Adware
ဟိုပြေးဒီပြေးအချိန်လုနေရတဲ့အထဲစိတ်အနှောက်အယှက်ဖြစ်စရာလေးတစ်ခုပေါ်လာတာပြောပြခွင့်ပြုပါ။
၁၂-၀၅-၂၀၁၁ ညဖက်ပေါ့.. ကျနော်ဘာတွေစဉ်းစားနေမိသလဲမသိပါဘူးဗျာ.. အိပ်လို့ကိုမပျော်ဘူး..။
ဒါနဲ့အိပ်ယာကပြန်ထပြီး ကွန်ပြူတာကိုပြန်ဖွင့် ရောက်တက်ရာရာတွေလိုက်ကြည့်နေမိရင်းကနေ....
☻☻  ☻☻  ☻☻  ☻☻  ☻☻  ☻☻
အဲလိုလိုက်ကြည့်နေရင်းက ဘယ်ကဘယ်လိုဝင်လာမှန်းမသိတဲ့ Adware ဆိုတဲ့ ကွန်ပြူတာတွေရဲ့ Systems တွေကို ဘာအလုပ်မှမလုပ်နိုင်တော့အောင် ရပ်ဆိုင်းပစ်လိုက်နိုင်စွမ်းရှိတဲ့ ပြသနာကောင်တွေဝင်လာပါလေရောဗျာ. ကျနော်လည်းစက်ကို restart ပေးပြီးရှင်းဖို့ပြင်ဆင်လိုက်တော့အချိန်မမှီတော့ပါဘူး.. restart ပေးပြီး Window ပြန်တက်လာတဲ့အခါကြတော့ Display မှာ Icon လေးတွေကလွဲလို့ ကျနော်တင်ထားတဲ့ Gadgets တွေရော၊ Display Image တွေပါလုံးလုံးပျောက်ကုန်ကြပြီးအောက်ဖက် Task bar ပေါ်မှာ Risk ဖြစ်နေတယ်ဆိုတဲ့ Warning  Box လေးပဲတက်တက်လာတော့တယ်ဗျာ.. ကျနော်လည်းပြာသွားတယ်.  အရင်ဗိုင်းရပ်စ်တွေ  အကိုက်ခံရတာတွေတော့ရှိဖူးပါတယ်.. ခုဟာက အရင်ပုံစံတွေနဲ့လုံးဝမတူပဲ တစ်မျိုးဖြစ်နေတာမို့ လန့်လည်းလန့်သွားတယ်လေ... မလန့်ပဲနေနိုင်ရိုးလားဗျာ.. ကျနော်က IT သမားမဟုတ်လေတော့ နည်းပညာတွေကိုအလွတ်အသုံးမချတတ်ဘူးလေ.. နည်းနည်းပါးပါးမှတ်ထားတာလေးတွေကလည်း စက်ထဲမှာပဲ Text Document တွေအနေနဲ့ သိမ်းထားတာဆိုတော့ စိုင်းစိုင်းပြောသလို '' သေပြီဆရာ '' ပေါ့.
ဘာလို့လဲဆိုတော့ ဘာဆိုဘာမှဖွင့်လို့မရတော့အောင် Systems တွေကိုပိတ်ပစ်လိုက်ပြီလေ..
ဒါနဲ့ကျနော်စွမ်းသလောက်တော့ကြိုးစားပါသေးတယ်... မရတဲ့အဆုံး မနက်ငါးနာရီထိုးကာနီးမှ အိပ်ယာဝင်လိုက်ရတာပေါ့.. နောက်နေ့သွားစရာတွေလုပ်စရာတွေပြီးတာနဲ့ အိမ်ပြန်လာပြီး ကြုံနေရတဲ့ပြသနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာစဉ်းစားနေတာပေါ့ဗျာ...
ဒီနိုင်ငံတွေမှာကသိတဲ့အတိုင်းပဲ ဆိုင်ပို့လိုက်ပြီဆိုတာနဲ့ကုန်ဖို့သာပြင်ထားပေတော့လိုဆိုတာမျိုးလေ.။။။
ပြီးတော့ ကျနော်ဝယ်ထားတာကကျနော်နဲ့ကီလိုမီတာ နှစ်ရာကျော်ဝေးတဲ့တခြားမြို့မှာနေတုန်းကဆိုတော့ ဝယ်တဲ့ဆိုင်ကိုလည်းသွားပြဖို့မဖြစ်နိုင်ဘူးလေ.. ကိုယ်တိုင်ကလည်းအဲလိုမလုပ်ချင်ဘူး.. ဘာလို့မလုပ်ချင်လဲဆိုတော့ ကျနော်သိနေတယ်.. ဒီပြသနာကအဲလောက်ကြီးကျယ်တဲ့ပြသနာမဟုတ်ဘူးဆိုတာ.. နည်းကိုလည်းသိနေတယ်..မမှတ်မိလို့မလုပ်နိုင်တာဆိုတော့ ဒီဟာလေးအတွက်ကြောင့်နဲ့ ပိုက်ဆံထောင်ချီ ပြီးအကုန်မခံချင်ဘူးလေ... နောက်ဆုံးကြံရာမရတော့တာနဲ့ ထရောင်ဟိုင်မ်းမြို့နဲ့သုံးနာရီလောက်ကားစိးသွားရတဲ့ မြို့မှာနေတဲ့ ကျနော့်မိတ်ဆွေသူငယ်ချင်း ကိုနိုင်ဝင်းဆီကို ဖုန်းဆက်လိုက်ပါတော့တယ်ဗျာ.. သူကကွန်ပြူတာဒေါက်တာတစ်ယောက်လို့လဲပြောလို့ရတယ်လေ.. တော်တော်ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ..။
သူကတော့နည်းလေးငါးမျိုးပြောပြပါတယ်.. ပထမနည်းတွေနဲ့လုံးဝ အဆင်မပြေပေမယ့် နောက်ဆုံးတစ်နည်းကျတော့မှ အိုခေသွားပါတော့တယ်ဗျာ.. ဖုန်းချလိုက်တော့ လေးဆယ့်သုံးမိနစ်နဲ့ လေးဆယ့်ငါးစက္ကန့် တောင်ဖြစ်သွားခဲ့တာပေါ့.. အဲတာနဲ့ ဂျီတော့ကနေပဲဆက်ပြီး လုပ်သင့်တာတွေအကြောင်းဆက်ပြောကြတော့တာပေါ့ဗျာ..... 
ဘာတွေဘယ်လိုဖြစ်ကုန်ပြီး ဘယ်လိုပြန်ရှင်းလိုက်တယ်၊ ဖြေရှင်းတဲ့နည်းတွေကို ဘယ်လိုရခဲ့တယ်ဆိုတာ အကျဉ်းချုပ်ပြီး အောက်မှာရေးပေးလိုက်ပါတယ်..  ဘာရယ်တော့မဟုတ်ပါဘူး.. ကျနော်ကြုံတွေ့ခဲ့ရတာကို သူငယ်ချင်းတို့အားလုံးကို သိစေချင်လို့ပါ..  နောက်ပြီးကျနော့်လိုသိပ်နားမလည်သေးပဲကွန်ပြူတာသုံးနေကြတဲ့သူငယ်ချင်းတွေလည်းရှိကောင်း ရှိနိုင်တာမို့ ကိုယ်တိုင်ကြုံလာရင်ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာ အကြံပေးတဲ့သဘောမျိုးနဲ့ ခုလိုချရေးလိုက်တာပါ.....။ ITနည်းပညာရှင်တွေကိုဒီပို့စ်လေးကမရည်ရွယ်ပါဘူးဗျာ.. ကျနော့်လို အတောင်ပံပေါက်ကာစ. ဘလော့မရေးတတ်ရေးတတ်ရေးနေတဲ့သူတွေကိုသာရည်ရွယ်ပါတယ်။
အစ်ကိုအစ်မများအားလုံး ကျနော့်ကို နားလည်နိုင်မယ်ထင်ပါတယ်နော်.. အားလုံးကျန်းမာရွှင်လန်းကြပါစေ..။
Computer သုံးနေရာမှ ပိတ်ပြီး ပြန်ဖွင့်လိုက်သည့် အခါ နကိုတင်ထားသည့် desktop background မှာ မရှိတော့ဘဲ အမဲရောင်မျက်နှာပြင် အလယ်တွင် စာတမ်းသာပေါ်နေတော့သည်။
ထို့ပြင် ညာဘက် အောက် Taskbar တွင်လည်း မကြာခဏ အသံပေးခါ 
Antivirus ၀က်ဆိုက် တခုဖြစ်သည့် Antivirus XP ကို အကြိမ်ကြိမ်ခေါ်ကာ ၀ယ်ဖို့ချည်း
 ပြောနေတော့သည်။
 အဆိုပါ (tab) တက်ဘ်ကို ပိတ်လိုက်လည်း ခဏသာခံပြီး မကြာမီ ပြန်ပေါ်လာပြန်သည်။ Task Bar တွင်လည်း သတိပေး စာတန်းက မိနစ်မပြတ်ပေါ်ကာ မြင်ကွင်းကို အနှောင့်အယှက်ပေး နေတော့သည်။
          ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံရှိ ကွန်ပျူတာသုံးစွဲသူများနှင့် အခြားဒေသများမှ သုံးစွဲသူများကိုပါ ဒုက္ခပေးနေသည်မှာ Virtumonde အမည်ရှိသည့် Adware ဗိုင်းရပ်စ် တမျိုးဖြစ်သည်။
           အဆိုပါ Virtumonde အက်ဒ်ဝဲသည် အန္တရာယ် ပေးနိုင်သည့် အဆင့်မြင့်မားပြီး Windows စနစ်များအနက် Windows 95 မှ စပြီး XP အထိ ဒုက္ခပေးနိုင်သည် ဟုသိရသည်။
                မိမိကွန်ပျူတာ ၏ Desktop မျက်နှာပြင်ပေါ် တဖျတ်ဖျတ်ဖြင့်ပေါ်လိုက်၊ အသံပေးလိုက်၊ ထိုအသံကြားသည့် Wizard ကို သွားနှိပ်လိုက်သည့် အခါ အင်တာနက် Browser ကိုဖွင့်ပြီး Anti-Virus ဆော့ဖ်ဝဲကို ၀ယ်ဖို့ကြော်ငြာလိုက်ဖြင့်အလုပ်ကောင်းကောင်း 
မလုပ်နိုင်အောင် ဒုက္ခပေးနေတော့သည်။
          ထို Adware  မှာ registry modify လုပ်ခွင့်၊ Windows Update လုပ်ခွင့်တို့ကို ပိတ်ပင်ထား လိုက်ပြီး My Documents (Explorer) ကိုသာ တွင်တွင်ပွင့်စေသည်။
         ထိုဗိုင်းရပ်စ်မှာ ၀က်ဆိုက်အချို့တွင်ပါရှိသည့် (Ad) ကြော်ငြာ၊ (Popup Ad) ကြော်ငြာတို့မှ တဆင့်ကူးစက်ဘွယ်ရှိသည်ဟု ဆန်ဖရန်စစ်စကိုမြို့မှ အိုင်တီ ပညာရှင်တဦးက ပြောဆိုသည်။
 ဒီနည်းလေးတွေက ဖေ့စ်ဘွက်ကနေ ကိုအောင်မျိုးဝင်းရှာတင်ထားတဲ့ပို့စ်လေးထဲကနည်းတွေပါ.
ဖယ်ရှားနည်း
            ရှေးဦးစွာ system recovery point တခုကို လုပ်ရန်အတွက် (Start Menu>Programs>Accessories>System Tools>System Restore) အထက်ပါ အဆင့်အတိုင်း သွားပြီး System Tools ထဲမှ System Restore ဖြင့် မိမိ မှတ်ထားသည့် System Restore ပွိုင့် တခုကို ပြန်သွားသည့် နည်းဖြစ်သည်။
        ဤနည်း အလုပ် မဖြစ်ခဲ့လျင် System Restore ကို Off လုပ်ပြီး အခြား နောက်ဆုံး ဗားရှင်းဖြစ်သည့် စပိုင်ဝဲ၊ အင်တီ ဗိုင်းရပ်စ် တခုခု ဖြင့် ရှင်းရတော့မည် ဖြစ်သည်။ System Restore ကိုမပိတ်ထားလျင် ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်သည့် အခါ မိမိကွန်ပျူတာပေါ် ယခုရောက်နေသည့် (Adware Virus) အက်ဒ်ဝဲ ဗိုင်းရပ်စ်က အလိုအလျောက် ရှင်သန်လာပြီး ပြန်ပေါ်လာနိုင်သည့် အတွက်ဖြစ်သည်။
              အထက်ပါ System Restore ဖြင့် အလုပ်မဖြစ်ခဲ့လျင် Avast! HomeEdition, Spybot S&D, Prevx CSI, နဲ့ ZoneAlarm Free Edition (firewall) တို့အနက်မှ တခုခုကို ဒေါင်းလုပ်လုပ်ပါ။ ထို့နောက် မိမိကွန်ပျူတာကို စကင်လုပ်ပြီး ရှင်းထုတ်နိုင်ပါသည်။
           ထိုသို့ စကင်လုပ်ပြီးနောက် ပေါ်ထွက်လာမည့် ဖိုင်များထဲတွင် Prevx CSI ကဲ့သို့ အမည်ရှိသည့် ဖိုင်များ ပါဝင်မည် ဖြစ်ပြီး ထိုဖိုင်များကို ဖျက်ပစ်ကာ ကွန်ပျူတာကို ပြန် ရီဘုတ် (reboot) လုပ်လိုက်ပါက Virtumonde Adware  ပျောက်ပျက် သွားမည် ဖြစ်ပါသည်။
              ထို့နောက်  Windows Live OneCare ကို ၀က်ဆိုက်မှ Download လုပ်ယူပြီး မိမိကွန်ပျူတာကို Scan လုပ်ပါ။ Scan လုပ်ပြီး သည့်နောက် ကွန်ပျူတာကို Restart တစ် ကြိမ်ပြန်လုပ်ပြီး Window နှင့်ပတ်သက်သည့် နောက်ဆုံး update လုပ်စရာ ရှိသည်များကိုလုပ်ပါ။
ဆေးမမီခဲ့သော် ~~~~~~
            အခြေအနေဆိုးသည့် ကူးစက်ခြင်းဖြစ်ခဲ့လျင် Norton  www.symantec.com ၀က်ဆိုက်သို့သွားပြီး Vundu Fix ဆိုသည့် ဖိုင်၊ Trojan.Vundo Removal Tool by Symantec နှင့် VirtumundoBeGone တို့ကို ကူးယူပါ။
             ထို့နောက် ကွန်ပျူတာကို အင်တာနက် အဆက်အသွယ်များ ရပ်ထား၊ ကြိုးဖြုတ်ထားပါ။ ၀ိုင်ယာလက် အင်တာနက် သုံးခြင်းဖြစ်လျင် ၀ါယာလက် ကဒ်သို့မဟုတ် ခလုပ်ကို ပိတ်ထားပါ။
           ပြီးလျင် ကွန်ပျူတာကို Restart လုပ်ပြီး F8 ခလုပ်ကို နှိပ်ကာ ၀င်းဒိုးစ် Safe Mode ဖြင့်ဖွင့်ပါ။မိမိကွန်ပျူတာ တွင် Install လုပ်ထားသည့် Antivirus  Software များက အချက်ပေးတာမျိုး မြင်ရမှာ ဖြစ်သဖြင့် ထိုသို့ အချက်မပေးမီ ကတည်းက Anti-Virus Application များကို ရပ်ထားလိုက်ပါ။
            ထို့နောက်တွင် ၀င်းဒိုးစ် Saft moad ထဲတွင် Vundu Fix ကို ပထမဆုံး Run ပါ။ အဆိုပါ ပရိုဂရမ်က ဖိုင်များကို စကင်လုပ် ရာတွင် အချိန်အနည်းငယ် ကြာလိမ့်မည်ဖြစ်ပြီး ၊ အဆိုပါ အဆင့်ပြီးမှ Vundo Removal Tool ကိုဖွင့်ပြီး စကင်လုပ်၍ပေါ်လာသည့် မလိုလားအပ်သည့် ဖိုင်များကို ရှင်းထုတ်ပါလိမ့်မည်။ ရှင်းထုတ်ခြင်း မပြုမီ လုပ်၊ မလုပ် အတည်ပြုချက်ကို “လုပ်မည်” ဟုပေးလိုက်ပြီး ရှင်းလင်းခိုင်းပါ။
              အဲဒီနောက်တွင် ကွန်ပျူတာကို Restart လုပ်ရန်မေးမြန်းလာလျင် လုပ်ဖို့ ညွှန်ကြားလိုက်ပြီး နောက်တကြိမ် Window Safe mode တွင် VirtumundoBeGone ပရိုဂရမ်ကို Run ပါ။ပြီး နောက်ဆုံးအဆင့်တွင်မှ ComboFix ကို Run ရမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ကွန်ပျူတာ၏ မောက်စ်နှင့် ကီးဘုတ်ကို မကစားရပါ။ အထက်ပါ အဆင့်များ အားလုံးပြီးလျင် ရှင်းလင်း လုပ်ဆောင်မှုများအတွက် Report ထွက်လာပါလိမ့်မည်။
  ပြီးနောက် တွင်ဝင်းဒိုးစ် ကိုတစ်ကြိမ်ထပ်မံ restart လုပ်ပြီး နောက် Window Live Onecareဲ ကို Downlaod လုပ်ယူပြီး ကွန်ပျူတာတွင် Install လုပ်ပေးပါ။
လိုအပ်သည့် Window Update များကိုလည်း လုပ်ဆောင်ပါ။
                  အထက်ပါ ကဲ့သို့ အဆင့်များကို တဆင့်ချင်း ညွန်ကြားထားသည့် အတိုင်းလုပ်ဆောင်သွားလျင် ကူးစက်နေသည့် Vundu Adware ပျောက်ပျက်သွားမည် ဖြစ်ပါသည်။
ဒီပို့စ်ကိုဖတ်လိုက်ရတုန်းကတော့ Adware ဆိုတာဘာကောင်မှန်းသေချာမသိခဲ့ပါဘူး.. ပြောသာပြောရတာ.ခုတောင်သိပ်မသဲကွဲသေးပါဘူးလေ..
