အရောင်ရင့်ရင့်အမုန်းများ ၆ (ဇာတ်သိမ်း)

အဖိုးလုပ်တဲ့သူက 
''ငါတို့အားလုံးမြေးမလေးကိုမေးကြည့်ပြိးပြီ၊ 
သူကပြောတော့မင်းနဲ့ခင်ယုံပဲခင်တာပါတဲ့၊လက်ထပ်ထားတယ်ဆိုတာသူ့ရဲ့ခင်မင်မှု့ကိုမင်းက
အလွဲသုံးစားလုပ်ပြီးသူသိက္ခာကျအောင်ပြောနေတာပါတဲ့..ဒီတော့မင်းဘာပြောချင်သလဲ..''

• • • • • • • • • • • • • • • • • • • •








ကျနော်နဲ့တွေ့ဖြစ်တော့လည်းတမျိုး....

''ညီမလေးကိုကွာရှင်းပေးပါကိုကြီး'' တဲ့..။

'' ဘာဖြစ်လို့လဲကွာ.. ငါချစ်လို့ယူထားတာပဲ.ဘာလို့ကွာပေးရမှာလဲ..
မကြာခင်မင်းကိုဒီခေါ်ဖို့အဆင်သင့်ဖြစ်တော့မှာပါကွာ...
ခဏလေးပဲစိတ်ရှည်ရှည်စောင့်ပေးပါကွာ...''

ဆိုပြီးအမျိုးမျိုးတောင်းပန်ကြည့်ပါသေးတယ်.... ဘာကြောင့်ကွာရှင်းပေးခိုင်းတာလဲလို့မေးရင်လဲအကြောင်းပြချက်မရေမရာနဲ့ဗျာ.... ကျနော်လေသူငယ်ချင်းတို့ယုံမလားမသိဘူးးးယောင်္ကျားတန်မဲ့အောက်ကျနောက်ကျခံပြီး
တောင်းပန်နေတာတောင် ကျနော်ကတောင်းပန်လေသူကပိုကဲလေဖြစ်လာတော့တာပါပဲ.... နောက်ဆုံးကျနော်လဲကျနော့်အစ်မကြီးကိုဖုံးဆက်ပြီးအကျိုးအကြောင်းမေးကြည့်တော့ အစ်မကြီးက

''မောင်လေးရယ်..သူကကွာရှင်းခွင့်တောင်းလာတော့လည်းပေးလိုက်ရုံပဲပေါ့ကွယ်၊
အစ်မကမိန်းကလေးချင်းမစာနာလို့ဒီလိုလွယ်လွယ်ပြောနေတာမဟုတ်ပါဘူးမင်းမိန်းမကသူကျောင်းသွားရင်စီးရတဲ့
ဖယ်ရီကားက စပယ်ယာလုပ်တဲ့သူနဲ့ရှုပ်နေတယ်ဆိုတာအစ်မကြီးသိနေတာနှစ်ပတ်လောက်ရှိပြီ၊၊
တခြားသတင်းတွေလဲရှိသေးတယ်နော်၊ ငါ့မောင်ကံကောင်းတယ်လို့
မှတ်ပြီးမြန်မြန်လေးသာကွားပေးလိုက်ပါ''တဲ့..

ကျနော်ကြားကြားချင်းကြောင်သွားတယ်ဗျာ...ကြက်သေသေသွားတယ်ပေါ့...ဖုန်းတောင်လွတ်ကျမတတ်ပဲ..။
အစ်မကြီးကလိမ်ညာမပြောတတ်တာကျနော်သိနေတယ်လေ... အရင်သူငယ်ချင်းတွေပြောတာတွေကြားတော့ ဟုတ်ချင်မှဟုတ်မှာပါလို့ 
ကိုယ့်စိတ်ကိုကိုယ်ဖြေနိုင်ပေမယ့်ခုတော့ကျနော်မဖြေနိုင်တော့ဘူးလေ... ကျနော်ကြားနေတာအမှန်တွေပါလားဆိုတာကျနော်လက်ခံလိုက်မိတယ်။ 
သိပ်မကြာခင်ရက်ပိုင်းအတွင်းရန်ကုန်ကအစ်မကြီးကကျနော့်ဆီဖုန်းဆက်လာပြီး

''မောင်လေးရေ..ပြသနာတော့ဖြစ်ပြီကွယ်။ကောင်မလေးမိဘတွေကမင်းနဲ့သူတို့သဘောမတူပဲ
လက်ထပ်ထားတာသိသွားပြီးအစ်မဆီလာပြီးမေးနေတယ်၊အစ်မကလဲဟုတ်တယ်လို့ပြောလိုက်တော့
သူတို့သမီးကိုသူတို့မေးကြည့်မယ်၊တကယ်လို့ဟုတ်တယ်ဆိုရင်နောက်မှပြောစရာရှိတာဆက်ပြောမယ်...
မင်းကိုဖုန်းဆက်ဖို့မှာသွားတယ်၊မင်းမိန်းမရဲ့အဖိုးကတော်တော်
ဒေါသထွက်နေတယ်၊မင်းအားရင်ဖုန်းဆက်ဖြစ်အောင်ဆက်နော်။ လူကြီးတွေကိုမရိုမသေလည်းမဖြစ်စေနဲ့၊ အခြေအနေအစအဆုံးကိုသေသေချာချာရှင်းပြလိုက်..ဟုတ်ပြီလားးးးဘာမှမကြောက်နဲ့နော်''

ဆိုပြီးပြောလာတယ်လေ..

ကျနော်လည်းခေါင်းနပန်းကြီးသွားပြီးချက်ချင်းကျနော့်မိန်းမအိမ်ကိုဖုန်းဆက်လိုက်ပါတယ်..... သူ့အမေကိုင်ပြီးကျနော်မှန်းသိတော့ကျနော့်မိန်းမရဲ့အဖိုးလုပ်တဲ့သူကိုလွှဲပေးလိုက်တယ်လေ...
ဒါနဲ့ကျနော့်ကိုသူ့ဖိုးဖိုးကမေးမလာခင်ကျနော်ကပြောပြလိုက်တာပေါ့...

''ဟုတ်ပါတယ်ဖိုးဖိုးရယ်၊ကျနော်တို့လူငယ်ချင်းမေတ္တာမျှပြီးနှစ်ဦးသဘောတူလက်မှတ်ထိုးထားပြီးပါပြီ။ ကျနော်တို့ကိုခွင့်လွှတ်ပါဗျာ၊ ကျနော်သားမှတ်မှတ်မယားမှတ်မှတ်
ပေါင်းမှာပါဗျာ..မကြာခင်သူ့ကိုခေါ်ဖို့ပြန်လာခဲ့မှာပါ၊ ကျနော့်ကိုယုံပါ''

ဘာညာစသည်အားဖြင့်ပြောလိုက်တာပေါ့။။။ အဲဒီအချိန်မှာအဖိုးလုပ်တဲ့သူက

''ငါတို့အားလုံးမြေးမလေးကိုမေးကြည့်ပြိးပြီ၊ သူကပြော
တော့မင်းနဲ့ခင်ယုံပဲခင်တာပါတဲ့၊လက်ထပ်ထားတယ်ဆိုတာသူ့ရဲ့ခင်မင်မှု့ကိုမင်းကအလွဲသုံးစားလုပ်ပြီး
သူသိက္ခာကျအောင်ပြောနေတာပါတဲ့..ဒီတော့မင်းဘာပြောချင်သလဲ..''

ဒါနဲ့ကျနော်က

'' ဟာ..သူကအဲလိုပြောလို့လားဗျာ..ကျနော့်မှာအထောက်အထားတွေရှိပါတယ်..
သူညာနေတာပါ..သူဖိုးဖိုးတို့ကိုကြောက်လို့ငြင်းနေတာပါ.. တခြားအကြောင်းပြချက်တစ်ခုခုရှိလို့သူမပြောတာဖြစ်ပါလိမ့်မယ်ဗျာ..သေချာမေးကြည့်ပေးပါဦး''

