ပဲထိုင်သုံးနေရင်တောင်မကုန်ဘူးဆိုတာပါပဲ..
အဖေရှိတုန်းကဦးလေးကိုကျွေးမွေးစောင့်ရှောက်လာခဲ့သလို
အဖေမရှိတော့တဲ့နောက်ပိုင်းဦးလေးတို့ကပြန်ပြီး ကိုယ်တို့ညီအစ်ကိုကိုစောင့်ရှောက်လိမ့်မယ်လို့ကိုယ်ထင်ထားခဲ့မိတာလေ. ခုတော့
အဖေကသားတွေလိုစောင့်ရှောက်ဖို့ပေးခဲ့တဲ့အမွေတွေကိုယူပြီး ကိုယ်တို့ကိုနွားတွေလိုအသုံးချချင်နေတာတော့ ကိုယ်တို့ကုသိုလ်ကံ
ပဲပေါ့ဒေလီယာရယ်..''

''တခုတော့ရှိတယ်ကွ..သူတို့တွေကမင်းအသုံးအဖြုန်းကြီးတာတွေဆင်ခြင်နိုင်အောင် လို့ခြောက်ပြီးပညာပေးဆုံးမနေတာကောမဖြစ်နိုင်ဘူးလားနေသွေး?''

တချိန်လုံးဘာထင်မြင်ချက်မှဝင်မပေးပဲငြိမ်နေတဲ့ ဝင်းဇော်ကရုတ်တရက်မေးလိုက်တာပါ။

''ဟင်း မဟုတ်ဘူးဝင်းဇော်..သူတို့အတည်ပြောနေကြတာကွ..''

''ဒါဆိုရင်တော့မင်းရဲ့ယုံကြည်မှု့ကိုသူတို့အလွဲသုံးစားလုပ်လိုက်တာသေချာတာပေါ့ကွာ''

စကားဝိုင်းလေးကခေတ္တတိတ်ဆိတ်သွားတယ်လေ..။ခနကြာတော့မှ

''သူတို့ဖက်ကစစ်ကြေညာမှတော့ကိုနိုင်လည်းတရားပြန်ဆွဲပေါ့..ဘာလဲကိုနိုင်ကကျွတ်နေလို့လား?''

နေသွေးဒေလီယာ့စကားကိုချက်ချင်းခေါင်းခါလိုက်မိတယ်။

''ဒါဆိုရင်သူတို့ဘာလုပ်လုပ်ကိုနိုင်ကခေါင်းငုံ့ခံပြီးအရှုံးပေးမယ်ဆိုတဲ့သဘောပေါ့.''

''အနိုင်မယူချင်တာပါဒေလီယာ..ကိုယ်ဘယ်သူ့ကိုမှအနိုင်မယူချင်ဘူး''

''ကိုနိုင်ရယ်...ပိုက်ဆံမရှိတဲ့ဘဝမှာစိတ်ချမ်းသာစွာနေရလိမ့်မယ်လို့ကိုနိုင်ထင်နေလို့လား.
ခုကိုနိုင်အရှုံးပေးလိုက်ပြီဆိုရင်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဝကို 
ရုန်းကန်ရတော့မှာသေချာသလောက်ဖြစ်နေပြီလေ.''

''ပိုက်ဆံမရှိတဲ့သူတွေလဲဘဝကိုဒီအတိုင်းပျော်အောင်ဖန်တီးယူကြရတာပဲဒေလီယာရယ်. ကိုယ်မကြောက်ပါဘူး။''

ခနဲ့ပြုံးတစ်ချက်ခပ်သွက်သွက်ပြုံးရင်းကနေဒေလီယာက

''ကောင်းပြီလေ..ဒုက္ခဆိုတာချိုလား၊ခါးလားဆိုတာသိရအောင်ကိုနိုင်ကိုယ်တိုင်စမ်းကြည့်လိုက်ပါ။ 
ဒေလီယာကတော့အဲဒီဒုက္ခတွေနဲ့လုံးလည်လိုက်ပြီးကြီးလာခဲ့ရတာမို့နာမည်တောင် 
မကြားချင်တော့ပါဘူး။
အဲဒီနွံထဲကမနည်းရုန်းတက်လာခဲရတော့ဆင်းရဲတယ်ဆိုတဲ့နာမည်ကိုမပြောနဲ့..
အိပ်မက်မက်ရင်တောင်မျက်နှာချက်ချင်းထသစ်ပစ်လိုက်မယ်.. ဟဲ့ယမုံ လာငါတို့ကျူရှင်သွားမယ်''

''နင်ပဲခုနကပြောတော့ဒီနေ့မတက်တော့ဘူးဆို?''

''ခုတက်မယ်..''

ဆိုပြီးပြတ်သားတဲ့စကားတွေကရားရေလွှတ်ပြောပြီးဘယ်သူ့ကိုမှနှုတ်မဆက်တော့ပဲဒေလီယာတစ်ယောက်
ထွက်သွားပါတော့တယ်...။
သူငယ်ချင်းတွေအားလုံးပါးစပ်အဟောင်းသားနဲ့ကြည့်ရင်းကျန်ခဲ့ကြတာပေါ့...။


''မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့ဆို့မယ်၊ ဖေဖေလာရင်အုန်းသီးညှစ်ပစ်မယ်''

ထမင်းစားဖို့ထမင်းစားခန်းထဲပျော်ရွှင်စွာခုန်ပေါက်ဝင်လာတဲ့နေမိုးနိုင်ပါ။ 
လူကဥာဏ်ရည်မမှီရှာတော့ပေါက်ကရတွေလျှောက်ဆိုနေတာပေါ့ဗျာ...

''ဟာ ဘာမှလည်းသိပ်မရှိတော့ပါလား.... လေးလေးမြင့်ရေ..လေးလေးမြင့်''

''ဟေ အေးလာပါပြီမောင်နေမိုးနိုင်..ဘာတုန်းကွ? မင်းမလဲအလန့်တကြား''

''လေးလေးမြင့်..ဟင်းကဒါပဲလားဗျ?''

ထမင်းစားပွဲပေါ်ကိုလက်ညှိုးထိုးရင်းမှနေမိုးနိုင်တစ်ယောက်ဦးမြင့်အောင်ကိုမေးနေခြင်းပါ.။ဦးမြင့်အောင်
လည်းစားပွဲပေါ်ကိုကြည့်ရင်းမှသက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း

''ဟုတ်တယ်မောင်နေမိုးနိုင်...ဟင်းကဒါအကုန်ပဲကွယ်''

''ကြက်ကြော်ကောလေးလေးမြင့်? သားကကြက်ကြော်မပါရင်ထမင်းမစားတတ်ဘူးဗျ''

''မရှိတော့ဘူးမောင်နေမိုးနိုင်ရယ်..မနက်ဖြန်မှလေးမြင့်ဝယ်လာခဲ့မယ်နော်..ဒီနေ့တော့ဒီဟင်းတွေနဲ့
စားလိုက်ပါကွာ..လိမ္မာတယ်နော်မောင်နေမိုး''

''ဟင့်အင်း ဟင့်အင်း မရဘူး အခုကြက်ကြော်စားချင်နေတယ်..ယူပေးပါဗျာနော်လေးလေးမြင့်''

''ဒုက္ခပါပဲကွာ''

''ဒေါ်လေးရေ..ဒေါ်လေး''

''ဘာတုန်းဟေ့..အသံပြဲကြီးနဲ့ဘာဖြစ်နေတာတုန်း?''

ဆိုပြီးဒေါ်တိုးခန့်ဝတီထမင်းစားခန်းထဲကိုရောက်လာပါတော့တယ်...

''သားစားဖို့ကြက်ကြော်ကောဒေါ်လေး?''

''မရှိဘူး''

''အာ ဒီဟင်းတွေနဲ့သားမစားချင်ဘူးဗျာ..ကြက်ကြော်ယူလာပေးမှစားမယ်...အီးဟိးဟီးး''

ဆိုပြီးစားပွဲပေါ်ကဟင်းခွက်တွေကိုတွန်းထုတ်လိုက်တော့တာပေါ့..။

''ဟဲ့ အရူး..ကြပ်မပြည့်တဲ့အကောင်..မစားချင်ရင်မစားနဲ့ဟေ့..ငါ့ပစ္စည်းတွေကိုတော့မထိနဲ့ အရူးက
လူပါးလာဝနေတယ်''
ပြောပြောဆိုဆိုမညှာမတာနေမိုးနိုင်ရဲ့ခေါင်းကိုထုရိုက်ပါလေရော.. အေးလေသူကဒီလိုနှိပ်စက်ချင်နေတော့
အကွက်ကောင်းပဲပေါ့..ဘေးနားကရပ်ကြည့်နေရတဲ့ဦးမြင့်အောင်ကတော့စိတ်မကောင်းပေမယ့်
အလုပ်သမားမို့ဘာမှဝင်ပြောပိုင်ခွင့်မရှိဘူးလေ..
ခေါင်းကိုနာအောင်ခေါက်တော့နေမိုးနိုင်တစ်ယောက်အော်အော်ပြီးငိုပါလေရော...ငိုနေရင်းကလည်း
သူ့ကိုအရမ်းအလိုလိုက်တဲ့ညီဖြစ်သူနေသွေးနိုင်ကိုတကြော်ကြော်လှမ်းခေါ်တော့တာပေါ့...

''ညီလေးရေ..ညီလေး.အီးဟီးဟီးး ညီလေး''

''ဟာ ဒေါ်လေး.. ဒေါ်လေးဘာလို့အစ်ကိုကြီးကိုရိုက်နေတာလဲ?သူ့မှာဘာအပြစ်ရှိလို့လဲဗျ?''

ကျောင်းစာတွေလုပ်နေရင်းကနေမိုးအောင်ရဲ့ငိုပြီးအော်ခေါ်နေသံကြောင့်အလန့်တကြားနေသွေးအောင်
ထမင်းစားခန်းဆီပြေးဝင်သွားရင်းနေမိုးအောင်ကိုထုထောင်းရိုက်ပုတ်နေသော 
အဒေါ်ဖြစ်သူကိုမေးလိုက်ရခြင်းပါ။

''မရိုက်လို့ငါကနင့်အစ်ကိုကိုထိုင်ကတော့နေရမှာလားဟဲ့. 
ဟိုမှာကြည့်စမ်းနင့်အစ်ကိုအရူးကဟင်းပန်းကန်တွေကိုတွန်းချလိုက်လို့ကွဲကြေကုန်ကြတာလေ.''

နေသွေးအောင်ကတော့သူလက်ညှိုးထိုးပြနေတဲ့ပန်းကန်တွေကိုစိတ်မဝင်စားနိုင်ပဲရှိုက်ကြီးတငင်ငိုကြွေးနေ
တဲ့အစ်ကိုဖြစ်သူကိုသာလှမ်းကြည့်နေရင်းမှ

''ခင်ဗျားပစ္စည်းတွေကဘယ်လောက်တန်ဖိုးရှိလို့ပန်းကန်တွေကွဲရုံလောက်လေးနဲ့ ကျုပ်အစ်ကိုကြီးကိုရိုက်လားပုတ်လားလုပ်ရတာလဲ? ''

သင့်မသင့်ဘာမှမစဉ်းနိုင်တော့ချေ.။
ဟုတ်သည်လေ..ဥာဏ်ရည်ဥာဏ်သွေးမပြည့်ဝတဲ့သူကိုညှာတာရကောင်း
မှန်းမသိပဲငွေမျက်နာကိုပဲကြည့်တတ်လွန်းသည့်ဒေါ်တိုးခန့်ဝတီကိုအမြင်ကပ်ကပ်နှင့်လက်ညှိုးငေါက်ငေါက် ထိုးပြီးခံပြောရင်းမှ

''ကိုကြီး..ဘာဖြစ်လို့သူကကိုကြီးကိုရိုက်တာလဲညီလေးကိုပြောပြ''

''ငါကကြက်သားကြော်စားချင်လို့ကွာ..သူကမရှိဘူးဆိုပြီးဒီငါမစားချင်တဲ့ဟင်းတွေပဲချပေးလို့ငါငိုတော့ငါ့ကို
အရူးဆိုပြီးရိုက်တော့တာပါပဲကွာ.ညီလေး ငါမရူးပါဘူးကွာ..
ငါကကြက်သားကြော်ပဲစားချင်တာပါကွာ..နော်''

''ခဏကိုကြီး..ဒီမှာဒေါ်လေး.ကျုပ်အစ်ကိုကြိးထမင်းစားရင်အမြဲတမ်းကြက်သားကြော်ပါမှဖြစ်မယ်ဆိုတာခင်
ဗျားမသိဘူးလား?ခုဘာလို့ကြက်သားကြော်မပါရတာလဲ?''

''မရှိလို့ဟေ့..မရှိလို့''

''ဘာဗျ..မနက်ကကြက်သားကြော်နေတာကျုပ်သေချာမြင်လိုက်ပါတယ်.
ခင်ဗျားကြီးဘာလို့ညာနေရတာတုန်း''

ချက်ချင်းပဲအနားကကြောင်အိမ်ကိုဆွဲဖွင့်ပြီးရှာလိုက်တော့ကြက်သားကြော်ပန်းကန်ထွက်လာပါလေရော..
နေသွေးနိုင်မိမိဒေါသကိုမထိန်းနိုင်တော့.။
လက်ထဲပါလာသောပန်းကန်ကိုနံရံဆီအားကုန်လွှဲကာပစ်ပေါက်လိုက်လေတော့သည်။

''ဟာ...သွားစမ်းကွာ......''

ခလွမ်း...ခွမ်းး

ဒေါ်တိုးခန့်ဝတီကတော့နေသွေးနိုင်ဒေါသဖြင့်ကြက်သားကြော်ထည့်ထားသောပန်းကန်ကိုလွှဲ၍ ပစ်ပေါက်လိုက်သည်
ကိုသာမျက်လုံးအပြူးသားဖြင့်ငေးကြည့်နေမိတော့သည်ပေါ့..။ ဒီအခိုက်မှာပဲအော်သံဟစ်သံ၊ပန်းကန်ကြကွဲသံများကြောင့်
ထမင်းစားခန်းဆီသို့ဥိးဗညားနိုင်တစ်ယောက်ရောက်လာခဲ့သည်။

''ဟေ့ကောင်နေသွေး..ဒါဘာဖြစ်နေကြတာလဲကွ..ဟေ''

''ခင်ဗျားကြီးမိန်းမလူမဟုတ်ဘူးဗျ..အစ်ကိုကြီးစားနေကြအစားအစာတွေမကျွေးပဲဖွက်ပြီးသိမ်းထားတယ်လေ..
အဲဒါကြောင့်ကျုပ်ကပေါက်ကွဲနေတာ..
ဒီမှာဒေါ်တိုးခန့် ခင်ဗျားဘာသဘောနဲ့ခုလိုဖွက်ထားရတာလဲပြောစမ်းပါ''

''မသထာလို့ဟေ့..ရှင်းရှင်းပြောရရင် နင်တို့ညီအစ်ကိုတွေကိုကျွေးမွေးရတာအပြင်ဒီအိမ်မှာနေနေတာကိုက ငါကမသထာတော့တာ..ရှင်းပြီလား''

''သြော်..ခင်ဗျားကြီးကဒီလိုကိုး..ရတယ်လေ..ကျုပ်တို့ညီအစ်ကိုကလည်းခင်ဗျားကြီးလို လူစိတ်မရှိတဲ့ဟာတွေနေတဲ့ဒီအိမ်ပေါ်
မှာနေဖို့မသတီတော့ပါဘူးဗျာ...ကျုပ်တို့ဒီအိမ်ပေါ်ကဆင်းမယ်''

အခြေအနေရုတ်ရုတ်သဲသဲဖြစ်နေတာကိုကြည့်ြုပီးနေမိုးအောင်က

''ဟုတ်တယ်ညီလေး ငါလည်းဒီအိမ်မှာနေရတာမပျော်တော့ဘူးကွာ..ငါတို့နှစ်ယောက်ဟိုတယ်မှာသွားနေကြတာပေါ့''

''နေရမယ်အစ်ကိုကြီး.စိတ်သာချ''

''ငါပြောပါရစေဥိးမောင်နေသွေးအောင်ရာ''

ဆိုပြီးဦးလေးကဝင်ဖြေရှင်းမလိုလုပ်တော့ဒေါ်တိုးခန့်ဝတီက

''ရှင်အသာနေနော်...မနေနိုင်ရင်ရှင်ပါဆင်းသွားလိုက်''

မယားကြောက်ရတဲ့ဦးလေးကမယားအလိမ္မာလေးရဲ့အော်ငေါက်လိုက်သံကြောင့်
ဇက်ကလေးပင်သိသိသာသာပုကျသွားရှာလေသည်ပေါ့။

''ကျုပ်တို့နှစ်ယောက်ရသင့်တာတွေအမြန်ဆုံးခွဲပေးပါ...ပြိးတာနဲ့ကျုပ်တို့ဒီအိမ်ကြီးပေါ်ကဆင်းမယ်''

ဆိုပြီးနေမိုးအောင်၏လက်ကိုဆွဲကာချာကနဲလှည့်ကျောခိုင်းထွက်လာခဲ့လိုက်တော့သည်ပေါ့....။



အားလုံးကိုကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားစွာဖြင့်


ချင်းကလေး
0 Responses
abcs