ရင်ထဲကမုန်တိုင်း

ဖိတ်မခေါ်ပဲရောက်လာခဲ့သူတစ်ယောက် မောင်းမထုတ်ပဲထွက်ပြေးသွားတာကြောင့် ရင်မှာမချိအောင်ခံစားနေရလို့ ကဗျာတစ်ပုဒ်အဖြစ် ဘလော့ပေါ်တင် ဝေမျှပေးလိုက်ရတာပါ..။ ဘာမှမဆိုင်ပေမယ့် ပိုင်လည်းမပိုင်ချင်ခဲ့ပါဘူးလေ... ဟောဒီရင်ဘတ်ထဲမှာဒဏ်ရာတွေပြည့်နှက်နေတဲ့ ခေတ်တခေတ်ကိုလွယ်ထမ်းထားရင်း ရှေ့ခရီးကိုအဖော်မပါပဲ သွားရဦးမှာပေါ့......။





ဒီနေ့ အရှေ့ဖက်ဆီမှာ မုန်တိုင်းရှိတယ်တဲ့
ရေဒီယိုကကြေငြာနေတာကြားလိုက်မိ

တယ်......
ငါ့ရင်ထဲမှာဖြစ်နေတဲ့မုန်တိုင်း ဘယ်သူမှမမြင်ရလို့ပဲလား
ကြေငြာတာမကြားမိပါဘူးး
အင်းးးးး အခြေအနေကကွာနေတာကိုးးး



ဒီနေ့ တို့တောကျောင်းမှာအလှူရှိတယ်တဲ့
ရွာထိပ်မှာပြောဆိုနေကြတာကြားလိုက်မိတယ်.....
ငါ့အိမ်ထဲမှာရိက္ခာပြတ်နေတာ ဘယ်သူမှမသိလို့ပဲလား
ဖိတ်ထားတဲ့အထဲငါပါတယ်လို့ မကြားမိပါဘူးး
အင်းးးးး အခြေအနေကကွာနေတာကိုးးး


ဒီမှာလူကြီးမင်းတို့....
ကျနော့်နာမယ်ချင်းလေးပါ.. ရွာထိပ်ဇရပ်ပျက်နောက်က
တဲအိုလေးမှာအထီးကျန်စွာနဲ့ နေထိုင်ပါတယ်...
ရင်မဆိုင်ရဲလို့ နောက်ချန်နေသူတစ်ယောက်ပါပဲ
ဒီ့ထက်ဘာမှမထူးခြားပါဘူး
ထပ်ပြောမယ်နော် လူကြီးမင်းတို့
ကျနော်ရင်မဆိုင်ရဲပါဘူးးး
ကျနော်ရင်မဆိုင်ရဲပါဘူးးးးးးးး
ကျနော်ရင်မဆိုင်ရဲပါဘူးးးးးးးးးးးးး
တကယ်... ကျနော်..


သြော်..အရှေ့ဆီကမုန်တိုင်းအားပျော့သွားတယ်ဆိုပဲ
လောကဓမ္မတာပါပဲလေ..
အားရှိတဲ့အခါရှိကြပါရဲ့..
အားလျော့တဲ့အခါလည်း သူမဟုတ်တော့သလိုပဲ
ဖြစ်မြဲဆိုတာ ငါမမေ့သင့်ဘူးးးးးး
ဗေဒါတွေကတော့ ပွင့်ဆဲပါ....


ငါ့ရင်ထဲကိုခဏလောက်
မင်းဝင်ကြည့်ပြီးပြီပဲကွာ...
ဘာလို့ပြန်ပြီး ဥပေက္ခာပြုလိုက်တာတုန်းးးးး
..သြော်.ဆော်ရီးကလေးရယ်..
ကျနော့်ဘဝသမိုင်း ကျနော်ရေးရမှာပါ...
ဧည့်ဝတ်မကျေခဲ့တာခွင့်လွှတ်ပေးနော်..
ဇရပ်နောက်ကတဲအိုလေးဆိုတော့
ဧည့်မနိုင်တာပြောပါတယ်.....
ဗလာနတ္တိသာ အဖော်ကောင်းပါ..


စီးကရက်တွေလည်းထောင်း
အသည်းလည်းဟောင်းနေပြီမို့
နောက်တစ်ယောက်ကိုတော့ဖြင့်
တွေးမရဲတော့ပါ..
တွေးခဲ့သမျှလည်း
ပြောမထွက်တော့ပါ..
ပြောခဲ့သမျှလည်း
အရာမထင်ပြီမို့...
ခြောက်ခြားစွာနဲ့ ခရီးဆက်တော့မယ်....



အင်းးးး ထင်နေမိတာပါပဲ..
မဆင်ခြင်မိတာတစ်ခုကလွဲလို့ပေါ့
ဖြစ်မြဲဆိုတာ ငါမမေ့သင့်ဘူးးးးးး
ငါဘာလို့ ခဏခဏမေ့နေတာလဲ
ငါ့ကိုငါ သံသယတွေနဲ့ထွေးပတ်
အက်ကွဲနေတဲ့အသည်းနှလုံးတစ်စုံ
စာအုပ်အဟောင်းလေးက
မေ့ခဲ့ပြန်ပြီ..
သြော်..... ဗလာနတ္တိသာ အဖော်ကောင်းပါဗျာ.....

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs