ချစ်မိသွားပါသဖြင့် ၈

ယမင်းကအဲဒီအချိန်မှာကျနော့်နားကိုရောက်လာပြီး '' ကိုသီဟကိုမေးရဦးမယ်..ဟိုနေ့ကကော်ဖီဆိုင်မှာကိုသီဟပြောတဲ့ကိုသီဟချစ်တယ်ဆိုတဲ့ကောင်မလေးလေ..
ခုကိုသိဟတို့အခြေအနေဘယ်လိုလဲ? ယမင်းလဲကိုသီဟတို့အိမ်လာတော့မှအစအဆုံးမေးတော့မယ်ဆိုပြီး ဖိတ်စာလာပေးတာနဲ့မင်္ဂလာဆောင်ကိစ္စတွေနဲ့လုံးထွေးပြီး
မေ့နေတာ..ခုမှသတိရတယ်...ပြောပါဥိးကိုသီဟ...'' လို့မေးလာတော့.. ကျနော်စွံ့အသွားတာပေါ့ဗျာ..ကျနော်ဘယ်လိုဖြေရမလဲ...

♦♦♦  ♦♦♦ ♦♦♦ ♦♦♦ ♦♦♦









နောက်နေ့တွေမှာတော့ကျနော်ကကျောက်ရုပ်မှတကယ့်ကျောက်ရုပ်ဖြစ်သွားပါတော့တယ်ဗျာ...  အရက်တော့လုံးဝမသောက်တော့ပါဘူးး မမကြီးတို့ကိုအားနာတယ်လေ.. သူတို့လည်းကျနော့်ကိုကြည့်ပြီးဖွင့်သာမပြောတယ်.တော်တော်တော့စိတ်မကောင်းဖြစ်နေပုံပါပဲ.. ယောက်ဖကတော့ 

'' ဒီမှာသီဟ...ငါမင်းကိုငါ့အကြောင်းပြောပြမယ်.. ငါမင်းအစ်မကိုလက်မထပ်ခင်က ကိုးကြိမ်တိုင်တိုင် propose လုပ်ခဲ့တာတွေ Reject ဖြစ်ခဲ့ဖူးတယ်သိလား.. တစ်ချို့ကငါ့ကိုနှာခေါင်းရှည်တယ်ဆိုပြီးငြင်းတယ်၊ တစ်ချို့က
ဗိုက်ပူတယ်ဆိုပြီးငြင်းတယ်.. 
ဒီလိုနဲ့ကိုးကြိမ်မြောက်တော့မှ ငါ့နှလုံးသားကိုမြင်တဲ့သူပေါ်လာတော့တယ်သီဟ.. အဲဒါကတော့မင်းရဲ့မမကြီး၊ငါ့ရဲ့အချစ်ဆုံး မိပါပဲကွာ.. ခုမင်းကြည့်စမ်း..ငါ့မှာဘာမှလိုလေသေးမရှိအောင်ပြည့်စုံနေတယ်.. မင်းမမကြီးနဲ့ငါနဲ့လည်းမဟောင်းနိုင်တဲ့ချစ်ခြင်းတွေနဲ့သားသမီးတောင်ရလာပြီ.. မင်းအတွက်လည်းမိန်းမဆိုတာမရှားပါဘူးငါ့ညီရယ်.. ငါလိုကောင်တောင်ဒီလောက်ချစ်စရာကောင်းတဲ့ မိကိုရခဲ့သေးရင် ငါ့ထက်အများကြီးသာတဲ့မင်းဆိုရင် ပိုပြိးကောင်းတာရရမှာပေါ့ကွာ..အားမလျှော့စမ်း
ပါနဲ့သီဟရယ်..ငါတို့တွေရှိပါသေးတယ်..'' 

ဆိုပြီးကျနော့်ကိုသူ့ဘဝအကြောင်းပြောပြတော့တာပေါ့ဗျာ... မမကြီးကလည်း 

''ဟုတ်တယ်မောင်လေး မမကြီးရဲ့မောင်လေးကိုအရမ်းချစ်အရမ်းဂရုစိုက်တတ်တဲ့မိန်းကလေးမျိုးမောင်လေးရ ရစေမယ်လို့မမကြီးကတိပေးပါတယ်.မောင်လေးသာပျော်ပျော်နေနိုင်အောင်ကြိုးစားပါနော်'' 

ဆိုပြီးအားပေးကြတယ်လေ.. အမွှာနှစ်ကောင်ထဲကအကြီးမကလည်း 

'' ယွန်းလဲလေ..အန်ကယ်လ်တူမတော်နေလို့သိလား..မဟုတ်ရင်အန်ကယ်လ်ကိုလက်ထပ်ဖို့အသင့်ပဲ'' 

ဆိုပြီးအရွှန်းဖောက်
လိုက်လို့ကျနော့်မှာညစ်နေတဲ့ကြားကပြုံးမိရသေးတယ်.. အငယ်ကောင်ဒွန်းကလဲ 

'' ဒီမှာအန်ကယ်လ် ဒွန်းသာမိုက်ကယ်လ်ဂျပ်ဆင်မဟုတ်ပဲ မက်ဒေါနားဖြစ်နေမယ်ဆိုရင် အန်ကယ်လ်အတွက်ဒွန်းလဲရှိပါသေးတယ်ဗျာ'' တဲ့... 

ဟားဟား..ပြောလည်းပြောတတ်ကြတဲ့ကလေးတွေ.. ရုတ်တရက်အိအိဝင်းနဲ့ယမင်းကျနော်တို့အိမ်ထဲကိုဝင်လာပြီးတော့ 

''ဟုတ်တယ်သီဟ..ငါ့ကိုသာတိုက်ဂါးကြီးpropose လုပ်ထားတာမရှိခဲ့ရင်ငါလဲ နင့်ကိုလက်ထပ်ဖို့ဝန်လေးမှာမဟုတ်ဘူးသိလား..ဘာလို့လဲဆိုတော့နင်ကငြင်းစရာဘာမှမရှိတဲ့
သူမို့လို့ပဲ'' လို့ပြောတော့ယမင်းကလဲ.. 

''သေချာတာပေါ့ကိုသီဟရယ်..တကယ်လို့ယမင်းသာခုလိုမစေ့စပ်ဖြစ်ခဲ့ခင်က 
ကိုသီဟနဲ့တွေ့ခဲ့မယ်ဆိုရင်ကိုသီဟလိုလူမျိုးကို ယမင်းလက်ခံမိမှာပါ.''  

လို့ဝင်ပြောလိုက်တော့ကျနော်က 

'' ဒါဆိုခုစေ့စပ်ထားတာဖျက်လိုက်ပေါ့ယမင်းရယ်'' 

လို့ပြောတော့ ရယ်ချလိုက်ပြီး 

''အဲလိုလေးပြောတာလေးကိုက ယမင်းသဘောကျတာကိုသီဟရယ်.အင်းးကိုသီဟမရှိရင်ယမင်းဘယ်လိုမှနေတတ်တော့မှာမဟုတ်ပါဘူး'' 

လို့ပြောတယ်..  

'' ကိုယ်လဲအဲလိုပါပဲယမင်းရယ်..ယမင်းမရှိရင်ကိုယ်ဒီဘဝကို
ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာတွေးတောင်မတွေးတတ်တော့ပါဘူး'' 

ကျနော်တို့ပြောဆိုနေကြတာမြင်နေရတဲ့အနားကလူတွေအားလုံး မျက်၇ည်တွေဝဲနေကြရတာပေါ့ဗျာ.. ကျနော့်အတွက်ကတော့ဒုတိယမြောက်အသဲကွဲခြင်းပါပဲ....












 

အပြင်မှာဧည့်သည်ရောက်နေတယ်ဆို၍မောင်မောင်စိုး (ယမင်းနှင့်လက်ထပ်မည့်သတို့သားလောင်း) တစ်ယောက်လုပ်လက်စ(ခေတ္တရပ်နားထားသော) Meeting ကိုထားခဲ့ကာဒရောသောပါးပင်ကုမ္ပဏီဧည့်ခန်းမသို့လျှောက်လာခဲ့သည်ပေါ့.. အဲလိုလျှောက်လာနေရင်းမှစိတ်ထဲကနေ

''ဒီလောက်အလုပ်များနေတဲ့အချိန်မှာဘယ်သူများလာရှုပ်ပြန်ပြီလဲမသိပါဘူး'' 

ဟုတွေးတော့ကာမျက်မှောင်ကုတ်ထားလိုက်မိပါတော့သည်..  ယမင်းကတော့ဒီနေ့မင်္ဂလာဆောင်အတွက်ဈေးဝယ်ထွက်ရမယ်မို့ကိုမောင်မောင်စိုးကိုဝင်ခေါ်ရင်း
သူ့ကုမ္ပဏီဧည့်ခန်းမှာထိုင်စောင့်နေတယ်လေ.. ဘယ်သူလာတယ်ဆိုတာကို သူအံ့သြသွားအောင်ကြိုမပြောပဲဒီတိုင်းအကြောင်းကြားခိုင်းလိုက်မိတာမို့ လာမှလာပါ့မလားဆိုပြီးရင်တောင်တဒိန်းဒိန်းခုန်နေလေရဲ့.. ဟော လာပါပြီကိုမောင်မောင်စိုး.. အလိုတော်မျက်မှောင်ကြီးကုတ်လို့ဘာကိုများအလိုမကျဖြစ်နေပြန်ပြီလဲမသိပါဘူးး.. လို့တွေးရင်းအသာအယာပင်ပြုံးပြလိုက်သည်ပေါ့.. 

'' ယမင်းပါလား.. ဘာကိစ္စရှိလို့လဲယမင်း ကိုယ်အစည်းအဝေးလုပ်နေတာမပြီးသေးဘူး..ခုတောင်ဧည့်သည်ဆိုလို့ Break Time မှာခဏထွက်လာရတာ.''
 
'' အာ ကိုစိုးကလဲ..ဒီနေ့ကိုစိုးနဲ့ယမင်းတို့မင်္ဂလာဆောင်အတွက်လိုအပ်တာတွေ နှစ်ယောက်ထဲသွားဝယ်ဖို့ကြိုစီစဉ်ပြီးသားလေ.. မေ့နေပြီလား? '' 

ဆိုပြီးစူစူအောင့်အောင့်မေးလိုက်ပြန်တော့ 

'' ဆော်ရီးယမင်းရယ်..ကိုယ်ဘယ်လိုမှလိုက်လို့မရတော့လို့ပါ.. 
ယမင်းကိုယ်ဟာကိုယ်သာသွားလိုက်ပါနော်ယမင်း..အစည်းအဝေးကအရမ်းအရေးကြီးနေလို့ပါ.'' 

ဆိုပြီးပြောတော့ယမင်းက 

''ဟင်..ဒါဆိုယမင်းတစ်ယောက်ထဲသွားရမှာပေါ့..ဟုတ်လားကိုစိုး? '' 

''အာ..အဲလိုလဲမဟုတ်ဘူးလေ.. သူငယ်ချင်းတစ်ယောက်ယောက်ကိုခေါ်သွားပေါ့..အိတို့..ဘာတို့ကွာ.
ဒါမှမဟုတ်ယမင်းသူငယ်ချင်းသီဟကိုခေါ်သွားပါလားကွာ..နော်ယမင်းးးး ပိုက်ဆံကိုတော့လိုသလောက်သာထုတ်ယူသွားတော့..ကိုယ်ငွေကိုင်ကိုမှာထားလိုက်မယ်...Please နားလည်ပေးပါယမင်းရယ်..'' 

ဆိုပြိးသူပြောချင်တာတွေပြောပြီးတာနဲ့ နှုတ်တောင်မဆက်ပဲအစည်းအဝေးခန်းမထဲအပြေးတစ်ပိုင်းပြန်ဝင်သွားလိုက်တယ်လေ... ယမင်းတော်တော်ဝမ်းနည်းသွားတာပေါ့..ဘယ်တတ်နိုင်မလဲလေ..သူက Busy ဆိုတော့လဲ..

 

''သီဟရေ..မင်းလုပ်နေတဲ့ဥစ္စာဒီနေ့ပြီးပါ့မလားကွာ.. ဒီကားကိုညနေလာယူဖို့ချိန်းထားပြီးပြီနော်..'' 

ဆိုပြီးသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တင်မောင်ကလှမ်းပြောလိုက်တာပါ.. သီဟလည်းသိပါတယ်..ဒီကားရဲ့ပိုင်ရှင်သူဌေးကအင်မတန်ကဂျီကဂျောင်နိုင်တယ်လေ..  ပက်လက်လှန်ပြီးစစ်ဆေးနေတာတော်တော်ကြာလာပြီမို့ခဏနားမယ်ဆိုပြီးကားအောက်ကအထွက် လှပတဲ့ခြေထောက်တစ်စုံကိုတွေ့လိုက်ရတာမို့အပေါ်ကိုမော့ကြည့်လိုက်တော့ယမင်းးး.. 

'' ဘာဖြစ်လို့လဲယမင်း '' 

ဆိုပြီးမေးလိုက်မိတယ်... ဟုတ်တယ်လေ.ခုလိုအလုပ်ထဲလိုက်လာတာအရင်က
ရှိမှမရှိတာ..အခုအကြောင်းတစ်ခုခုရှိလို့သာလိုက်လာတယ်ဆိုတာတော့သီဟလဲရိပ်မိပါတယ်လေ.. 

''ဒီနေ့ယမင်းမင်္ဂလာဆောင်အတွက်ဝယ်စရာလေးရှိလို့ကိုသီဟ.. 
ကိုစိုးကိုသွားခေါ်တော့သူကအရမ်း Busy ဖြစ်နေလို့မလိုက်နိုင်ဘူးဆိုတာနဲ့ကိုသီဟနဲ့ပဲတူတူသွားမယ်ဆိုပြီးကိုသီဟဆီလိုက်လာတာပါ..
ခုတော့ကိုသီဟလည်းအလုပ်များနေတော့..........'' 

''ဘယ်သူပြောလဲကိုယ်အလုပ်များနေတယ်ဆိုတာ.လာသွားမယ်.''  

ဆိုပြီးအထွက် 

'' ဒီပြင်လက်စကားကို ....'' 

''နောက်မှဆက်ပြင်မှာပေါ့ယမင်းရယ်..အရေးမကြီးပါဘူးး'' 

ဆိုပြီးချက်ချင်းထွက်လာခဲ့တော့တာပေါ့..နောက်မှာတော့ တင်မောင်တစ်ယောက်ဗျစ်တောက်ဗျစ်တောက်လုပ်ပြီးကျန်နေခဲ့ပါတော့တယ်.... ဒီလိုနဲ့ကျောက်မျက်ရတနာတန်းက စိန်နားကပ်ဆိုင်တစ်ခုကိုရောက်လာတော့ ယမင်းကဟိုဟာကလေးတက်ကြည့်လိုက် ကျနော့်ကိုလှည့်ပြီးလိုက်မလိုက်ကြည့်ခိုင်းလိုက်...ဒီဟာကလေးတပ်ကြည့်လိုက်။။ ကျနော့်ကိုလိုက်မလိုက်ကြည့်ခိုင်လိုက်နဲ့တော်တော်ပျော်နေတယ်ပေါ့ဗျာ..  
တစ်ချက်တစ်ချက်ကျနော့်ကိုလဲ သူနဲ့လိုက်မယ့်ဟာရွေးပေးခိုင်းနေသေးတယ်.. စုစုပေါင်းအဲဒီနေ့က ကျနော်ရွေးပေးတဲ့နားကပ်နှစ်ရံ၊ သူကြိုက်တယ်ဆိုတဲ့ဆွဲကြိုး
အားလုံးစိန်တွေချည်းပဲ..ဝယ်ဖြစ်သွားတယ်လေ... အင်းလေ...ကိုမောင်မောင်စိုးကသူဌေးဆိုတော့လည်းဝယ်နိုင်တာပေါ့ဗျာ.. အဲလိုစဉ်းစားမိတော့လဲယမင်းအတွက်ကြည်နူးမိသလိုလိုပေါ့.. ကျနော်ကအဲလောက်မပြည့်စုံဘူးလေ..
ပစ္စည်းတွေအတွက်ကျသင့်ငွေရှင်းနေတုန်း ကျနော်ကတခြားမှန်ဘောင်ထဲမှာပြထားတဲ့တယောပုံစံရွှေအစစ်နဲ့လုပ်ထားတဲ့နာရီလေးကို သဘောကျပြီးဆိုင်ရှင်ကိုဈေးမေးကြည့်တော့ဈေးက 

'' $#### ''တဲ့...

  ဒါနဲ့အသာလေးပြန်လှည့်လိုက်တာပေါ့..ယမင်းကအဲဒီအချိန်မှာကျနော့်နားကိုရောက်လာပြီး 

'' ကိုသီဟကိုမေးရဦးမယ်..ဟိုနေ့ကကော်ဖီဆိုင်မှာကိုသီဟပြောတဲ့ ကိုသီဟချစ်တယ်ဆိုတဲ့ကောင်မလေးလေ..ခုကိုသိဟတို့အခြေအနေဘယ်လိုလဲ? ယမင်းလဲကိုသီဟတို့အိမ်လာတော့မှအစအဆုံးမေးတော့မယ်ဆိုပြီး ဖိတ်စာလာပေးတာနဲ့မင်္ဂလာဆောင်ကိစ္စတွေနဲ့လုံးထွေးပြီး
မေ့နေတာ..ခုမှသတိရတယ်...ပြောပါဥိးကိုသီဟ...'' 

လို့မေးလာတော့.. ကျနော်စွံ့အသွားတာပေါ့ဗျာ..ကျနော်ဘယ်လိုဖြေရမလဲ... ကျနော်ဘယ်လိုဖြေရမလဲ.. နောက်ဆုံးတော့မထူးတော့ဘူးဆိုပြီး 

''သူလည်းတခြားတစ်ယောက်နဲ့စေ့စပ်လိုက်ပါပြီယမင်း'' 

ဆိုပြီး မျက်နာလွှဲပြီးဖြေလိုက်တော့တာပေါ့ဗျာ... 

''ယမင်းမေးမိတာစိတ်မကောင်းပါဘူးကိုသီဟ'' 

''ရပါတယ်ယမင်း ကိုယ့်ကံပဲပေါ့..ဒါပေမယ့် ကျနော်ကတော့ပျော်ပါတယ်.. ဘာလို့လဲဆိုတော့အရင်တစ်ခါလိုကြိုလုပ်မိတဲ့အတွက်ကုန်ကျတဲ့ငွေတွေလည်းမကုန်ရဘူး၊ နောက်ပြိးတော့ဘုရားကျောင်းကလည်းတစ်ယောက်ထဲပြန်မလာရတော့ဘူးပေါ့..''
 
ဆိုပြီးအရင်ခင်လေးနွယ်နဲ့ပျက်သွားခဲ့တဲ့အကြောင်းကိုရည်ရွယ်ပြီး သူစိတ်မထိခိုက်အောင် ဟာသသဘောနဲ့ပြောလိုက်မိတော့ ယမင်းက 

''စိတ်မပူပါနဲ့ကိုသီဟရယ်..ယမင်းလေ ကိုသီဟအတွက်လိုက်ဖက်မယ့်မိန်းကလေးတစ်ယောက်ကိုအမြန်ဆုံးရှာပေးမှာပါ '' 

လို့ပြန်နှစ်သိမ့်တယ်လေ.. 

''ယမင်းက ကိုယ့်အတွက်မိန်းကလေးရှာပေးမလို့ ဟုတ်လား ? '' 

လို့ကျနော်ကမေးတော့ 

'' အင်းလေ..ဒါပေမယ့်ကိုသီဟက ဘယ်လိုမိန်းကလေးမျိုးကိုကြိက်နှစ်သက်သလဲဆိုတာတော့ပြောထားပေါ့..ဒါမှယမင်းရှာရလွယ်မှာပေါ့'' 

ဆိုပြီးပြောတော့ကျနော်ကနီးရာမှန်ဘောင်ပေါ်မှာတင်ထားတဲ့
မှန်တစ်ချပ်ကိုယူလိုက်ပြီး 

''ကိုယ့်အတွက်ဒီလိုမိန်းကလေးမျိုးပဲရှာပေးပါ'' 

လို့ပြောပြီးမှန်ကိုပြလိုက်တော့မှန်ထဲမှာပေါ်လာတဲ့ သူ့မျက်နာကိုသူပြန်ကြည့်ရင်း ယမင်းတစ်ယောက်ကျနော့်ကိုကြည့်လိုက်မှန်ကိုကြည့်လိုက်နဲ့တွေဝေသွားပါတော့တယ်.......






ဒါလိုနဲ့ကိုမောင်မောင်စိုးကသူ့မင်္ဂလာဆောင်အတွက်အကြိုပါတီပွဲတစ်ခုကို သူ့ခြံကျယ်ကြီးထဲမှာပဲပေးပါတယ်. အဲဒီပါတီပွဲမှာကျနော်ရယ်၊ တိုက်ဂါးရယ်..အိအိဝင်းရယ်.ယမင်းရယ်..ကိုမောင်မောင်စိုးရယ်အားလုံးတစ်စားပွဲထဲထိုင်ဖြစ်ကြတာပေါ့.. ခဏနေကြတော့ကိုမောင်မောင်စိုးရဲ့သူငယ်ချင်းတစ်ယောက်လာခေါ်လို့သူတို့နဲ့လိုက်ပါသွားတယ်လေ.. ပြီးတော့တိုက်ဂါးကလဲအိအိဝင်းလက်ကိုအသာဆွဲပြီး ကနေကြတဲ့စုံတွဲတွေကြားကိုတိုးဝင်သွားပါတော့တယ်.ဒီတော့ကျနော်တို့ဝိုင်းမှာ ယမင်းရယ်၊ကျနော်ရယ်ပဲကျန်တော့တယ်လေ.. ကျနော်ကအရက်ခွက်ကိုကိုင်ပြီးမော့သောက်တော့မလို့လုပ်တော့
 
''မသောက်ပါနဲ့လားကိုသီဟရယ်..'' 

ဆိုပြီးအရက်ခွက်ကိုင်ထားတဲ့ကျနော့်လက်ကို ယမင်းကလှမ်းဆွဲလိုက်တယ်လေ.. ကျနော်လည်းယမင်းကိုသေသေချာချာကြည့်လိုက်ပြီး 

''ကိုယ့်ကိုတားဖို့အခွင့်အရေးယမင်းမှာမရှိဘူးလေ.ကိုယ်နဲ့ယမင်းကဘာမှမပက်သတ်ထားပါဘူး ..ကိုယ်သောက်ပါရစေ ''  

လို့ပြောတော့ 

''ကိုသီဟက ယမင်းရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတစ်ယောက်ကိုတားဖို့တော့ယမင်းမှာအခွင့်အရေးရှိနေတယ်လို့ထင်ပါတယ်'' တဲ့.... 

စသည်အားဖြင့် ကျနော်တို့နှစ်ယောက်အချီအချပြောနေကြတာခပ်လှမ်းလှမ်းမှာ ကနေကြတဲ့တိုက်ဂါးတို့စုံတွဲကလှမ်းမြင်သွားတယ်လေ..
 
''တွေ့လားအိ..ယမင်းနဲ့သီဟတို့ကြားမှာ လူတွေမမြင်နိုင်တဲ့ဆက်သွယ်မှု့တစ်မျိုးရှိနေတယ်လို့မထင်ဘူးလားဆိုပြီး'' 

ကျနော့်လက်ကိုအပေါ်ကခပ်ဖွဖွအုပ်ကိုင်ထားတဲ့ပုံစံဖြစ်နေတဲ့ 
ကျနော်နဲ့ယမင်းရဲ့အခြေအနေကိုမေးငေါ့ပြပြီး မေးတော့. 

'' ရှင်ကလဲလေ   ယမင်းကမကြာခင်ပဲကိုမောင်မောင်စိုးနဲ့လက်ထပ်တော့မယ့်ဟာကို ..ကိုသီဟနဲ့အဲလိုဖြစ်နိုင်ပါ့မလား.'' 

ဆိုပြီးတိုက်ဂါးကိုအိကပြန်ပြောလိုက်တယ်လေ..

''ဒါဆိုကိုယ်ပြောတာမယုံရင် မင်းသွားပြီးသီဟ ကိုမင်းနဲ့တူတူတွဲကဖို့သွားခေါ်လာခဲ့.. ကိုယ်ခဏရှောင်ပေးမယ်..ဒီလိုဆိုရင်သီဟကိုယမင်းကဘယ်လိုတုန့်ပြန်မလဲဆိုတာမင်းသိရမှာပေါ့.'' 

လို့ပြောတော့အိက
လည်းချက်ချင်း ကျနော့်ကိုလာခေါ်တော့တာပေါ့ဗျာ.. အဓိက ကတော့ယမင်းရင်ထဲမှာဘာတွေရှိလဲဆိုတာအိနဲ့တိုက်ဂါးသိချင်တာပေါ့လေ.. ကျနော်ကယမင်းကိုချစ်နေတာတော့သူတို့သိထားကြပါတယ်..
ဒါနဲ့ကျနော်နဲ့အိနဲ့တူတူကကြတော့တာပေါ့ဗျာ..ကျနော်ကိုယ်တိုင်လည်းတိုက်ဂါးတို့အကြံကိုမရိပ်မိပါဘူးး အိလာခေါ်နေလို့သာမငြင်းကောင်းလို့လိုက်သွားမိတာပါ.. ကျနော်တို့အဲလိုပွတ်သိးပွတ်သပ်ကနေတာကိုမြင်နေတော့ယမင်းက ခုနကကျနော့်ကိုမသောက်ဖို့တားနေတဲ့အရက်ခွက်တွေကို သူကိုယ်တိုင်ကျနော်တို့ကနေတာကိုကြည့်လိုက် မော့လိုက်နဲ့သောက်နေတာများဗျာ.. တိုက်ဂါးကတော့လုံးဝသဘောပေါက်သွားပြီလေ.. ပထမတော့ကျနော်လဲသူအရက်တွေသောက်နေတာမမြင်ပါဘူး နောက်မှအိက ပြတော့မှမြင်လိုက်တာပေါ့..ဒါနဲ့ချက်ချင်းယမင်းအနားကိုရောက်တော့မူးနေပြီး
ကယောင်ချောက်ခြားတွေပြောနေတဲ့ယမင်းကိုအိအိဝင်းနဲ့ကျနော်တွဲပြီးအိမ်ကိုလိုက်ပို့လိုက်ပါတော့တယ်ဗျာ..





ခေတ္တနားပါရစေ.. မနက်ဖြန်ဇာတ်သိမ်းပိုင်းကိုရေးနိုင်ဖို့ကြိုးစားမယ်လို့ပြောပါရစေ..  စောင့်မျှော်ဖတ်ရှု့ပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေလို့ကျနော်ချင်းကလေးမှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ.. 
ခင်မင်လေးစားစွာဖြင့်

ချင်းကလေး



0 Responses
abcs