တောင်းပန်စကားလေးပါ

၂၉-၀၅-၂၀၁၁ နေ့ညကအိပ်ယာဝင်ဖို့လုပ်နေရင်း ရုတ်တရက်ဆိုင်းမဆင့်ဗုံမဆင့်နဲ့ဟိုးတောင်ဖက် အစွန်ဆုံးပိုင်းမှာနေတဲ့ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကဖုံးဆက်ပြီး ဟိုကနေသူထွက်လာနေပြီ၊ မနက်ရောက်လာမယ်..ပြီးရင်သူနဲ့အတူတူလိုက်ခဲ့ပြီးဝိုင်းကူညီလုပ်ကိုင်ပေးဖို့အဆင်သင့်လုပ်ထားပါလို့ ပြောလာတာနဲ့ ခေါင်းညိတ်လိုက်ရတယ်လေ...။ ဒါနဲ့ပဲမနက်ကျတော့ညီတော်မောင်ရောက်လာပါလေရော.. ကျနော်နေတဲ့မြို့ကတချို့သူသိတဲ့သူတွေကိုပါလိုက်နှုတ်ဆက်ရင်းကနေ အကျိုးအကြောင်းမေးကြည့်မိတော့ သူ့ယောက္ခမဆုံးတာနှစ်နှစ်ပြည့်အလှူလေးလုပ်ချင်လို့ပါတဲ့..။ သကောင့်သားကကြိုပြီးတော့လည်းမပြော၊ လိုက်မသွားပေးလို့ကလဲမဖြစ်ဆိုတော့ရရာအိတ်လေးတစ်လုံးထဲမှာ အဝတ်အစားလေးနှစ်စုံလောက်ထည့်ခဲ့ပြီး သူ့ကားပေါ်ကိုပစ်တင်ထားလိုက်တာပေါ့..။ အလှူအိမ်ကူညီဖို့သွားရမှာဆိုတော့လည်း လပ်တော့ကြီးတစ်ကားကားနဲ့မသင့်တော်ဘူးလေ..ဒါကြောင့် နှစ်ရက်သုံးရက်လောက်အတွက်တော့ လပ်တော့လေးထားခဲ့တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပေါ့ဗျာ..။ အမလေးးး ကျနော်ကထင်တာကနှစ်ရက် သို့မဟုတ် သုံးရက်ဆိုကျနော်ပြန်လာနိုင်ပြီပေါ့..။ (တခြားနိုင်ငံကသူငယ်ချင်းများအပါအဝင်) သူငယ်ချင်းတွေအားလုံးက မပြန်ပါနဲ့ဦး..ရောက်တုန်းသူတို့မြို့လေးကိုလိုက်လည်ပါဦးဆိုပြီး ဟိုကခေါ်လိုက်၊ဒီကဆွဲလိုက်နဲ့..နောက်ဆုံးတော့စုစုပေါင်း မြို့လေးမြို့မှာတစ်ရက်ဆီလိုက်လည်ပြီး ဒီမနက်မှညီတော်မောင်နေတဲ့အိမ်ကနေ ကျနော့်နေရာကိုပြန်လာနိုင်ခဲ့ပါတယ်ဗျာ...။ ဒါတောင်တစ်ချို့လူတွေကိုမနည်းတောင်းပန်ခဲ့ရသေးတယ်လေ....။ :P သူငယ်ချင်းတွေဆိုလို့ကျနော့်မှာသူငယ်ချင်းတွေတော်တော်များပါလားလို့မတွက်လိုက်နဲ့နော်... ။ ဟီးး ဒီတစ်နိုင်ငံလုံးမှာမြန်မာပြည်သားကျနော့်သူငယ်ချင်းဆိုလို့ ဆယ်ယောက်တောင်မပြည့်ပါဘူးဗျာ..။ သူတို့ကွန်ပြူတာတွေကိုလည်းယူသုံးရမှာအားနာတာနဲ့၊နောက်ပြီးအချိန်သိပ်မရတာနဲ့ပေါင်းပြီးတော့ ဘလော့လေးကိုခုမှဝင်ဖြစ်တယ်ဆိုပါတော့ဗျာ..။ စာတွေမရေးနိုင်ခဲ့တာရယ်၊ဘလော့သူငယ်ချင်းတွေရယ်ကို အကျိုးလေးအကြောင်းလေးတောင်မပြောပြပဲ ဘလိုင်းကြီးပျောက်သွားရပုံလေးကိုရှင်းပြပြီးတောင်းပန်ချင်လို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ..။ သူငယ်ချင်းအားလုံးနားလည်ပေးကြပြီး ခွင့်လွှတ်ကြမယ်လို့ထင်ပါတယ်ဗျာ.။
ကျေးဇူးတင်ပါတယ်....

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

4 Responses
  1. စံပယ်ချို Says:

    မပြောမဆိုကြီးဆိုတော့နေများမကောင်းလို့လားလို့ပါ
    နေထိုင်ကောင်းတယ်
    အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ..
    တောင်းပန်စကားလေးတင်ပေးလို့
    ကျေးကျေးပါ
    စိတ်မပူရတော့ဘူးပေါ့

  2. တစုံတယောက် Says:

    ဟိုတလောက ဒီအတိုင်းမဟုတ်ဘူးနော်...ဒီဇိုင်းပြောင်းထားတာလား...ခဏခဏရောက်ပါတယ်...မျက်စိလည်းလည်သွားတယ်

  3. မိုးယံ Says:

    ကိုခင်မောင်ချင်း @ ချင်းလေးရေ... fire fox 3.6 နဲ့ဆိုရင် အဆင်ပြေနေဆဲပါ။ ပြောင်းဖို့ မလိုသေးပါဘူး။
    ဂျီမေးလ် အော့ဖ်လိုင်းက သုံးလို့ရနေဦးမှာပါ။

  4. မောင်စေတနာ Says:

    ဟုတ်ကဲ့ ...

    နည်းပညာတွေ တအားပြောင်းနေတော့
    သား တို့တွေတောင် မျက်စိတွေ ကျိန်းလာပီဂျာ

    အကို အဆင်ပြေနေရင် ဝမ်းသာပါတယ်ဂျာ

    လင့်လည်း ပြန်ချိတ်ပေးလိုက်ပါပြီး
    ကျေးဇူုးတင်ပါတယ်ဂျာ ...

abcs