ဘာတဲ့လဲမိန်းမဆိုတာ

လူ တစ်ယောက်သည်လဘ္ဖက်ရည်သောက်ချင်လာသဖြင့်မိမိအိမ်တွင်ပင်ဖျော်သောက်မည်ဆိုပါက မီးမွှေးရမည်၊ ရေနွေးအိုးတည်ရမည်၊ 
ဝယ်ထားသောလဘ္ဖက်ခြောက်ကိုဆူလာသောရေနွေးအိုးထဲတွင်ထည့်ကာ
နှပ်ပေးရဦးမည်၊ လမ်းထိပ်တွင်သွား၍နို့ဆီသကြားပြေးဝယ်ရဦးမည်၊ 
အရသာရှိအောင်ဖျော်ရဦးမည်၊ 
သောက်ပြီးပါကခွက်အစရှိသောအရာများကိုဆေးကြောရဦးမည်... 
အင်မတန်ကရိကထများ.............

♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦ ♦♦♦







ဟိုးးအရင်က ကျနော်ဖေ့စ်ဘွက်မှာ အပျော်သဘောနဲ့စာတစ်ပိုဒ်ရေးဖူးတယ်ဗျ. ဆရာမင်းသိင်္က္ခရဲ့စာအုပ်တွေဖတ်ပြီးတော့ နည်းနည်းအတွေးပေါ်လာလို့ပါ။ ဘာရယ်ညာရယ်တော့မဟုတ်ပါဘူးဗျာ.. အမျိုးသမီးတွေကိုနာကျင်စေလိုတဲ့ဆန္ဒလည်းမရှိရိုးအမှန်ပါ။  
ဘာများရေးထားလို့အမျိုးသမီးတွေနာကျင်ရမှာတုန်းလို့ သူငယ်ချင်းတို့မေးမလာခင်ကျနော်ပြောပြပြီဗျာ.. (ကြာလို့.)...:P  
အဲဒီစာပိုဒ်လေးကတော့ဒီလိုပါ..   မိန်းမ တွေဟာ ဂျာနယ်တွေနဲ့တူတယ်တဲ့.. 

♦♦ ၁ ♦♦     ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေကိုလူစိတ်ဝင်စားလာအောင်ပုံကြီးချဲ့တတ်ကြတယ်တဲ့..


♦♦ ၂ ♦♦ ဂျာနယ်တွေထဲမှာမြင်နေရသမျှ၊ ဖတ်နေရသမျှကို အမှန်တွေကြီးပဲလို့ယူဆပြီး
ုံကြည်လို့မရသလို မိန်းမတစ်ယောက်ပြောသမျှကိုလည်း အမှန်တွေချည်းပဲလို့ ထင်မြင်နေလို့မရဘူးတဲ့........
♦♦ ၃ ♦♦ အဲဒီလိုပဲ မိန်းမတွေနဲ့ ဂျာနယ်တွေဟာရောင်းအားကောင်းအောင်ဆိုပြီး မျက်နှာဖုံးလှလှနဲ့ဆွဲဆောင်ကြတဲ့နေရာမှာလည်းတူကြတယ်ဆိုပဲ.. ဟီးဟီး..  (ဟုတ်မယ်ထင်ပါတယ်နော်..)

♦♦ ၄ ♦♦ ဘာပဲပြောပြောတဲ့ သွားရင်းလာရင်းအပျင်းပြေပြီးအချိန်ဖြုန်းဖို့အတွက်တော့ အဲဒီင်္နှစ်မျိုးစလုံးဟာ တော်တော်အသုံးဝင်တယ်တဲ့............... :P 

♦♦ ၅ ♦♦ နောက်ဆုံးအချက်ပဲဆိုပါတော့ ... မိန်းမတွေလိုပေါ့ဗျာ ဂျာနယ်တွေဟာလည်းဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းတယ်လို့ ပါးစပ်ကညီးနေစေကာမူ ဖတ်ချင်လာတဲ့အခါ သူများဆီကခဏခဏငှါးပြီး ဖတ်နေလို့တော့မဖြစ်ဘူးဗျတဲ့....
♦♦♦ သဘောကလူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဝယ်ထားတဲ့ဂျာနယ်တစ်စောင်စီတော့ ရှိသင့်တယ်တဲ့. ♦♦♦ ဟီးဟီးးးးမှန်လိုက်တဲ့အမြင်လေးဗျာ..  (ကျနော်မြင်တာကိုပြောတာနော်)





ခုတစ်ခါပြန်ပြီးအဲလိုအတွေးအခေါ်နဲ့ဆင်တဲ့ ပြောင်းပြန်အတွေးအခေါ်၊အမြင်တစ်ခုကိုဖတ်လိုက်ရပြန်ပြီဗျာ.
ဒါကိုလည်းဆရာမင်းသိင်္က္ခရဲ့စာအုပ်တစ်အုပ်ထဲမှာတွေ့တာပါပဲ...
အဲဒါကဘာလဲဆိုတော့..




လောကမှာပြသနာမပေါ်လိုပဲအေးဆေးစွာနေထိုင်လိုပါလျှင်လဘ္ဖက်ရည်တစ်ခွက်ကို
အရင်ဦးဆုံးသတိရစေလိုပါသည်တဲ့.. အဘယ်ကြောင့်ဟူသော် ပြသနာများ၏မူရင်းအစမှာများသောအားဖြင့်မိန်းမများနှင့်သက်ဆိုင်လေ့ရှိသောကြောင့်ပင်တည်းးးး ပြသနာဖြစ်စေနိုင်သောကိစ္စရပ်မြောက်မြားစွာရှိသည့်အနက်မှလူသားတို့ကြုံတွေ့ရသောပြသနာ ၅၀%မှာမိန်းမကြောင့်ဖြစ်တတ်၍မိန်းမဟူသည့်အရာကိုလဘ္ဖက်ရည်တစ်ခွက်နှင့်နှိုင်းယှဉ်ကာ
သဘောထားနိုင်သူအဖို့မှာတော့ ထို၅၀%သောပြသနာများထဲမှတော်တော်များများ
လျော့ကျသွားမည်မှာမလွဲသောနိယာမတရားပေတည်းးးးး

ပမာအားဖြင့်လူတစ်ယောက်သည်လဘ္ဖက်ရည်သောက်ချင်လာသဖြင့်မိမိအိမ်တွင်ပင်
ဖျော်သောက်မည်ဆိုပါက
♦♦ ၁ ♦♦ မီးမွှေးရမည်၊
♦♦ ၂ ♦♦ ရေနွေးအိုးတည်ရမည်၊
♦♦ ၃ ♦♦ ဝယ်ထားသောလဘ္ဖက်ခြောက်ကိုဆူလာသောရေနွေးအိုးထဲတွင်ထည့်ကာ နှပ်ပေးရဦးမည်၊
♦♦ ၄ ♦♦လမ်းထိပ်တွင်သွား၍နို့ဆီသကြားပြေးဝယ်ရဦးမည်၊
♦♦ ၅ ♦♦ အရသာရှိအောင်ဖျော်ရဦးမည်၊
♦♦ ၆ ♦♦ သောက်ပြီးပါကခွက်အစရှိသောအရာများကိုဆေးကြောရဦးမည်... 
အင်မတန်ကရိကထများသည်မဟုတ်ပါလားးးးးးး?

အကယ်၍လဘ္ဖက်ရည်သောက်ချင်လာသဖြင့်အိမ်တွင်ဖျော်မသောက်ပဲဆိုင်တွင်
အသင့်ဝယ်သောက်မည်ဆိုပါက
♦♦ ၁ ♦♦ မီးလည်းမွှေးစရာမလိုပေ၊
♦♦ ၂ ♦♦ ရေနွေးအိုးလည်းတည်စရာမလိုပေ၊
♦♦ ၃ ♦♦ လဘ္ဖက်ခြောက်လည်းဝယ်ထားစရာမလိုပေ၊

♦♦ ၄ ♦♦ ထို့နောက်နှပ်နေစရာလည်းမလိုသည့်အပြင်လမ်းထိပ်သို့လည်းအူယားဖားယားပြေးကာ
နို့ဆီသကြားဝယ်နေစရာမလိုပေ။
♦♦ ၅ ♦♦ ဖျော်ရတာသက်သာသည့်အပြင်သောက်ပြီးသောခွက်ကိုလည်းဆေးကြောတာ
အသာထားဦး ...  အဆစ်အနေနှင့် ရေနွေးကြမ်းပင်သောက်လို့ရသေးသည်။
♦♦ ၆ ♦♦ ဆိုင်တွင်ရှိနေသောသတင်းစာ၊ဂျာနယ်များကိုလည်းအခမဲ့ဖတ်ခွင့်ရှိသေးသည်။
တစ်ခုပဲရှိသည်.. ကိုယ်နှစ်သက်သဖြင့်အမြဲသောက်နေကြဆိုင်တွင်အဆင်မပြေဖြစ်ခဲ့သော် ဆိုင်ပြောင်း၍သောက်ရုံပင်... သောက်ရင်းနှင့်ပင်နှစ်သက်လာပါလိမ့်မည်....အဆင်ပြေလာလိမ့်မည်....

ထို့ကြောင့်အကြင်မည်သူမဆိုမိန်းမဆိုသောသတ္တဝါများအားလဘ္ဖက်ရည်နှင့်တန်းတူသဘောထားမည်
ဆိုပါကအထက်တွင်ပြောပြပြိးခဲ့သော မိန်းမတို့ကြောင့်ဖြစ်ရသောပြသနာများမှအလျင်းကင်းဝေးရမည်ဟုကျွန်ုပ်ယုံကြည်မိပါသည့်
အကြောင်း မိတ်ဆွေကောင်းပီသစွာတင်ပြလိုက်ရပါသည်............ တဲ့..... ကောင်းရောဗျာ..

ရေးထားတာကဆန့်ကျင်ဖက်ဆိုပေမယ့် စာရေးဆရာကတစ်ဦးတည်းဗျ.. ဝတ္ထုဆိုတာဘာပဲရေးထားရေးထားဖတ်လို့ကောင်းအောင်ရေးထားတာမို့ သူ့ဖာသာသူဆန့်ကျင်ဖက်အမြင်ကို ပဲရေးထားထား၊တခြားဘာပဲရေးထားထားကျနော်တို့ပြောစရာမရှိပါဘူးးး 
ခက်တာကအဲဒါတွေကိုဖတ်ပြီး ယောင်တောင်တောင်ကျန်ခဲ့တဲ့ကျနော်......
မိန်းမတွေကို သူပြောသွားသလိုဂျာနယ်တွေလိုသဘောထားရမလား၊ 
လဘ္ဖက်ရည်တစ်ခွက်လိုပဲ လွယ်လွယ်ကူကူလမ်းကိုပဲရွေးရမလား ဆိုတာကြီးကိုတွေးရင်းတွေးရင်းခေါင်းရှုပ်လာလို့ ကျနော့်ကိုခင်တဲ့သူငယ်ချင်းတွေကျနော့်လိုခေါင်းရှုပ်သွားအောင် အပျော်သဘောလေးနဲ့ဒီပို့စ်လေးကို ချရေးလိုက်တာပါ...  ကျနော့်သဘောကတော့ဂျာနယ်လ်လေးလိုသဘောပိုက်ပြီးမိန်းမတွေကိုဆက်ဆံရင် အကောင်းဆုံးပဲလို့ထင်ပါတယ်... တစ်ချို့ကြတော့လည်း လဘ္ဖက်ရည်လိုမျိုးသဘောထားချင်ကြမှာပေါ့နော်..:P
အားလုံးကိုယ့်သဘောအတိုင်း လွတ်လွတ်လပ်လပ်သဘောထားခွင့်၊မြင်ခွင့်ရှိနေတာမို့ အားလုံးပျော်ရွှင်အောင် ဘာအာဃာတမှ မပါပဲစိတ်ထဲကနေရိုးရိုးရှင်းရှင်းလေးတင်ပြလိုက်တာမို့ နားလည်ပေးကြမယ်လို့ထင်ပါတယ်...................။
လူလူခြင်း တန်ဖိုးထားကိုယ်ချင်းစာနိုင်စေဖို့ကျနော့်ကိုယ်ကျနော်ဆုံးမလိုက်မိတဲ့ ပို့စ်လေးတစ်ပုဒ်ဖြစ်ပါရစေ.
အားလုံးကိုကျေးဇူးတင်ပါတယ်..

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး


0 Responses
abcs