အဖွားရဲ့အပြုံး

တောင်တွင်းကြီးကလာတဲ့ကားတော့ဆိုက်နေပြီပဲ..
ငါနောက်ကျနေလို့အဖွားများတက္ကစီငှါးပြီးသွားပြီလားမသိဘူး..ဟီဟိ.
ဒီလိုသာဆိုရင်တော့ အောင်မျိုးနဲ့ ဟန်လင်းကိုသွားခေါ်ပြီး Game City ကိုသွားကမြင်းပစ်လိုက်ဦးမယ်....
ဆိုပြီးကားကိုအောင်မင်္ဂလာအဝေးပြေးဝင်းထဲကိုချိုးကွေ့လိုက်ရင်း ကျော်ဝေစဉ်းစားနေခြင်းပါ..။













ဒီနေ့မနက်အိပ်ယာကနိုးတော့မေမေက

'' ဟဲ့သား..ဒီနေ့မင်းအဖွား အညာကလာလိမ့်မယ်...အဲဒါ သွားကြိုပေးရမယ်နော်..'' တဲ့။  
'' ကားကိုသေချာဂရုစိုက်ပြီးမောင်းသွား..မင်းအဖွားပါလာရင်ပိုဂရုစိုက်..ကြားလား?
မင်းအဖွားကဒီမှာပျော်သလောက်နေမှာတဲ့....ကောင်းတယ် ဒါမှမင်းအပိုးကျိုးမှာ...''

'' ဟင် မေမေကလဲ..အဖိုးကဘာလို့ကျိုးရမှာလဲ? အဖွားချိုးလိုက်လို့ကျိုးသွားတာလား? ''

'' သြော်..ဟဲ့ ဘာတွေပြောနေတာတုန်း..အဖိုးကျိုးမှာမဟုတ်ဘူးဟေ့.... အပိုးကျိုးမှာ.. ငါတို့ကိုပြောင်လိုက်ပြက်လိုက်နဲ့ သူငယ်ချင်းပေါင်းပေါင်းတဲ့ နင့်ကိုနိုင်တဲ့သူမို့လို့ နင့်အပိုးကျိုးမှာကိုပြောတာ.
ရှင်းရဲ့လားဟေ့ ? ''

(အဲတာပဲ..လောကကြီးကိုစိတ်ကုန်နေတဲ့အထဲမှာအဲတာတွေကထိပ်ဆုံးကပဲ..
ဘယ့်နှယ်.ရွာမှာအဖိုးနားမှာနေပြီး အညာထမင်း၊အညာရှု့ခင်းတွေမခံစားပဲ သူမို့လို့အိုကြီးအိုမနဲ့
မြို့ကိုလာနေချင်သေးတယ်..အံ့ပါရဲ့ကွာ...) ဆိုပြီးကိုယ့်အဖွားကို ကိုယ်တိုင်မညှာမတာဝေဖန်လိုက်တာကတော့အရပ်ထဲက ကျနော်ကျော်ဝေပါ..မေမေမကြားအောင်စိတ်ထဲကဝေဖန်လိုက်ရတာမို့
တော်တော်လေးနေသာထိုင်သာရှိသွားပြီး လေကလေးတချွန်ချွန်နဲ့ရေချိုးခန်းထဲဝင်လာလိုက်တော့တာပေါ့...............။ 

'' ရွှီ..ရွှီ...ရွှီ.................ရွှီ.'' (လေချွန်တဲ့အသံပါ)

တောင်တွင်းကြီးကလာတဲ့ကားတော့ဆိုက်နေပြီပဲ..
ငါနောက်ကျနေလို့အဖွားများတက္ကစီငှါးပြီးသွားပြီလားမသိဘူး..ဟီဟိ.ဒီလိုသာဆိုရင်တော့ 
အောင်မျိုးနဲ့ ဟန်လင်းကိုသွားခေါ်ပြီးGame City ကိုသွားကမြင်းပစ်လိုက်ဦးမယ်....ဆိုပြီးကားကိုအောင်မင်္ဂလာအဝေးပြေးဝင်းထဲကိုချိုးကွေ့လိုက်ရင်း ကျော်ဝေစဉ်းစားနေခြင်းပါ..။ တွေးသာတွေးနေတာပါ..တကယ်ဆို
ကိုယ့်အဖွားအကြောင်းကိုယ်သာအသိဆုံး... တက္ကစီငှါးစီးဖို့မပြောနဲ့.. နှစ်တိုင်းရောက်နေကြကျော်ဝေတို့အိမ်ကိုတောင် တစ်ခါရောက်တိုင်းတစ်ခါ

'' ဟဲ့.. နင်တို့အိမ်ကအရင်တစ်ခါငါလာတုန်းကလမ်းထဲမှာမဟုတ်တော့ပဲ ဒီလမ်းထဲပြောင်းလိုက်ပြန်ပြီလား? ဘယ့်နှယ်တော်....''

အဲလိုတွေမေးတတ်တယ်လေ..စားတယ်ဗျာ...  သူတစ်ခါမေးတိုင်းဒေါသကြီးတဲ့ကိုကို(ဇော်ဝေ)က

''ဟာဗျာ .. အဖွားကလဲ..ဘယ်မှာပြောင်းလို့လဲ..သားတို့မွေးလာကတည်းကဒီအိမ်ပဲ..
နောက်လည်းပြောင်းမှာမဟုတ်ဘူး.. အဖွားသာအသက်တွေကြီးလာပြီး တောင်နေရာမြောက်ထင်.. မြောက်နေရာတောင်ထင်ဖြစ်နေတာ.''
အဲလိုကိုကိုကပြန်ပြီးပြောလိုက်တိုင်း အဖွားကမျက်လုံးလေးပေကလပ်ပေကလပ်နဲ့..
ကျော်ဝေကတော့ခန်းဆီးနောက်ကနေအဖွားကိုအမျိုးမျိုးပြောင်ပြနေတာပေါ့..
တကယ်တော့အဖွားမလာတာကြာရင်ကိုကိုပဲသွားသွားခေါ်နေကြပါ... 
လာပြန်တော့လည်းခုလိုလေးတွေ စကြ၊နောက်ကြနဲ့..။ 
ခုတော့ ကိုကိုလည်းနိုင်ငံခြားရောက်နေတယ်လေ.... ။

 စကားကဘယ်တောင်ရောက်သွားမှန်းမသိဘူးးး..သြော်..အဖွားကိုရှာနေတဲ့နေရာမှာရောက်နေပြီးမှ ကိုကို့အကြောင်းကဝင်လာတာလေ..။အိုခေ.ပြန်ဆက်မယ်.။ 

ဒီလိုအဖွားမျိုးကဘယ်လိုလုပ်
ကိုယ့်ဖာသာကိုယ်တက္ကစီနဲ့လာတတ်ပါ့မတုန်း..။ ဒီလိုပြန်တွေးမိပြန်တော့လည်းတစ်ယောက်ထဲပြုံးလိုက်ရသေးတယ်... အဲ..ခဏပဲပြုံးရတာနော်..။ကျော်ဝေပြုံးတာကိုလောကကြီးကိုအုပ်စိုးနေတဲ့
နတ်မင်းကြီးကမကြိုက်ဘူးထင်ပါရဲ့...။

'' ဟဲ့..ငကျော်..ဘယ်တွေသဝေထိုးနေလို့နောက်ကျနေတာတုန်း.ငါတို့ကားဒီကိုဆိုက်တာဖြင့်ကြာလှပြီ. ''

ဟွန်း..အဖွားတို့ကတော့လုပ်ချလိုက်ပြန်ပြီ.. အဝေးပြေးဂိတ်ကပိုင်တဲ့ကားကိုများ သူ့ကားလိုလို ဘာလိုလို ပြောလိုက်ရသေးတယ်... လေတဲ့အထဲမှာဒါလေးတွေလည်းပါတယ်နော်....
ပြုံးပြုံးလေးနဲ့လျှောက်ပြီးအဖွားကိုရှာနေတဲ့ကျော်ဝေနားထဲမှာအဲလိုအသံအကျယ်ကြီး အနားကနေအော်ပြောလိုက်တာကြားလိုက်ရတော့ အပြုံးတွေအားလုံးဆုံးသွားတာမဆန်းဘူးလေ...
ပထမတော့နေကာမျက်မှန်ကြီးတပ်ထားတော့အဖွားတော့ငါ့ကိုမှတ်မိမှာမဟုတ်ဘူး.. အဖွားကိုအရင်စလိုက်ဦးမယ်..ပြီးမှမျက်မှန်ချွတ်ပြီးရယ်ပြလိုက်ရင်ပြီးတာပဲ.. ဆိုပြီးစိတ်လေးတောင်ကူးမိသေး။
တကယ်ပါ..ဘုရားစူးးးအဲလိုလေးစိတ်ကူးမိထားပါရဲ့ဗျာ.... 
အဖွားကလည်း လူကသာယောင်တိယောင်နနဲ့၊ မျက်လုံးကလည်းအသက်နဲ့မလိုက်အောင်စူးရှလိုက်တာဗျာ..။ 
ကိုယ့်အကြံအစည်မအောင်တော့ညစ်ပြီးကိုယ့်ကိုပြောနေတာမဟုတ်သလိုလိုဘာလိုလိုနဲ့ 
ခပ်တည်တည်နဲ့ပေရပ်နေတာပေါ့.. အဖွားကတော့ ကျနော့်ရှေ့တည့်တည့်ကလာကြည့်လိုက်၊ ဘေးကနေရပ်ကြည့်လိုက်၊ နောက်ဖက်ကိုသွားကြည့်လိုက်နဲ့ဗျာ.
ဟီဟိ...တော်တော်ရယ်ချင်နေတာ........ အဖွားပြောနေသေးတယ်.. 

'' ဒီ သေနာကောင် ငကျော် နားများလေးနေလားမသိဘူး၊ မျက်မှန်အနက်ကြီးတပ်ထားတော့ငါ့ကိုမမြင်ဘူးနဲ့တူတယ် '' တဲ့..။
 ခွီးးးးးးးးးးးးးး
ကျော်ဝေမထိန်းနိုင်တော့တဲ့အဆုံးမှာတော့ အဖွားကိုပြေးဖက်ပြီး မျက်နာအနှံ့ နမ်းပစ်လိုက်တာပေါ့..။ 

'' ဟီးဟီး...အဖွားကိုနောက်မလို့ကြိုစဉ်းစားထားတာကတစ်မျိုး၊ခုမှအဖွားကိုမြင်ပြီးအဖွားအော်ခေါ်လိုက်
တာနဲ့အစီအစဉ်ပြောင်းပြီးခုလိုဟိုမရောက်ဒီမရောက်နောက်လိုက်တာပါ....ရွှတ်..ရွှတ်.(နမ်းသည့်အသံ)..''

'' သေနာကောင်ငကျော်..အိမ်ရောက်မှ နင်တော့တွေ့ပြီသာမှတ်.'' 

ဆိုပြီးပြုံးဖြီးဖြီးကြီးနဲ့ကြိမ်းဝါးနေလိုက်သေးတယ်... ဒီလိုပါပဲ... အဖွားမဆုံးခင်အချိန်တွေတုန်းကရယ်စရာအကြောင်းလေးတစ်ခုပါ..။

ကျော်ဝေတို့ရဲ့အဖွား၈၃နှစ်အရွယ်ကျမှဆုံးခဲ့တာလေ..ခုဆိုဆယ်နှစ်တောင်ရှိသွားပါပြီ...
ဖွားလေးကိုသတိရလို့ခုလိုပေါက်ကရလေးတစ်ပုဒ်ရေးလိုက်တာမို့ သူငယ်ချင်းတို့ရဲ့အချိန်တွေဖြုန်းသလို ဖြစ်စေခဲ့တဲ့အတွက်ခွင့်လွှတ်ပါလို့တောင်းပန်ပါရစေ..။




ခင်မင်လေးစားစွာဖြင့်


ချင်းကလေး
1 Response
  1. ကိုဇော် Says:

    ကောင်းပါတယ်။ တစ်ခါတလေ ဒီလိုပဲ အမှတ်တရလေးတွေ ရေးရတာ ပိုလွမ်းစေတယ်။

abcs