ချစ်မိသွားပါသဖြင့် ၃

ဖုံးထဲကနေ ရော်ကီလေးကို နမ်းနေတဲ့ကောင်မလေးကိုကြည့်ပြီးကျနော်ရယ်ချင်လိုက်တာဗျာ.. 
သူပြောနေတဲ့ ရော်ကီဆိုတာကိုတော်တော်ချစ်ပုံရတယ်.. ဟိုကဘာပြန်ပြောလဲတော့ကျနော်မကြားရလို့မသိပါဘူး၊ဒါပေမယ့်ကလေးသူခိုးမလေး ပြောပုံဆိုပုံကိုကြည့်ရတာတော်တော်တော့ချစ်မယ့်ပုံမျိုး....ဧည့်ခန်းမှာထိုင်ပြီးစာဖတ်နေတဲ့ဟာ သူ့ကိုကြည့်ပြီးရယ်ချင်လာတာနဲ့ဖတ်လက်စစာအုပ်ကိုဘေးချထားလိုက်မိတော့တယ်..
ခဏကြာတော့မှ ပြောလို့ပြီးသွားတယ်ထင်ပါရဲ့ဖုံးကိုပြန်ချလိုက်ပြီး .............










''ကဲ..ဆိုပါဦးအိရယ်.နင်ဝါသနာပါတဲ့သရုပ်ဆောင်အလုပ်ကော..ဘယ်လိုလဲ?..ဖြစ်ဖို့နီးနေပြီလား?''

''အမလေး..ငါ့အကြောင်းခဏထားလိုက်ပါ.. နင့်အကြောင်းပဲပြောပါ..ဘယ်လိုလဲ? ငါ့ဆီကိုလာတာအလုပ်လာရှာဖို့သက်သက်ပဲလား? တခြားဘာများရှိသေးလဲ? ပြောပါဦးယမင်း....။''

''မာမီက ငါ့ကိုအိမ်ထောင်ချပေးချင်နေပြီဟ.. အဲဒါနင်သိတဲ့အတိုင်းပဲလေ၊
ငါကမာမီစကားမပယ်ရှားချင်တာနဲ့  (မာမီရယ်.သမီးမာမီပြောတာလက်ခံပါတယ်.
ဒါပေမယ့်ခုလောလောဆယ်တော့မစီစဉ်ပါနဲ့ဦးနော်.. သမီးအလုပ်တစ်ခုခုလုပ်ပြီး ကိုယ့်ကိုယ်ကိုရပ်တည်နိုင်ဖို့ကြိုးစားကြည့်ချင်သေးတယ်. ပြီးမှမာမီသဘောတူတဲ့လူနဲ့စီစဉ်ချင်တယ်ဆိုရင်လည်းသမီးလက်ခံပါတယ်မာမီရယ်.
သမီးကိုအဲဒီအခွင့်အရေးလေးတော့ ပေးပါနော်မာမီ) လို့မာမီကို အတင်းပူဆာပြီးနင့်ဆီ ခုလိုထွက်လာခဲ့တာပေါ့ အိရယ်.''

''အင်းပါ ယမင်းရယ်..ငါနင့်ကိုအတတ်နိုင်ဆုံးကူညီမှာပါ... ငါတို့တွေကငယ်ငယ်ကတည်းက
တူတူကြီးလာကြတာဆိုတော့ ဘာမှအားမနာပါနဲ့နော်... ပြောစရာ၊အားနာစရာလူတွေမှမဟုတ်တာ. နင်လိုတာရှိလဲအချိန်မရွေးပြောပေါ့ ယမင်း..သိလား''

အဲလိုပြောဆိုနေကြတုန်းမှာပဲ..

''ဟဲ့ အိအိရေ..နင်တို့အိမ်ကဖုံးများပျက်နေလား?''

ကျနော်ကအိမ်ရှေ့ထွက်ပြီးတူတူထိုင်စကားပြောနေကြတဲ့အိအိဝင်းနဲ့ယမင်းတို့ကို လှမ်းမေးလိုက်တာပါ.. ဒီတော့အိအိဝင်းက ကျနော့်ကိုလှမ်းကြည့်ပြီး

''ဘာလို့လဲ သီဟ?''

''ဒီမှာနင့်သူငယ်ချင်းကလေးသူခိုးဆီ နယ်ကဖုံးလာနေလို့ပါ..သူ့မာမီလို့ပြောတာပဲ''

''ဟယ် မာမီတဲ့..အိ ငါသွားပြောလိုက်မယ်နော်''

''အေးအေး သွားလေယမင်း''
မာမီဆိုတာနဲ့ သူ့ကိုကလေးသူခိုးလို့ခေါ်လိုက်တာတောင်စိတ်မဆိုးနိုင်တော့ပဲ ပြေးပြီးအိမ်ထဲဝင်ဖုံးလာပြောနေတယ်လေ...





''ဟယ်လို မာမီ..မာမီနေကောင်းလား?''
''ဟယ်လို သမီးလား..အေးကွယ်မာမီနေကောင်းပါတယ်.. သမီးကရောက်သွားတာဖုံးမဆက်လို့ စိတ်ပူပြီး မာမီဆက်လိုက်တာပေါ့..နေရတာအဆင်ပြေရဲ့လားသမီးလေး?''
''ဟုတ်ကဲ့မာမီ.....အားလုံးအဆင်ပြေပါတယ်.. ဒါနဲ့ ရော်ကီလေးရော...သမီးသူ့ကိုသတိရလိုက်တာမာမီရယ်....''
''အေး.ဒီမှာရှိပါတယ်ရော်ကီ..ရော့ပြောလိုက်ဥိး''
''ဟိုင်း ရော်ကီ..အသဲရေ.. sweet heart ရေ.. ဘေဘီရေ..နေကောင်းသလားဟေ့.. Muanhhhhhhhhhhhhhhhhhhhhhhhhhhhhh''
ဖုံးထဲကနေ ရော်ကီလေးကို နမ်းနေတဲ့ကောင်မလေးကိုကြည့်ပြီးကျနော်ရယ်ချင်လိုက်တာဗျာ.. သူပြောနေတဲ့ ရော်ကီဆိုတာကိုတော်တော်ချစ်ပုံရတယ်.. ဟိုကဘာပြန်ပြောလဲတော့
ကျနော်မကြားရလို့မသိပါဘူး၊ဒါပေမယ့်ကလေးသူခိုးမလေးပြောပုံဆိုပုံကိုကြည့်ရတာတော်တော်တော့
ချစ်မယ့်ပုံမျိုး.... ဧည့်ခန်းမှာထိုင်ပြီးစာဖတ်နေတဲ့ဟာ သူ့ကိုကြည့်ပြီးရယ်ချင်လာတာနဲ့ ဖတ်လက်စစာအုပ်ကိုဘေးချထားလိုက်မိတော့တယ်..
ခဏကြာတော့မှ ပြောလို့ပြီးသွားတယ်ထင်ပါရဲ့ဖုံးကိုပြန်ချလိုက်ပြီး ကျနော်ထိုင်နေတဲ့ဆိုဖာခုံရဲ့မျက်နာချင်းဆိုင်မှာလာထိုင်ပါတယ်..ပြီးတော့ကျေးဇူးတင်တယ်လို့တိုးတိုးလေး
ပြောနေသေးတယ်လေ.ဒါနဲ့ကျနော်က 

''အင်း.. ရပါတယ်ဗျာ.. ဒါနဲ့ခင်ဗျားမာမီနေကောင်းတယ်မလား'' ဆိုပြီးမေးတော့ 

''ဟုတ်ကဲ့ကောင်းပါတယ်ရှင်''
''ရော်ကီကော?'' လို့ထပ်မေးတော့သူက 

''ဟုတ်ကဲ့ ရော်ကီလဲနေကောင်းပါတယ်.. သူကလေသိပ်ချစ်ဖို့ကောင်းပါတယ်..'' 

ဆိုပြီးသူ့ရော်ကီလေးကို အမွှန်းတင်လိုက်သေးတယ်လေ..
''အင်းပါ..ခင်ဗျားဖုံးပြောနေတာကျနော်မြင်ပါတယ်..တော်တော်ချစ်တယ်နော်ရော်ကီ့ကို'' သူကပြုံးပြီးတော့ 

''အရမ်းကိုချစ်ဖို့ကောင်းလို့ပါရှင်''လို့ပြောတယ်လေ..
ကျနော်ကလဲအဆင့်တက်ပြီး 

''အိုခေ..ဒါဆိုအဲဒီရော်ကီက ဘာအလုပ်တွေလုပ်လဲပြောပြပါဥိးဗျာ..'' 

လို့မေးတာပေါ့....သူကချက်ချင်း

''ဟင့်အင်း ရော်ကီက ဘာမှမလုပ်ပါဘူးးစားတယ်သောက်တယ်..ကျမနဲ့
တူတူဆော့တယ်'' ဒီလိုဖြေလိုက်တယ်.. ဒီတော့ကျနော်က 

''အိုးးး တော်တော်ကံကောင်းတဲ့ရော်ကီပါလားး ကျနော်တောင်ရော်ကီဖြစ်ချင်လာပြီ'' 

လို့ပြောလိုက်တော့သူကရယ်နေတယ်လေ..။
''ဟုတ်တာပေါ့..သူကကံကောင်းတဲ့ရော်ကီပါ'' ဆိုပြီးပြန်ပြောတယ်ဗျ..ပြီးတာနဲ့တဆက်တည်း 

''ရှင်မသိလို့နော်..ကျမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ထိချစ်ကြသလဲဆိုရင်
ညဆိုတူတူပဲအိပ်တယ်လေ.'' 

ဒီလိုပြောလိုက်သေးတော့ ကျနော်လန့်ပြီးမျက်လုံးတွေဘာတွေတောင်ပြူးကျယ်လာလိုက်သလိုပဲ..

''ဘာ..ဘယ်လို ? တူတူအိပ်ကြတယ်.ဟုတ်လား?'' 

''ဟုတ်တယ်လေ''
''ခင်ဗျားမာမီကအဲလိုတူတူအိပ်တာဘာမှမပြောဘူးလား?'' 

''ဟင့်အင်းဘာမှမပြောပါဘူးး ဘာလို့မာမီကပြောရမှာလဲရှင်''
''အိုးးးးးးး  မော်ဒန်မိသားစုပဲ'' လို့ပဲကျနော်ပြောမိတော့တယ်ဗျာ..သူကလဲခေါင်းညိမ့်ပြီး 

''ဟုတ်ကဲ့ပါ..ကျမတို့ကနယ်မှာနေတယ်ဆိုပေမယ့် မိသားစုကတော့မော်ဒန်ဆန်ပါတယ်''
''အင်းဟုတ်ပါပြီ.ခုခင်ဗျားဒီမှာလာနေတော့ရော်ကီခမျာတော်တော်ပျင်းနေမှာပဲနော်?''  လို့မေးတော့သူက 

''ဟင့်အင်း မပျင်းနေပါဘူး..ဘာလို့လဲဆိုတော့ ခုသူကမာမီနဲ့တူတူအိပ်တယ်လေ''
ခုနကမျက်လုံးပြူးကျယ်လာရုံမကတော့ဘူး...ခုကျနော့်ပါးစပ်ပါအံ့သြလွန်းလို့ ဟ တောင်လာပြီဗျာ.. စိတ်ထဲကလဲ ''ဘယ်လို system ကြီးပါလိမ့်''ဆိုပြီးစဉ်းစားနေမိတာပေါ့.....။
''အဲလိုရော်ကီကခင်ဗျားမေမေနဲ့တူတူနေတာကိုရောခင်ဗျားသဘောတူနေတာပေါ့..ဟုတ်လား?''

လို့ဆက်မေးတော့ သူလေးကပြန်ပြိး 

''ကျမကဘာလို့ကန့်ကွတ်ရမှာလဲရှင်ကြီးကလဲ..'' 

ဆိုပြီးနှုတ်ခမ်းလေးဆူပြိးကျနော့်ကိုပြန်ပြောတယ်လေ...ဒါနဲ့ပဲကျနော်က 

''အိုးးးးးး အိုးး တော်တော်မော်ဒန်ဆန်တဲ့မိသားစုလေးပါလားနော်''လို့ပြောတော့ သူက နားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ကျနော့်ကိုကြည့်ပြီးတော့ 

''အဲတာနဲ့ကျမတို့ မိသားစုမော်ဒန်ဆန်တာနဲ့ဘာများဆိုင်လို့လဲရှင်..
တခါတလေဆိုကျမတို့သုံးယောက်တူတူတောင်အိပ်ကြသေးတယ်..ပျော်စရာကြီး'' 

လို့ပြန်ပြောတော့ 

''အွန့်'' 

ဆိုပြီးလက်ထဲက လက်ကိုင်ဖုံးလေးတောင်လွတ်ကျသွားမိတယ်လေ..
တတ်လည်းတတ်နိုင်တဲ့မော်ဒန်မိသားစုပါလားလို့လဲတွေးလိုက်မိရင်းပေါ့..... 

''ဒါ..ဒါဆိုအဲဒီရော်ကီက ခင်ဗျားတို့နှစ်ယောက်ထဲကဘယ်တစ်ယောက်ကို ပိုပြီးချစ်တယ်လို့ပြောလဲဗျာ'' 

လို့မေးတော့သူက ခါးပေါ်မှာလက်ထောက်ပြီး 

''သူကဘယ်လိုလုပ်ပြောတတ်မှာလဲရှင်ရယ်..သူကခွေးတစ်ကောင်ဆိုတော့ စကားမှပြောမတတ်တာ'' 

လို့ပြောပြီးစိတ်ဆိုးမာန်ဆိုးနဲ့ ၊ နောက်ပြိး ကျနော့်ကိုလဲ
(ဘယ်လိုအူကြောင်ကြောင်လူလဲဆိုတဲ့ပုံမျိုးနဲ့) 
သေသေချာချာကြည့်ပြီးထွက်သွားပါလေရော.... သူ့နောက်ဆုံးစကားကိုကြားတော့မှ ကျနော်ထိုင်နေတဲ့ဆိုဖာပေါ်ကနေပြုတ်ကျတော့မလို့ဖြစ်သွားရသေးတယ်လေ..။
တော်သေးတာပေါ့..ရှင်ကဘာတွေတွေးနေလို့ကျမနဲ့ရော်ကီကိုဘယ်လိုမျိုးတွေထင်နေလို့ ခုလိုမေးနေရတာလဲ..ဘာညာဘာညာ ရစ်မသွားတာပဲကျေးဇူးတင်ရဥိးမယ်.. ကျနော့်စိတ်ထဲကအတွေးတွေသာသိသွားရင်သူဘယ်လိုဆွေ့ဆွေ့ခုန်သွားမလဲဆိုတာ 
စဉ်းစားမိပြီး ကျောတောင်ချမ်းလာသလိုလိုပဲလေ....   

''ငါ့နှယ်နော်...''






ဒီလိုနဲ့ယမင်းကကျနော့်မမကြီးဆီလာလာပြီးစားချင်တာတွေလုပ်စားလိုက်..အပြင်ကိုတူတူသွားလည်လိုက်နဲ့ ကျနော်လည်းယမင်းနဲ့တော်တော်ရင်းနှီးလာတယ်ပေါ့ဗျာ.. 
တစ်ရက်မှာတော့သူကဆိုင်းမဆင့်ဗုံမဆင့်ကျနော့်ကိုမေးခွန်းတစ်ခုမေးလာတယ်ဗျ.
'' ကိုသီဟကိုတစ်ခုလောက်မေးချင်တယ်..မေးလို့ရမလားဟင်? ''
'' ဟုတ်ကဲ့ မေးပါဗျာ ဘာများလဲ ''
'' သြော် တခြားမဟုတ်ပါဘူး.. ခုကိုသီဟချစ်နေတဲ့ မခင်လေးနွယ်ကို ကိုသီဟဘယ်လိုပုံစံမျိုးချစ်ခွင့်တောင်းခဲ့လို့ ခုလိုချစ်သူတွေဘဝရောက်လာတာလဲဆိုတာသိချင်မိလို့ပါ ''
ကျနော်ဘယ်လိုဖြေရမလဲလို့ ကိုယ့်ကိုယ်ကိုစဉ်းစားရင်းနဲ့ပဲ ..
''ဒီလိုဗျ..ကျနော်သူ့ကိုစပြီးProposeလုပ်တုန်းကပေါ့..အဲဒီတုန်းကကျနော်တို့တက္ကသိုလ်ဘောလုံးကွင်းထဲ
သူ့ကို ကျနော်ခေါ်သွားလိုက်တယ်လေ..။စိမ်းလန်းနေတဲ့ဘောလုံးကွင်းထဲကမြတ်ခင်းလေးတွေကို
ကျော်ဖြတ်ပြီးတော့ အထူးတန်းပွဲကြည့်စဉ်ဆီကိုခေါ်သွားခဲ့တာပေါ့.. ကျနော့်မှာအကြံကလည်းရှိနေတယ်ဆိုတော့အဲဒီနေရာကိုမခေါ်သွားလို့မဖြစ်ဘူးလေ.. မဟုတ်ရင်ကျနော်မျှော်လင့်နေတဲ့ သူ့အချစ်တွေကိုရနိုင်ဖို့ဆိုတာမလွယ်လို့ပါ..
တမျိုးမထင်ပါနဲ့ဦးလေ.. ကျနော်ပြောတာအဆုံးထိနားထောင်ပါဦး '' 

ဆိုပြီးပဏာမပြောပြလိုက်တော့ ယမင်းဘာကိုတွေးမိသွားလဲမသိဘူး 
မျက်နာကရှက်လို့နီလာသလို ရဲတက်လာတယ်လေ..
ဒါကြောင့်အဓိပ္ပါယ်တစ်မျိုးထင်မလာရအောင်စကားဖြတ်ပြောလိုက်တာပါ...

'' ဟုတ်ကဲ့ ပြောပါရှင်.'' 

ဆိုပြီး ကျနော့်စကားကိုဆက်ပြောဖို့ထောက်ပေးပါတယ်..။





မနက်ဖြန်မှဆက်ရေးခွင့်ပြုပါနော်.. မျက်လုံးနာလာလို့ပါ.. ကျေးဇူးတင်ပါတယ်.. 

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs