ခါးသီးသောအရှုံး

အချိန်တန်အရွယ်ရောက်လို့သူများတွေထားသလိုရည်းစားသနာလေး
ထားမိပါတယ်..သူ့မိဘတွေကကျနော့်ကျန်းမာရေး၊ပညာရေးကိုထောက်ပြပြီးချိုးချိုးဖဲ့ဖဲ့ပြောဆိုတာ ခံလိုက်ရတော့ကျနော့်ကိုယ်ကျနော်တခါမှမဝင်ခဲ့ဖူးတဲ့
သံသယတွေဝင်လာပြီး ''ငါ့ဘဝမှာအနိုင်ဆိုတာမရှိတော့ဘူးလား?ငါဒီလိုအမြဲတမ်းရှုံးနေရတော့မှာလား?'' စတဲ့မရေရာတဲ့အတွေးတွေ၊သံသယတွေဝင်လာပြီး
အရှုံးဆိုတာကြီးရဲ့ခါးသီးမှု့တွေကိုမုန်းတီးခဲ့မိတာပါ။


♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦ ♦♦








တနေ့ကမိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဟိုအရင်အတိတ်ကအကြောင်းတွေပြန်ပြောဖြစ်ကြတယ်။
ဒီတိုင်းဆိုရင်တော့ခုလောက်ရှည်ရှည်ဝေးဝေးပြောဖို့ဆိုတာမလွယ်ကူပေမယ့် ဂျီတော့နဲ့ဆိုတော့လည်း
သိတဲ့အတိုင်းပဲဟုတ်တာတွေရော၊မဟုတ်တာတွေရောအမုန်းပြောဖြစ်ကြတယ်ပေါ့ဗျာ။
ပြောရင်းဆိုရင်းကပဲအမှတ်မထင်သူ့သမီးတစ်ယောက်က သူတို့သဘောမတူနိုင်တဲ့လူတစ်ယောက်နဲ့
ခိုးရာလိုက်ပြေးသွားတယ်ဆိုပြီးတော့ စကားကိုအစချီပြီး၊သားသမီးနှစ်ယောက်သာရှိသေးတဲ့သူတစ်ယောက်
အနေနဲ့အရွယ်ရောက်ကာစသမီးပျိုအပေါ်မှာဘယ်လောက်မျှော်လင့်ထားတယ်၊ ဘယ်လိုအားကိုးခဲ့လည်းဆိုတာတွေကို (ဤနေရာတွင်သားသမီး၏လုပ်စာ၊ထောက်ပံ့ငွေကိုမဆိုလိုပါ၊ မိဘတွေ၏သားသမီးတွေအပေါ်ဆင်စီးပြီးမြင်းရံစေချင်သောမျှော်လင့်အားကိုးမှု့ကိုဆိုလိုပါ၏) ရင်ဖွင့်တိုင်ပင်တဲ့အခြေအနေကိုရောက်သွားတယ်ပေါ့ဗျာ..။
အမှတ်မထင်အဲဒီအကြောင်းတွေပြောဆိုဖြစ်ကြတယ်ဆိုပေမယ့်ကျနော်တို့စကားပြောခဲ့တဲ့ အချိန်သုံးပုံပုံလိုက်ရင် နှစ်ပုံကအဲဒီအကြောင်းတွေပဲဖြစ်နေလိမ့်မှာပါ.။ ဘာပဲဖြစ်ဖြစ်ကိုယ်နဲ့လည်း(အသက်သာဆယ်နှစ်လောက်ကွာပေမယ့်ရွယ်တူကဲ့သို့)
နဂိုကတည်းကရင်းနှီးနေတာရယ်၊မဆုံဖြစ်တာလည်းကြာနေတာရယ်ကြောင့်သားသမီးအပေါ်မှာထားတဲ့သူ့ရဲ့
မိဘတစ်ယောက်ရဲ့မေတ္တာကိုလေးစားလို့အပြန်အလှန်ဆွေးနွေးဖြစ်ခဲ့တယ်လို့ပြောရမှာပေါ့ဗျာ.. ပြောချင်တာကစီးပွားရေးအရအဆင်ပြေနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မိသားစုရေးရာမှာရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အရှုံးတရားအကြောင်းပါ..။


ရှင်းရှင်းပြောရရင်ကျနော်ကမိဘမဖြစ်ခဲ့ဖူးတော့မိဘတွေရဲ့ခံစားမှု့ကိုပြည့်ပြည့်ဝဝသိချင်မှသိမယ်၊ ဒါပေမယ့်မိဘဆိုတာတွေက
သားသမီးတွေအပေါ်မှာဘယ်လိုနည်းနဲ့မှနိုင်ထက်စီးနင်းလုပ်ပြီး 

''ငါတို့ဟာမိဘတွေဖြစ်တယ်၊ငါတို့အလိုရှိရာကိုသားသမီးတွေ
ဖြစ်တဲ့သူတွေကနှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ၊စိတ်ပါသည်ဖြစ်စေ၊စိတ်မပါသည်ဖြစ်စေ.. ငါတို့တွေကြိုက်သလိုခိုင်းတာကိုမငြင်းမဆန်လုပ်ပေး၊ဖြည့်ဆည်းပေးရမယ်'' 

လို့ အမိန့်တွေ၊အာဏာတွေသုံးပြီးအနိုင်ကျင့်မှာမဟုတ်ဘူးဆိုတာတော့
ကောင်းကောင်းသိပါတယ်။အဲလိုသိဖို့ဆိုတာလဲကိုယ်ကိုယ်တိုင်မိဘဖြစ်စရာမလိုဘူးဆိုတာ သူငယ်ချင်းတို့လည်းနားလည်မှာပါ။ချွင်းချက်အနေနဲ့ ကျနော်အပေါ်မှာပြောခဲ့သလိုမဟုတ်ပဲသားသမီးတွေအပေါ်မှာနိုင်လိုမင်းထက်ပြု၊သူတို့စီမံချင်တဲ့အတိုင်း
သူတို့ဆန္ဒတစ်ခုတည်းကိုရှေ့တန်းတင်ပြီးအတ္တကြီးတဲ့မိဘတစ်ချို့လည်းရှိကောင်းရှိနိုင်ပါတယ်. ။ ဒါပေမယ့်ကျနော့်အတွေ့အကြုံ၊
လေ့လာထားမိသလောက်ဆိုရင်တော့အဲလိုမိဘတွေဟာရာခိုင်နှုန်းအနေနဲ့ကြည့်မယ်ဆိုရင်တောင် တော်တော့်ကိုနည်းပါးလှပြီး၊ မရှိသလောက်ပဲလို့တောင်ပြောလို့ရပါတယ်။ ဟုတ်ကဲ့ပါ..အဲဒီမိဘတွေအကြောင်းကိုနောက်တော့မှပို့စ်တစ်ပုဒ်အဖြစ်ရေးပါ့မယ်။
ခုတော့ကျနော်ရည်ရွယ်ထားတဲ့ ''အရှုံး'' ဆိုတဲ့အကြောင်းလေးကိုပဲသူငယ်ချင်းတို့ကိုပြောပြပါရစေ..။






ကျနော့်ဘဝမှာအရှုံးဆိုတဲ့စကားလုံးဟာ အသက်မရှိတဲ့မိတ်ဆွေတစ်ယောက်လို့တောင်ပြောနိုင်လောက်အောင်အရှုံးတွေအမြောက်
အများရင်ဆိုင်ခဲ့ဖူးပါတယ်..။အချိန်တော်တော်များများကျနော်နဲ့မခွဲမခွါရှိနေခဲ့တဲ့သူဟာဘယ်သူလဲလို့ တစ်ယောက်ယောက်ကမေးလာခဲ့ရင် အရှုံး ပါပဲလို့ကျနော်ဖြေရမှာပါ..။အဲဒီလောက်ထိအောင်ကျနော့်ဘဝမှာအရှုံးဆိုတာတွေကိုတွေ့ခဲ့၊ကြုံခဲ့ဖူးပါတယ်..။
ဘလော့ဂါကိုဇော်ရေးတဲ့ စပ်မိစပ်ရာဘာညာကွိကွ ၃  ဆိုတဲ့ပို့စ်ထဲကလိုကုလားမစည်းနင်းခဲ့ဖူးတဲ့
ကလေးဘဝမှာလည်းထိပ်ဆုံးကွက်ကိုရောက်ပြီးကာမှနောက်ပြန်စမ်းပြီးကိုယ့်ဒိုးကို ကိုယ်ပြန်ကောက်တဲ့အခါမှာသတ်မှတ်ထားတဲ့စည်းကြောင်းကိုထိမိလို့ရှုံးခဲ့ရ၊ စည်းကြောင်းကိုမထိမိပေမယ့်လည်းနောက်ပြန်ပစ်လိုက်ရတဲ့အခါမှာ 
ကိုယ်ဖြတ်ကျော်လာခဲ့တဲ့စည်းကြောင်း
တွေအပေါ်ကိုပြန်ကျလိုက်၊ဒါမှမဟုတ်ကိုယ်ပထမကံကောင်းထောက်မစွာတည်ဆောက်ခွင့်ရခဲ့တဲ့ ကိုယ်အိမ်လေးပေါ်ကျသွားလို့ အိမ်ကလေးမီး
လောင်သွားလိုက်နဲ့အမျိုးမျိုးရှုံးခဲ့ဖူးပါတယ်။ဒါကကလေးဘဝကအရှုံး..။

နည်းနည်းကြီးလာတော့စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာလမ်းထိပ်
ဆန်ဂိုဒေါင်ကြီးနောက်ကမြေကွက်လပ်ကလေးမှာတစ်ဖက်လေးယောက် (သို့မဟုတ်)ငါးယောက်ဆီလူခွဲပြီးဂိုးကျဉ်းဘောလုံးကန်တော့လည်း
တခါတလေလူမမျှတာရယ်၊တခါတလေကံမကောင်းတာရယ်၊အသုံးမကျတာတွေရယ်ကြောင့် မရေမတွက်နိုင်အောင်ရှုံးခဲ့ဖူးပါတယ်ဗျာ..။အဲဒီအချိန်ထိ
အရှုံးဆိုတာကိုကျနော်သတိမထားမိသေးပါဘူးး။

လူပျိုပေါက်ရောက်လာတဲ့အခါကြတော့ရှုံးတဲ့ပုံစံကနောက်ပုံစံတစ်မျိုးပေါ့..။
ကျနော့်ကျန်းမာရေးအခြေအနေကြောင့်ဆယ်တန်းထိပဲကျောင်းနေခဲ့ရပါတယ်..။ ရွယ်တူသူငယ်ချင်းတွေအားလုံးတက္ကသိုလ်တွေရောက်၊ နောက်နည်းနည်း
ကြာတော့ဘွဲ့တွေရကုန်ကြတော့ငယ်ငယ်ကတည်းကတူတူကြီးလာခဲ့ကြတာခြင်းတူပေမယ့် ပညာရေးပိုင်းယှဉ်လိုက်တော့ကျနော်ရှုံးသွားပြီလေ..။အဲဒီအချိန်မှာ
အရှုံးဆိုတာကိုကျနော်နည်းနည်းလေး သတိထားမိလာတာပေါ့ဗျာ.. ဘာလို့လည်းဆိုတော့
အဟမ်း..အဟမ်း.. အချိန်တန်အရွယ်ရောက်လို့သူများတွေထားသလိုရည်းစားသနာလေး
ထားမိပါတယ်..သူ့မိဘတွေကကျနော့်ကျန်းမာရေး၊ပညာရေးကိုထောက်ပြပြီးချိုးချိုးဖဲ့ဖဲ့ပြောဆိုတာ ခံလိုက်ရတော့ကျနော့်ကိုယ်ကျနော်တခါမှမဝင်ခဲ့ဖူးတဲ့
သံသယတွေဝင်လာပြီး ''ငါ့ဘဝမှာအနိုင်ဆိုတာမရှိတော့ဘူးလား?ငါဒီလိုအမြဲတမ်းရှုံးနေရတော့မှာလား?'' စတဲ့မရေရာတဲ့အတွေးတွေ၊သံသယတွေဝင်လာပြီး
အရှုံးဆိုတာကြီးရဲ့ခါးသီးမှု့တွေကိုမုန်းတီးခဲ့မိတာပါ။ ဒီကတည်းကကျနော်လူတွေနဲ့ကင်းနိုင်သမျှကင်းအောင်နေခဲ့ပြီးစီးပွါးကိုပဲကြိုးစားရှာခဲ့ပါတော့တယ်။

(အကျိုးဆက်အနေနဲ့တော့ မိတ်ဆွေသူငယ်ချင်းရှားပါးကုန်တော့တာပါပဲ:P..Online မှာရောOutline မှာပါ.။နောက်ပြီးဘလော့မှာလည်း''သူကတော့ဖြင့်ကျနော့်သူငယ်ချင်းပါလို့'' အားရပါးရလက်ညှိုးထိုးပြလို့ရတဲ့မိတ်ဆွေမရှိသေးပါဘူးဗျာ.. 
မမJasmine(တောင်ကြီး)  တော့ခင်မင်ရှာပါရဲ့)..10Q မမ.

စီးပွါးရှာနေတုန်းရှုံးခဲ့တဲ့အရှုံးတွေကိုတော့မရေးတော့ပါဘူး.... ပို့စ်အရမ်းရှည်သွားပြီးသူငယ်ချင်းတွေရဲ့အချိန်တွေဖြုန်းတီးမိသလိုဖြစ်မှာစိုးလို့ပါ။







ဒီလိုနဲ့ကိုယ်ကိုယ်တိုင်အရှုံးတွေနဲ့နပန်းလုံးခဲ့ရပေမယ့်ကိုယ်တတ်နိုင်သလောက်တော့ ကိုယ့်နားကလူတွေကိုမရှုံးစေရအောင်ကြိုးစားမယ်ပေါ့..ပြောသာပြောရတယ်၊ကိုယ့်ပတ်ဝန်းကျင်မှာ
အရှုံးသမားတွေကိုအမြဲမြင်နေရတုန်းပဲလေ..။စကားလုံးအရသာတိုတောင်းတာပါ (အရှုံး) တဲ့..။ ဒါပေမယ့်အကျိုးသက်ရောက်မှု့အနေနဲ့ကတော့သွားမစမ်းနဲ့သူငယ်ချင်းရေ.. 
ပြန်ထဖို့အားတောင်မနည်းပြန်ယူရတယ်ဗျ.. ဒါတောင်မိတ်ဆွေ၊ဆွေမျိုး၊အသိုင်းအဝိုင်းနဲ့ငွေကြေး အစစအရာရာတောင့်မှ၊ ကောင်းမှပြန်ထလို့ရတာကများတယ်လေ.. မဟုတ်ရင်မလွယ်ဘူးပေါ့ဗျာ..။ အရမ်းကိုအင်အားကြီးမားတယ်၊မမြင်နိုင်တဲ့၊လူကိုဆုတ်ယုတ်သွားစေနိုင်တဲ့အင်အားတွေ အဲဒီ '' အရှုံး ''
ဆိုတဲ့ကောင်ထဲမှာရှိနေတယ်..။ တချို့ကတော့ကလေးဘဝကအရှုံး၊ တချို့ကတော့လူကြီးဘဝရောက်မှရှုံးတဲ့အရှုံး၊ တချို့ကတော့အချစ်ရှုံး၊ ကုန်ရှုံး၊ အရင်းရှုံး၊ အမှု့ရှုံး
အများကြီးပေါ့ဗျာ....... ဘယ်အရှုံးကိုမှလျှော့မတွက်မိစေနဲ့သူငယ်ချင်း..။အားလုံးက Powerful တွေချည်းပဲ...ဟဲဟဲ..။ဒီလိုပြောနေလို့အဲဒီအရှုံးဆိုတဲ့ကောင်ကိုကြောက်
မသွားနဲ့ဥိးနော်..။ကြောက်သွားအောင်ရေးပြနေတာမဟုတ်ပါဘူး၊ စိတ်ဓတ်မြှင့်တင်နိုင်အောင်တစ်ဖက်တစ်လမ်းကကျနော့်အမြင်လေးကိုရေးပြနေတာပါ.။ ကျနော်တို့နေနေတာက
ကောင်းခြင်းနဲ့ဆိုးခြင်းဒွန်တွဲတည်ရှိနေတဲ့ကမ္ဘာလောကကြီးထဲမှာနေတာ၊
တနည်းအားဖြင့်ဘဝဆိုတဲ့လမ်းပေါ်မှာခရီးသွားနေကြတာဆိုတော့ 
တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ကျနော်ပြောနေတဲ့အရှုံးဆိုတဲ့ကောင်နဲ့ရင်ဆိုင်မိကြရမှာပဲလေ..။ ဒီလိုရင်ဆိုင်မိတဲ့အခါကြတော့ကျနော်တို့အားလုံးကိုအလဲထိုးတိုက်ခိုက်မယ့်အရှုံးဆိုတဲ့ ကောင်ကိုဆိုးဝါးတယ်၊
ကြောက်ဖို့ကောင်းတယ်လို့ညီးတွားနေရုံနဲ့တော့အဲဒီကောင်က ကျနော်တို့ကိုချမ်းသာပေးမှာမဟုတ်ပါဘူး။ တစ်ကြိမ်မဟုတ်တစ်ကြိမ်အလစ်အငိုက်ဖမ်းပြီးကျနော်တို့ကိုနှောက်ယှက်နေဥိးမှာပါ..။ ဒီတော့ဗျာ..တစ်ခုလုပ်ကြရအောင်...ရှု့ထောင့်မျိုးစုံကနေဝင်လာနိုင်တဲ့အရှုံးဆိုတာကြီးကို အနိုင်ဆိုတာကြီးနဲ့ပြောင်းပစ်ကြရအောင်..။တကယ်တော့အရှုံး
ဆိုတာတွေနဲ့အတူတူသင်ခန်းစာဆိုတာတွေဟာမကွဲမကွာပါလာတတ်စမြဲပါ.။။ 
ဝင်လာမယ့်အရှုံးတွေကို အရှုံးသက်သက်လို့မမြင်ပဲသူနဲ့တူတူပါလာမယ့်သင်ခန်းစာတွေကိုသာ
ကျနော်တို့မြင်တတ်လာပြီဆိုရင်တော့၊အသုံးချတတ်လာပြီဆိုရင်တော့ ကျနော်ပြောရဲပါတယ်.. အဲဒီလူရဲ့ဘဝမှာအရှုံးဆိုတာဘာမှမဟုတ်တော့ပါဘူးဗျာ.။ ဒါပါပဲ..
ဘဝဆိုတဲ့လမ်းပေါ်မှာလျှောက်နေကြပြီဆိုရင်တော့မှားကြလိမ့်မယ်၊ရှုံးကြလိမ့်မယ်. အဲဒီအမှားတွေ၊အရှုံးတွေထဲက ကိုယ်မြင်သလောက်၊ရနိုင်သလောက်သင်ခန်းစာတွေကို
သာကိုယ်ယူထားပြီးနောင်ကိုသတိထားမယ်၊ဂရုပြုနေမယ်ဆိုရင်တော့ဖြင့်...ခုနကပြောသလို အရှုံးဆိုတာကြီးကို အနိုင်နဲ့ပြောင်းလို့ရပြီပေါ့ဗျာ... 
ကျနော်ဥာဏ်မှီသလောက်စဉ်းစားပြီးရေးသားထားတာမို့မပြည့်စုံတာတွေရှိနေမှာပါ... သူငယ်ချင်းတို့အမြင်နဲ့လုံးလုံးကြီးဆန့်ကျင်ကောင်းဆန့်ကျင်နေနိုင်ပါတယ်... ဒီလိုဆန့်ကျင်တာကိုပြသနာတစ်ရပ်လို့မမြင်ကြပဲကျနော့်ရည်ရွယ်ရင်းဖြစ်တဲ့ အရှုံးကိုအနိုင်နဲ့ပြောင်းပစ်ရေး ကိုပဲကိုယ်တတ်နိုင်တဲ့ဖက်ကကိုယ်ပြောင်းပစ်ကြပါစို့လို့ လေးစားစွာပြောလိုပါတယ်..။ 

(အမှန်တော့အရှုံးဆိုတာတကယ်ကြုံရတဲ့အရှုံးသမားသာ အဲဒီအရသာကိုခါးခါးသီးသီးခံစားရတာမို့ စာနာမိတဲ့အနေနဲ့ကျနော့်အမြင်လေးကိုရိုးသားစွာတင်ပြလိုက်ရတာပါ)






ခင်မင်လေးစားစွာဖြင့်


ချင်းကလေး
3 Responses
  1. စံပယ်ချို Says:

    အရှုံးပါဆိုချိုတယ်လို့ရှိရမှာလားငါ့မောင်ရေ
    မင်းမရှုံးသေးပါဘူး
    ခုမှစမှာလေ....
    စာရေးတာကငါလဲမနေရပါလား...

  2. ကိုဇော် Says:

    ဝါး . .ချရေးလိုက်တော့လည်း အရှုံးတွေက မနည်းပါလား။ ဒါပေမဲ့ ဒီလိုတွေးနေလို့လည်း မဖြစ်သေးပါဘူးလေ။ အရင်ကတော့ ကျနော်က ဒီလို ရေးဖူးသေးတယ်။

    http://www.zaw357.net/2011/01/blog-post_15.html

  3. KMC@ချင်းလေး Says:

    @Jasmine(တောင်ကြီး)မမရေ.. ခုလိုအားဆေးတစ်ခွက်လာတိုက်တာကျေးဇူးပါ။ @ကိုဇော်.ကျနော်လည်းခုဒီလိုအားယုတ်စရာအတွေးတွေမတွေးဖြစ်တော့ပါဘူး။ ခုတော့တည်တည်ငြိမ်ငြိမ်ပဲဘဝခရီးကို လျှောက်နေတယ်ဗျို့.. လုပ်စရာတွေကရှိသေးတယ်မဟုတ်လား.:-) ကျေးဇူးပဲကိုဇော်.......

abcs