လွှတ်ချခံရသောမေတ္တာ ၎

ထိုအခိုက်မှာပင်သူတို့ထိုင်နေကြသောအပင်ကြီးအောက်ရှိခုံတန်းနှင့်အနီးဆုံးသောစားပွဲဝိုင်းမှ ငွေရှင်းပြီးကြ၍ကလေးလူကြီးမကျန်
တစ်ဝိုင်းလုံးထပြန်ကြလေရာ အုပ်ထိန်းသူဟုထင်ရသောမိန်းမကြိးတစ်ဥိးက ငွေနှစ်ရာတန်တစ်ရွက်ကိုထုတ်ကာအနားရှိစားပွဲထိုး
ကို ဘောက်ဆူးသဘောမျိုးဖြင့်ပေးလိုက်လေသည်။ ထိုသို့ငွေနှစ်ရာကိုပေးလိုက်သည်ကိုသာမြင်လိုက်ရသော(စားသောက်ခငွေရှင်း
တာကိုမမြင်လိုက်မိပဲ)ဖြူတုတ်ကဝမ်းသာအားရပင်...







 

''ဒါကလွယ်ပါတယ်သားကြီးရာ..မြို့ထဲသွားတဲ့လိုင်းကားတွေစီးမယ်၊မြို့ထဲရောက်ရင် 
မေးစမ်းပြီးသွားလိုက်ရုံပေါ့..ဘာခက်တာမှတ်လို့..''

''ဒါဆိုမင်းရှေ့ကနေသွားနော်''

''စိတ်ချပါသားကြီးရာ..ကျနော်ဒီလောက်လည်းမညံ့သေးပါဘူး..လာသွားကြစို့ဗျာ''

ကလေးတစ်ယောက်ရဲ့မြှောက်ပေးမှု့နဲ့ပဲသူတို့တစ်အုပ်စုလုံးလူစည်ကားရာပန်းခြံတစ်ခုထဲက
ခေတ်မှီကစားကွင်းတစ်ခုဆီချီတက်ဖြစ်သွားတယ်ပေါ့ဗျာ......

''သားကြီး.ကျနော်တို့ဗိုက်ဆာလာပြီဗျ''

''ငါလည်း ဟိုဟာစီးလိုက်..ဒီဟာစီးလိုက်နဲ့မောပြီး ဗိုက်တွေဆာနေတာပါပဲကွာ''

''ဒါဆိုလည်းဟော ဟိုကမြင်နေရတဲ့ဆိုင်မှာတစ်ခုခုဝယ်စားကြရအောင်လားသားကြီးရာ''

အဆင့်မြင့်ကစားကွင်းထဲမှာပျော်ပျော်ရွှင်ရွှင်ကစားကြပြီးတဲ့နောက် နေမိုးအောင်အပါအဝင်ကလေးတစ်သိုက်ရဲ့
မောပမ်းဆာလောင်စွာ တောင့်တနေကြတဲ့အခါလေးပါ..။

''ဘယ်သွားစားလို့ဖြစ်မလဲကွ..ဆိုင်ကြီးကအကြီးကြီးမင်းမမြင်ဘူးလား.. ပိုက်ဆံအကြီးကြီးပေးရမှာပေါ့ကွ''

''သားကြီးမှာ ပိုက်ဆံရှိသေးတယ်မဟုတ်လားဗျ''

''ရှိတော့ရှိတာပေါ့ကွ..ဒါပေမယ့်ငါ့မှာရှိတဲ့ပိုက်ဆံကသေးသေးလေး.. လောက်မှာမဟုတ်ဘူးလေကွာ''

''ကျနော့်ကိုပြပါသားကြီးရာ....ပိုက်ဆံဘယ်လောက်ရှိသေးလဲဆိုတာ''

''ရော့..ဒီမှာ..ငါ့မှာရှိတာဒါအကုန်ပဲ''

ဘောင်းဘီအိတ်ကပ်ထဲမှလက်ကျန်ငွေများကို ထုတ်ယူကာကောင်လေးဖြူတုတ် 
လက်ထဲကိုထည့်ပေးလိုက်လေတော့သည်။ ဖြူတုတ်ကနေမိုးနိုင်၏အိတ်ထဲသို့ပြန်ထည့်ထားပေးလိုက်လေ၏.။
ကျန်သောကလေးများကား စားသောက်ဆိုင်ထဲမှလူအများစားသောက်နေကြသည်ကိုသာ
အာသာငမ်းငမ်းကြည့်ကာ မိမိတို့ဗိုက်များကိုသာပွတ်သပ်နေကြတော့သည်ပေါ့..။

''ဟာ  နှစ်ထောင်တောင်ကျန်သေးတာပဲဗျ..လာပါဗျာ..ကျနော်တို့အုပ်စုသွားစားကြရင်ဒီငွေနှစ်ထောင်မ
ကုန်လောက်ပါဘူးဗျ''

''မင်းကတော့လုပ်တော့မယ်ဖြူတုတ်.. ကဲ..မင်းပြောသလိုလောက်တယ်ပဲထားပါတော့..ပြီးရင်အိမ်ကိုငါတို့ဘယ်လိုပြန်ကြမလဲ.''

''လမ်းစားရိတ်ကအဲလောက်မလိုပါဘူးသားကြီးရာ..''

ထိုအခိုက်မှာပင်သူတို့ထိုင်နေကြသောအပင်ကြီးအောက်ရှိခုံတန်းနှင့်အနီးဆုံးသောစားပွဲဝိုင်းမှ ငွေရှင်းပြီးကြ၍ကလေးလူကြီးမကျန်
တစ်ဝိုင်းလုံးထပြန်ကြလေရာ အုပ်ထိန်းသူဟုထင်ရသောမိန်းမကြိးတစ်ဥိးက ငွေနှစ်ရာတန်တစ်ရွက်ကိုထုတ်ကာအနားရှိစားပွဲထိုး
ကို ဘောက်ဆူးသဘောမျိုးဖြင့်ပေးလိုက်လေသည်။ ထိုသို့ငွေနှစ်ရာကိုပေးလိုက်သည်ကိုသာမြင်လိုက်ရသော(စားသောက်ခငွေရှင်း
တာကိုမမြင်လိုက်မိပဲ)ဖြူတုတ်ကဝမ်းသာအားရပင်...

''ဟိုမှာကြည့်စမ်းသားကြီး...သူတို့တွေဒီလောက်အများကြီးစားသောက်ထားကြတာတောင် ငွေနှစ်ရာပဲပေးသွားတာတွေ့လား''

''ဟုတ်တယ်သားကြီး...ကျနော်တို့အားလုံးလည်းမြင်တယ်ဗျ...နှစ်ရာပဲကျတယ်ဆိုတော့ကျနော် တို့အုပ်စုသာသွားတီးလိုက်ရင်မသကာ ငါးရာပေါ့ဗျာ..ပိုမကုန်ပါဘူး''

ကလေးတွေအားလုံးကတညီတညာထဲထောက်ခံနေပြီဆိုတော့ နေမိုးအောင်လည်းခပ်လှုပ်လှုပ်ဖြစ်လာတော့သည်ပေါ့.

''လာပါသားကြီးရာ..ဒီမှာဗိုက်ဆာလို့သေတော့မယ်ဗျ.''

ဖြူတုတ်ကလဲဝင်ပြီး..

''ဟုတ်တယ်ဗျ..သားကြီးက ကျနော်တို့အဖေပုံစံနဲ့ဝင်မှဖြစ်မှာနော်..တော်ကြာအားလုံးကလေးတွေဆိုရင်ပေးမဝင်ပဲနေဦးမယ် '' တဲ့.။

''ငါကမင်းတို့အဖေဘယ်လိုလုပ်ရမှာလဲကွဖြူတုတ်ရ.''

''ဒီလိုဗျာ..ဆိုင်ထဲရောက်တာနဲ့သားကြီးက..(ကဲ..ကလေးတွေ..မင်းတို့စားချင်တာသာမှာစားကြပေတော့...) လို့ပြောရမယ်...''

''ဟေ..ငါကအဲလိုပြောရမယ်.ဟုတ်လား?''

''အင်းပေါ့သားကြီးရ..ဒါမှသူတို့တစ်မျိုးမထင်မှာပေါ့..နောက်ပြီး ကျနော်တို့အားလုံးစားသောက်နေ ကြတုန်းမှာ သားကြီးကအသံခပ်ကျယ်ကျယ်နဲ့ (မင်းတို့အခုအစားပလုတ်ပလောင်းစားနေကြသလို စာမှာလည်းကြိုးစားကြရင်သိပ်ကောင်းမှာပဲကွယ်)....လို့ထပ်ပြောရမယ်..''

''ပြီးတော့.?''

''မမေ့နဲ့နော်သားကြီး.....အဲလိုပြောမှကျနော်တို့တွေကသားအဖေတွေဆိုတာသိသာမှာပေါ့...ဟုတ်ပြီလား?''

''အေးအေးဟုတ်ပြီ...ဟုတ်ပြိ...လာသွားကြစို့.''

ကလေးတစ်သိုက်ဝမ်းသာအားရနဲ့စားသောက်ဆိုင်ထဲကိုပြေးဝင်လာကြတော့တာပေါ့ဗျာ.......


ဆိုင်ထဲရောက်တော့စားပွဲထိုးလေးကကလေးတစ်ပြုံတစ်မကြီးနှင့်ဝင်လာသောနေမိုးနိုင်ကို ၄င်းကလေးများ၏အုပ်ထိန်းသူကဲ့သို့ထင်မှတ်ကာပြာပြာသလဲပင်..

''ကြွပါဆရာ...ဘာသုံးဆောင်မလဲအမိန့်ရှိပါဆရာ''

ဟုဧည့်ဝတ်ပြုလေရာမည်သည့်အခါမှတစ်ပါးသူ၏လေးလေးစားစားခေါ်ဆိုမှု့ကို မရခဲ့ရှာသောနေမိုးနိုင်တစ်ယောက်မိုးတွင်းအခါသမယတွင်မိုးရေ
ထိစိုသောကြောင့်လန်းဆန်းလာကြသောပေါင်းမြက်ပင်များကဲ့သို့ ထောင်ထောင်...ထောင်ထောင်ဖြစ်လာလေတော့သည်ပေါ့.။
အသာလေးဖြူတုတ်ဖက်ကိုလှည့်ရင်းမှ

''ငါ့ကိုဆရာတဲ့..ငါ့ကိုဆရာလို့ခေါ်တယ်ကွ..''

စားပွဲထိုးကတော့မကြားရေးချမကြားပါ....

ဖြူတုတ်ကတော့စားပွဲခုံအောက်မှမသိမသာနေမိုးနိုင်၏ခြေထောက်ကိုနင်းပြီးအချက်ပေးရင်းမှ ခုနလေးကသင်ပေးခဲ့သောစကားတွေပြောစေရန်
အလို့ငှါ မျက်ရိပ်ပြလိုက်လေသည်..။ ဟာ..ဟ..ဒီလောက်တော့နေမိုးနိုင်တို့ကအထာပေါက်သည်ပေါ့.... ခပ်တည်တည်နှင့်ပင်

''ကဲ...ကလေးတို့ မင်းတို့စားချင်တာသာမှာစားကြပေတော့..
မင်းတို့အခုအစားပလုတ်ပလောင်းစားနေကြသလို ...''

နေမိုးနိုင်ပြောနေသောစကားမှာလမ်းခုလတ်မှာပင်တစ်သွားရလေတော့သည်..။ မတစ်ရိုးလား....စားပွဲအောက်ကနေဖြူတုတ်ရဲ့လက်တွေကနေမိုးနိုင်
ရဲ့ပေါင်တွင်းကြောတွေကိုချုပ်ကိုင်ထားတယ်လေ...ပြီးတော့စားပွဲထိုးမကြားအောင်လည်း ပြောလိုက်သေးတယ်..။

''သားကြီး..အဲဒီနောက်ကစကားက ကျနော်တို့စားနေကြတုန်းမှာပြောဖို့ချန်ထားရမှာလေဗျာ.. ခုပြောလို့မဖြစ်သေးဘူးလေ...ဘာမှတောင်မမှာရသေးဘူး''

ဒီတော့နေမိုးနိုင်လည်းသဘောပေါက်သွားပြီးပြောလက်စ စကား ရှေ့ဆက်မရပဲတစ်သွားတာပါ..။လူတတ်ကြီးဖြူတုတ်ပဲဦးဆောင်ပြီးအစားအသောက်တွေ
ကိုမှာလိုက်တော့တာပေါ့...။

''ဟင်းအစုံနဲ့ထမင်းခြောက်ပွဲပေးဗျာ..''

''ဟုတ်ပြီညီလေး.....'' လို့ပြောပြီးစားပွဲထိုးလေးကလှည့်ထွက်သွားတယ်လေ....။

ဒါနဲ့အားရပါးရစားသောက်ကြတာပေါ့..စားနေတုန်းပြောပေးရမယ့်စကားကိုတောင်ပြောဖို့မေ့နေ လို့ဖြူတုတ်ကလှမ်းဆိတ်ဆွဲပြီးပြောခိုင်းရတယ်..ဒီတော့နေမိုးနိုင်လည်းကပျာကယာ

''မင်းတို့အခုအစားပလုတ်ပလောင်းစားနေကြသလို စာမှာလည်းကြိုးစားကြရင်သိပ်ကောင်းမှာပဲကွယ်''  
လို့ပြောလိုက်ရှာပါတယ်..သူတို့အတွေးနဲ့သူတို့တော့ဟုတ်နေတာပေါ့လေ.....။

စားသောက်ပြီးကြတော့မှ..

''ဗိုက်ကိုကားထွက်သွားတာပဲသားကြီးရာ...အအေးဖို့တောင်နေရာကျန်ပါ့မလားပဲ.''

ကလေးတစ်ယောက်ကပြောလိုက်တာပါ...သူ့ကိုကြည့်ရတာကျေနပ်နေပုံမျိုးပေါ့..ဗိုက်လေးကိုပွတ်လိုက် ၊ နေမိုးနိုင်မျက်နှာကိုငေးကြည့်လိုက်နဲ့...။

''ရှင်းမယ်အစ်ကိုရေ..ဒီမှာဘယ်လောက်ကျလဲ?''

ဖြူတုတ်ကဆရာကြီးလိုလို၊ဘာလိုလိုနဲ့စားပွဲထိုးကို သွားကြားထိုးနေရင်းမှလှမ်းပြောလိုက်တာပေါ့..။
စားပွဲထိုးကလည်းရောက်လာပြီးတော့အားလုံးတွက်ချက်ပြီးတော့

''ရှစ်ထောင့်ငါးရာပါဆရာ.''

စားပွဲထိုးဆီကရှစ်ထောင့်ငါးရာဆိုတဲ့အသံကြားတော့နေမိုးနိုင်တစ်ယောက် တွယ်နေသောသခွါးသီးစိပ်ကလေးပင်လွတ်ကျသွားမိကာ မျက်နှာငယ်ကလေးနှင့်
ဖြူတုတ်ကိုလှမ်းကြည့်လိုက်မိတော့သည်ပေါ့..။မိမိတွင်ရှိသည်ကစုစုပေါင်းမှ ငွေနှစ်ထောင်...။အပြန်လမ်းစားရိတ်ကရှိသေးသည်မဟုတ်ပါလား..။
အခြေအနေကိုတွက်ဆမိသောဖြူတုတ်က မှင်သေသေဖြင့်...

''ကောင်းပြီအစ်ကိုရေ..လောလောဆယ်အအေးသုံးလုံးချပေး.ဒါတွေနဲ့ပေါင်းမှတ်ထား..
တော်ကြာမှရှင်းလိုက်မယ်..ဟုတ်ပြီလားအစ်ကို?''

''ဟုတ်ပါပြီညီလေးရယ်...''  လို့ပြောပြီး တဆက်တည်း ''အအေးသုံးလုံးချမယ်ဟေ့'' 
လို့ဆိုင်အတွင်းဖက်ကိုလှမ်းအော်ပြောလိုက်လေတော့တယ်ဗျာ...။
စားပွဲထိုးအနားကထွက်သွားတော့မှနေမိုးနိုင်က

''စားပြီးသားဟာတွေတောင်မရှင်းနိုင်ပဲ မင်းကအအေးထပ်မှာရသလားကွ.....
ခုဘယ်လိုလုပ်ကြမလဲ...ပြော''

''အာ....သားကြီးကလဲ..ပေးဖို့ပိုက်ဆံမလောက်မယ့်အတူတူ..ခုလောလောဆယ်မပေးရအောင် သူ့ကိုအချိန်ဆွဲဖို့ကဒီနည်းပဲရှိတယ်မဟုတ်လား.. ဒါကြောင့်ပါ''

''ထားပါတော့ဖြူတုတ်ရယ်... ငွေရှစ်ထောင်လောက်ဘယ်ကသွားရှာမတုန်း..ဒါပဲပြောစမ်းပါ''

ရောက်လာသောအအေးပုလင်းကို ခပ်လောလောမော့သောက်လိုက်ရင်းက ဖြူတုတ်က

''သားကြီးဆီမှာ..သားကြီးညီအလုပ်လုပ်တဲ့လိပ်စာရှိတယ်မို့လား...အဲဒါပေးလိုက်ဗျာ...
ကျနော်သူ့ကိုသွားခေါ်လာမယ်..အားလုံးဒီဆိုင်ကပဲစောင့်နေကြပေါ့ဗျာ.''

''ငါလည်းလိုက်မယ်လေကွာ''  
ဆိုပြီးနောက်တစ်ယောက်လဲဖြူတုတ်နှင့်အတူပါသွားရော..။ ငွေရှင်းမယ်ပြောပြီးမရှင်းသေးပဲအအေးထပ်မှာကာအချိန်ဆွဲနေကြသည့်
နေမိုးနိုင်တို့ဝိုင်းကို မသင်္ကာဖြစ်လေသလားမသိ...ဆိုင်ရှင်အပါအဝင်စားပွဲထိုးများအားလုံးအလစ်မပေးပဲ စောင့်ကြည့်နေကြလေတော့သည်..။
ဒီကြားထဲကျန်ခဲ့သောကလေးတွေထဲမှတစ်ယောက်က

''သားကြီး...သမီးရှုးပေါက်ချင်တယ်....မောင်လေးနဲ့အတူခဏသွားပေါက်ပါရစေနော်..'' 
လို့ပြောပြီးထွက်သွားတော့နောက်တစ်ယောက်ကလည်းသူပါပေါက်ချင်သည်
ဟုဆိုကာနေမိုးနိုင်ကိုထား၍ထွက်သွားကြလေတော့သည်ပေါ့..။ နေမိုးနိုင်ခမျာမှာတော့ ဆရာတင်ထားမိသောဖြူတုတ်ကလည်းမရှိ၊ကျန်တဲ့ကလေးတွေပါထွက်သွားတော့
အားငယ်လိုက်ရတာပေါ့..။ စားပွဲထိုးတွေကလည်းလုံးဝအလစ်မပေးချေ..။ ဒါနဲ့ဆယ်မိနစ်လောက်ကြာတော့ဥာဏ်စဉ်မမှီရှာသောနေမိုးနိုင်တစ်ယောက်ခပ်တည်တည်ဖြင့်ထ
၍ဆိုင်အပြင်သို့ထွက်ပြေးရန်ကြိုးစားလေရာ...







ဆက်ပါဦးမယ်ခင်ဗျာ..မျက်စေ့ညောင်းလာလို့ပါ..။ ကျေးဇူးတင်ပါတယ်ဗျာ..။

ခင်မင်လေးစားစွာဖြင့်


ချင်းကလေး
4 Responses
  1. Angelhlaing(May everybody be happy and healthy! Says:

    မောင်လေးရေ စာဖတ်ရင်း ရောက်တယ်...:):)
    အားပေးလျှက်...

  2. စံပယ်ချို Says:

    မောင်ချင်းရေ
    အမကြီးလာရောက်ဖတ်သွားပါတယ်။
    ချမ်းမြေ့ပါစေ။

  3. မင်္ဂလာပါ Says:
    This comment has been removed by the author.
  4. ချင်းကလေး Says:

    @Angelhlaing ဟုတ်အစ်မလေး.. ကျေးဇူးပဲနော်..
    @Jasmineရေ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ.. မမလဲထပ်တူထပ်မျှချမ်းမြေ့ပါစေ၊ပျော်ရွှင်ပါစေဗျာ.... ခင်မင်စွာဖြင့် (ချင်းလေး)

abcs