လွှတ်ချခံရသောမေတ္တာ ၃

မင်္ဂလာပါသူငယ်ချင်းတို့...နေ့တိုင်း Blog ကို Update မလုပ်နိုင်တာခွင့်လွှတ်ပါ.
အလုပ်နည်းနည်းပိုလုပ်ပေးနေရလို့ပါ..။တတ်နိုင်သလောက်တော့ကြိုးစားနေပါတယ်။
ဒီတော့ ''လွှတ်ချခံရသောမေတ္တာ ၂'' တုန်းကနေသွေးနိုင်က အစ်ကိုကြိးနေမိုးနိုင်ရဲ့လက်ကိုဆွဲပြီး 
ဦးလေးနဲ့အဒေါ်ကိုကျောခိုင်းထွက်လာခဲ့တယ်နော်.. အိုကေ...ခုပြန်ဆက်မယ်ဗျာ..။ အားပေးကြပါဥိးလို့မေတ္တာရပ်ခံပါရစေ...။ ကျေးဇူးတင်၏ပေါ့..:P













''အဖြစ်အပျက်တွေကတော့ဒါပါပဲသူငယ်ချင်းရာ''

အင်းယားကန်ဘောင်ပေါ်မှစားသောက်ဆိုင်တစ်ခုအတွင်းထိုင်ကာသူငယ်ချင်းများကို
နေသွေးနိုင်ရင်ဖွင့်နေမိတော့သည်.။

''အင်း.....ဒီအတိုင်းဆိုရင်တော့မင်းအဖြစ်အပျက်ဟာအပျက်ပျက်နဲ့နှာခေါင်းသွေးထွက်တဲ့ကိန်းပဲကွနေသွေးရ''

''ဟုတ်တယ်သူငယ်ချင်း..ငါတို့တစ်ကယ်စိတ်မကောင်းပါဘူးသူငယ်ချင်းရာ. ဒီတော့မင်းဘာဆက်လုပ်မယ်စိတ်ကူး
လဲ?ပွင့်ပွင့်လင်းလင်းသာပြောကွာ...ငါတို့လည်းတတ်နိုင်သလောက်ကူညီလို့ရအောင်ပေါ့''

သူရနဲ့အောင်ကြီးတို့ရဲ့အားပေးစကားသံတွေကရှေ့နောက်မခြားထွက်လာတာကြားရတော့ သွေးသားရင်းမဟုတ်လင့်
ကစားသွေးသားရင်းခြာတော်ဆက်နေတဲ့ဦးဗညားနိုင်လိုမဟုတ်ပဲနွေးထွေးလှတာကိုစဉ်းစားမိတော့လည်း
လှိုက်လှိုက်လှဲလှဲကြည်နူးမိသည်ပေါ့..။

''ကူညီစရာမလိုပါဘူးသူငယ်ချင်းတို့ရာ..ငါဖြင့်ဒီလိုကြားရတာတောင်ဝမ်းသာလှပါပြီကွာ.. ငါစဉ်းစားထားတာကတော့
ကွာ...ငါတို့ညီကိုနှစ်ယောက်သူတို့ဆီကရဖို့ကျန်နေသေးတဲ့ငွေတွေနဲ့ဆင်ခြေဖုန်းတနေရာရာမှာ
အိမ်လေးတစ်လုံးဝယ်မယ်ကွာ..။ပြိးရင်ဒေလီယာ့ကိုလက်ထပ်မယ်..။
ကိုကြီးနဲ့ဒေလီယာရင်းနီးလာပြီးနေသားကျသွားတော့မှ ငါနိုင်ငံခြားသင်္ဘော
တက်မယ်..ဒါမှအစ်ကိုကြီးအတွက်စိတ်အေးရပြီးငါတို့ချမ်းချမ်းသာသာပြန်နေနိုင်အောင် ငါအလုပ်လုပ်မှရမှာကွ''

''ကောင်းလိုက်တဲ့အစီအစဉ်ကွာ''

အောင်ကြီးကနေသွေးနိုင်စကားကိုအားပါးတရထောက်ခံရင်းမှတစ်ဆက်တည်း

''မင်းကိုတော့တကယ်ချီးကျုးတယ်နေသွေး..အပြစ်တင်စရာလူတွေအများကြီးရှိနေတာတောင် ဘယ်သူ့ကိုမှအပြစ်မတင်ပဲလောကဒဏ်ကိုရဲရဲရင်ဆိုင်ရဲတာ ငါတကယ်လေးစားတယ်ကွာ''

ဒါပေမယ့်သူရကတော့လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးတော့

''ဒီမှာနေသွေး..မင်းရဲ့အဓိကအားနည်းချက်ကဘာလဲဆိုတာမင်းသိလား?''

''ပြောသူငယ်ချင်း...ငါမသိရင်မင်းပြောပြပေါ့ကွာ.''

''အေး..မင်းရဲ့အဓိကအားနည်းချက်ကလူတကာကိုမင်းလိုလူအလို့ပဲထင်နေတာပဲ သူငယ်ချင်း''

ဒီတော့မှဝင်းဇော်ကလည်း

''ဟုတ်တယ်နေသွေး..လူတွေရဲ့မကောင်းကြောင်းကိုတော့ငါတို့မပြောချင်ဘူးကွာ.
ဒါပေမယ့်မင်းအများကြီးတွေမျှော်လင့်
ထားပြီးမှဖြစ်မလာပဲအကြီးကြီးတွေခံစားသွားရမှာကို ငါတို့စိုးရိမ်တယ်နေသွေး''

''မင်းတို့ပြောတာငါနားမလည်ဘူးဝင်းဇော်..ဘာတွေလဲကွာ?''

''ဟုတ်သားပဲဝင်းဇော်ရာ..မင်းကလည်းနိဒါန်းတွေသိပ်ရှည်နေတာကိုးကွ...ဒဲ့သာပြောလိုက်ကွာ.''

အောင်ကြီးကအားမလိုအားမရဟန်ဖြင့်ဝင်းဇော်ကိုဝင်ကလော်လိုက်တာပါ...

''ကောင်းပြီလေ.ဒီလိုဆိုလဲပြောရတော့မှာပေါ့ကွာ..ဒီမှာနေသွေး..မင်းဖောက်တဲ့လမ်းကိုဒေလီယာက
လိုက်လျှောက်လိမ့်မယ်လို့မင်းမျှော်လင့်ထားတာလား?''

''ဒေလီယာနဲ့ငါနဲ့ကလက်ထပ်ဖို့အထိရည်ရွယ်ထားကြတဲ့ချစ်သူတွေဆိုတော့ငါ့ရဲ့ကောင်းမွေဆိုးမွေတွေ ကိုတော့သူခံနိုင်ရည်ရှိရမှာပေါ့ကွာ''

ချစ်သူကိုယုံကြည်ချက်အပြည့်ဖြင့်နေသွေးအောင်ပြောလိုက်တယ်လေ..

''ဟားဟားဟား..ငါသိရသလောက်ပြောရရင်တော့ဒေလီယာဆိုတာ သူနဲ့ပတ်သတ်တဲ့လူတွေရဲ့ကောင်းမွေကိုပဲစိတ်ဝင်စား
တဲ့မိန်းကလေးမျိုးပါ. မင်းနဲ့ကျမှဆိုးမွေကိုပါစိတ်ဝင်စားတယ်ဆိုရင်တော့မင်းရဲ့ကံပဲပေါ့ကွာ.''






ဒီလိုနဲ့မြို့ထဲနဲ့သိပ်မဝေးတဲ့ရပ်ကွက်တစ်ခုမှာနေသွေးနိုင်တို့ညီအစ်ကိုပျဉ်ထောင်သွပ်မိုးအိမ်လေး
တစ်လုံးဝယ်ပြီးပြောင်းသွားလိုက်ကြတာပေါ့ဗျာ...
ပြောင်းသွားတဲ့အိမ်ကိုဆေးရောင်စုံခြယ်ချင်တယ်ဆိုလို့နေမိုးအောင်ရဲ့ဆန္ဒအတိုင်းဆေးဗူး
ငါးမျိုးခြောက်မျိုးဝယ်ပေးလိုက်တော့ပျော်ရွှင်ပြီးကလေးလေးတစ်ယောက်လို အိမ်ကိုဆေးသုတ်နေတော့တာပါပဲ..ဒီလိုဆေးသုတ်နေတုန်းမှာပဲ

''ဒီဦးလေးကဒီအိမ်ကိုအသစ်ပြောင်းလာကြတဲ့လူတွေထင်တယ်ကွ..လာငါတို့သွားစကားပြောရအောင်''

ဆိုပြီးကလေးတစ်သိုက်နေမိုးအောင်ဆေးသုတ်နေတဲ့နားကိုရောက်လာကြတယ်လေ..ပြီးတော့

''ဦးလေး..ဦးလေး''

''ဟေ..ဘာလဲကွ?''

''ဦးလေးကဒီအိမ်ကိုပြောင်းလာတာလားဟင်?''

''အေးဟုတ်တယ်ကွ''

''ခုဥိးလေးဘာလုပ်နေတာလဲဗျ..''

သွက်လက်ပုံရတဲ့ကလေးတစ်ယောက်ကဒိုင်ခံစကားတွေပြောပြီး၊တစ်ခုပြိးတစ်ခုမေးနေတော့ သုတ်လက်စဆေးဗူးကိုလက်မှချကာ
နေမိုးအောင်တစ်ယောက်လှည့်ကြည့်မိလိုက်သည်ပေါ့...

''ဆေးသုတ်နေတာလေကွာ..မမြင်ဘူးလား..''

''ဦးလေးသုတ်နေတာကလဲသားတို့အိမ်တွေလိုမျိုးတစ်ရောင်ထဲမဟုတ်ဘူးနော်''

''ဟာကွာ...တစ်ရောင်ထဲသုတ်ရင်တစ်မျိုးပဲလှမှာပေါ့ကွ..မဟုတ်ဘူးလား?''

နေမိုးအောင်စကားကြောင့်ကလေးတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ဘာဆက်ပြောရမှန်းမသိပဲဖြစ်သွားလေတော့သည်။

''ကဲ..မင်းဆံပင်နဲ့မင်းမျက်နှာနဲ့အရောင်တူသလား? နောက်ပြီးမင်းမျက်လုံးနဲ့လျှာတွေ၊သွားတွေအရောင်တူသလား? ပြောစမ်းပါဦးကွ.''

နေမိုးအောင်ရဲ့ကြောင်တက်တက်မေးခွန်းကြောင့်ကလေးတွေက ဟုတ်သားပဲဟူ၍အတွေးပေါက်သွားကာဝမ်းသာအားရအော်ဟစ်လိုက်
ကြတော့သည်ပေါ့..

''အေး..ဟုတ်သားပဲကွနော်..ဒီဦးလေးပြောတာဖြစ်နိုင်တယ်.''

''ဒါကြောင့်ငါလည်းဟောဒီကပါဝါရိမ်းဂျားတွေလိုမျိုးအရောင်စုံဖြစ်အောင်ငါ့အိမ်ကို
ဆေးသုတ်နေတာပေါ့ကွာ.. နေပါဦးမင်းတို့ငါ့ကို
ဦးလေး..ဦးလေးဆိုပြီးမခေါ်ပါနဲ့ကွ..ငါ့နာမည်ကနေမိုးနိုင်..ငါ့အိမ်ကလူတွေကတော့ ငါ့ကိုသားကြီးလို့ခေါ်ကြတယ်..မင်းတို့လည်းငါ့ကိုသားကြီးလို့ခေါ်ချင်ခေါ်ပေါ့ကွာ..''

''ဟာဗျာ..ဦးလေးကသားတို့ထက်ကြီးတယ်လေဗျာ...သားကြီးလို့ခေါ်လို့ဘယ်ရမှာလဲ..
တော်ကြာငရဲတွေဘာတွေကြီးနေဥိးမှဖြင့်..''

''မကြီးပါဘူးကွ..ငါကငယ်ငယ်လေးရှိသေးတာ..ငါလည်းမင်းတို့လိုကလေးပါပဲကွာ..
နောက်ဆိုအိမ်နီးနားချင်းဖြစ်ပြီဆိုတော့နေ့တိုင်း
တူတူတောင်ဆော့ရဥိးမှာ.. ဘယ်လိုလဲမင်းတို့နဲ့အတူတူငါကောဆော့လို့ရမယ်မဟုတ်လားကွ?''

''ရတာပေါ့သားကြီးရာ..လာခုပဲသွားကစားရအောင်''

''ဘာတမ်းကစားကြမလဲပြော''

''လောလောဆယ်တော့စိမ်ပြေးတမ်းကစားကြတာပေါ့..သားကြီးကလူသစ်ဆိုတော့သားကြီးကလိုက်..
ပြီးမှမိတဲ့လူပြန်လိုက်ကြေး..ဘယ်လိုလဲ?''

''အေး..ကောင်းတယ်.''

''ဟေး ပျော်စရာကြီးကွ''

ကလေးတစ်သိုက်ကတော့သူငယ်ချင်းအကြီးကြီးတစ်ယောက်တိုးလာတဲ့
အထိမ်းအမှတ်အနေနဲ့ဝမ်းသာအားရအော်ဟစ်လိုက်ကြတာပေါ့ဗျာ...
အင်း......နေမိုးအောင်တစ်ယောက်လူကောင်ကြီးမားနေလင့်ကစားကလေးစိတ်မပျောက်သေးပဲ ကလေးများကိုပင်သူနှင့်
ရွယ်တူဟူ၍ထင်မှတ်ကာလိုက်တမ်းပြေးတမ်းကစားနေသည်ကိုအိမ်ပြတင်းပေါက်မှ ကြည့်ရင်းနေသွေးနိုင်တစ်ယောက်ဝမ်းနည်းမိလာလေတော့သည်ပေါ့..။
ဘာတတ်နိုင်မည်နည်း...ကံကြမ္မာကဒီလိုဆိုတော့လည်းလိုက်ပြိးဒီလိုရတော့မှာပေါ့..







သို့နှင့်ရက်အနည်းငယ်အကြာမှာတော့....

''သားကြီး..ကျနော်တို့ဒီနေ့ဘာတိုင်းကစားရင်ကောင်းမလဲ?''

''သိပါဘူးကွာ..တစ်ရက်လာလည်းစိမ်ပြေးတမ်း၊နောက်တစ်ရက်လာလည်းထုတ်ဆီးထိုးတမ်း၊
ကြာတော့ပျင်းတောင်ပျင်းလာပြီ..
သြော်ဒါနဲ့..မင်းတို့ဒီရပ်ကွက်နားမှာကစားကွင်းတွေ၊ဘာတွေမရှိဘူးလားကွာ..
ငါအရမ်းသွားကစားချင်လို့ပါ''

''ဘယ်လိုကစားကွင်းလဲဗျသားကြီးရ..ကျနော်တို့ကျောင်းနားမှာတော့ဘောလုံးကွင်းတစ်ခုရှိတာပေါ့..
ဒါပေမယ့်ကစားလို့မရဘူးဗျ..ရေတွေပြည့်နေတယ်''

''ဟာကွာ..ငါအရင်နေတဲ့ရပ်ကွက်နားမှာဆိုကစားကွင်းတွေအများကြီးပဲကွာ..
အိမ်က လေးလေးမြင့်ကငါ့ကိုအမြဲတမ်းခေါ်ခေါ်သွား
တာ..ဘာရေမှမပြည့်ဘူးကွ..ပြောရင်းဆိုရင်းသွားချင်လာပြီကွာ..''

''ဟာ..သားကြီးပြောတာကပိုက်ဆံအများကြီးပေးပြီးကစားရတဲ့အကောင်းစားကစားကွင်းတွေကိုး..
အေးဗျာနော်..ကျနော်တို့လည်းတစ်ခေါက်မှမရောက်ဖူးဘူးဗျာ..
ပိုက်ဆံရှိမှသွားကစားလို့ရတာကို..ကျနော်တို့မှာပိုက်ဆံမှမရှိတာ...''

''ပိုက်ဆံဟုတ်လား? ပိုက်ဆံငါ့မှာရှိတယ်လေကွာ..''

''သားကြီးမှာပိုက်ဆံရှိတယ်ဟုတ်လား?''

''အေးလေ.ငါ့ညီကငါ့ကိုချစ်လို့ပေးထားတာပေါ့ကွ..ဒီမှာကြည့်''

ဆိုပြီးဘောင်းဘီအိတ်ကပ်ထဲမှငွေစက္ကူများကိုဆွဲထုတ်ပြလိုက်ရာ

''ဟာ..သားကြီးမှာပိုက်ဆံတွေအများကြီးရှိတယ်ဟေ့..ဒါဆိုဒီလိုလုပ်ပါလားသားကြီး''

''အေးပြော..ဘယ်လိုလုပ်ရမှာလဲ?''

''ကျနော်တို့သားကြီးပြောတဲ့ကစားကွင်းသွားကြရအောင်ဗျာ..နော်''

''ဟာ..ဒါတော့မဖြစ်ဘူးထင်တယ်နော်ဟေ့ကောင်...မင်းသွားတတ်လို့လား? 
ငါတော့မသွားတတ်ဘူးနော်.''

''ဒါကလွယ်ပါတယ်သားကြီးရာ..မြို့ထဲသွားတဲ့လိုင်းကားတွေစီးမယ်၊မြို့ထဲရောက်ရင် 
မေးစမ်းပြီးသွားလိုက်ရုံပေါ့..ဘာခက်တာမှတ်လို့..''

''ဒါဆိုမင်းရှေ့ကနေသွားနော်''

''စိတ်ချပါသားကြီးရာ..ကျနော်ဒီလောက်လည်းမညံ့သေးပါဘူး..လာသွားကြစို့ဗျာ''

ကလေးတစ်ယောက်ရဲ့မြှောက်ပေးမှု့နဲ့ပဲသူတို့တစ်အုပ်စုလုံးလူစည်ကားရာပန်းခြံတစ်ခုထဲကခေတ်မှီကစား
ကွင်းတစ်ခုဆီချီတက်ဖြစ်သွားတယ်ပေါ့ဗျာ......






ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
5 Responses
  1. စံပယ်ချို Says:

    မပြီးဆုံးသေးတဲ့ဇာတ်လမ်းလေးကို
    ဖတ်သွားပါတယ်နော်....

  2. KMC@ချင်းလေး Says:

    ကျေးဇူးပဲမမရေ.. နေရောကောင်းပါရဲ့လားဗျာ.. အလုပ်ကအရမ်းပင်ပမ်းမှာပဲနော်...(:P)

  3. ပဥာက် Says:

    အမ်း..ဝတ္ထုလေးတွေ ဖန်တိး၇တာ ပိုပြီးပြည့်စုံတယ်နော်..ကိုယ်ခံစားမူ့ကို အာလုံးပါအောင် ထည့်လိုက်လို့၇တယ်..နေကောင်းပါစေ ချင်းကြီးေ၇

  4. KMC@ချင်းလေး Says:

    ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ... ကျေးဇူးပါကိုပဥာက်ရေ.

  5. Anonymous Says:

    very good and quickly write Pls

abcs