ချစ်မိသွားပါသဖြင့် ၉ (ဇာတ်သိမ်း)

'' အမလေး ခေါင်းတွေထိုးလိုက်တာအိရယ်..အား'' 

''နည်းသေးတယ်မိရွှေယမင်း.ဘယ့်နှယ့်တော် ကိုယ်တစ်ခါမှမသောက်ဖူးတဲ့အရက်တွေသောက်.. 
ဟော သောက်တာတောင်တစ်ခွက်ထဲမဟုတ်...သုံးလေးခွက်ဆက်တိုက် ညည်းကိုမနေ့ကအိမ်ရောက်လာအောင်တောင်မနည်းခေါ်လာရတယ်သိလား ယမင်းရဲ့ ''










အိအိဝင်းနှင့်ယမင်းအိပ်ယာမှထပြီးမနက်စာစားရန်ပြင်ဆင်နေကြရင်းမှပြောဆိုနေကြတာပါ.. 

''ငါမနေ့ကကိုစိုးကိုရော၊ကိုသီဟကိုပါအရက်မသောက်ဖို့တားနေသေးတယ်အိရယ်..အမလေး..
ကိုက်လိုက်တာနော်.'' ဆိုပြီးပြောလည်းပြော 

ညီးလည်းညီးနေတဲ့ယမင်းကို အိအိဝင်းကသံပုရာရည်တစ်ခွက်
ခပ်ချဉ်ချဉ်လေးဖျော်ကာယူလာပေးရင်း 

'' ဒါပေမယ့်ညည်းကတော့သောက်လိုက်တယ်မလား? '' ဟုပြောရင်း 

''ဒါလေးသောက်လိုက်ယမင်း..ဒါမှနည်းနည်းသက်သာလာမှာ''  

''ကျေးဇူးအိရယ်.. လူတွေဒီလောက်အဝင်ဆိုးတာကြီးကိုဘာလို့မက်မက်မောမော သောက်ကြတာလဲမသိဘူးနော်'' 

''ညည်းကောဘာလို့သောက်တာလဲ ယမင်း ? '' 

''မသိဘူး'' 

''အေးးညည်းမသိရင်ငါပြောပြမယ်. မနေ့ကငါနဲ့သီဟတို့ Close Dance လုပ်နေတာညည်းမြင်ရတော့အူတိုပြီးသောက်လိုက်တာပဲ.. ငြင်းဖို့တော့မကြိုးစားပါနဲ့ယမင်း..ဟုတ်တယ်မလား? '' 

လို့ယမင်းကိုမေးခွန်းထုတ်လိုက်တော့ 

''အူတိုတယ်...ဟုတ်လားအိ ?.
အဓိပ္ပါယ်မရှိတာဟာ..ငါကဘာလို့နင့်ကိုအူတိုရမှာလဲ.'' တဲ့... 

''အဓိပ္ပါယ်ရှိတာပြောနေတာလား..အဓိပ္ပါယ်မရှိတာကိုပဲငါပြောနေတာလားဆိုတာ နင်သိချင်လားယမင်း..တကယ်တော့ခုငါပြောနေတာတွေက နင်ပြောချင်တာဟုတ်မဟုတ်ငါမသိပေမယ့် နင့်နှလုံးသားကပြောချင်နေတဲ့စကားတွေမှန်းငါသိပါတယ်ယမင်းရယ်.''  

လို့ပြောလိုက်တော့မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့အိအိဝင်းကို ယမင်းငေးမိသွားတော့တာပေါ့... 

''ဟုတ်တယ်ယမင်း.. သီဟလည်းမနေ့ကနင့်အကြောင်းတွေမေးနေတယ်လေ.''  

''ဘာတွေမေးနေတာလဲဟင်? '' 

''သြော်..ဒီလိုပါ..ယမင်းကဒီလောက်ရိုးသားဖြူစင်တဲ့မိန်းမကောင်းလေးတစ်ယောက်ပါ၊
ဘယ်လိုလုပ်ပြီးကိုမောင်မောင်စိုးနဲ့တစ်ဘဝလုံးလက်တွဲသွားမလဲဆိုတာ ငါစဉ်းစားလို့မရဘူးအိတဲ့.'' 

''နင်ကဘာပြန်ပြောလိုက်လဲအိ..လုပ်ပါ.ငါအရမ်းသိချင်နေလို့ပါ.'' 

အိအိဝင်းရဲ့လက်မောင်းလေးတွေကိုဆွဲကိုင်ရမ်းခါရင်း သိလိုဇောနဲ့ယမင်းကမေးနေခြင်းပါ.
သိစိတ်ထဲကဝန်မခံရဲကြပေမယ့် မိမိချစ်သူအကြောင်းဆိုလျှင် ကဂနဏသိလိုကြသည်မှာ လူသားတို့ရဲ့ဗီဇပဲမဟုတ်ပါလားခင်ဗျာ...

''ငါကလည်းပြန်ပြောလိုက်တာပေါ့.. ကိုမောင်မောင်စိုးကရုပ်ချောတယ်၊ဥစ္စာပေါတယ်၊ ပညာတတ်အသိုင်းအဝိုင်းထဲကပေါက်လာတဲ့ပညာတတ်တစ်ယောက်ဖြစ်တယ်၊စီးပွါးရေးခိုင်မာတယ်.. အဲတာတွေပြောလိုက်တာပေါ့..မိန်းမတစ်ယောက်အတွက်အလိုချင်ဆုံးအချက်တွေ 
 သူ့မှာရှိနေတယ်ပေါ့လေ...'' 

''နင်ဘာလို့ကိုသီဟကိုအဲလိုပြောလိုက်တာလဲအိရယ်.''
ဆိုပြီးဝမ်းနည်းကြေကွဲသံကြီးနဲ့အိအိဝင်းကိုရန်တွေ့ပါလေရောဗျာ... 

'' ဒါမပြောလို့ငါကဘာပြောရမှာလဲယမင်းရဲ့.. တိုက်ဂါးကဘာပြောလဲသိလား.ငါကကိုမောင်မောင်စိုးကရုပ်ချောတယ်ပြောတော့ 
တိုက်ဂါးက ငါ့သူငယ်ချင်းသီဟလည်းရုပ်ချောတယ်တဲ့.. 
ငါကကိုမောင်မောင်စိုးကပညာတတ်တဲ့အသိုင်းအဝိုင်းကမွေးဖွားလာတဲ့ခေတ်ပညာတတ်တစ်ယောက်လို့ ပြောတော့တိုက်ဂါးကငါ့သူငယ်ချင်းသီဟလည်း အင်ဂျင်နီယာကျောင်းဆင်းပညာတတ်တစ်ယောက်ပါတဲ့.. နောက်ဆုံးငါလည်းသူနဲ့ပြိုင်မပြောနိုင်တော့တာနဲ့ ကိုမောင်မောင်စိုးကယမင်းကိုအရမ်းချစ်တာပဲ..လို့ပြောလိုက်ရောတိုက်ဂါးကလည်း ငါ့သူငယ်ချင်းသီဟလည်း
ယမင်းကိုဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်နေတဲ့သူပါဆိုပြီးပြောလိုက်တော့ သီဟလည်းသူတပါးနဲ့လက်ထပ်တော့မယ့်သူကိုချစ်ခဲ့မိတာအပြစ်ကြီးတစ်ခုလို့ထင်သွားလားမသိဘူး.. တိုက်ဂါးကိုတောင်မစောင့်ပဲချာကနဲလှည့်ထွက်သွားခဲ့တယ်လေ. ဒါကိုကြည့်ခြင်းအားဖြင့်သီဟကနင့်ကိုချစ်နေတာမသိမသာဝန်ခံလိုက်တယ်လို့ငါမှတ်ယူတယ်ယမင်း.. ပြီးတော့နင်...နင်လည်းငါနဲ့သူတွဲကလိုက်တာကိုမြင်လိုက်မိလို့မခံစားနိုင်ပဲ အရက်ကိုအမူးသောက်လိုက်တဲ့သူဆိုတော့ နင့်ကိုနင်လှည့်စားပါယမင်း.. အချိန်မလွန်ခင်နောင်တရသင့်တယ်လို့ငါပြောချင်တယ်ယမင်း'' 

ရှည်လျားစွာပြောနေတဲ့စကားအပြီးအိအိဝင်းထိုင်နေရာကထလိုက်ပြီးတော့ယမင်းရဲ့ငုံ့နေတဲ့ခေါင်းလေးကို
မေးစေ့ကနေဆွဲမလိုက်ပြီး 

'' တသက်မှာတစ်ခါသာချစ်ခွင့်ရတဲ့နှလုံးသားကထွက်ပေါ်လာတဲ့ရိုးရှင်းတဲ့အချစ်အတွက် နင့်ကိုနင်ဆက်ပြီးလှည့်စားလိမ်ညာနေဦးမှာလား၊နင့်နှလုံးသားကနာနာကျင်ကျင်တောင်းဆိုနေတာကို ဥပေက္ခာပြုပြီး ကိုမောင်မောင်စိုးကိုလက်ထပ်မလားဆိုတာရွေးချယ်ဖို့နောက်မကျသေးဘူးလို့ ငါပြောပါရစေယမင်း''  

လို့ပြောပြီးထွက်သွားပါတော့တယ်.. ထမင်းစားခန်းထဲမှာတော့ယမင်းတစ်ယောက်အတွေးတွေနဲ့ကျန်နေခဲ့တာပေါ့..။ တချိန်ကကော်ဖီဆိုင်မှာ(ယမင်းကတော့နောက်နေတယ်ပဲထင်နေမိခဲ့တာလေ.)ကိုသီဟယမင်းကို 
Propose လုပ်ခဲ့တာတွေ၊စိန်နားကပ်သွားဝယ်တုန်းက ကြည့်မှန်ကိုပြပြီး အဲဒီထဲက
ကောင်မလေးလိုမျိုးရှာပေးပါဆိုပြီးကိုသီဟရဲ့တောင်းဆိုခဲ့တာတွေ၊တခုချင်းပြန်မြင်လာတော့တာပါပဲ.. ဒါနဲ့ပဲချက်ချင်းထပြီးအရင်တစ်ခါကကိုသီဟဈေးမေးပြီးမဝယ်ဖြစ်ခဲ့တဲ့ရွှေနဲ့လုပ်ထားတဲ့
ရွှေတယောနာရီလေးရောင်းတဲ့ဆိုင်ကိုသွားပြီး အဲဒီနာရီလေးကိုဝယ်..နောက်တော့ဘူးလှလှလေးနဲ့ထုပ်ပြီးကိုသီဟကိုလက်ဆောင် ပေးမလို့ရည်ရွယ်လိုက်မိတာပေါ့..လက်ဆောင်နဲ့အတူချစ်အဖြေလည်းပါတာပေါ့လေ..  ဟုတ်တယ်လေ...သူ့ကိုဒီလောက်ချစ်နေတဲ့ကိုသီဟကို သူကလည်းချစ်နေပြီးမှဘာလို့ဝေးနေရတော့မလဲပေါ့.... စေ့စပ်ထားတဲ့ကိစ္စတွေအားလုံး Cancel လုပ်ပြီးကိုသီဟနဲ့လက်ထပ်ဖို့အထိပါယမင်းအင်အားတွေရခဲ့တာပါ..
ကိုသီဟဆီဖုံးဆက်ပြီးတွေ့ဖို့ချိန်းတော့လဲဖုံးကအမြဲလိုလိုပိတ်ပိတ်ထားတော့မတွေ့ဖြစ်တာနဲ့မမကြီးကိုပဲ 
SMS ပို့ထားတာပေါ့.. ကိုသီဟလာရင်သူနဲ့တွေ့ဖို့အချိန်နည်းနည်းပေးဖို့ပေါ့လေ..






( မှတ်ချက်...။ ။...ဤအချိန်တွင်ယမင်းအိတို့အိမ်မှာမနေတော့ပါ.. နယ်မှမိခင်ဖြစ်သူလိုက်လာပြီးသားအမိနှစ်ယောက်မာမီ့အစ်ကိုယမင်းဘကြီးအိမ်တွင်နေထိုင်ကြသည်ပေါ့..။)
  
နှစ်ရက်သုံးရက်သာကြာသွားတယ်ကိုသီဟဖုံးလည်းမဆက်လာ၊လူလည်းမပေါ်လာဆိုတာနဲ့ မမကြီးဆီဖုံးလှမ်းဆက်ပြီး 

''မမကြီး ယမင်းပို့ထားတဲ့ Massage ကိုသီဟကိုမပေးဖြစ်ဘူးလား ? '' 

''ဟုတ်တယ်ယမင်းရဲ့.ပေးလိုက်ပါတယ်..ဒီလိုလေ သီဟကမနက်ဆိုလည်းအစောကြီးထွက်သွား၊
ညဆိုလည်းအရမ်းမိုးချုပ်မှပြန်လာဆိုတော့မမကြီးလည်းသေသေချာချာတော့မပြောမိဘူးကွယ်..'' 

ဆိုပြီးပြန်ဖြေလိုက်တော့ 

''ဟုတ်ကဲ့မမကြီး..ဒါဆိုယမင်းသူ့ဆီလိုက်သွားလိုက်ဦးမယ် '' 

''နေဥိးယမင်းအိမ်ကိုလည်းလာလည်ပါဥိးယမင်းရယ်..ဒီအိမ်ကယမင်းအိမ်လိုပါပဲ '' 

လို့ပြောတောယမင်းကလဲကိုယ့်စိတ်ကူးနဲ့ကိုယ်

'' ဟုတ်ကဲ့မမကြီး..အိမ်ကတော့ယမင်းအိမ်လိုပါပဲ.တနေ့နေ့တော့ယမင်းလာခဲ့မှာပါ '' 

ဆိုပြီးဖုံးချလိုက်တယ်..ပြီးတော့ကိုသီဟအလုပ်လုပ်တဲ့ကားဝပ်ရှော့ကိုလိုက်သွားတော့တာပေါ့...
ဟိုရောက်တော့တွေ့ချင်တဲ့သူကိုတွေ့ရပါတယ်..

'' ကိုသီဟ '' 

ကန်တင်န်းဘေးကရွက်လှပန်းပင်တွေကြားကကျနော့်ကိုခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ 

'' ယမင်း.. ဘာကိစ္စရှိလို့လဲယမင်း? '' 

လို့တုန့်ပြန်မေးလိုက်တော့ 

''ယမင်းပို့ထားတဲ့ Massage မရလို့လားကိုသီဟ? ယမင်းမှာတော့ရှာလိုက်ရတာ... နေ့မအားညမအားအလုပ်တွေချည်းပဲဖိလုပ်နေတာအဲဒီလောက်ပိုက်ဆံတွေဘာလုပ်ဖို့လဲကိုသီဟရယ်.''  

''ယမင်းပို့တဲ့Massage ရပါတယ်..အလုပ်ဖိလုပ်တယ်ဆိုတာကပိုက်ဆံများများလိုချင်လို့ဖိရှာနေတာပါ.. ဒါမှအချစ်ကိုရမှာလေ.'' 

''အချစ်ကိုရဖို့...ဟုတ်လားကိုသီဟ?'' 

''ဟုတ်တာပေါ့ယမင်းရယ်..ပိုက်ဆံရှိမှအချစ်ကိုရနိုင်တဲ့ခေတ်ဆိုတော့လဲ
ပိုက်ဆံပဲရှိအောင်ကြိုးစားရတာပေါ့ဗျာ..မဟုတ်ဘူးလား.'' 

''ကိုသီဟကိုဘယ်သူပြောလဲ..ပိုက်ဆံရှိမှအချစ်ရနိုင်တယ်လို့.'' 

''ဘယ်သူမှမပြောပါဘူး..ကိုယ့်အတွေ့အကြုံတွေကပြောနေ၊သင်ပေးနေတာတွေပါယမင်း.. ပထမနွယ့်ကိုလည်းပိုက်ဆံမပြည့်စုံခဲ့လို့ကိုယ်ဆုံးရှုံးရပြီးပြီ..ယမင်းကိုပဲကြည့်ပေါ့.. ကိုမောင်မောင်စိုးဆီမှာငွေကြေးပြည့်စုံတော့ ယမင်းမာမီက (သမီးမောင်မောင်စိုးမှာခိုင်မာတဲ့အနာဂတ်ရှိတယ်..ဒီတော့သမီးမောင်မောင်စိုးကိုလက်ထပ်လိုက်ပါ) ဆိုတာနဲ့သမီးဖြစ်တဲ့သူကလည်း (အိုခေမာမီ)ဆိုပြီး ခေါင်းညိမ့်သဘောတူခဲ့တာပဲလေ..ဒါတွေဟာငွေကြေးကြောင့်မဟုတ်ရင်ဘာကြောင့်လဲယမင်း? '' 

လို့ပြောလိုက်မိတော့ယမင်းက ကျနော့်ကို
တွေတွေလေးကြည့်နေရင်းး 

''ယမင်းကကိုမောင်မောင်စိုးကိုငွေကြေးကြောင့်လက်ခံခဲ့တယ်ဟုတ်လားကိုသီဟ?'' 

''မဟုတ်ရင်ဘာကြောင့်များလဲယမင်း?'' 

