ဒီပို့စ်ကိုပြန်ရေးရတာကတော့လောကကြီးမှာအမျိုးသမီးတွေကပိုပြီးချင့်ချိန်မှု့ရှိလား၊ အမျိုးသားတွေက ပိုပြီးချင့်ချိန်မှု့ရှိလားဆိုတာစဉ်းစားမိလို့ပါ။ အပုပ်ချလိုတဲ့ဆန္ဒမပါပဲ သဘောရိုး၊စေတနာရိုးနဲ့ အရာရာကိုစဉ်းစားတွေးခေါ်တတ်ပြီး တဖက်သားကိုနားလည်မှု့ပေးတတ်စေဖို့နဲ့ ပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်သတိထားမိစေဖို့ အဓိကရည်ရွယ်ပါတယ်ဗျာ။ သူငယ်ချင်းတို့အားလုံးနဲ့အတူ ကျနော်လည်းကျနော်ပြုလိုက်တဲ့ဆန္ဒအတိုင်း လိုက်လျောညီထွေအောင်နေသွားကြမယ်ဆိုရင် ကျနော်တို့ခုနေနေတဲ့ မြေကမ္ဘာပေါ်မှာ ပိုပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေလို့ရသွားလိမ့်မယ်လို့ထင်မိတဲ့ မျှော်လင့်ချက်လေးကြောင့်ပေါ့ဗျာ။ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ မျှမျှတတနားလည်မှု့လေးတွေတော့ရှိဖို့လိုတာပေါ့၊ မှားတာရှိရင်ခွင့်လွှတ်ပေးပါနော်......အားလုံးကိုလေးစားပါတယ်ဗျာ....
♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣
♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣ ♣
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
၁၉၉၈ခု ဇွန်လအတွင်းက ချီကာဂိုမြို့ မစ်ဝေးလေဆိပ်မှ လော့အိန်ဂျလိစ်မြို့သို့
သွားရောက်မည့် ATA အမေရိကန်လေကြောင်းခရီးစဉ်၌ဖြစ်သည်။
ထိုခရီးစဉ်ဖြင့် လိုက်ပါသွားမည့် အမျိုးသမီးတစ်ဦးသည် လေဆိပ်သို့စောစီးစွာရောက်ရှိနေသဖြင့် စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖတ်ရှု့နေသည်။
ထိုစာအုပ်သည်ဤခရီးစဉ်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်ရေးသားထားသောစာအုပ်ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ်ရာလည်း ဖြစ်နေ၏။
ထိုစာအုပ်သည်ဤခရီးစဉ်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်ရေးသားထားသောစာအုပ်ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ်ရာလည်း ဖြစ်နေ၏။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အမျိုးသမီးသည် စာကိုစိတ်ဝင်စားစွာဖတ်နေချိန်တွင်
မိမိအနားသို့လူတစ်ယောက်ရောက်ရှိလာ၏။
ထိုသူသည်သူ၏အထုပ်များကို မိမိ၏အထုပ်များနှင့်ယှဉ်၍ချထားလိုက်ကာ လေးလေးပင်ပင်နှင့်မိမိထိုင်နေသော ခုံတန်းပေါ်သို့ထိုင်ချလိုက်လေရာ မိမိ၏ဘေးတွင်ပိုင်စိုးပိုင်နင်းထိုင်ချလိုက်သောကြောင့် အမျိုးသမီးသည် ထိုအမျိုးသားကို မရှုဆိတ်သလိုဖြစ်သွားရသော်လည်း ထိုထိုင်ခုံမှာသူလည်းထိုင်ခွင့်ရှိနေသောကြောင့် ဘာမှမပြောသာပဲကိုယ်လေးကိုယ်သာ ကြုံ့ပေးကာဖတ်လက်စစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
လေယာဉ်ကနည်းနည်းကြာမည့်သဘောရှိနေ၏။
ဖတ်စရာစာအုပ်တစ်အုပ်ပါလာ၍တော်သေးသည်။ စာအုပ်ကလည်းစိတ်ဝင်စားစရာဖြစ်နေ၍ လက်ကမချနိုင်အောင်ဖြစ်နေရာ ခဏကြာသော်ဗိုက်ဆာလာသလိုရှိ၍
အမျိုးသမီးသည်စာအုပ်နှင့်အတူ လိုလိုမယ်မယ်ဝယ်လာသော မုန့်ကြွပ်ထုပ်ကို သတိရလိုက်သည်။ ထို့ကြောင့်မုန့်ကြွပ်ကိုထုတ်ယူစားသောက်ရန် ပြင်လိုက်ချိန်တွင်မိမိနှင့်ထိုလူ၏အကြား၌ မိမိဝယ်လာသောတံဆိပ်နှင့်အမျိုးတူ မုန့်ကြွပ်ထုပ်ကိုတွေ့လိုက်ရလေသည်။
အမျိုးသမီးသည် မိမိမုန့်ကြွပ်ထဲမှ တစ်ချပ်ကိုနှိုက်၍ယူစားလိုက်သည်။
ထိုအချိန်တွင်နောက်မှလာပြီးခုံတန်းပေါ်သို့လာထိုင်နေသောအမျိုးသားကလည်း မိမိမုန့်ကြွပ်ထုပ်ထဲမှ တစ်ချပ်ကိုဗြောင်ပင်နှိုက်ယူ၍ စားလိုက်လေရာ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
"ဘုရား....ဘုရား၊ဒီလူအတင့်ရဲလှချည်လား၊မိန်းကလေးတစ်ယောက်ထဲမို့ တမင်စော်ကားနေတာပဲလား"
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အမျိုးသမီးသည် ဗြောင်ကျကျမိမိအထုပ်ထဲမှ မုန့်ကြွပ်များကိုယူငင်စားနေသောထိုအမျိုးသားအား သူ၏မျက်နှာများကိုစိတ်ရှိလက်ရှိကုတ်ခြစ်ရိုက်ပစ်လိုစိတ်များ တဖွားဖွားပေါ်နေသော်လည်း စိတ်ကိုချုပ်တီးထားကာ မိမိစာအုပ်ကိုသာဆက်ဖတ်၍နေလိုက်လေသည်။
တိုက်တိုက်ဆိုင်ဆိုင် စာအုပ်ထဲတွင်လည်းစားသောက်ဆိုင်တစ်ခုအတွင်းသို့ ရမ်းကားစွာဝင်ရောက်၍စားစရာများကိုယူငင်စားသောက်သူတစ်ဦးအား ဆိုင်ရှင်နှင့်စားပွဲထိုးများက ဝိုင်းဝန်းရိုက်နှက်သဖြင့် လူရမ်းကားမှောက်သွားရာစားပွဲထိုးများက
အပြင်ကိုဆွဲထုတ်သွားနေကြသည့်အကြောင်းဖြစ်နေ၏။
အမျိုးသမီးသည်ဖတ်ကောင်းကောင်းနှင့် ဆက်ဖတ်ရင်းနောက်မုန့်ကြွပ်တစ်ချပ်ကိုယူ၍စားလိုက်ပြန်သည်။ ထိုအချိန်တွင်လည်းဘေးကလူမှာအမျိုးသမီးနည်းတူတစ်ချပ်ယူကာစားလိုက်ပြန်၏။ တစ်ဖန်အမျိုးသမီးကပထမတစ်ချပ်ကို မြန်မြန်စားပစ်လိုက်ပြီး ဒုတိယတစ်ချပ်ကို နှိုက်ယူလိုက်၏။ ထိုလူကလည်းနောက်တစ်ချပ်နှိုက်ယူကာစားလိုက်ပြန်၏။ ထိုသို့သူတစ်ချပ်ကိုယ်တစ်ချပ်ယူကာစားလာလိုက်ကြသည်မှာနောက်ဆုံး မုန့်ကြွပ်ထုပ်ထဲတွင်
တစ်ချပ်သာကျန်နေတော့ရာ အမျိုးသမီးသည် ထိုအမျိုးသားမည်ကဲ့သို့လုပ်မည်ကိုသိလိုသောကြောင့် မိမိလက်ကို အသာလျှိုထားကာစောင့်ကြည့်နေလိုက်လေသည်။
တစ်ချပ်သာကျန်နေတော့ရာ အမျိုးသမီးသည် ထိုအမျိုးသားမည်ကဲ့သို့လုပ်မည်ကိုသိလိုသောကြောင့် မိမိလက်ကို အသာလျှိုထားကာစောင့်ကြည့်နေလိုက်လေသည်။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ထိုအခါအမျိုးသားသည် နောက်ဆုံးလက်ကျန်မုန့်ကြွပ်တစ်ချပ်ကိုနှိုက်ယူကာ ထက်ခြမ်းပိုင်းလိုက်ပြီးတစ်ဝက်ကို သူ့ဟာသူရယ်ရယ်မောမောဖြင့်ပါးစောင်အတွင်းသို့ထည့်သွင်းကာ ဝါးစားလိုက်ပြီးကျန်တစ်ဝက်ကိုတော့ မုန့်ကြွပ်အိပ်ထဲတွင် ချန်ထားလိုက်လေရာ အမျိုးသမီးသည်တည်ဆောက်၍မရတော့လောက်အောင်ဒေါသဖြစ်ကာ
" အတင့်ရဲလှချည်လားရှင့်၊ ကျမမုန့်ကြွပ်တွေကို ရှင်တစ်ချိန်လုံးဗြောင်ခိုးစားနေတယ်၊ ခွင့်တောင်းရမှန်းလဲမသိ၊ ကျမကိုကျေးဇူးတင်ပါတယ်ဆိုပြီးလဲ စကားလေးတစ်ခွန်းမှမပြောတဲ့အပြင် နောက်ဆုံးကျန်တဲ့မုန့်ကြွပ်ချပ်ကိုတောင် တစ်ဝက်ပိုင်းပြီးကျမအတွက် ချန်ထားပေးခဲ့လို့ ကျမကပဲ ရှင့်ကိုကျေးဇူးပြန်တင်ရဦးမယ့် ပုံပါလား၊ ရှင်ကရှင့်ကိုယ်ရှင် ကျမလင်လို့များမှတ်နေသလား" ဟုစိတ်ထဲမှကြုံးဝါးပြီး ပြောဆိုတော့မည့်ဆဲဆဲတွင် လေဆိပ်အသံချဲ့စက်မှ
မိမိခရီးစဉ်အတွက် လေယာဉ်ပေါ်သို့တက်ရောက်ရန် ခေါ်ဆိုသံကိုကြားလိုက်ရ၏။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ထို့ကြောင့်အမျိုးသမီးသည် မိမိအထုပ်များကိုစစ်ဆေးပြီး လေယာဉ်ဆီသို့သွားရန်ပြင်ဆင်လိုက်ရသဖြင့်ထိုအမျိုးသားမှာလည်း စက်သေနတ်ပစ်သလိုအပြောခံရမည့်ဘေးမှ သီသီကလေးလွတ်သွားရရှာလေသည်။
အမျိုးသမီးသည်ဒေါသနှင့်ရန်မတွေ့လိုက်ရသဖြင့်အံတစ်ချက်ကြိတ်ကာ
ထိုလူအားလှည့်၍ပင်မကြည့်တော့ပဲ လေယာဉ်ဆီသို့အပြေးလာခဲ့လေတော့၏။ ထို့နောက်မိမိလက်ဆွဲအိတ်များကို အိတ်စ်ရေးမှဖြတ်ရန်စက်ပေါ်သို့တင်ပေးနေသည့်တိုင် စိတ်တိုစိတ်ဆိုးနေသည်က မပြေသေးပဲရှိနေ၏။
ထိုမှတစ်ဆင့်လေဆိပ်မှ သွားလမ်းအတိုင်းလျှောက်သွားပြီးလေယာဉ်ပေါ်တက်ကာ မိမိခုံနေရာကိုရှာဖွေလိုက်လေသည်။
တွေ့တော့မှပင် ပါလာသောအိတ်များကို အသားကျသွားအောင်ကျကျနနနေရာချထားလိုက်လေတော့သည်။ အားလုံးပြီးသွားသောအခါ လေယာဉ်ထိုင်ခုံပေါ်တွင်ကျကျနနထိုင်ပြီး မိမိဖတ်လက်စစာအုပ်ကို ဆက်ဖတ်ရန်မိမိလက်ဆွဲအိတ်ထဲမှနှိုက်ယူလိုက်သောအချိန်တွင်မူ
စာအုပ်အောက်မှခိုးလိုးခုလုတစ်ခုကို သွား၍စမ်းလိုက်မိ၏။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
" ဘာများပါလိမ့် " ဟုစဉ်းစားရင်းထိုမိမိစမ်းမိသောအရာအားဆွဲထုတ်ကြည့်လိုက်မိချိန်တွင်တော့ အတော်ကြီးတုန်လှုပ်ခြောက်ခြားသွားရပါ၏။
အဘယ်ကြောင့်ဆိုသော် ထိုအရာမှာမိမိစာအုပ်ဝယ်စဉ်က စာအုပ်နှင့်အတူဝယ်လာသော
မုန့်ကြွပ်ထုပ်ဖြစ်နေသောကြောင့်ပင်။
အမေရိကန်ပြည်တွင်းလေကြောင်းလိုင်း ATA မှလေယာဉ်သည်လည်း
ပြေးလမ်းပေါ်သို့ရောက်ရှိပြီးဖြစ်ကာ ကောင်းကင်ပေါ်သို့ထိုးတက်ရန် အရှိန်ကောင်းကောင်းရနေပြီဖြစ်သည်။ " ဘုရားရေ..ဒါဖြင့်ငါတစ်ချိန်လုံးနှိုက်ယူစားခဲ့တာငါ့အထုပ်ထဲကမုန့်ကြွပ်တွေမှမဟုတ်တာ၊
ဟိုလူ့အထုပ်ထဲကမုန့်ကြွပ်တွေပါလား။
သူကလဲငါ့လိုတံဆိပ်မျိုးနဲ့မျိုးတူ မုန့်ကြွပ်ထုပ်မှဝယ်လာခဲ့တာကိုးး။။
အမလေးဒီလူ့နှယ် နောက်ဆုံးမုန့်ကြွပ်တစ်ချပ်ကျန်တာတောင် ငါ့ကိုမျှဝေပေးသွားခဲ့တယ်။ ငါကသာတစ်ချိန်လုံးသူ့ကိုမကောင်းထင်ခဲ့မိတာပါလား၊
အိုတစ်ကယ်တော့ ငါက ငါ့စာအုပ်ကိုပဲဖတ်နေပြီးရိုင်းပျခဲ့တာပဲ။
သူ့အထုပ်ထဲကမုန့်တွေကိုသူ့အရှေ့မှာစားပြီး ကျေးဇူးတင်စကားလေးတောင်မပြောပဲထွက်လာခဲ့မိပါလား။ ဒါတောင်ဒီလူကနောက်ဆုံးသူ့မုန့်ကြွပ်တစ်ဝက်ကိုစားရင်းရယ်မောလိုက်သေးတယ် "
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
"မစ်ဝေးလေဆိပ်ထဲကကိုအဝှာရေ.. ဒီကိစ္စကတော့ကျမလုံးလုံးလျားလျားမှားမိတာပါ၊
တောင်းပန်ပါတယ်။ ထပ်ပြီးတော့လည်းတောင်းပန်ပါတယ်နော်.....
ရှင့်ရဲ့စိတ်ရှည်သီးခံတဲ့ စေတနာကိုလည်းလေးစားပြီးကျေးဇူးအထူးတင်ရှိပါတယ်လို့
ရှင့်ရဲ့စိတ်ရှည်သီးခံတဲ့ စေတနာကိုလည်းလေးစားပြီးကျေးဇူးအထူးတင်ရှိပါတယ်လို့
ပြောခဲ့ပါတယ်ရှင်ရယ်" ဟုရေရွတ်မိချိန်မှာတော့
ATA လေကြောင်းမှလေယာဉ်သည် သတ်မှတ်ပေအမြင့်သို့ ရောက်ရှိကာငြိမ့်ညောင်း ညင်သာစွာ ဆက်လက်ပျံသန်းနေပြီဖြစ်ပါ၏။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
The Cookie Thief
(Valerie Cox)
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ချစ်စံဝင်း
လမင်းအိမ်
အိပ်မက်လှိုင်း တွင်ဖတ်ရှု့မိသောပို့စ်တစ်ပုဒ်ကို မဖတ်မိသေးသောသူငယ်ချင်းများဖတ်နိုင်စေဖို့ပြန်လည်ရေးသားတင်ပြလိုက်တာပါ။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ခင်မင်လေးစားစွာဖြင့်
ချင်းလေး