လို့ပြန်ပြောတော့အဖိုးလုပ်တဲ့သူကပေါက်ကွဲပြီး

''ဒီမှာဟေ့ကောင်.. ငါတို့မြေးကနောက်နှစ်ဆို Pharmacy ဘွဲ့ရတော့မယ့်သူ၊ မင်းကဘာကောင်လဲ? ပြီးတော့ငါတို့မြေးမှာမိစုံဖစုံရှိနေတယ်၊ပြည့်ပြည့်စုံစုံနေနေရတယ်၊
မင်းကမိမရှိဖမရှိကောင်ပဲ။ တူလားတန်လားဆိုတာမင်းမစဉ်းစားတတ်ဘူးလား?မင်းမို့လို့မှန်းရဲတယ်ကွာ... ဒီမှာငါပြောလိုက်မယ်..မင်းတို့လက်ထပ်ထားတာဘယ်နည်းနဲ့မှ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်
စေ..ငါသဘောမတူနိုင်ဘူးးး ဒီတော့မင်းလုပ်စရာရှိတာ၊လုပ်သင့်တာလုပ်ပါလို့ငါပြောချင်တယ်''

ဆိုပြီးဖုန်းချသွားတယ်လေ.... အဖိုးကြီးပြောတာတွေကိုတော့အသေးစိတ်မရေးပြတော့ပါဘူးဗျာ.. ခုကျနော်ပြောထားတာတွေထက်ပိုကြမ်းတမ်းတယ်လို့သဘောထားပေးပါ..
ကျနော်ကဇာတ်လမ်းပေါ်အောင်နည်းနည်းလေးပဲရေးပြလိုက်တာပါ...အမှန်ကရစရာမရှိတော့အောင်ကို
ပြောသွားခဲ့တာပါ... ကိုယ့်မြေးသမီးအခြေအနေကို 
သေချာမသိပဲအားနည်းတယ်လို့ယူဆထားတဲ့ကျနော့်ကိုပိုပြီးဖိလိုက်တာပါ...

(စကားပုံလည်းရှိတယ်လေဗျာ..ဘာတဲ့.....မြေနိမ့်ရာလှံစိုက်ဆိုလားပဲ..)

အမှန်ကကျနော်ကသူတို့မြေးနဲ့မတန်တာလား၊သူတို့မြေးကကျနော်နဲ့မတန်တာလားဆိုတာ သူတို့အမြင့်ကြီးတင်ပြီးပြောနေတဲ့၊ဂုဏ်ယူနေတဲ့မြေးကလုပ်ပြနေတာသူတို့မှမသိသေးတာ..

ဟားဟားဟား..ရယ်ရတယ်နော်..




တချို့လူကြီးတွေများး အမြှော်အမြင်နည်းလိုက်တာဗျာ။
ကံတရားကြောင့်စောစောစီင်္းစီးဆုံးပါးသွားခဲ့ရတဲ့
မိဘတွေရဲ့သားဖြစ်နေတာကအပြစ်ကြီးလို့ထင်နေပုံပဲ.. နှိမ်စရာလို့ယူဆထားပုံပဲ.. ငွေကြေးအနေနဲ့တော့ကျနော်ချို့တဲ့တာဝန်ခံပါတယ်...
ဒါကလဲချိုးနှိမ်ပြီးပြောလို့ကောင်းတဲ့ကိစ္စမှမဟုတ်တာဗျာ.. ဆင်းရဲတာကပဲစာရိတ္တညံ့ဖျင်းနေသလိုလို......... သြော် သံဝေဂယူစရာတွေပေါ့လေ..
အသက်ကြီးလို့အချိန်မစီးနိုင်သေးတဲ့တချို့လူဂျီး(ကြီး)တွေကြောင့်လေးစားစရာ လူကြီးတွေကိုထိခိုက်နေရတာပေါ့ဗျာ..
အဲလိုလူကြီးသူမတွေကိုတော့ကျနော်ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ဗျာ..... လူဂျီးတွေကိုမဟုတ်ဘူးနော်၊လူကြီးတွေကိုကန်တော့တာ.... (ဘယ်တွေရောက်ကုန်မှန်းမသိဘူးး) :D:D:D




နောက်နေ့ကြတော့ ကျနော်မိန်းမကကျနော့်ဆီအီးမေးလ်ပို့လာတယ်.. အဲဒီအထဲမှာလေဘယ်တော့မှ(ကျနော်အရင်ကထင်ထားတာပါ)ကျနော့်မိန်းမပါးစပ်ကထွက်လာမှာမဟုတ်ပါဘူး
လို့ထင်ထားတဲ့စကားတွေကြီးပဲရေးထားတာဗျာ..

