လွှတ်ချခံရသောမေတ္တာ ၁

ရေးစရာတွေအများကြီးရှိနေပေမယ့် မျက်လုံးမကောင်းတာရယ်၊ အိမ်အလုပ်၊ အပြင်အလုပ်တွေနဲ့လုံးထွေးနေရတာတွေရယ်ကြောင့်စိတ်ပဲရှိပြီးလူကမလိုက်နိုင်ဆိုသလိုဖြစ်နေတယ်ဗျာ.
ဘာပဲပြောပြောအထိုက်အလျောက်အားပေးနေတဲ့သူငယ်ချင်းတွေရှိနေမှတော့ 
နားချိန်နည်းနည်းလျှော့ပြီး ကြိုးစားနေဖြစ်ပါတယ်.. ရှေ့လျှောက်ပိုပြီးလက်ခံအားပေးလာလိမ့်မယ်လို့လည်းယုံကြည်မိပါတယ်..။ စကားမဆက်ဒီနေ့အဆင်ပြေတုန်းကျနော်ဇာတ်လမ်းရှည်တစ်ပုဒ်လောက်အစပျိုးရေးလိုက်ပါပြီဗျာ.။ လေးငါးပိုင်းလောက်တော့ခွဲရေးရမယ်ထင်ပါရဲ့..။ 
မြန်နိုင်သမျှမြန်အောင်နဲ့ဖတ်ကောင်းအောင်ရေးပါ့မယ်လို့ အလေးအနက်ပြောလိုပါတယ်ခင်ဗျာ.. အားပေးဖတ်ရှု့ကြည့်ကြပါ.. ကျေးဇူးတင်ပါတယ်သူငယ်ချင်း.။





ကိုကိုရေဖုန်းလာနေတယ်..
ကိုကိုရေဖုန်းလာနေတယ်ဆို..
ကိုကို...ဖုန်းလာနေတာမကြားဖူးလား..
ကိုကိုရေ..ဖုန်းလာနေတယ်လေ...ကိုကို.....
.
ရေကူးကန်ဘောင်ပေါ်တင်ထားသော သားရေအိတ်ဖုံးအိမ်လေးထဲမှ အဆက်မပြတ်ထွက်ပေါ်နေသော
ဖုံးမည်သံကြောင့်နေသွေးနိုင်တစ်ယောက်ရေကူးကန်ထဲမှနေ၍ဖုံးရှိရာသို့ကူးလာခဲ့လေသည်.။ 
ထို့နောက်

''ဟယ်လို..ဒေလီယာ''

''သွား...ဘာဒေလီယာလဲ ခုမှ.''

''သြော်..ဆော်ရီးပါဒေလီယာရယ်..ကိုယ်ရေကူးနေရင်းမို့ရုတ်တရက်မကြားမိတာပါ. 
ပြောခုဘယ်မှာလဲ?
ဘာတွေလုပ်နေလဲ?ကိုယ်ဘာကူညီပေးရမလဲ?ဒါမှမဟုတ်ခုချက်ချင်းကိုယ်လာခဲ့ရမလား?''
''ဟုတ်တယ်..အားအားရှိဒီရေပဲကူးနေနော်..ဒေလီယာ့ကိုသတိမှရသေးရဲ့လားကိုနိုင်?''
''ဟာကွာ..ဒေလီယာရယ်..အဲလိုမပြောပါနဲ့ကွာ..ကိုယ့်မှာဒေလီယာ့ကိုပဲအချိန်ပြည့်သတိရနေတာပါ.
ခုရေကူးနေတယ်ဆိုတာကလည်းကျန်းမာရေးအရပါကွာ..စိတ်မဆိုးပါနဲ့နော်ဒေလီယာ..နော်လို့.''
''စိတ်မဆိုးစေချင်ရင်ခုချက်ချင်းဒေလီယာ့ဆီကိုလာခဲ့..ပြီးရင်တူတူလျှောက်လည်ကြမယ်..ဘယ်လိုလဲ?
လာနိုင်ပါ့မလားကိုနိုင်?''
''စိတ်ချဒေလီယာ..ဒေလီယာခုဘယ်မှာရောက်နေတာလဲသာပြော..
ကိုယ်နာရီဝက်အတွင်းရောက်အောင်လာခဲ့ပါ့မယ်''
''ကောင်းပြီလေ.ကြည့်ရသေးတာပေါ့..ခုဒေလီယာရောက်နေတဲ့နေရာက  
######### ဆိုင်ထဲမှာ..အိုခေနော်?''
''အိုခေဒေလီယာ..ကိုယ်လာနေပြီနော်..ဒါပဲချစ်ချစ်..အာဘွားးးးးးးးးးး''


ဒါကတော့မကြာသေးခင်ကမှစီးပွါးရေးလောကထဲကဘုရင်တစ်ဆူလိုကျော်ကြားနာမည်ကြီးတဲ့ (ကွယ်လွန်သူ)
ဦးဝဏ္ဏနိုင်ရဲ့သားငယ် နေသွေးနိုင်ပါ..။
ဦးဝဏ္ဏနိုင်မှာသားနှစ်ယောက်ရှိပေမယ့်အကြီးကောင်ကတော့လူသာအသက်
ကြီးလာတယ်..ဥာဏ်ရည်ဥာဏ်သွေးကတော့ငါးနှစ်သားသာသာလောက်သာ ပဲဖွံ့ဖြိုးရှာတာမို့တနည်းတဖုံလူစဉ်မမှီရှာ
ပါဘူး။ သားငယ်နေသွေးနိုင်ကတော့စက်မှု့တက္ကသိုလ်တတိယနှစ်ပါ.။ အေးချမ်းပြီးအပူအပင်ကင်းစွာကြီးပြင်းလာခဲ့ကြ
ပြီးမှ နေသွေးနိုင်တက္ကသိုလ်ပထမနှစ်ရောက်တဲ့အခါမှာကြတော့ကံကြမ္မာမုန်တိုင်းက ငြိမ်သက်နေတဲ့သူတို့မိသားစုလေးကို
အကြီးအကျယ်ပြောင်းလဲစေခဲ့တယ်လေ...။ဖြစ်ပုံကတော့နိုင်ငံခြားကိုအစည်းအဝေးတစ်ခု တက်ရောက်ဖို့ဦးဝဏ္ဏနိုင်နဲ့ဇနီး
ဖြစ်သူတို့လေယာဉ်နဲ့အသွားမှာပဲ လေယာဉ်ပျံစက်ချွတ်ယွင်းပြီး လင်ကောမယားပါအသက်ဆုံးရှုံးခဲ့ရတယ်လေ..။
အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ပီပီဦးဝဏ္ဏနိုင်ဟာမွေးထားတဲ့သားနှစ်ယောက် 
အတွက် ညီဖြစ်သူဗညားနိုင်ကိုအမွေထိန်းအဖြစ်နဲ့ 
ပိုင်ဆိုင်သမျှစည်းစိမ်တွေအားလုံးအပ်ခဲ့ကြောင်းသေတမ်းစာချန်ထားနိုင်ခဲ့ပါတယ်..။
ဒီတုန်းကညီဖြစ်သူကအိမ်ထောင်လည်းမကျသေး၊အစ်ကိုလုပ်သူဦးဝဏ္ဏနိုင်ကိုလည်း ကြောက်ရွံ့ရိုသေပြခဲ့တာတွေကြောင့်လည်း
ခုလိုယုံကြည်ကိုးစားခြင်းခံခဲ့ရတာပေါ့။ညီအစ်ကိုနှစ်ယောက်ကလွဲပြီးဆွေမျိုးနီးစပ်တွေကလည်း မရှိတော့တာမို့ ဦးဗညားနိုင်
တစ်ယောက်လောဘကို အသောမသတ်နိုင်ခဲ့ပါဘူး.။ 
ဒီမှာတင်အရင်ကတည်းကချစ်ကြိုးသွယ်ခဲ့တဲ့ ဒေါ်တိုးခန့်ဝတီ နဲ့ကန့်ကွတ်သူ
မရှိအိမ်ထောင်သစ်တစ်ခုထူထောင်လိုက်ကြတယ်လေ..။ အဲ..ကန့်ကွတ်သူမရှိဆိုလို့စာဖတ်သူတွေနားရှူပ်သွားဥိးမယ်..။ ဒီလိုပါ.
ဦးဝဏ္ဏနိုင်ရှိစဉ်ကတည်းကရည်ငံနေကြပေမယ့်အကျင့်စာရိတ္တအားဖြင့်လေးစားလောက်စရာရှိတယ် လို့ဦးဝဏ္ဏနိုင်ကမယူဆတာကြောင့်ဦးဗညားနိုင်ဟာ ချစ်သူဒေါ်တိုးခန့်ဝတီနဲ့လက်ထပ်ခွင့်မသာခဲ့ပါဘူး..။ဒါကြောင့်စောနလေးက 
ကျနော်ကန့်ကွတ်သူမရှိ လက်ထပ်လိုက်ကြတယ်လို့ဆိုလိုက်တာပါ..။ 
ဒါကလည်းရှင်းရှင်းပြောရရင် လူတစ်ကိုယ်စိတ်တစ်ခု၊ ကိုယ့်စိတ်နဲ့ကိုယ်မို့ဦးဗညားနိုင်
နဲ့ဒေါ်တိုးခန့်ဝတီတို့လက်ထပ်လိုက်ကြတာ နေသွေးနိုင်တို့ညီအစ်ကိုဘာမှပြောစရာမရှိပါဘူး..။ ပြောစရာလည်းမလိုအပ်ဘူးလေ..။
ဦးဝဏ္ဏနိုင်တို့ဆုံးပြီးတော့လည်းနေသွေးနိုင်ဒုတိယနှစ်တက်နေတုန်းအားလုံးပုံမှန်အတိုင်းပါပဲ..။ တတိယနှစ်ရောက်လာတော့မှအဒေါ်တော်နေတဲ့ ဒေါ်လေးဝတီ
ကပညာစပြတော့တာပါပဲ..။နေသွေးနိုင်ကတော့ကျောင်းပညာရေးရယ်၊ သူငယ်ချင်းတွေနဲ့လည်ပတ်နေရတာရယ်ကလွဲပြီး ဖေဖေ့
စိးပွါးရေးတွေ၊စာရင်းဇယားတွေ ဘာဆိုဘာမှစိတ်မဝင်စားခဲ့မိဘူးလေ..။အဲဒီအချက်ကိုအမိအရအသုံးချပြီးတော့ ဒေါ်တိုးခန့်ဝတီက
ယောင်္ကျားဖြစ်သူဦးဗညားနိုင်ကိုနိုင်စားသူပီပီစနစ်တကျအကွက်ချကာ နေသွေးနိုင်တို့ညီအစ်ကိုပိုင်ဆိုင်သမျှအားလုံး သူတို့လင်မယား
သာပိုင်ဆိုင်ရစေရန်၊ နေသွေးနိုင်တို့ဘာမှပြန်မတွန်းလှန်နိုင်စေရန်၊ အိမ်ပေါ်မှ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်မောင်းချနိုင်ရန် ကြိတ်ပြီးကြံစည်တော့တာပါပဲ.. ပထမပိုင်းမှာတော့ဥိးဗညားနိုင်ဟာအစ်ကိုဖြစ်သူရဲ့နောက်ဆုံးသေတမ်းစာမှာရေးသွားတဲ့အတိုင်းညီတူမျှတူ
အမွေတွေခွဲယူကြဖို့ဇနီးဒေါ်တိုးခန့်ဝတီကိုညှိနှိုင်းသေးပေမယ့် လောဘဇောတိုက်နေတဲ့ဇနီးကို မလွန်ဆန်နိုင်သောယောင်္ကျားတစ်ယောက်
ပီပီပဲမိမိရဲ့တူအရင်းတွေကို ရက်ရက်စက်စက်ဆက်ဆံဖို့အခြေအနေဖြစ်လာခဲ့တယ်လေ..။ နေသွေးနိုင်ရဲ့အစ်ကို တူအကြီးကောင်ကိုတော့
စာရင်းထဲထည့်စဉ်းစားမနေပါဘူး... ငါးနှစ်ကလေးလောက်ပဲဥာဏ်ရည်ရှိပြီး၊ စားဖို့နဲ့ကစားဖို့လောက်ပဲနားလည်တဲ့သူ့ကို တကယ်တော့လည်း
ရင်ဆိုင်လိမ်ညာရမယ့်ထဲမှာထည့်နေစရာမလိုဘူးလေ..။ ဒါကလည်းဦးဗညားနိုင်နဲ့ဒေါ်တိုးခန့်ဝတီတို့ရဲ့အားသာချက်တစ်ခုပဲပေါ့ဗျာ....






''ဟေ့ကောင်နေသွေး..မင်းဒီနေ့နောက်ကျတဲ့အတွက်ငါတို့ဝိုင်းကိုမင်းရှင်းပေးရမယ်''
''ဟုတ်တယ်..ဟေ့ကောင်..သူရပြောတာမှန်တယ်.ဒီနေ့မင်းရှင်းဖို့သာပြင်ထားပေတော့''
ကျောင်းကန်တင်းန်ထဲမှာများပြားလှတဲ့ကျောင်းသူကျောင်းသားတွေကြားထဲကမိမိချစ်သူဒေလီယာ့ကို ဟိုကြည့်ဒီကြည့်ရှာနေတုန်းမှာပဲ
အနားကဝိုင်းကလှမ်းဆွဲပြီးထိုင်ခိုင်းနေတာမို့စိတ်ထဲမှဘုသွားမိတယ်..။ လှည့်ကြည့်လိုက်တော့သူငယ်ချင်းသူရတို့အုပ်စု..
''အောင်မာ..မင်းတို့ကများလူပါးဝလို့.. နောက်မကျလည်းငါပဲအမြဲရှင်းနေကြကိုပဲတကူးတကအပိုတွေလျှောက်ပြောနေသေးတယ်..
နေစမ်းပါဥိး..ငါ့ချစ်ချစ်လေးကိုတွေ့မိသေးလားကွ..?'' 

''သြော်..ဒါကြောင့် ငါတို့ကိုမမြင်ပဲ မင်းချစ်ချစ်ကိုမွှန်ပြီး ကန်းနေတာကိုး''
''မင်းငါတို့စားချင်တာမှာပေးရင်ပြောပြမယ်နေသွေး.. သိချင်ရင် ငါတို့စားဖို့မှာပေးပေတော့'' 

''ဟာကွာ..မင်းတို့ကလည်း ..အမြဲတမ်းကျွေးနေကြဟာကိုကွာ.... 
ကဲ မှာမှာ..မင်းတို့စားချင်တာသာမှာတော့.. ဘယ်မှာတွေ့တာလဲငါ့ချစ်ချစ်ကို..?'' 

''ဟားဟားဟား''
''ဘယ်မှာမှမဟုတ်ပါဘူးကွာ...ဟိုမှာပါ..ဟိုဖက်ဝိုင်းမှာထိုင်ပြီးဒေါသမျက်ဝန်းတွေနဲ့မင်းကိုကြည့်နေတယ်..
ဟေ့ကောင်မင်းမြန်မြန်လစ်တော့.. 
စားပြိးသောက်ပြီးရင် ဘီလ်ကို မင်းတို့စားပွဲကိုပို့လိုက်မယ်သူငယ်ချင်း'' 

''ဟုတ်တယ်နေသွေး.. ဒေလီယာ့ကြည့်ရတာမင်းကို အစာမကြေဘူး
နဲ့တူတယ်..မြန်မြန်လစ်ပေတော့ကွာ'' 

ဒီတော့မှသူတို့ပြတဲ့ဝိုင်းကိုပြောင်းထိုင်လိုက်ပြီး ချစ်သူဒေလီယာ့ကိုသွားဖြဲပြုံးပြလိုက်တော့သည်ပေါ့..။




ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

3 Responses
  1. စံပယ်ချို Says:

    ဇတ်လမ်းရှည်လေးကို
    မျက်စိမကောင်းတဲ့ကြားကစိတ်ဝင်တစ်စားဖတ်သွားပါတယ်နော်..

  2. မောင်စေတနာ Says:

    ဇတ်လမ်းက ကောင်းပါတယ် ဗျာ
    ဖတ်ရတာ မျက်စိက မကောင်းလို့ အစ်ကိုရယ်
    တတ်နိုင်ရင် စာလေးတွေကို နည်းနည်းကြီးပေးပါ။
    ကာလာတွေ သိပ်မသုံးပါနဲ့အစ်ကို

    မဟုတ်ရင် စာဖတ်သူတွေ မျက်မှန်တပ်ရလိမ့်မယ်ဂျာ
    (အကြံပေးတာပါ)

    လေးစားလျှက်
    .............

  3. KMC@ချင်းလေး Says:

    ဟုတ်ကဲ့အစ်ကို. @ကိုနေဇော်လင်း
    ကျနော်လည်းပြောင်းမယ်ပြောင်းမယ်နဲ့ မေ့နေလို့ပါ.ခုလိုအကြံပေးတာ၊သတိပေးတာ
    ကျေးဇူးအရမ်းတင်ပါတယ်နော်.
    @မမဂျပ်စ်မင်းရေ.အားနာတယ်ဗျာ.
    တောင်းပန်တယ်နော်.ခုပြင်လိုက်တာအဆင်ပြေကြမယ်လို့ထင်ပါတယ်. စာလာဆတ်တာကျေးဇူး ပါ.ကျနော်တော့အိမ်ရောက်မှရေးရတာအဆင်ပြေမှာမို့စနေနေ့ကိုမျှော်နေမိတယ်ဗျို့...

abcs