''ကောင်းပါပြီ..ကိုသီဟက ကျမကိုအဲလိုမြင်နေတော့လဲအဲလိုပဲမှတ်ထားလိုက်ပေါ့ရှင် .. ရော့ဒီမှာကိုသီဟအတွက်ရည်စူးဝယ်လာခဲ့တဲ့ယမင်းရဲ့လက်ဆောင်. ကိုသီဟဘဝတစ်လျှောက်လုံးပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ယမင်းဆုတောင်းပေးခဲ့ပါတယ်.ဘိုင်.'' 

ဆိုပြီးလှည့်ထွက်သွားခဲ့တော့တာပေါ့ဗျာ.... စစ်မှန်တဲ့အချစ်ကိုနားလည်သဘောပေါက်လာပြီးနောက်အချစ်အတွက်အရာရာကိုရဲရဲဝံ့ဝံ့ရင်ဆိုင်မယ် ဆိုပြီးစိတ်ပိုင်းဖြတ်ကာ မျှော်လင့်တကြီးနဲ့ကျနော့်ဆီလိုက်လာတဲ့ယမင်းက ကျနော့်ဘဝထဲကအပြီးအပိုင်ထွက်သွားလိမ့်ခဲ့မယ်ဆိုတာကြိုသိရင် ကျနော်ပြောလိုက်မိတဲ့ခါးသီးတဲ့စကားတွေကို ကျနော်
မပြောပဲမြိုသိပ်ထားမိမှာပါ..ခုတော့ရင်ထဲကခံစားချက်တွေက မကျေနပ်ချက်တွေကြောင့်ပေါက်ကွဲပွင့်ထွက်လိုက်မိတော့လည်း.. တစ်ယောက်နဲ့တစ်ယောက်အသည်းနင့်အောင်ချစ်နေကြတဲ့အမှန်တရားကိုတစ်ယောက်ကို တစ်ယောက်မဖွင့်ဟမိခင်လေးမှာပဲ တစ်ယောက်နဲ့တစ်ယောက်အဝေးဆုံးကိုရောက်သွားခဲ့ပါပြီဗျာ.. နောင်ဘဝဆိုတာရှိသေးရင်တော့ခုလိုမျိုးကိုယ်ချစ်ရတဲ့သူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခမျိုးကိုသားစဉ်မြေးဆက်မခံစားရပဲ ချစ်သူနဲ့သာပေါင်းဖက်ရပါလို၏လို့ရင်မှာတိုးတိုးတိုင်တည်ရင်းးးး







ဇာတ်လမ်းလေးကတော့မလှမပလေးပြီးသွားခဲ့ပါပြီ..။ အမှန်ကဇာတ်လမ်းအစစ်ကလှပပေမယ့်ရေးသူကျနော်ညံ့ဖြင်းတော့လည်း နဂိုလှပတဲ့ဇာတ်လမ်းလေးက မလှမပဖြစ်ခဲ့ရတာပါ.. အဲဒီအတွက်အားလုံးကိုတောင်းပန်ပါတယ်.. စိတ်ရှည်စွာနဲ့ကိုယ်ပိုင်တဲ့အချိန်လေးတွေမှာတစ်ဖက်တစ်လမ်းကနေကျနော့်ရဲ့ မဖြစ်စလောက်ဘလော့လေးကို လာလာပြီးအချိန်ပေးဝင်လည်ပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းအဝဝ ရရှိနိုင်ပါစေလို့ ကျနော်ချင်းလေးဆုတောင်းပေးလိုက်ပါရစေ.
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..


ခင်မင်လေးစားစွားဖြင့်

ချင်းကလေး
4 Responses
  1. စံပယ်ချို Says:

    ယမင်းတို့ဇာတ်လမ်းလေးဆုံးသွားပြီပေါ့နော်......
    အရေးအသားကိုကြိုက်ပါတယ်...
    နောင်လဲရေးပါ...

  2. KMC@ချင်းလေး Says:

    ကျေးဇူးတင်ပါတယ်မမဂျပ်စ်မင်း....ကြိုးစားမှာပါ.

  3. ကိုဇော် Says:

    ဒီလိုဇာတ်သိမ်းလေးက ပိုပြီးတော့ စွဲဆောင်မှု ပိုစေပါတယ်လေ။ လူတကိုယ် အကြိုက်တမျိုးပေါ့ နော့။

  4. KMC@ချင်းလေး Says:

    ကျေးဇူးတင်ပါတယ်ကိုဇော်...

abcs