ဘာပဲပြောပြောနောက်အသုံးလိုမှာပဲဆိုပြီးထုံးစံအတိုင်းကော်ပီဆွဲပြိးသိမ်းထားလိုက်တာပေါ့. ပြီးတော့လည်းမေ့မေ့ပျောက်ပျောက်ပါပဲ.ခုကျတော့မှကျနော်ကိုယ်တိုင်
အဲဒီကောင်ကိုက်လိုက်တာ ခံစားလိုက်ရတယ်ဗျာ.. ကိုအောင်မျိုးဝင်းပြောသလိုပါပဲ.. 
Computer ကိုဖွင့်လိုက်တာနဲ့ Window တော့တက်လာပါရဲ့.. တက်လာပြီးတာနဲ့တခြားဘာမှဝင်လို့မရ..လုပ်လို့မရတော့အောင်ကိုပိတ်ပစ်
လိုက်တာပဲလေ.. Desktop ပေါ်ကကျနော်တင်ထားတဲ့ Gadgets တွေအားလုံးရော၊
Display Imageတွေရောပျောက်ကုန်ပြီး အပြာရောင်ရင့်ရင့်ဗလာ Screen ချည်းပဲကျန်ခဲ့တယ်လေ. ဒါပေမယ့် Icon တွေတော့မပျောက်ပါဘူး..
ဒါနဲ့ဂျီတော့တို့၊ Firefox တို့ ဝင်တော့လုံးဝ ဝင်လို့မရတော့ပဲ ညာဖက်အောက်ထောင့်ကနေ Warning ဆိုတာပဲပေါ်ပေါ်လာနေတယ်လေ.. ပိတ်လို့လဲခဏပဲ..စက္ကန့်ပိုင်းအကြာမှာပြန်ပြန်ပေါ်နေတာပေါ့ဗျာ..
ကိုအောင်မျိုးဝင်းပြောသလိုပဲတစ်ထပ်ထဲပေါ့ဗျာ..ဟုတ်ကဲ့  စကားပြန်ဆက်ပါ့မယ်နော်..
ကျနော့်သူငယ်ချင်းကိုနိုင်ဝင်းက ဖုန်းထဲကနေဒီလိုပြောပါတယ်ဗျ..
ကိုနိုင်ဝင်းပြောပြသော Adware ရှင်းထုတ်နည်း
စက်ဖွင့်ပြီး Window မတက်လာခင် press Esc For start Menu ဆိုတာပေါ်လာရင် F10 ကိုနှိပ်ပြီး  Safe Mode ကိုသွားခိုင်းတယ်ဗျာ..ခက်တာကသူပြောသလို F10 ကိုနှိပ်လည်းကွန်ပြူတာကမသိချင်ယောင်ဆောင်ပြီးသူ့ဖာသာသူ Window ကိုပဲသွားသွားဖွင့်ပေးနေတာပါပဲ..နှစ်ခါလောက်ကြိုးစားပေမယ့် အလုပ်မဖြစ်တာကြောင့် ကျနော့်သူငယ်ချင်းကနောက်တစ်မျိုးပြောင်းလုပ်ခိုင်းပါတယ်.
အဲဒါကတော့ My Computer ကို Right Click ပြီး Manage ကိုသွား..ပြီးမှဆက်ပြောမယ်ဆိုတော့..ကျနော်လည်းကပျာကရာ သူပြောသလို My Computer ကိုဝင်တော့လည်းထုံးစံအတိုင်းဝင်လို့မရပြန်ပါဘူး..  ဒါနဲ့သူကသူ့ဆီကိုစာတိုက်ကနေ ကျနော့်စက်ပို့ပေးဖို့ပြောတော့ ကျနော်လည်းပို့လိုက်ချင်တယ်.. ဒါပေမယ့်ခုနကပြောသလိုပေါ့.. ခရီးကဝေးနေတော့ ပို့လည်းမပို့ချင်ဘူးလေ..
  ဘာလုပ်ရမှန်းမသိအောင်စိတ်ရှုပ်နေတုန်း သူကနောက်နည်း တစ်နည်းစမ်းခိုင်းတယ်ဗျာ...
အဲတာကတော့  Computer►Local Disk(C)►Windows►System32►msconfig ကိုဝင်ပြီးတော့ နည်းနည်းပြင်ပေးလိုက်တာ(သေချာမမှတ်ထားမိပါ၊ အမှန်ခြစ်လေးခြစ်ပေးတာပဲမှတ်မိလိုက်ပါသည်:P).ပါပဲ..
အဲလိုပြင်ပြီး အိုကေလဲပေးလိုက်ရော Restartလုပ်ဖို့ညွှန်ကြားပါလေရော..ဒါနဲ့မိတ်ဆွေကြီးက Window ကို Restart လုပ်ခိုင်းရင်လုပ်ပေးလိုက်ဆိုတာနဲ့ ကျနော်လည်းလုပ်လိုက်တော့တာပေါ့ဗျာ... ပြီးတော့Windowလည်းပုံမှန်အတိုင်း ပြန်တက်လာရော..ခုနကဖြစ်နေခဲ့တဲ့ပြသနာတွေဘယ်ရောက်လို့ဘယ်ပေါက် ကုန်ကြမှန်းတောင်မသိတော့ပါဘူး..။ဒါနဲ့ကျနော့်သူငယ်ချင်းက စက်ထဲကအန်တီဗိုင်းရပ်စ်ကို 
update လုပ်ခိုင်းပြီး Full Scan ဆွဲခိုင်းတာနဲ့ Full Scan လုပ်လိုက်တာ သုံးနာရီလောက်ကြာမယ်ထင်တယ်..ပြီးတာနဲ့ဘာမှမရှိပါဘူးဆိုပြီး Info ပြန်လာတယ်လေ...ပြီးတော့မှကျနော်ရုတ်တရက်ကိုအောင်မျိုးဝင်းတင်ထားခဲ့တဲ့ 
Adware ဆိုတဲ့ပို့စ်လေးကိုသတိရပြီး ရှာဖတ်ကြည့်လိုက်တော့မှ 
အားပါးပါးး တစ်ထပ်တည်းဖြစ်နေတာကိုတွေ့လိုက်ရတယ်လေ.. အဲဒီကိုအောင်မျိုးဝင်းရဲ့ပို့စ်ထဲမှာ ကျနော့်ကိုကျနော့်သူငယ်ချင်းကိုနိုင်ဝင်းအဝေးကလှမ်းရှင်းပေးတဲ့ရှင်းနည်းလေးမပါတာနဲ့ခုလို ရှည်ရှည်ဝေးဝေးရေးပြီးမသိသေးသူတွေသိသွားရအောင်ပါ..။
ခုလိုပဲကျနော်တို့နားမလည်တာတွေကိုနားလည်အောင်စိတ်ရှည်ရှည်ထားပြီးရှာရှာ
တင်ပေးနေတဲ့ကိုအောင်မိုးဝင်းကိုရော အချိန်ကုန်ခံအဝေးကလှမ်းပြီးကူညီဖြေရှင်းပေးတဲ့ ချစ်သူငယ်ချင်းကိုနိုင်ဝင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေ ပြောပါရစေ..။
နောက်နောင်ကိုလည်းခုလိုနည်းပညာတွေများများမျှဝေနိုင်ကြပါစေလို့လည်း ရိုသေစွာတောင်းဆိုဆန္ဒပြုလိုက်ပါတယ်ဗျာ...  
ဒီပို့စ်လေးမှာလိုအပ်နေတာတွေရှိခဲ့မယ်ဆိုလည်းကျနော့်ညံ့ဖျင်းမှု့သက်သက်ကြောင့်ပါပဲ.. 
မပြည့်မစုံဖြစ်ခဲ့ရင်ခွင့်လွှတ်ပေးကြမယ်လို့ထင်မိပါတယ်...
ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
0 Responses
abcs