(အဲဒီမေးလ်တွေအားလုံးကို Deleted ထားလို့ခုဖော်မပြနိုင်တာပါ)

ကျနော့်ကိုတကယ်မချစ်ခဲ့ဘူးဆိုပဲဗျ.. အဲနောက်ပိုင်းကျနော်နဲ့လုံးဝအဆက်အသွယ်မလုပ်နိုင်တော့အောင်ကျနော်သူ့အကောင့်ကို
Blockလုပ်ပစ်လိုက်တယ်...သူလည်းကျနော့်ကိုလုပ်လိုက်မှာပါ... ထားပါတော့လေ... နောက်ဆုံးတော့သူကနာမည်ကြီးနေတဲ့စပယ်ယာနဲ့ခိုးမပြေးပဲအဲဒီကားဒရိုင်ဘာနဲ့ခိုးပြေးကြရောတဲ့... တကယ်လုပ်သွားတာနော်..ကျနော်နောက်နေတာ၊ညာနေတာတစ်ခုမှမပါဘူးးး... မယုံလို့စုံစမ်းချင်တဲ့သူရှိရင်ဒီဘလောက်စာမျက်နာရဲ့အောက်ဆုံးက Chat Roll လေးထဲမှာပြောခဲ့ပါ။ နောက်ပြီးကျနော့်အီးမေးလ်လည်းရှိနေပါတယ်။
သေသေချာချာလိပ်စာလေးပါလမ်းညွှန်ပေးလိုက်ပါ့မယ်...ကြိုက်သလိုစုံစမ်းနိုင်ပါတယ်ဗျာ.. သူငယ်ချင်းတို့ကိုကျနော်ညာပြောနေတာမဟုတ်မှန်းသိစေချင်ပါတယ်။
စကားပြန်ဆက်မယ်နော်..အဲလိုကားဒရိုင်ဘာနဲ့ခိုးပြေးတော့မှ

(မခိုးပြေးခင်သူနဲ့ကျနော့်ကိစ္စကိုလူကြီးတွေသိပြီးနောက်ပိုင်းသူအနေအထိုင်မမှန်တာတွေလည်းပါမှာပေါ့)

လူဂျီးတွေခြေမကိုင်မိ၊လက်မကိုင်မိဖြစ်ကုန်ကြတယ်လေ...

(ဘယ်လိုပုံစံပေါက်နေမလဲဆိုတာသူငယ်ချင်းတို့ပဲစဉ်းစားကြည့်ပေတော့ဗျို့:P)

ဒီတော့မှသူတို့အထင်ကြီးနေတဲ့ Pharmacy ဘွဲ့ရှင်ကြီး၊မိစုံဖစုံရှင်ကြီးအကြောင်း၊
တိတ်တိတ်ပုန်းဇာတ်လမ်းတွေအကြောင်း လူဂျီးတွေသိကုန်ကြပြီး

(ဟိုဒရိုင်ဘာနဲ့ မြေးလိမ္မာလေးကိုငွေအင်အားသုံးပြီးမရရအောင်ပြန်ခွဲ)

ဈေးခေါ်လို့မဖြစ်တော့တဲ့ရောင်းတန်းမဝင်ပန်းတွေကိုအလှူလုပ်လိုက်သလိုမျိုးပြောရမလားပဲ။

(ဆီလျော်တဲ့စကားရှာမရလို့ရိုင်းသွားတယ်ဆိုရင်ခွင့်လွှတ်နားလည်ပေးပါဗျာ)

ပြန်ခွဲပြီးတော့အိမ်ပေါ်ပြန်ခေါ်ထား၊ပြီးတော့မှအားလုံးတိုင်ပင်ပြီး ကျနော့်ကိုဟိုတုန်းကလူမဟုတ်တော့သယောင်ယောင်ပြောရက်ခဲ့တဲ့သူကိုယ်တိုင်ပဲ
Pharmacy ဘွဲ့ပိုင်ရှင်ကြီးနဲ့ပြန်သဘောတူတော့မယ်ဆိုပဲ..ဟာဟ..ပလို့ဂျိ... သူတို့ကတော့ကျနော်ကအဝေးကြီးမှာ..ဘာမှသိမှာ၊ကြားမှာမဟုတ်ပါဘူးလို့တွက်နေမှာပေါ့... ခုအချိန်ထိသူနဲ့  ဘာအဆက်အသွယ်မှမရသေးသလို ရဖို့လဲဆန္ဒမရှိတော့ပါဘူးဗျာ...
ကျနော်ခံယူထားသလိုမျိုးဆိုရရင်

'ဘာပဲဖြစ်လာဖြစ်လာအားလုံးအကောင်းအတွက်ဖြစ်လာကြတာချည်းပဲ'

ပေါ့ဗျာ...အဲဒီရက်ပိုင်းတွေမှာကျနော်
မညာတမ်း၊မရှက်တမ်းပြောရမယ်ဆိုရင်စားမရ၊အိပ်မရဆိုတာမျိုးပေါ့ဗျာ... အစ်မကြီးနဲ့ဖုန်းဆက်တိုင်းကျနော်ငိုပြီးပြောပြတယ်..

''' အစ်မရယ်..ကျနော်အိပ်လို့မပျော်ဘူးဗျာ.. ဘာမှလည်းစားလို့မဝင်ဘူး
ကျနော်ရူးများနေပြီလားမသိတော့ပါဘူးအစ်မကြီးရယ်''

ဆိုတော့ အစ်မကလည်းငိုတာပေါ့ဗျာ...
မောင်နှမနှစ်ယောက်ကျနော်ငိုရင်သူကချော့လိုက်၊ကျနော်တိတ်ပြီဆိုသူကပြန်ငိုလိုက်...
ဟာအဲလိုဖြတ်သန်း ခဲ့ရတာဗျ...
ကျနော်ဆိုအားတာနဲ့ Gmailဖွင့်ပြီးကျနော်တို့နှစ်ယောက်အရင်က Chat ခဲ့တာတွေပြန်ဖတ်၊ ပို့ခဲ့ကြတဲ့မေးလ်တွေပြန်ကြည့်နဲ့ကျနော်လုံးလုံးရူးသွားခဲ့ရသလိုပါပဲဗျာ...





သူငယ်ချင်းတို့ကိုမပြောပဲချန်ထားတာတစ်ခုရှိသေးတယ်ဗျ..
ကျနော်နဲ့လက်ထပ်ထားတယ်ဆိုတဲ့ကောင်မလေးကအပျိုမဟုတ်ဘူးဗျ.. နားမရှုပ်သွားပါနဲ့ဦးနော်..... ကျနော်နဲ့ရည်းစားဖြစ်ပြီးနှစ်လလောက်ကတည်းက သူတို့ Pharmacy ကျောင်းရဲ့အစောင့်တယောက်
က ဓာတ်ခွဲခန်းတစ်ခုမှာသူ့ကို အနိုင်ကျင့်ခဲ့ဘူးတယ်တဲ့.... ခြောက်လကြာပြီးမှကျနော့်ကိုဖွင့်ပြောပြတယ်... ကျနော်ကလည်းညီမရဲ့ခန္တာကိုယ်ကိုကိုကြီးချစ်ခဲ့တာမဟုတ်ပါဘူးညီမရယ်၊ညီမရဲ့လှပတဲ့စိတ်ဓာတ်လေးကြောင့်
ကိုကြီးချစ်ခဲ့တာပါ၊ခုဘာမှအားမငယ်ပါနဲ့တော့.. ကိုကြီးညီမလေးကိုမမုန်းပါဘူး။ ခုလိုဖွင့်ပြောပြတဲ့အတွက်ညီမလေးကိုကျေးဇူးတင်သလို၊ပိုပြီးတော့လည်းချစ်လာမိပါတယ်လို့ပြောပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါဗျာ.တကယ်လည်းအဲဒီတုန်းကကျနော်သူ့ကို

