ကျနော့်ကိုမြင်နေတဲ့မမတို့အားလုံးကို ''ရှူး တိုးတိုး'' ဆိုတဲ့အမူအယာလုပ်ပြလိုက်တော့ သူတို့က ကျနော်ကောင်မလေးကို နောက်ချင်လို့တမင်လုပ်ပြတယ်ထင်လိုက်သေးတယ်...... အရေးထဲ...
ကောင်မလေးကတော့ဘာမှမသိရှာဘူးပေါ့... စားလို့ကောင်းနေတုန်းလေ... အသာလေးအနားကပ်ပြီးနောက်ကနေပါးစပ်ကိုပိတ်၊ လက်ကိုနောက်ပြန်ချုပ်လိုက်တော့ ကောင်မလေးကလန့်ပြီးရုန်းတော့တာပေါ့..
လက်ကလဲဖမ်းချုပ်ထား၊ပါးစပ်ကနေလဲ ....................
ကောင်မလေးကတော့ဘာမှမသိရှာဘူးပေါ့... စားလို့ကောင်းနေတုန်းလေ... အသာလေးအနားကပ်ပြီးနောက်ကနေပါးစပ်ကိုပိတ်၊ လက်ကိုနောက်ပြန်ချုပ်လိုက်တော့ ကောင်မလေးကလန့်ပြီးရုန်းတော့တာပေါ့..
လက်ကလဲဖမ်းချုပ်ထား၊ပါးစပ်ကနေလဲ ....................
အောက်ကိုပြန်ရောက်လာတဲ့အမွှာနှစ်ကောင်က
''အန်တီရေ ခဏနေရင်အန်ကယ်ဆင်းလာမယ်လို့ပြောလိုက်တယ်ဆိုပြီး''
သူတို့အန်တီဖြစ်လာမယ့်သူအထင်နဲ့ သတင်းကောင်းပါးလိုက်သေးတယ်လေ..
အန်ကယ်ဆင်းလာမယ်ဆိုတဲ့စကားကြားတော့ စားနေတာတောင်နင်သွားလားမသိဘူးး အွန့်ကနဲတစ်ချက်တွန့်သွားတယ်လေ မချောက......
အန်ကယ်ဆင်းလာမယ်ဆိုတဲ့စကားကြားတော့ စားနေတာတောင်နင်သွားလားမသိဘူးး အွန့်ကနဲတစ်ချက်တွန့်သွားတယ်လေ မချောက......
''စားနော်ညီမလေးး မောင်လေးကညီမလေးအကြောင်းအမြဲတမ်းပြောပြောပြပါတယ်.''
လို့မမကြီးကပြောတော့ ယောက်ဖကလည်း အားကျမခံ..
''ဟုတ်တယ်ညီမလေး.. ဘာမှအားမနာနဲ့.ကိုယ့်အိမ်လိုသဘောထားနော်..လိုတာရှိလဲပြော.''
ပြောရင်းဆိုရင်း
''ဟတ်ချေးးးးးးးးးးးးးးးးး''
'' ဟုတ်ကဲ့ရှင့် ''
'' ဟတ်ချေးး ''
ဒီတစ်ခါနှာချေတာကတော့ ပြုံးပြုံးလေးပါပဲ...
အပေါ်ကဆင်းလာတဲ့ကျနော် နှာချေလို့မျက်နှာဘေးစောင်းဖြစ်နေတဲ့ ကောင်မလေးကိုမြင်တော့လန့်သွားတာပေါ့ဗျာ.. ဘယ့်နှယ် သူတို့ပြောသလိုကျနော့်ကောင်မလေးမှမဟုတ်တာ. ဘယ်ကတခြားကောင်
မလေးမှန်းမသိဘူးလေ... ချက်ချင်းဖြက်ကနဲခေါင်းထဲမှာ မနေ့တနေ့ကဖတ်လိုက်တဲ့သတင်းစာပေါ်က သတင်းတစ်ပုဒ်ကိုသွားသတိရလိုက်တယ်... ကလေးသူခိုးသတိထားဖို့ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းလေ....
အပေါ်ကဆင်းလာတဲ့ကျနော် နှာချေလို့မျက်နှာဘေးစောင်းဖြစ်နေတဲ့ ကောင်မလေးကိုမြင်တော့လန့်သွားတာပေါ့ဗျာ.. ဘယ့်နှယ် သူတို့ပြောသလိုကျနော့်ကောင်မလေးမှမဟုတ်တာ. ဘယ်ကတခြားကောင်
မလေးမှန်းမသိဘူးလေ... ချက်ချင်းဖြက်ကနဲခေါင်းထဲမှာ မနေ့တနေ့ကဖတ်လိုက်တဲ့သတင်းစာပေါ်က သတင်းတစ်ပုဒ်ကိုသွားသတိရလိုက်တယ်... ကလေးသူခိုးသတိထားဖို့ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းလေ....
''ဟုတ်ပါပြီ..ဒီကောင်မလေးက ငါ့တူလေးနဲ့တူမလေးကိုဖြားယောင်ပြီးခိုးသွားမလို့ရောက်လာတဲ့သူပဲနေမှာပါ .. ကလေးသူခိုးကလဲခပ်ချောချောလို့ရေးထားတော့ သူပဲဖြစ်မှာပါလေ.''
ဒီလိုမျိုးစိတ်ထဲမှာကိုယ့်ဟာကိုယ်တွေးရင်း အသာလေးကောင်မလေးမသိအောင်သူ့နောက်ကိုခြေဖွနင်းပြီးသွားလိုက်တာပေါ့... ဖမ်းပစ်မယ်ပေါ့..ဂတ်ကိုပို့ပစ်မယ်ဆိုတဲ့အကြံနဲ့လေ..
ကျနော့်ကိုမြင်နေတဲ့မမတို့အားလုံးကို
''ရှူး တိုးတိုး''
ဆိုတဲ့အမူအယာလုပ်ပြလိုက်တော့ သူတို့က ကျနော်ကောင်မလေးကို နောက်ချင်လို့တမင်လုပ်ပြတယ်ထင်လိုက်သေးတယ်...... အရေးထဲ...
ကောင်မလေးကတော့ဘာမှမသိရှာဘူးပေါ့... စားလို့ကောင်းနေတုန်းလေ... အသာလေးအနားကပ်ပြီးနောက်ကနေပါးစပ်ကိုပိတ်၊ လက်ကိုနောက်ပြန်ချုပ်လိုက်တော့ ကောင်မလေးကလန့်ပြီးရုန်းတော့တာပေါ့..
လက်ကလဲဖမ်းချုပ်ထား၊ပါးစပ်ကနေလဲ အသားကုန်အော်တာပေါ့..
''သူခိုးဗျို့.. ကလေးသူခိုး.. ကလေးသူခိုးဗျို့... ကလေးသူခိုး''
''မမကြီး..ရဲစခန်းကိုဖုံးဆက်ပါ..မြန်မြန်..''
''ဟာ ဘာလို့လဲမောင်လေး..''
''သူက ကျနော့်ချစ်သူခင်လေးနွယ်မှမဟုတ်တာ..ဘာလို့ဟန်ဆောင်နေလဲဆိုရင်သူက ကလေးတွေကိုလိုက်လိုက်ခိုးပြီးရောင်းစားနေတဲ့ ကလေးသူခိုးပဲဗျ.. လုပ်ပါ..ရဲစခန်းကိုဖုံးမြန်မြန်ဆက်ပါ''
ဒါနဲ့ပဲအားလုံးပျာယာခတ်ကုန်ကြတာပေါ့.....။ ဖုံးဆက်ဖို့ပြေးတဲ့သူကပြေး၊ တုပ်ဖို့ကြိုးရှာသူကရှာပေါ့..။
ကောင်မလေးကတော့ကျနော်ပါးစပ်ပိတ်ပြီးချုပ်ထားတော့ ဝူဝူးဝါးဝါးနဲ့ရုန်းနေတယ်လေ... ဟားဟားဟားဟား
ဒီအချိန်မှာပဲ ဆူဆူညံညံအသံတွေကြားလို့ထင်ပါရဲ့..အိမ်ရှေ့တည့်တည့်မှာနေတဲ့ အိအိဝင်းက ကျနော်တို့အိမ်ထဲဝင်လာပါလေရော.. ပြီးတော့ကျနော်ဖမ်းချုပ်ထားတဲ့ကောင်မလေးကိုမြင်တော့
''အိုး မိုင်ဂေါ့..ဒါဘာတွေလုပ်နေကြတာတုန်း''
ဆိုပြီးကျနော့်ကိုဝင်လုံးပါလေရော... အဲဒါကြောင့်ကျနော်က
''ငါတို့အိမ်ထဲထိ အတင့်ရဲရဲဝင်လာပြီး ကလေးတွေကိုဖမ်းဖို့လာခိုးတဲ့သူပေါ့..ဒီမှာလေငါဖမ်းထား
တာမမြင်ဘူးလား''
တာမမြင်ဘူးလား''
ဆိုပြိးပြန်ပြောလိုက်တယ်ခင်ဗျာ... အဲဒီမှာပဲ အိအိဝင်းက .....
''အဲဒါကလေးသူခိုးမဟုတ်ဘူးဟဲ့..ငါ့ဆီမှာလာနေပြီးအလုပ်လာရှာတဲ့ နယ်ကငါ့သူငယ်ချင်းပါဟဲ့''
'' ဗျာ ''
အဲဒီ တစ်ခွန်းထဲပြောထွက်ပြီးကျနော်လည်း လန့်ဖြန့်ပြီးချုပ်ထားတဲ့ကောင်မလေးပါးစပ်ပေါ်ကလက်ကို အံ့သြစွာလွှတ်ချလိုက်မိတော့တာပေါ့... ဒီတော့မှ ကောင်မလေးလည်းစကားပြောခွင့်ရပြီး
''ကျမကလေးသူခိုးမဟုတ်ပါဘူးရှင်''
ဒီတော့မှ ကျနော်ကစပြီးအမွှာနှစ်ကောင်ထိတစ်ယောက်ချင်းတန်းစီပြီးတော့
''တောင်းပန်ပါတယ်..လူမှားသွားတာပါ..တောင်းပန်ပါတယ်..လူမှားသွားတာပါ''
ဆိုတဲ့စကားတစ်ခွန်းကိုပဲ ပြောလိုက်တော့တာပေါ့..
နောက်ဘာပြောနိုင်တော့မှာလဲဗျာ..ကျနော်တို့ကမှားနေတာဆိုတော့... အဲဒီမိန်းကလေးကလဲ တခြားစကားဘာမှမပြောပါဘူး............
''ကျမ ကလေးသူခိုးမဟုတ်ပါဘူး...ကျမကလေးသူခိုးမဟုတ်ပါဘူးရှင်''
ဆိုတာကြီးကိုပဲ ကျနော့်စိတ်ထင်ခုနှစ်ခေါက်လောက်ပြောနေတော့တာပဲ... အင်းလေ.သူ့ခမျာလဲတော်တော်စိတ်လှုပ်ရှားသွားမှာပေါ့..အပျိုလေးဆိုတော့ကလေးသူခိုး
အထင်ခံရတာရှက်ရှာမှာပေါ့ဗျာ.. အဲလိုပြောပြောပြီးငိုနေပါလေရောဗျာ... ကျနော်အပါအဝင်မမကြီးကောယောက်ဖပါ.အားလုံးမျက်နာပူလိုက်တာဗျာ... ကောင်မလေးကငိုငိုပြိး သူ့သူငယ်ချင်းအိအိဝင်းကို တတွတ်တွတ်ရှင်းပြတော့တာပါပဲ..။
''အိရယ်..ငါကလေးခိုးဖို့ဝင်လာတာမဟုတ်ပါဘူး.. နင့်အခန်းကိုမသိလို့ဒီအိမ်မှာဝင်မေးမယ်ဆိုပြီးဝင်လာတာ မေးချိန်တောင်မရလိုက်ပါဘူးး နှာချေနေမိတာနဲ့..နောက်ပြိးတော့သူတို့ကလဲလူမှားပြီးငါ့ကို
ငါ့နာမယ်တောင်းမေးမနေတော့ပဲ ငါသိပ်ကြိုက်တဲ့အားလူးပူရီမုန့်ကိုအတင်းချကျွေးနေတော့ ငါလည်းကိုယ့်ရှေ့ရောက်လာတဲ့မုန့်ကိုအရင်စားပြီးတော့မှ ငါဘယ်သူဘယ်ဝါဖြစ်ပြီးဘယ်သူ့ကိုရှာချင်တယ်ဆိုတာကိုပြောတော့မယ်လို့ စိတ်ကူးမိတာပေါ့.. အဲတာစားနေတုန်းမှာဒီကလေးတွေကအန်ကယ်ခေါ်နေတဲ့ဒီလူကြီးဝင်လာပြီးဘာမှမပြောမဆိုပဲ ငါ့ကို နောက်ကနေပါးစပ်ပိတ်ပြီးလှုပ်လို့မရအောင်ချုပ်ထားလိုက်တာလေ..
နင်သာရောက်မလာရင်ငါတော့ သွားပါပြီဟယ် အီး ဟီးဟီး..''
ဆိုပြီးအရှည်ကြီးရှင်းပြနေပါလေရော.. သူ့သူငယ်ချင်းအိအိဝင်းကလဲ ခေါင်းတဆက်ဆက်ညိမ့်ပြီးနားထောင်နေရင်းကျနော့်ကို မျက်စောင်းကလှမ်းထိုးနေလိုက်သေးတယ်လေ...
ငိုငိုပြိးရှင်းပြနေတဲ့ကောင်မလေးစကားဆုံးတော့မှ သူ့မျက်လုံးတွေခဏခဏဝဲနေတဲ့ အာလူးပူရီပန်းကန်ကို ကျနော်အသာမယူလိုက်ပြီး
''ကဲရော့ပါကွာ..မင်းသိပ်ကြိုက်တတ်တဲ့မုန့်ကို မင်းကြိုက်သလောက်သာတွယ်ပါတော့''
လို့ပြောလည်းပြော လက်ကလည်းကောင်မလေးဆီပန်းကန်ကိုယူပေးလိုက်တော့ ငိုနေတဲ့သူကချက်ချင်းတိတ်ပြီး ပြုံးစိစိနဲ့...........
''ဟီးဟီး ကျေးဇူးပဲ''
'' ကျမကလေးသူခိုးမဟုတ်ပါဘူးရှင်.. မုန့်သူခိုးပါ..''
ဆိုပြီး ပြောင်စပ်စပ်နဲ့ ကျနော်ကမ်းပေးတဲ့မုန့်ပန်းကန်ကို လှမ်းယူလိုက်တယ်လေ..
ဒီတော့မှ မျက်နာငယ်လေးတွေနဲ့တန်းစီရပ်နေကြတဲ့ ယောက်ဖရယ်၊မမကြီးရယ်၊အမွှာနှစ်ကောင်ရယ်အားလုံး ဝမ်းသာအားရထအော်လိုက်ကြတာပေါ့..။
''ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး''
ဒီလိုပါပဲ..ကျနော်တို့မိသားစုကဘာအပူမှမထားတတ်ပဲလွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေတတ်ကြ တယ်ဆိုပါတော့ဗျာ...
အိအိဝင်းကပဲ ကျနော်တို့အားလုံးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..
''ယမင်းရေ..ဒီမိသားစုကတော့မြင်တဲ့အတိုင်းပါပဲ..အရမ်းဖော်ရွေတယ်.. ပျော်ပျော်နေတတ်ကြတယ်..နောက်ဆိုနင်သိလာမှာပါ''
လို့အပိတ်စကားနဲ့မိတ်ဆက်ပေးတာကိုအဆုံးသတ်လိုက်တာပေါ့ဗျာ......။
''ဒါဆိုနောက်မှလာလည်တော့မယ်နော်.အားလုံးပဲခွင့်ပြုကြပါဦးရှင်''
ဆိုပြီးအိအိဝင်းက ယမင်းပါလာတဲ့အိတ်လေးကို ကူဆွဲပေးပြီးလက်ပြနှုတ်ဆက်တယ်ပေါ့..။
ပြီးတော့သူတို့နှစ်ယောက်စလုံး အိအိဝင်းနေတဲ့အိမ်ဖက်ကိုထွက်သွားလိုက်ကြတယ်လေ...
အဲလိုပျော်စရာကောင်းတဲ့ ကျနော်တို့အိမ်ကလေးပါဗျာ...............။
အဲလိုပျော်စရာကောင်းတဲ့ ကျနော်တို့အိမ်ကလေးပါဗျာ...............။
''ကလင် ကလင်..................................... ကလင် ကလင်........''
ဒီအချိန်မှာပဲ ဧည့်ခန်းထဲကဖုံးက ထမြည်လာတာမို့ ကျနော်ကပြေးပြီးသွားကိုင်လိုက်တော့ ကျနော့်ချစ်သူခင်လေးနွယ်ဆီကဖြစ်နေတယ်.....
'' ဟယ်လို ''
'' ဟယ်လို ''
'' ♦+@# %+♦+# %+''
'' +@# %+'♦+@# %+'♦+@# %+''
'' ♦+@# %+'♦+@# %+'♦+@# %+'♦+@# %+'♦+@# %+'♦+%+'♦+@# %+'♦+@# %+'♦+@# %+'♦+@# %+'♦+%+'♦+@# %+'♦+@# %+'♦+@# %+'♦+@# %+'♦+
@# %+'♦+@# %+'♦+@# %+ ''
'' @# %+'♦+@# %+''
ဟူးးးးးးးးးးးးး ရှည်လျားတဲ့သက်ပြင်းတစ်ချက်နဲ့အတူ ဖုံးခွက်ကိုပုခက်ပေါ်ပြန်တင်လိုက်မိပါတော့တယ်ဗျာ.......
မကျန်းမမာဖြစ်နေတဲ့မောင်ငယ်လေးနဲ့ မိဘတွေရဲ့အရေး အမြဲဦးစားပေးတတ်တဲ့ ချစ်သူဆိုတော့လည်း နားလည်မိနေတော့တယ်ဗျာ......ခုလည်းမောင်ငယ်လေးကျန်းမာရေးကြောင့် မလာဖြစ်တာ
တောင်းပန်နေတော့လည်းးးးးးးးးးးး
ခဏ နားပါရစေ.. မနက်ဖြန်ပြန်ဆက်ပါ့မယ်နော်.. ကျေးဇူးတင်ပါတယ်ဗျာ..။
ခင်မင်လေးစားစွားဖြင့်
ချင်းကလေး