ဒါဘယ်သူ့အလွန်လဲ?

စိတ်ထဲငြီးစီစီဖြစ်နေတာနဲ့ရေးလက်စဇာတ်လမ်းရှည်လေးကိုဘေးခဏချထားပြီး  ပြုံးချင်ရယ်ချင်လွန်းနေတာနဲ့ဒီဟာသပို့စ်လေးကိုကောက်ရေးလိုက်တယ်ဗျာ..။ ဒါရိုက်တာဧရာရဲ့အဖေလွန်လား၊သားလွန်လားဆိုတဲ့ Short Plot လေးကိုမှီငြမ်းထားတာပါ..။
အားပေးကြမယ်လို့ထင်ပါတယ်...။အမောလေးတွေပြေပြီးရှုပ်နေတဲ့ခေါင်းတွေရှင်းသွားကြပါစေလို့  ဆန္ဒလေးလည်းပြုပေးလိုက်ပါတယ်ဗျာ..။










အဖိုးဖြစ်သူသတင်းစာဖတ်နေတဲ့အနားကိုလာပြိးညီအစ်ကိုနှစ်ယောက်
အော်ကြီးဟစ်ကျယ်နဲ့စာအော်ကျက်နေကြတဲ့အခါ...........................................

''ချောင်းသည်မြောင်းထက်ကျယ်ပါသည်''
''ချောင်းသည်မြောင်းထက်ကျယ်ပါသည်'' 
''ချောင်းသည်မြောင်းထက်ကျယ်ပါသည်''
''ချောင်းသည်မြောင်းထက်ကျယ်ပါသည်'' 

ဟေ့ကောင်အဲဒီချောင်းထက်ကျယ်တာကဘာလဲမင်းသိလားကွ?

ဘယ်သိမလဲကွ..မင်းတောင်မသိတာငါကဘယ်လိုလုပ်သိပါ့မလဲ.

ဒါဆိုအဖိုးကိုမေးမယ်ကွာ.

အေးကောင်းတယ်..မေး..မေး

အဖိုး...အဖိုး

ဟေ.ဘာတုန်းမြေးရဲ့.

ချောင်းကတဲ့..မြောင်းထက်ကျယ်တယ်တဲ့...   အဲဒါချောင်းထက်ကျယ်တာကဘာလဲဟင်အဖိုး?

ဖတ်လက်စသတင်းစာကိုကိုင်ထားလျက်မှလှည့်မကြည့်ပဲအဖိုးက
ချောင်းထက်ကျယ်တာကမြစ်ပေါ့ကွ မြေးရ...

အေးဟုတ်ပြီကွ..ငါထင်တော့ထင်သား

မင်းကလည်း ထင်တော့ထင်သားပဲရှိရသေးတယ်.

ထားပါတော့ကွာ..စာဆက်ကျက်ကြတာပေါ့..။


''မြစ်သည်ချောင်းထက်ကျယ်ပါသည်''
''မြစ်သည်ချောင်းထက်ကျယ်ပါသည်''
''မြစ်သည်ချောင်းထက်ကျယ်ပါသည်''
''မြစ်သည်ချောင်းထက်ကျယ်ပါသည်''




ညီအစ်ကိုနှစ်ယောက်စာကျက်နေတဲ့အသံတွေပေါ့.
စိတ်ဝင်တစားသတင်းစာဖတ်ပြိးအနားယူနေတဲ့စည်းစိမ်လေးတော့သွားပါပြီဟု အဖိုးကတော့တွေးမိချင်တွေးမိလိမ့်မည်.။

နေဥိးကွ..မြစ်ကချောင်းထက်ကျယ်တာတော့ကျယ်တာပေါ့..အဲဒီမြစ်ထက်ကျယ်တာကဘာလဲ?
ငါလည်းမသိဘူးကွ...ဟုတ်တယ်နော်.ကျောင်းမှာဆရာမမေးရင်တော့နာပြီကွ..ငါတို့မှမသိတာ.

အဖိုးကိုမေးမယ်ကွာ..

ကောင်းပြီး..မင်းမေးလိုက်.

ဒီစကားတွေကိုတိုးတိုးလေးပြောနေကြသည်မဟုတ်ပါ။တိုးတိုးလေးမဟုတ်ဟုဆိုလိုက်သဖြင့် ကျယ်ကျယ်လေး ပြောနေကြတာလားလို့လည်းမမေးလိုက်ပါနဲ့ဦး...။ ကျယ်ကျယ်လေးပြောနေခြင်းလည်းမဟုတ်ပါ။ 
အနားမှာကိုယ်ဝန်ဆောင်သည်ရှိနေလျှင်တောင်လန့်ဖြန့်ပြီး ကလေးလျှောသွားနိုင်လောက်အောင် ကျယ်ကျယ်ကြီးအော်ကာ ပြောဆိုနေကြခြင်းဖြစ်ပါသည်။

အဖိုး၊ အဖိုး

ဘာလဲကွ.

သားတို့မသိလို့မေးချင်တာလေးရှိလို့ပါအဖိုး

မေးလကွာ.. မင်းတို့မလဲ.စာကျက်တာနည်းနည်း..စကားများနေကြတာကများများဆိုသလိုဖြစ်နေပြီကွ.. 

ဒိလိုပါအဖိုး..သားတို့လေ..ကျောင်းမှာလေ.....ဆရာမကလေ...မနေ့ကလေ...

ဟာ...တယ်..ဒီကောင်.မေးစရာရှိတာကောင်းကောင်းမမေးဘူး... ဒီ လေ လေ ဆိုတာကြီးကတော်တော်များတာကိုး...အဲဒီလေမပါပဲမေးကွာ.... တောက်.
နေစမ်းပါငတုံးရာ..ငါပဲမေးလိုက်ပါ့မယ်..ဒီလိုအဖိုးရဲ့..မြစ်ကတဲ့..ချောင်းထက်ကျယ်တယ်တဲ့..
အဲဒါသားတို့ကမြစ်ထက်ကျယ်တာဘာလဲဆိုတာမသိလို့ပါအဖိုး.. အဖိုးသိရင်ပြောပြပါနော်

မြစ်ထက်ကျယ်တာပင်လယ်ပေါ့ကွ

အဖိုးဖြေတာတောင်မဆုံးသေးဘူးထင်ပါရဲ့ခုနကအငေါက်ခံရတဲ့တစ်ယောက်က

တွေ့လားငါပြောတော့မလို့..အဖိုးနည်းနည်းလေးဦးသွားတယ်...ငါသိတယ်. ပင်လယ်ကမြစ်ထက်ကျယ်တယ်ဆိုတာပေါ့......

''ပင်လယ်သည် မြစ်ထက်ကျယ်ပါသည်''
''ပင်လယ်သည် မြစ်ထက်ကျယ်ပါသည်''
''ပင်လယ်သည် မြစ်ထက်ကျယ်ပါသည်''
''ပင်လယ်သည် မြစ်ထက်ကျယ်ပါသည်''




ဟေ့ကောင်မြစ်ထက်ကျယ်တာပင်လယ်ဆိုတော့..ပင်လယ်ထက်ကျယ်တာလည်းရှိဥိးမှာပဲနော်..
အေးပေါ့..ရှိချင်လည်းရှိမှာပေါ့..ငါတော့မသိဘူးဟေ့ကောင်.မင်းသိချင်ရင်အဖိုးကိုမေး

အဖိုး  အဖိုးရေ..

ဘာလဲ...? ဘာလဲ.....?

ဟာဗျာအဖိုးကလည်း..သားတို့မသိတာမေးမလို့ဥစ္စာ..အဖိုးကစိတ်တိုနေပြန်ပြီ

မင်းတို့နော်..မင်းတို့..ကဲဘာမေးမလို့လဲမေးမေး

ဟိုလေ ပင်လယ်ထက်ကျယ်တာ..

တော်တော်..ငါသဘောပေါက်ပြီ..ပင်လယ်ထက်ကျယ်တာ သမုဒ္ဒရာကွ သမုဒ္ဒရာ.

စိတ်တိုတိုနဲ့ဖြေအပြီးမှာတော့ သတင်းစာဆီအာရုံကပြန်ရောက်သွားတယ်ပေါ့ဗျာ..

''သမုဒ္ဒရာသည်ပင်လယ်ထက်ကျယ်ပါသည်''
''သမုဒ္ဒရာသည်ပင်လယ်ထက်ကျယ်ပါသည်''
''သမုဒ္ဒရာသည်ပင်လယ်ထက်ကျယ်ပါသည်''
''သမုဒ္ဒရာသည်ပင်လယ်ထက်ကျယ်ပါသည်''


သမုဒ္ဒရာထက်ကျယ်တာကောမင်းသိလားညီလေး?

ငါကမင်းထက်ငယ်တော့မင်းမသိတာငါသိတယ်ထင်နေတာမင်းတုံးတာပဲကိုကြီး..

ဒီတစ်ခါတော့အဖိုးကိုမင်းပဲမေးကွာ.

ငါကြောက်တယ်ကွာ..မင်းပဲမေးနော်

မင်းမေးကွာ..

မရဘူး..မင်းကအကြီးဆိုတော့မင်းပဲမေးသင့်တယ်

မင်းမေးလိုက်ပါဆို...ပြောမရရင်ငါဆွဲထိုးလိုက်မှာနော်

ထိုးရဲထိုးကြည့်စမ်းပါ.

ဟေ့ကောင်တွေတော်ကြစမ်း မင်းတို့စာကျက်နေတာလား လူသတ်မလို့လေ့ကျင့်နေတာလား?

သားမသိတာကိုမေးမလို့ ..အဲဒါအဖိုးကိုမင်းမေးပါ၊ ငါမမေးဘူးဆိုပြိး ကိုကြီးကသားကို ဆွဲထိုးမလို့တဲ့..အဖိုး

ကဲ ကဲ.ဘာလဲမေး?

သြော်..သမုဒ္ဒရာထက်ကျယ်တာဘာလဲဆိုတာမေးမလို့ပါ အဖိုးရဲ့

ဟုတ်လား? သိချင်လား ?

သမုဒ္ဒရာထက်ကျယ်တာ မင်းတို့အဖွားဟေ့  မင်းတို့အဖွား...ရှင်းပြီလား?

ဟုတ်ကဲ့အဖိုး  သားတို့ရှင်းပါပြီ

ထို့နောက်တွင်တော့

''အဖွားသည် သမုဒ္ဒရာထက်ကျယ်ပါသည်''
''အဖွားသည် သမုဒ္ဒရာထက်ကျယ်ပါသည်''
''အဖွားသည် သမုဒ္ဒရာထက်ကျယ်ပါသည်''
''အဖွားသည် သမုဒ္ဒရာထက်ကျယ်ပါသည်''

တော်ကြပါတော့  တော်ကြပါတော့...

အဖိုးခမျာ ဖတ်နေတဲ့သတင်းစာလေးကိုပစ်ချပြီး ကြိမ်လုံးဆွဲလိုက်တော့မှ စာကျက်နေတဲ့ညီအစ်ကို နှစ်ယောက်လွတ်ရာကျွတ်ရာကို ထွက်ပြေးသွားကြပါတော့တယ်....







ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
5 Responses
  1. မိုးယံ Says:

    အဘွားက သမုဒ္ဒရာထက် ကျယ်သကိုး....

    ဟီဟိ

  2. စံပယ်ချို Says:

    အဘွားကဘာကျယ်တာလဲဟ
    ရှင်းရှင်းပြောပါ...
    ပါးစပ်လား.....အသံကျယ်တာလားလို့။

  3. မအိမ်သူ Says:

    အော်...အရင်က သမုဒ္ဒရာ အကျယ်ဆုံးမှတ်တာ လောကကြီးမှာ သမုဒ္ဒရာထက် ကျယ်တဲ့အရာလည်း ရှိသေးသကိုး.. မှတ်သားဖွယ်ရာ .. :P

  4. အိမ်မက်စေရာ Says:

    ဟုတ်လား ကိုချင်း .. မှတ်ထားဦးမှ တောကြာ် အိမ်ထောင်ကျလို့ ကလေးတွေမေးရင် မဖြေတက်ဖြစ်နေဦးမယ်.. အဖွားထက်ကျယ်တာ ဘာလဲ ထပ်မေးရင်တော့ ဒုက္ခကိုချင်းရေ အားရင် ရှာပေးပါဦး အဖွားထက်ကျယ်တာဘာလဲလို့... ဟားဟား ဟား ( နောက်လိုက်ပြီ ဟေ့)

  5. KMC@ချင်းလေး Says:

    ဟားဟား... ကွန်မန့်တွေအရဆိုရင် လတ်စသတ်တော့ဘလော့ဂါတွေ
    အားလုံးလူပျော်တွေကြီးပဲကိုးးးး
    ..... အားလုံးကျေးဇူးပဲဗျို့ .....

abcs