ဘွားဘွားဆိုတာကိုတော့ကျနော်မြင်ဖူးလိုက်ပါတယ်.. ဘိုးဘိုးကတော့ကျနော်မမွေးခင်ဆုံးပါးသွားလို့မတွေ့ဖူး လိုက်ဘူးပေါ့ဗျာ.. သူတို့ကသားစဉ်မြေးဆက်စပါးစိုက်လာခဲ့ကြတဲ့တောင်သူတွေလေ. လယ်ယာမြေတွေအသိမ်းခံရတာကတော့ ကျနော့်ဖေဖေလက်ထက်ကြမှပါ.. ဖေဖေလည်းဒီစိတ်နဲ့ကျနော်တို့မောင်နှမနှစ်ယောက်ကိုမေမေနဲ့အတူထားပြီး နောင်တမလွန်ခရီးကို ထွက်သွားနှင့်ပြီဗျာ.. ရွှေမြို့သူမေမေကတော့ကျနော်တို့လက်ကိုဆွဲပြီးမြို့ကိုတက်လာခဲ့ရာက မြို့ပေါ်မှာပဲနေဖြစ်တော့တယ်လေ.. ခုတော့မေမေလည်းမရှိတော့တာမို့ အားလုံးကိုဂါရဝပြုတဲ့အနေနဲ့ ဒီကဗျာလေးကို ရေးပါတယ်....
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
သြော် တောင်သူမျိုးငါတို့တွေ
ချောင်းလေးကိုဖြတ် ဆန်နေတဲ့ရေ
အသက်ရှိနေသေးသမျှ
ရင်းရဦးမယ်အမေရယ်....................
ချောင်းလေးကိုဖြတ် ဆန်နေတဲ့ရေ
အသက်ရှိနေသေးသမျှ
ရင်းရဦးမယ်အမေရယ်....................
ည..ညဆိုပျောက်ဆုံး
တိမ်တွေကြားက ဝ လုံးးး
ည..ညဆိုပျောက်ဆုံး
ကောက်လှိုင်းတွေထဲက မျက်လုံး
ဖေဖေပြောတာတစ်မျိုးနော်..
ဒါပေမယ့်ကွယ်..
ဟူးးးးးခက်တယ်
လေရူးသုန်သုန်တိုက်ပြန်ပါပကော
ဟိုဖက်ကမ်းကရောင်နီတွေ
ကြက်ဖနဲ့အတူလာလေမလား
မျှော်လင့်ချက်တွေကတော့ဆိတ်သုဉ်း
အမြဲတမ်းတိမ်တွေဖုံး...
တိမ်တွေကြားက ဝ လုံးးး
ည..ညဆိုပျောက်ဆုံး
ကောက်လှိုင်းတွေထဲက မျက်လုံး
ဖေဖေပြောတာတစ်မျိုးနော်..
ဒါပေမယ့်ကွယ်..
ဟူးးးးးခက်တယ်
လေရူးသုန်သုန်တိုက်ပြန်ပါပကော
ဟိုဖက်ကမ်းကရောင်နီတွေ
ကြက်ဖနဲ့အတူလာလေမလား
မျှော်လင့်ချက်တွေကတော့ဆိတ်သုဉ်း
အမြဲတမ်းတိမ်တွေဖုံး...
မျက်ဝန်းထဲမှာ ရွှေဝါရိပ်တွေပါလား
သြော်ငါနဲ့မဆိုင်ပါဘူးလေ
မနက်ဖြန်တိုင်းမှာတော့
ငါဟာ ယဇ်ပူဇော်ခံရမယ့်
သားကောင်ပမာပါပဲ...
ဟော လာကြပြိသူတို့
အပြီးနေမယ်ဆိုပဲ
ငါကအင်္ဂါဂြိုလ်ပေါ် ပြောင်းရုံပေါ့ကွယ်
ရွှေဝါရိပ်တွေကိုတော့လွမ်းနေမှာပါ
ဘိုးဘိုးကြီးလည်းမပိုင်
ဖေဖေကြီးတောင်မဆိုင်မှတော့
ငါ ဘာကိုမက်မောနေဦးမှာလဲ..................
သြော်ငါနဲ့မဆိုင်ပါဘူးလေ
မနက်ဖြန်တိုင်းမှာတော့
ငါဟာ ယဇ်ပူဇော်ခံရမယ့်
သားကောင်ပမာပါပဲ...
ဟော လာကြပြိသူတို့
အပြီးနေမယ်ဆိုပဲ
ငါကအင်္ဂါဂြိုလ်ပေါ် ပြောင်းရုံပေါ့ကွယ်
ရွှေဝါရိပ်တွေကိုတော့လွမ်းနေမှာပါ
ဘိုးဘိုးကြီးလည်းမပိုင်
ဖေဖေကြီးတောင်မဆိုင်မှတော့
ငါ ဘာကိုမက်မောနေဦးမှာလဲ..................
ညီမလေးရေ သွားကြပါစို့
ဒီဝံပုလွေတွေက ကောက်ကျစ်လွန်းတယ်ဟ
ဗီဇာရရင်တော့ တို့ဘိုးဘွားတွေဆီ
နောက်ပြီးတို့ချစ်တဲ့ ရွှေဝါရောင်တွေဆီ
ရွာထိပ်က ဘဘသာဖြိုးတို့ခြင်းလုံးဝိုင်းဆီ
ပြန်လာကြတာပေါ့...
ကောက်ညှင်းတွေလည်း အရင်လိုမစေးတော့ဘူးလို့တော့ ကြားမိတယ်ညီမလေးရယ်...
ဒီဝံပုလွေတွေက ကောက်ကျစ်လွန်းတယ်ဟ
ဗီဇာရရင်တော့ တို့ဘိုးဘွားတွေဆီ
နောက်ပြီးတို့ချစ်တဲ့ ရွှေဝါရောင်တွေဆီ
ရွာထိပ်က ဘဘသာဖြိုးတို့ခြင်းလုံးဝိုင်းဆီ
ပြန်လာကြတာပေါ့...
ကောက်ညှင်းတွေလည်း အရင်လိုမစေးတော့ဘူးလို့တော့ ကြားမိတယ်ညီမလေးရယ်...
သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်..
ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
စာရေးသူရဲ့ စိတ်ကို မြင်လိုက်ရတဲ့ ကဗျာလေးကို ဖတ်ရှုခံစားသွားပါတယ်။