(သြော်အားနွဲ့လို့အနိုင်ကျင့်ခံရလေခြင်း)

ဆိုပြီးသနားစိတ်ဝင်ပိုပြီးတောင်ချစ်မိသွားပါတယ်ဗျာ... တဖက်ကလဲအားအင်ရှိတိုင်းအနိုင်ကျင့်တတ်တဲ့တချို့ယောင်္ကျားတွေကိုလည်းအရမ်းရွံသွားခဲ့တယ်လေ...  ကျနော်အဓိကပြောချင်တာကတော့ဗျာ..
ဒီလောက်နားလည်ပေးပြီးအနစ်နာခံချစ်နေတဲ့သူကိုသူမို့လို့သစ္စာဖောက်ရက်တယ်၊ ယောင်္ကျားလေးတွေကြောင့်ဘဝပျက်သွားကြတဲ့မိန်းကလေးတွေရှိပါတယ်..ဒုနဲ့ဒေးပါ..။အဲလိုပဲဗျသူတို့ မိန်းကလေးတွေလည်းယောင်္ကျားလေးတွေရဲ့ဘဝကိုဖျက်ဆီးနိုင်တယ်၊ဖျက်စီးတတ်တယ်ဆိုတာပါပဲဗျာ... ဒါပါပဲ.. အဓိကပြောချင်တာကအဲဒီစကားလေးပါပဲ...




ကျနော်ရေးလိုက်တာကဇာတ်လမ်းလိုလို၊ဝတ္ထုတိုလိုလိုဖြစ်နေတယ်... ကျနော်ကိုယ်တိုင်စာရေးဆရာတစ်ယောက်မဟုတ်တော့ဘာလဲဆိုတာခွဲမပြတတ်တာကိုနားလည်ပေးပါ. လိုရင်းကမည်သူမည်ဝါကိုမှ အထင်သေး၍၊(အထင်မကြီး၍)ဒီပို့စ်တွေကိုရေးထားတာမဟုတ်ပဲ
ကျနော့်အဖြစ်အပျက်လေးကို ကျနော့်သူငယ်ချင်းတို့သိနိုင်အောင်ပို့စ်အဖြစ်ရေးလိုက်တာပါပဲ..
အဲတာလိုရင်းစစ်စစ်ပါ.။ အသုံးမတော်ပဲသုံးလိုက်မိတဲ့အသုံးအနှုန်းလေးတွေအတွက်၊
ရေးလိုက်မိတဲ့အရေးအသားလေးတွေအတွက် စာဖတ်သူ သူငယ်ချင်းများအားလုံးကိုတောင်းပန်ပါတယ်...။
အမှန်ကတော့ကျနော့်ကိုယ်ပိုင်အားနည်းချက်တွေပါပဲ...။ကျနော်ချင်းလေးအရမ်းညံ့ပါသည်.. .. .. ..။
ညံ့လွန်းမကညံ့ပါသည်.....:P






စိတ်ရှည်ရှည်ထားပြီးမအားမလပ်တဲ့ကြားကအချိန်ပေးလာရောက်ဖတ်ရှု့တဲ့ချစ်သူငယ်ချင်းတွေ  အားလုံးကိုလေးနက်စွာနဲ့ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ..။ ဒီ ''အရောင်ရင့်ရင့်အမုန်းများ'' 
ဆိုတဲ့ဇာတ်လမ်းတိုလေးမှာ ဇာတ်လမ်းတိုတွေရဲ့သဘာဝအရ
ရှိသင့်တဲ့ရသတွေစုံလင်အောင်မရေးတတ်၊ မရေးနိုင်ခဲ့တာတော့ ကျနော့်အားနည်းချက်ပါ..
အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ...။ သူငယ်ချင်းတို့လည်းကျနော့်ကိုသတိရတိုင်းခုလိုပဲ
လာလာလည်ပေးကြမယ်လို့မျှော်လင့်မိပါတယ်.. 





ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs