အရောင်ရင့်ရင့်အမုန်းများ ၂

ခဏလေးကြာတော့မိုးက သူတို့အခန်းရဲ့ ဝရန်တာမှာပေါ်လာပြီး ဖုန်းဆက်ဖို့ လက်ဟန်ခြေဟန်နဲ့ပြလာတယ်လေ... ဒါနဲ့ပဲ ချစ်အဖြေရပြီကွာ ဆိုပြီး လေတွေပါတွေချွန်၊
ကိုယ့်ဘာသာကိုယ် အပိုင်တွက်၊ရင်ကိုကော့၊မာန်ကိုမြှင့်ပြီး (သမိုင်းစာအုပ်ထဲကမွန်သူရဲကောင်းသမိန်ဗရမ်း၊တိုင်းတပါးသားဂါမဏိကိုစီးချင်းထိုးအနိုင်ယူပြီး ပြိုင်ပွဲကွင်းတစ်ပတ်ကြော့ကြော့လေးမြင်းစီးပြနေတဲ့ပုံစံလေးကိုတောင်မြင်မိတယ်၊မဆီမဆိုင်ပေါ့)

♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥





ဒါနဲ့ပဲ နဂိုလ်ကတည်းက အတွေ့အကြုံမရှိတာရယ် ~သူ့ကိုကြောက်တာရယ်ပေါင်းပြီးကျနော်ဗျာ အိပ်လို့တောင်မပျော်တော့ဘူးဗျ .... ပိုပြောတာမဟုတ်ပါဘူးနော်။ 
ကိုယ့်ဟာကိုယ်စိတ်ကူးတွေယဉ်ပြီး
[ဟဲ ဟဲ ဟဲ မိုး နဲ့ ရန်ကုန်မြို့တစ်မြို့လုံးကို လက်ချင်းချိတ်ပြီး စူပါမားကတ်တွေတစ်ခုမကျန်  ရှော့ပင်းထွက်ပစ်လိုက်တယ်ဗျာ .... ဟိုဟာလေးစားလိုက်~ဒီဟာလေးစားလိုက်~
သူ့ကိုကိုယ်ကခွံ့လိုက်~ သူကကိုယ့်ကိုခွံ့လိုက်နဲ့]  အိုး ,,,,,,,,,,,,,,,,,,, ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ  ကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိမှာပါဗျာ... နော့်???  
ဟီးဟီးဟီး   ......  ဒါပေမယ့်.................
ကျနော့်ရင်ထဲက စိတ်ကူးတွေ၊အပျော်တွေဟာသိပ်မကြာခင်မှာပဲပျောက်ဆုံးပျက်စီးခဲ့ရတယ်ဗျာ........
ဘာကြောင့်လဲဆိုတော့ မိုးက ကျနော်နဲ့စကားပြောချင်တယ်(လူကြုံပါးပြီး) ဆိုလို့
ခါတိုင်းနဲ့မတူအောင်သေချာပြင်ဆင်ပြီးချစ်သူရှိရာ(ချစ်သူပဲထားလိုက်ပါတော့.ခုလောလောဆယ်)
ထွက်လာခဲ့တာပေါ့... သူတို့အိမ်ရှေ့ခါတိုင်းကျနော်ဟန်ရေးပြနေကျနေရာကလေးမှာ
စောင့်နေတုန်း ခဏလေးကြာတော့မိုးက သူတို့အခန်းရဲ့ ဝရန်တာမှာပေါ်လာပြီး ဖုန်းဆက်ဖို့ လက်ဟန်ခြေဟန်နဲ့ပြလာတယ်လေ... ဒါနဲ့ပဲ ချစ်အဖြေရပြီကွာ ဆိုပြီး လေတွေပါတွေချွန်၊
ကိုယ့်ဘာသာကိုယ် အပိုင်တွက်၊ရင်ကိုကော့၊မာန်ကိုမြှင့်ပြီး (သမိုင်းစာအုပ်ထဲကမွန်သူရဲကောင်းသမိန်ဗရမ်း၊တိုင်းတပါးသားဂါမဏိကိုစီးချင်းထိုးအနိုင်ယူပြီးပြိုင်ပွဲကွင်းတစ်ပတ်ကြော့ကြော့လေး
မြင်းစီးပြနေတဲ့ပုံစံလေးကိုတောင်မြင်မိတယ်၊မဆီမဆိုင်ပေါ့) အနားမှာရှိတဲ့ ဖုန်းဆိုင်လေးထဲကိုဝင်လာလိုက်တယ်ဗျာ..ခုချိန်ထိ ကိုယ့်ကိုယ်ကို ယုံကြည်နေတုန်း....


ဖုန်းဝင်နေတဲ့အသံလေးက
အမြဲတမ်းဖုန်းနဲ့ထိတွေ့နေကြပေမယ့် ဒီတစ်ခါလောက်ကျနော့်ရဲ့နားထဲမှာ 
သာသာယာယာမရှိခဲ့ဖူးဘူး ....ခုအသံ (တီ..... တီ..... တီ......) က
ကျနော့်ဘဝမှာအချိုမြိန်ဆုံး~~~ အသာယာဆုံး။

"ဟယ်လို"
 
"ဟယ်လို"

"မိုးလေးလားဟင်"

"ဟုတ်ကဲ့ပါရှင်"

 အားပါးပါးပါးပါး  ချိုလိုက်တာဗျာ........................ အသံနော်..အသံ။

" မိုးလေး .. နေကောင်းလား?"

" ဟုတ်.. ကောင်းဘူးရှင့်"

"ဟာ ..... ဘာဖြစ်လို့လဲဟင် ? ကိုယ်ခုလာကြည့်မယ်လေ.. နော်? "

"အို ...................မလာပါနဲ့"

"ဒါဆိုရင် ကိုယ်တောင်းထားတဲ့ အဖြေလေးကော ခုပေးလိုက်မှာလားဟင်?"

" ဟုတ်.. ခုပေးမလို့ပဲဖုန်းဆက်ခိုင်းလိုက်တာပါ "

"ဒါဆိုပြောလေကွာ,, ကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်?"

"ဟင့်အင်း .. အကို့ကို မိတ်ဆွေလို~ အကိုလိုပဲခင်ပါရစေ~~ချစ်သူလိုချစ်လို့မရဘူး.... ဒါကိုနားလည်ပေးပါ .....ညီမလေးကို နားလည်ရင် နောက်ဒီလိုစာမျိုး မပေးပါနဲ့တော့နော်...
 ပြီးတော့ညီမလေး အကို့အပေါ်မှာ မရိုင်းချင်လို့ပါ ....ညီမလေးဘာကိုဆိုလိုနေလဲဆိုတာအကိုသိမှာပါ... ဒီအတွက်ညီမလေးကိုလည်း ခွင့်လွှတ်ပေးပါအကို"

ဒီမှာပဲ မိုးဆီက ပြတ်သားတဲ့ ဒီစကားတွေကိုကြားရတော့  သူ့ကိုကိုယ့်ဘဝထက်ပိုပြီး တန်ဖိုးထားချစ်ခဲ့သူကျနော်.. သေပြီပေါ့ဗျာ..။

" မိုးရယ်.....  ကိုယ်မင်းကို တကယ်ချစ်နေတာပါ... မင်းခုမစဉ်းစားချင်သေးရင်တောင် ရပါတယ်.. နောက်မှအေးအေးဆေးဆေး စဉ်းစားပြီး အဖြေပေးလို့ရပါတယ်ကွာ...
ကိုယ်စိတ်ရှည်ရှည်နဲ့ စောင့်ပါ့မယ်မိုးရယ် ... ခုလိုတော့ ကိုယ့်အချစ်တွေကိုလက်လွတ်စပယ် လွယ်လွယ်နဲ့မငြင်းလိုက်ပါနဲ့ကွာ... ကိုယ်တောင်းပန်ပါတယ်မိုးရယ်  နော်?"

မျက်ဝန်းထဲကမျက်ရည်တွေ အလိုလိုစီးကျလာတဲ့အထိ ထိတ်လန့်တကြားနဲ့ တတွတ်တွတ်တောင်းပန်နေလိုက်တာ~~~ ရင်အပြတ်ဖွင့်ပစ်နေလိုက်တာ ~ခွပ်ကနဲ
ဖုန်းခွက်ချသွားသံကြားလိုက်ရတော့မှ  
ပတ်ဝန်းကျင်ကိုရော၊ကိုယ့်ကိုယ်ကိုပါ သတိထားမိသွားတယ်..
ဆိုင်ရှင်နဲ့ အကူကောင်မလေးတွေတောင်ကျနော့်ကိုမသိမသာကြည့်နေလိုက်သေးတယ်။
ရှက်ရှက်နဲ့ကျသင့်ငွေပေးပြီး ထွက်လာခဲ့သည်ပေါ့ဗျာ.............................
အနှစ်နှစ်အလလက ရည်ရွယ်ထားပြီးမှ ခုတခဏအတွင်း မျှော်လင့်ချက်တွေ အားလုံးပျက်စီးသွားပြီဆိုတော့ကျနော်လေ. ကျနော်အမြင်အာရုံ~~~အကြားအာရုံ
အားလုံးချွတ်ယွင်းသွားသလိုမျိုးဖြစ်သွားတယ်ဗျာ. ဘာဆိုဘာမှမသိတော့ပဲလျှောက်ရင်းလျှောက်ရင်းနောက်ဆုံးအိမ်တောင်ဘယ်လိုပြန်ရောက်လာမှန်းသတိမထားမိလိုက်ဘူးလေ...
နောက်နေ့တွေကြတော့ကျနော်လည်းရှက်စိတ်~နာကြည်းစိတ်တွေကြောင့်ပဲထင်ပါရဲ့ဘယ်ကိုမှလည်း မသွား~~~~~ ဘယ်အပေါင်းအသင်းနဲ့မှလည်းမတွေ့ဖြစ်တော့အောင်ရှောင်နေမိတော့တယ်ဗျာ။
တွေ့ချင်စိတ်တွေလဲမရှိဘူးလေ..တွေ့နေရင်မေးနေဦးမယ်။ မေးလာရင်ဖြေနေရဦးမယ်။ ကျနော်အလုပ်တောင်ပျက်ကွက်တာများလာတဲ့အထိ ကြေကွဲနေရပြီပေါ့။။


ဪအချစ်~ အချစ်~~အချစ်~~~
ဒီလိုပဲနေသွားရင်း ကြာလာတာနဲ့အမျှကျနော့်ရဲ့ကျန်းမာရေးကအစ ထိခိုက်၊ယိမ်းယိုင်လာနိုင်တာမို့
စိတ်ကိုတင်းပြီး

''' ဟေ့ကောင်ချင်းလေး မင်းဘာဖြစ်နေတာလဲကွ?မိန်းကလေးတစ်ယောက်က မင်းကိုပြန်မချစ်တာနဲ့ မင်းကိုမင်း သေအောင်သတ်နေတာလားကွ? မင်းယောက်ျားပါကွာ၊ဆင်ဆင်ခြင်ခြင်နေစမ်းပါကွာ'''

စသဖြင့် ကိုယ့်ကိုယ်ကိုအားပေးရင်း၊ဆုံးမရင်း၊ပစ်ထားတာကြာနေပြီဖြစ်တဲ့ အလုပ်တွေကို စလုပ်နေပြီး တတ်နိုင်သမျှ ချစ်ခဲ့ဖူးသူကို မေ့နိုင်အောင်ကြိုးစားနေလိုက်တယ်ဗျာ။
တကယ်ပါ.. ကျနော့်အတွက် အခက်ခဲဆုံးကျော်ဖြတ်ခဲ့ရတဲ့နေ့တွေဆိုရင်မမှားဘူးပေါ့ဗျာ.. 
ချစ်သူရဲ့ငြင်းဆန်မှု့ကအဲလောက်တောင် Effect ဖြစ်တတ်သလားဗျာ..




ဒီလိုနဲ့ တစ်နှစ်နီးပါးလောက်ကျနော် မိုးလေးနဲ့အဆက်အသွယ် မလုပ်ဖြစ်တော့ဘူး....အမြဲတမ်းမြင်ချင်နေပေမယ့်ကျနော်အားတင်းပြီးသူ့ကိုမြင်မိမှာစိုးလို့ သူနေတဲ့ပတ်ဝန်းကျင်ကိုတောင်မသွားဖြစ်ဘူးလေ။
သူကတော့ ချစ်သူပုံစံ မချစ်နိုင်တာကလွဲရင် အရင်လိုမျိုး ရင်းရင်းနီးနီး နေတာကိုခွင့်ပြုထားပါတယ်.. ဒါပေမယ့်ကိုယ့်စိတ်ကို ကိုယ်မနိုင်ပဲ နီးနီးကပ်ကပ် နေလိုက်မိရင် ပေါက်ကွဲမိမှာဆိုးလို့ကျနော်
တမင်ရှောင်နေခဲ့မိတာပါ ..... ဒီလိုရှောင်ပြီးနေခဲ့ရတဲ့အတွက်ကျနော်တစ်ကိုယ်တည်း ဘယ်လောက်ကြေကွဲနေခဲ့သလဲဆိုတာ ဘုရားသခင်ပဲသိပါလိမ့်မယ်ဗျာ...



မှတ်ချက် ။      ။ [စာရေးကောင်းသူတစ်ယောက်မဟုတ်တာမို့ ဖွဲ့နွဲ့ပြီးမရေးတတ်ပေမယ့်အဲဒီလိုဝေးဝေးရှောင်ပြီးနေရခိုက်မှာခံစားရခဲ့သမျှကို ရင်ဖွင့်ချင်လွန်းလို့ကြိုးစားပြီးရေးလိုက်တာကိုနားလည်ပေးနိုင်မယ်လို့
မျှော်လင့်ပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်နော်]  ။
ဒီလိုနဲ့တစ်နှစ်လောက်ကြာသွားတယ်ဆိုပါတော့.......
ကျနော့်စာဖတ်လာသူတွေကိုအရမ်းပြောပြချင်နေတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ...
ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs