အရည်ပျော်နေ့ရက်များ

မိုးတွေအုံ့မှိုင်းနေပြီး စိတ်တွေကိုထိုင်းစေတဲ့အနေအထားနဲ့ဒီနေ့အိပ်ယာကထမိတယ်..။ သွားစရာကလည်းအရေးတကြီးဘာမှမရှိတာနဲ့အိပ်ယာပေါ်မှာလူးလိမ့်ရင်း မေ့ဖျောက်ထားခဲ့တဲ့အကြောင်းအရာလေးတစ်ခုခုကဖြက်ကနဲခေါင်းထဲဝင်လာခဲ့တယ်ဗျာ..။ကြာခဲ့ပြီဆိုပေမယ့် ခုချိန်ထိလတ်လတ်ဆတ်ဆတ်လိုပဲခံစားရတုန်းလို့ပြောရင် ပျော့ညံ့တဲ့သူလို့ထင်ကြလေမလား..။
အဲဒီအတွေးတွေနဲ့လုံးထွေးနေရင်းက အနားမှာရှိတဲ့စာရေးစားပွဲပေါ်ကိုအလိုအလျောက်ရောက်သွားခဲ့ပါ တော့တယ်ဗျာ..။ဒီလိုနဲ့ သိပ်အရုပ်မဆိုးတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်လာခဲ့တယ်ပေါ့ဗျာ..။ ဖတ်ကြည့်ကြပါဦးလို့ သူငယ်ချင်းတို့ကိုတိုက်တွန်းချင်ပါတယ်..။:P


















ဒီလိုနေ့မျိုးဖြတ်ကျော်တိုင်းငါလွမ်းတယ်၊ သတိရတယ်၊ အောက်မေ့တယ်၊

နင့်ရဲ့အကြောင်းတွေတွေးမိတယ်....

အစမဲ့အဆုံးနတ္တိနဲ့ငါ့ရဲ့အတွေးတွေလဲ

မီးရောင်စုံတွေကြားထဲပျောက်ရှဆဲပါပဲ......

ငါနားလည်တယ်အချစ်ရယ်

ငါ့ကိုချန်မှနင်လွတ်မြောက်မယ်ဆိုတော့

ဒီအမှောင်ဝင်္ကပါထဲမှာ ငါပျော်မွေ့ရဲပါတယ်..



နင့်ရဲ့အချစ်ဟာတိမ်တိုက်လိုအရောင်တွေ

ပြောင်းသွားခဲ့ပေမယ့်

အမြဲအသင့်ရှိနေတဲ့

နင့်အတွက်ငါ့အချစ်တွေကတော့

ကောင်းကင်လိုပါပဲ

အရောင်တွေပြောင်းလဲမသွားပါဘူး...




အစကတော့ငါမယုံချင်ပါဘူး

အဆုံးသတ်မဲ့တဲ့ငါ့အချစ်တွေကို

နင်မမြင်နိုင်တော့ရင်လည်း

သွားလိုက်ပါနင့်ရဲ့လမ်းကို တည့်တည့်ပဲ

လုံးဝလှည့်မကြည့်ပါနဲ့....

''မင်းလိုအပ်ရင်၊လိုချင်တဲ့အခါ ငါ့ကိုခေါ်ဖို့မမေ့ပါနဲ့''

လို့ရေးထားတဲ့ SMS လေးကိုတော့ 

ငါနေ့တိုင်းပို့ဖြစ်နေမှာပါကွာ...။









ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
2 Responses
  1. စံပယ်ချို Says:

    တီတီ jasmine ဖတ်သွားပါပြီနော်
    ငါတောင်လွမ်းသွားတာပဲ...
    ဘယ်သူ့ကိုလဲတော့မသိဘူး...

  2. Angelhlaing(May everybody be happy and healthy! Says:

    မောင်လေးရေ မမ Jasmine ကတော့ပြောတယ် ဘယ်သူကို လွမ်းလို့လွမ်းမှန်းမသိဘူးတဲ့...:):)
    ကဗျာလေး ခံစားအားပေးလျှက်ပါ ..လို့

abcs