မေမေ

သားတို့ဝမ်းမနည်းအောင်အမြဲတမ်း
တတ်နိုင်ခဲ့တဲ့မေမေရယ်..
မေမေဝမ်းမနည်းအောင်သားတို့
ဘာမှလုပ်မပေးတတ်ခဲ့တာ
ရင်အနာရဆုံးပါမေမေ.........။


 T    e       H   E   r     Y











ဖြူစင်ခြင်းနဲ့အတိပြီးနေတဲ့မေမေ
နွေးထွေးခြင်းဆိုတာလည်းမေမေ့ရဲ့မေတ္တာပဲနော်
အဲလိုနွေးထွေးခြင်း၊ဖြူစင်ခြင်းဆိုတဲ့
မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့
မေမေ့မျက်ဝန်းတွေထဲမှာ
မှုန်မှိုင်းရီဝေနေတာ သားအပြစ်မကင်းခဲ့ပါဘူးမေမေ......။


အနားမှာမေမေရှိတုန်းကတော့
ထုံမွှမ်းနေတဲ့မေမေ့မေတ္တာတွေနဲ့ အတူ
သားတို့ကို တဖွဖွ၊လိမ္မာအောင်ဆိုပြီး
ပြောဆိုဆုံးမ၊ ပဲ့ပြင်ခဲ့တာ
ခုအနားမှာမေမေမရှိတော့မှ
သားနားလည်လာခဲ့ပြီမေမေ......။










မောပန်းစွာနဲ့အိမ်ပြန်လာတဲ့သားး
ဆာနေရှာရော့မယ်ဆိုပြီး
ခူးခပ်ကျွေးမွေး အဆင့်သင့်ပြင်ထားတတ်တဲ့
မေမေ့ရဲ့အကြင်နာကမ္ဘာလေး
သားပျောက်ဆုံးခဲ့တာ ခုဆိုကြာလှပေါ့
မေမေရယ်..............။


သန္ဓေတည်ချိန်ကစဒီနေ့ထိ
သားကိုပေးခဲ့တဲ့ မေမေ့မေတ္တာတွေကို
နားလည်ဖို့ထားပါဦးမေမေရယ်..
စဉ်းတောင်မစဉ်းစားခဲ့တာ သားမိုက်
ကျနော်ချင်းလေးပါမေမေ.......။


မေမေ့အသံမကြားရတော့မှ.....
မေမေ့အရိပ်မမြင်ရတော့မှ......
ရင်ကိုအေးစေတဲ့ မေမေ့ရဲ့
ကြည်လင်တောက်ပပြီး..
မင်္ဂလာကျက်သရေရှိတဲ့ မျက်နာလေးကို
သားမောင်လွမ်းလိုက်တာ မေမေရယ်.......။










ငယ်ငယ်တုန်းက ချွေးဆို့နေတဲ့
မေမေ့နဖူးပြင်လေးကို နမ်းဖို့
သားကြောက်လန့်ခဲ့တယ်ဆိုတာ
ရှက်ရှက်နဲ့ဝန်ခံပါတယ်ဗျာ..
ခုတော့ ဆို့နေတဲ့မေမေ့ချွေးတွေဟာ
သားတို့ဒီဘဝရောက်အောင်
ရုန်းကန်ခဲ့ရလို့ဆိုတာ သားမိုက်ကြီး
ကျနော်သိလိုက်ပါပြီ........။


သားတို့ဝမ်းမနည်းအောင်အမြဲတမ်း
တတ်နိုင်ခဲ့တဲ့မေမေရယ်..
မေမေဝမ်းမနည်းအောင်သားတို့
ဘာမှလုပ်မပေးတတ်ခဲ့တာ
ရင်အနာရဆုံးပါမေမေ.........။


ကိုယ့်အစာကိုကိုယ် ရှာစားတဲ့အတတ်မှာ
ကျနော်တော်ကောင်းတော်နိုင်ပါတယ်..
(ဒါကလဲမေမေ့အသွန်သင်တွေကြောင့်ပါ)
ကြက်ပေါက်စလေးတွေလိုပေါ့....
ဒါပေမယ့်မိခင်ကြက်မကြီးက
နွေးနွေးထွေးထွေးနဲ့ လုံလုံခြုံခြုံ
ဝပ်မပေးခဲ့ရင် အဲဒီကြက်ပေါက်စလေးတွေ
ရင့်မာတဲ့ကြက် မဖြစ်လာနိုင်သလိုပါပဲ....
ခွေးတွေကြောင်တွေရဲ့အစာဖြစ်သွားမှာ
သေချာလှပေါ့မေမေရယ်...
မေမေသာမရှိခဲ့ရင်
ကျနော်ဒီလို တောက်ပြောင်လာမှာမဟုတ်ပါဘူး
မေမေရယ်.....။










ငယ်ငယ်တုန်းက ချွေးဆို့နေတဲ့
မေမေ့နဖူးပြင်လေးကို နမ်းဖို့
သားကြောက်လန့်ခဲ့တယ်ဆိုတာ
ရှက်ရှက်နဲ့ဝန်ခံပါတယ်ဗျာ..
ခုတော့ ဆို့နေတဲ့မေမေ့ချွေးတွေဟာ
သားတို့ဒီဘဝရောက်အောင်
ရုန်းကန်ခဲ့ရလို့ဆိုတာ သားမိုက်ကြီး
ကျနော်သိလိုက်ပါပြီ........။


သားတို့ဝမ်းမနည်းအောင်အမြဲတမ်း
တတ်နိုင်ခဲ့တဲ့မေမေရယ်..
မေမေဝမ်းမနည်းအောင်သားတို့
ဘာမှလုပ်မပေးတတ်ခဲ့တာ
ရင်အနာရဆုံးပါမေမေ.........။


ကိုယ့်အစာကိုကိုယ် ရှာစားတဲ့အတတ်မှာ
ကျနော်တော်ကောင်းတော်နိုင်ပါတယ်..
(ဒါကလဲမေမေ့အသွန်သင်တွေကြောင့်ပါ)
ကြက်ပေါက်စလေးတွေလိုပေါ့....
ဒါပေမယ့်မိခင်ကြက်မကြီးက
နွေးနွေးထွေးထွေးနဲ့ လုံလုံခြုံခြုံ
ဝပ်မပေးခဲ့ရင် အဲဒီကြက်ပေါက်စလေးတွေ
ရင့်မာတဲ့ကြက် မဖြစ်လာနိုင်သလိုပါပဲ....
ခွေးတွေကြောင်တွေရဲ့အစာဖြစ်သွားမှာ
သေချာလှပေါ့မေမေရယ်...
မေမေသာမရှိခဲ့ရင်
ကျနော်ဒီလို တောက်ပြောင်လာမှာမဟုတ်ပါဘူး
မေမေရယ်.....။










မေမေကောင်းရာသုဂတိလားပါစေ...
မေမေကောင်းရာသုဂတိလားပါစေ...
 မေမေကောင်းရာသုဂတိလားပါစေ...
မေမေကောင်းရာသုဂတိလားပါစေ...
မေမေကောင်းရာသုဂတိလားပါစေ... 
  



၁၈.၄.၂၀၀၄တွင်ဘဝတစ်ပါးသို့ကူးပြောင်းသွားသော

ချစ်မေမေဒေါ်ရီရီအား လွမ်းဆွက်ခြင်းများစွာဖြင့်..

အမေများနေ့တွင် ရေးသားသီကုံးပါသည်..။







ခင်မင်လေးစားစွားဖြင့်

ချင်းကလေး
0 Responses
abcs