အရောင်ရင့်ရင့်အမုန်းများ ၃

တစ်ရက်ကြတော့ကိုယ့်ကိစ္စနဲ့ကိုယ် စိန်ပေါလ်ကားမှတ်တိုင်ကနေပြီး လိုင်းကားစီးလို့ တာမွေကိုအသွားကျနော်စီးလိုက်တဲ့ကားပေါ်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် သူလေ....
''မိုးလေးပေါ့'.. တတ်လာတယ်ဗျာ~ ကိုယ်စီးထားတဲ့ဘတ်စ်ကားကိုရော တလောကလုံးကိုပါမေ့ပြီး ကျနော်မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ချစ်ဦးသူ မိုးလေးကို ငေးကြည့်ရင်းက ဘယ်လိုကဘယ်လို
သူ့အနားကိုရောက်သွားတယ်ဆိုတာမသိနိုင်လောက်အောင် မြန်ဆန်စွာပဲ နားနားကပ်ပြီးထိုင်လိုက်မိသွားတယ်ဗျာ။

  
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥












တစ်ရက်ကြတော့ကိုယ့်ကိစ္စနဲ့ကိုယ် စိန်ပေါလ်ကားမှတ်တိုင်ကနေပြီး လိုင်းကားစီးလို့ တာမွေကိုအသွားကျနော်စီးလိုက်တဲ့ကားပေါ်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် သူလေ....
''မိုးလေးပေါ့'.. တတ်လာတယ်ဗျာ~ ကိုယ်စီးထားတဲ့ဘတ်စ်ကားကိုရော တလောကလုံးကိုပါမေ့ပြီး ကျနော်မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ချစ်ဦးသူ မိုးလေးကို ငေးကြည့်ရင်းက ဘယ်လိုကဘယ်လို
သူ့အနားကိုရောက်သွားတယ်ဆိုတာမသိနိုင်လောက်အောင် မြန်ဆန်စွာပဲ နားနားကပ်ပြီးထိုင်လိုက်မိသွားတယ်ဗျာ။



ဒီတော့မှသူလည်း အောင်ဝင်းကိုမြင်ပြီး

''ဘယ်သွားမလို့လဲ အစ်ကို''

''မတွေ့တာတောင်တော်တော်ကြာပြီနော်''

''နေကောင်းလား''

စသဖြင့် တခုပြီးတခု မေးနေလေသည်ပေါ့....

''ဪ အင်း နေကောင်းပါတယ်မိုးလေးရယ်''

''ကိစ္စတစ်ခုရှိလို့ တာမွေသွားမလို့ပါ''

'' မိုးလေးရောဘယ်လဲ?''

'' ကျောင်းကိုပါရှင်''

''ဟုတ်လား ကိုယ့်ကြောင့်တော့စိတ်အနှောက်အယှက်မဖြစ်ပါဘူးနော်''

''အို ရပါတယ် မဖြစ်ပါဘူးရှင်''

ဟုဆိုပြီး ပြတင်းပေါက်ဖက်သို့လှည့်လိုက်လေရာ လေတိုက်သဖြင့်လူးလွန့်လှုပ်ရှားသွားသောဆံပင်လေးများကို ခါတိုင်းလိုကျနော်ယုယစွာဖြင့် သပ်တင်ပေးလိုက်တယ်ဗျာ.... ပြီးမှလန့်သွားတာပေါ့။
ဟုတ်တယ်လေ.. အရင်ကဘာမှမဖြစ်ပေမယ့်ခုကိုယ်က သူ့ကိုချစ်ခွင့်တောင်းဖူးထားတယ်လေ၊ သူလည်းငြင်းထားတယ်ဆိုတော့မသင့်တော်တော့ဘူးပေါ့ဗျာ။
မိုးလေးကလည်း ကျနော်ဘာမှမလုပ်လိုက်သလိုပဲသူ့ဖာသာသူ တိတ်တိတ်ဆိတ်ဆိတ်ကလေး ဆက်ထိုင်နေတာပေါ့~~~~~အဲဒါနဲ့ကျနော်လည်းကျနော်ဆင်းရမယ့်ကားမှတ်တိုင်မှာ မဆင်းတော့ပဲ
မိုးလေးကိုကျောင်းထိလိုက်ပို့လိုက်တော့မယ်လို့ဆုံးဖြတ်ပြီးတော့ထုံပေပေ၊မှုံတေတေနှင့်
ထိုင်နေလိုက်တော့တယ်ဗျာ...နဂိုလ်ကမှ စကားနည်းပါတယ်ဆိုမှ ခုလို ချစ်လွန်းလို့၊တွေ့ရင်ပေါက်ကွဲမိမှာစိုးလို့ မတွေ့မိအောင်ရှောင်နေခဲ့မိသူနဲ့ နှစ်ယောက်ထဲလာတွေ့နေတော့ ရင်ထဲမှာကုလားဘုရားလှည့်သလိုတစ်ဒိုင်းဒိုင်းမြည်ပြီးပြောချင်နေတဲ့စကားလေးတွေတောင်
ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်မှန်းမသိတော့ဘူးဗျာ။ 
အဲလိုနှစ်ယောက်လုံးတိတ်ဆိတ်စွာဖြင့် ထိုင်နေရင်းနဲ့

''တစ်ခုခုသောက်ပြီးစကားပြောကြရင်ကောင်းမလားအစ်ကို?''

ဆိုတဲ့ မိုးလေးရဲ့စကားကိုကြားမှ ကျနော်ဆက်ကနဲတုန်သွားပြီးတော့

''ဪ အင်း ကောင်းသားပဲမိုးရယ်''

ဟုကပျာကယာပြောရင်းမှ ဘယ်နေရာကိုရောက်နေလဲဆိုတာလှမ်းကြည့်မိတယ်......


 

''သပြေရိပ်''


သြော် အဝိုင်းကြီးတောင်ရောက်နေပြီကိုးးး
အဝိုင်းကြီးထိပ်မှ သပြေရိပ်ကဖီး ထဲသို့နှစ်ဦးသား 
(သူများတွေကတော့ရည်းစားတွေဟု ထင်ကြပေလိမ့်မည်:D) ဝင်လာခဲ့လေသည်...... စားသောက်ဖွယ်ရာများမှာပြီး မမြင်ရတာကြာပြီဖြစ်တဲ့
ချစ်သူမိုး ၏ချစ်စဖွယ် မျက်နှာလေးကိုမျက်နှာချင်းဆိုင်ကာသေသေချာချာကြည့်လိုက်မိတော့သည်ပေါ့... ကျနော်တို့နှစ်ယောက်စလုံး ဟိုတခါကကိစ္စအကြောင်းကို လုံးဝမဟမိကြပဲ
တခြားအကြောင်းတွေကိုပဲပြောကြဆိုကြတာပေါ့ဗျာ .........ဒါနဲ့ပဲကျနော်ကစပြီး 

မှတ်ချက်  ။     ။ အဲဒီတုန်းကကျနော်ကွန်ပြူတာအကြောင်းဘာဆိုဘာမှမသိသေးပါဘူး။ 
ဂျီတော့နဲ့ဂျီမေးလ်ဘာကွာသလဲလို့တစ်ယောက်ယောက်မေးလာရင်တောင်ကျနော်ဖြေတက်မှာမဟုတ်တာ သေချာပါတယ်... တခါတလေ Speed မကောင်းလို့ Web Page တက်မလာရင်လေ ကျနော်လျှောက်နှိပ်လို့ ကွန်ပြူတာများပျက်သွားပြီလားဆိုပြီး မသိမသာလေးထိုင်နေတဲ့ဆိုင်ကထ ထပြန်ခဲ့ရသေးတယ်.. ချွေးတွေဘာတွေပြန်ပြီးတော့ပေါ့.. ဟီးဟီး ရယ်စရာတော့ကောင်းသားး ခပ်တည်တည်နဲ့ ကျနော့်မိုးလေးကို ကျနော်မေးပုံကြည့်ပါဦးးး :-) LoL :-) 

''မိုးလေးGtalk သုံးလားဟင်?''

''ဟုတ် သုံးတယ်လေ ဘာလို့လဲ?''

''ကိုယ့်ကို အကောင့်ပေးလို့ရမလား? ''

'' ရပါတယ် ***********@gmail.com  ''

''အိုကေမိုးလေး ကျေးဇူးပါပဲနော်''

''ရပါတယ် အစ်ကို့အကောင့်လည်းပေးထားလေ ညီမ invite လုပ်လိုက်မလို့''

'' ***********@ gmail.com ပါ''

''ဒါဆိုပြီးမှ အွန်လိုင်းမှာတွေ့ကြတာပေါ့.... ခုဆေးရုံမှာလက်တွေ့ဆင်းရဦးမှာဆိုလို့ သွားကြစို့အစ်ကို''

'' အိုကေ မိုးလေး''

ပြောကြဆိုကြနဲ့အချိန်ကလဲ မိနစ်သုံးဆယ်လောက်ကုန်သွားတယ်လေ..သိတောင်မသိလိုက်ဘူးဗျာ... 
အိုခေ နောက်နေ့မှဆက်ပြီးလှုပ်ရှားမယ်။ဒီနေ့တော့တော်လောက်ပါပြီလေ ဆိုပြီး
ကိုယ့်ကိုယ်ကိုအားပေးလိုက်သေးတယ်။။ 


ဟားဟား... ပြီးတော့မိုးကို ဆေးရုံရှေ့ထိလိုက်ပို့ပေးပြီးချိန်းဆိုထားသောအလုပ်နေရာသို့
အမြန်ရောက်အောင် အငှါးကားတစီးတားကာ သုတ်ခြေတင်ခဲ့ရတယ်လေ . 
မဟုတ်ရင်ချိန်းထားတာနဲ့လွဲပြီး အာရကေနဲ့ (ဝန်ဆောင်ခ)လွဲနေမှဖြင့်~~~~~ စိတ်ထဲမှာလည်းအတွေးတွေကအမျိုးမျိုးပေါ့ဗျာ.............

''အင်း အရင်ကဇာတ်လမ်းကို ပြန်ဆက်နိုင်ဖို့အခွင့်ကောင်းပဲ''  ဘာညာဘာညာပေါ့ဗျာ.. ကိုယ့်ဟာကိုယ်စိတ်တော့ကူးနေတာပဲလေ.. ဘာတွေဖြစ်လာမလဲတော့မသိသေးဘူးပေါ့။။။။။။။
ဒီလိုနဲ့နောက်ပိုင်းကြတော့ ကျနော်တို့အမြဲတွေ့ဖြစ်ကြတယ်လေ. ကျနော်ကတွေ့ချင်တာဆိုတော့ သူဆေးရုံဖြစ်ဖြစ်၊ ကျောင်းဖြစ်ဖြစ်သွားမယ့်အချိန်တွေမှာသူအိမ်ကထွက်တာနဲ့စီးရမယ့်
ကားမှတ်တိုင်နားမှာ သွားစောင့်နေရုံပဲလေ. ပြီးတာနဲ့တူတူသွားတယ်၊ အမှန်ကသူကျနော်အဲလိုလိုက်လိုက်နေတာမကြိုက်ဘူးဗျ။ 
အားနာလို့ထုတ်မပြောတာကိုကျနော်ကအလိုက်ကမ်းဆိုးမသိ သူလိုလားလို့
ကျနော့်ကိုလမ်းဖွင့်ပေးတယ်ထင်ပြီးလိုက်လိုက်သွားတာလေ။ 
ကျနော်ကအဲလိုခပ်ထိုင်းထိုင်းကောင်ပါ.. 
နောက်ပိုင်းကျတော့ သူကသိသိသာသာကို မကျေနပ်ကြောင်းပြလာပါလေရောဗျာ။
သူ့မှာချစ်သူရှိတယ်ပေါ့၊ ကျနော်ခုလိုလိုက်လိုက်ပို့နေတာကိုသူ့ချစ်သူမြင်ရင်မကောင်းဘူးပေါ့၊ လိုက်မပို့တော့နဲ့ပေါ့၊ အဲလိုတွေပြောပြောလာတယ်လေဗျာ။ 
ကျနော်ကလဲ ဘယ်ယုံမလဲဗျာ။
ကိုယ့်အထင်နဲ့ကိုယ်ကိုးးး ထားပါတော့ဗျာအတိုချုပ်ပြိးပဲပြောတော့မယ်။ 



ဟီးဟီး နောက်နေ့မှဆက်မယ်နော်... ခုမျက်လုံးတွေနာလာပြီဗျ..... အားလုံးကိုကျေးဇူးတင်ပါတယ်...

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs