အရောင်ရင့်ရင့်အမုန်းများ ၁

ကျနော်ဒီအရွယ်ထိကျင်လည်ခဲ့ရတဲ့ရန်ကုန်မြို့ကြီးကို နှုတ်ဆက်ကြည့်လေးကြည့်နိုင်ဖို့အတွက် ပြတင်းဖက်မှထိုင်ခုံကိုယူလိုက်ကာ departure hall ထဲမှတဆင့် 
လေယာဉ်ပျံပေါ်သို့တက်လာခဲ့ပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ သိမ့်ကနဲ ခါသွားတာနှင့်အတူလေယာဉ်ကြီးမှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် .....

♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥
















ကျနော်ဒီအရွယ်ထိကျင်လည်ခဲ့ရတဲ့ရန်ကုန်မြို့ကြီးကို နှုတ်ဆက်ကြည့်လေးကြည့်နိုင်ဖို့အတွက် ပြတင်းဖက်မှထိုင်ခုံကိုယူလိုက်ကာ departure hall ထဲမှတဆင့် လေယာဉ်ပျံပေါ်သို့တက်လာခဲ့ပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ သိမ့်ကနဲ ခါသွားတာနှင့်အတူလေယာဉ်ကြီးမှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ပျံသန်းရန်
လေယာဉ်ပြေးလမ်းဆီသို့ဦးတည်လျှက်..ဒီတခါထွက်လာခြင်းကနောက်ဆုံးဖြစ်ပြီး နောက်ဘယ်တော့မှဒီရန်ကုန်မြို့ကိုပြန်မရောက်နိုင်တော့ဘူးဆိုတာကို ကျနော့်စိတ်ကအလိုလိုသိနေသလိုပဲဗျာ။
ဒါနဲ့မြင်နေရတဲ့အောက်ဘက်ဆီမှ ဝေး၍ဝေး၍ ကျန်ရစ်သောစေတီတော်တွေ၊လူနေရပ်ကွက်တွေ၊ လယ်ကွင်းစိမ်းစိမ်းကြီးတွေကို ငုံ့ကြည့်ရင်းမှ စိတ်အစဉ်တို့မှာတော့ ဟိုးအဝေးဆီသို့
လွင့်မျောသွားနေလေတော့သည်ပေါ့ဗျာ..မနေ့တစ်နေ့ကလိုပဲ စိတ်မှာထင်မှတ်ရင်း အတွေးထဲမှာ အရင်ကအကြောင်းတွေ အစီအရီပေါ်လာတာနဲ့သက်ပြင်းတစ်ချက်ကို ခပ်မျင်းမျင်းကလေးရှိုက်ကာ
မျက်လုံးအစုံကိုမှိတ်ထားလိုက်ပါတော့တယ်ဗျာ...


"မိုးရယ်  လုပ်ရက်လိုက်တာကွာ"
ဒါကတော့ကျနော့်စိတ်ထဲမှ တီးတိုးလေးရေရွတ်လိုက်တာပါ။ အရာရာပြီးဆုံးခဲ့ပြီဆိုပေမယ့်ကျနော့်ရင်ထဲကဝေဒနာကတော့ ဘယ်ပြီးဦးမလဲဗျာ။ရခဲ့တဲ့ဒဏ်ရာရဲ့အနာကကျက်ပင်မကျက်သေးပေါ့။
နေ့စဉ်နှင့်အမျှနာနာကျင်ကျင် ခံစားနေရတာခုထက်ထိပဲဆိုပါတော့ဗျာ.. တကယ်ဆိုရင်ငါးနှစ်တောင်ပြည့်ခါနီးပြီပဲလေ~~~ ဟိုတုန်းက ခုလိုအချစ်နဲ့ပတ်သက်ပြီးနာကျင်ရလိမ့်မယ်၊
ခံစားရလိမ့်မယ်ဆိုတာသာသိခဲ့ရင် သူငယ်ချင်းတွေပြောသလိုကျနော်လုပ်ခဲ့မိမှာမဟုတ်~ ရင်ထဲကအချစ်တွေကို မိုးသိအောင်ဖွင့်ပြောခဲ့မိမှာမဟုတ်ပဲကြိတ်မှိတ်မျိုသိပ်ခဲ့မိမယ်ဆိုတာသေသေချာချာ
ပြောရဲပါတယ်။ ဒါပေမယ့်ဘယ်အရာကိုမှကြိုတင်သိမထားနိုင်တာကျနော်တို့လူတွေရဲ့အားနည်းချက်ပဲလေ...
ထားပါတော့ဗျာ...ကျနော်သိပ်ချစ်ရတဲ့သူက အဲဒီတုန်းကဆေး( 2 )မှာ
ဒုတိယနှစ်ကျောင်းသူပေါ့ဗျာ.ကျနော်ကတော့နောက်ဆုံးနှစ်ကောလိပ်ကျောင်းသား .မိဘတွေကသိပ်အဆင်မပြေတာနဲ့အဲဒီတုန်းက ခေတ်စားတဲ့ အငှါးကားမောင်းတဲ့အလုပ်ကိုပါ
ကျောင်းတစ်ဖက်နဲ့တွဲပြီးကျနော်လုပ်ခဲ့ပါသေးတယ်ဗျာ. မတတ်နိုင်ဘူးလေ။ (အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာကိုပဲနားယောင်ရင်းပေါ့)  
ကျနော်မရှက်ပါဘူးဗျာ.ခိုးစားတာမှမဟုတ်တာ.ရှက်စရာလို့လည်းမထင်မိပါဘူး....။
ကျောင်းဆင်းတာနဲ့ပေါင်းပြီးစာချုပ်ချုပ်ထားတဲ့အစ်ကိုကြီးအိမ်မှာကားသွားယူ၊ ပြီးတာနဲ့မနားမနေရသမျှအော်ဒါတွေကိုမညီးမညူလိုက်ပို့ ၊ မိုးချုပ်ပြီးကားသိမ်းရင်ရလာတဲ့ပိုက်ဆံတွေနဲ့မိသားစုဆီ
ပြန်လာရတာ(မောင်နှမတွေတော့အိပ်ကုန်ကြပြီပေါ့။) ဘယ်လောက်ကြည်နူးဖို့ကောင်းတယ်ဆိုတာကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိကြမှာပါဗျာ..


ရှင်းရှင်းပြောရရင်ကျနော်မှားတာပါ ...
ကိုယ်နဲ့အဆင့်အတန်းမတူတဲ့ မိုးလို (နာမည်နဲ့လိုက်တယ်နော်) ဆေးကျောင်းသူတစ်ယောက်ကိုကျနော်စိတ်မကူးသင့်ဘူးဗျ.ဗီဒီယိုတစ်ကားကြည့်ဖူးတယ်.......
သိပ်မကြာသေးပါဘူး။ 
အဲဒီထဲမှာအရမ်းချမ်းသာတဲ့မင်းသမီးကို ဟိုတယ်မှာစားပွဲထိုးတဲ့မင်းသားကကြိုက်မိတော့ မတူညီတဲ့ဘဝပေးအခြေအနေတွေကြောင့်မင်းသမီးကိုယ်တိုင်ကသူ့ကိုချစ်မိနေပေမယ့် ဂုဏ်တွေ၊သိက္ခာတွေကို ထောက်ထားငဲ့ညှာပြီးမင်းသားကိုနှုတ်ဆက်ဖို့လာတဲ့အချိန်မှာ
စားပွဲထိုးလုပ်တဲ့မင်းသားပြောသွားတာလေးအတိုင်းပေါ့ဗျာ။
မင်းသမီးမလာခင်သူကCustomerတွေထိုင်တဲ့စားပွဲဝိုင်းမှာထိုင်နေမိတယ်လေ.
မင်းသမီးရောက်လာတော့ကပျာကယာမတ်တပ်ထရပ်တော့ သူ့ကိုချစ်မိနေတဲ့မင်းသမီးလေးက

'' ထိုင်နေလို့ရပါတယ်၊ ကျမတို့ကြားမှာ Waiter နဲ့ Customer ဆိုတာကိုမေ့ထားပြီးလွတ်လွတ်လပ်လပ်ထိုင်ပါရှင် '' လို့ပြောလာတော့ မင်းသားက

'' ကျေးဇူးတင်ပါတယ်ဗျာ. ကျနော်မှားပြီးထိုင်မိတာပါ။ ပိုင်ရှင်ရောက်လာရင်ဖယ်ပေးရတတ်တယ်ဆိုတာကျနော်သတိမေ့သွားခဲ့ပါတယ်။
ကျနော်အစကတည်းကကိုယ်မထိုင်သင့်တဲ့နေရာကို နားလည်သင့်ရဲ့နဲ့နားမလည်ပဲ ထိုင်ခဲ့မိပါတယ်။ အဲလိုအမှားကြီးတစ်ခုကြောင့်ခုပိုင်ရှင်ရောက်လာတဲ့အခါကျနော်မဖယ်မဖြစ်ဖယ်ပေးရပါတော့မယ်။ ကျနော့်ဖက်ကပြောထားဖူးတာတွေအားလုံးကိုကျနော်ပြန်ရုပ်သိမ်းပါရစေ.
ကျနော့်နေရာအမှန်ကိုကျနော်ဒီနေ့နားလည်လိုက်ပါပြီ .. ကျေးဇူးတင်ပါတယ်ဗျာ''


 (တိုက်တိုက်ဆိုင်ဆိုင်မင်းသမီးနဲ့အဆင့်အတန်းတူညီတဲ့ မိဘတွေသဘောတူထားတဲ့လုပ်ငန်းရှင်ကြီးလည်း အဲဒီဟိုတယ်ကို မင်းသမီးကိုလာခေါ်ဖို့ရောက်နေတယ်လေ...ဒါကို မင်းသားလုပ်သူကသိလိုက်တယ်ဆိုပါတော့ဗျာ...)

ဆိုပြီးခေါင်းလေးငုံ့ထွက်သွားခဲ့တာလေးဗျာ..  ခုထိမျက်လုံးထဲကမထွက်အောင်
ကို ကျနော်သူပြောခဲ့တဲ့စကားတွေအပေါ်မှာခံစားနေရတယ်ဗျာ. အဲလိုမျိုးထင်ပါရဲ့ခုကျနော့်အဖြစ်က .. မမှန်းသင့်တာမှန်းမိတဲ့အတွက်ဘဝနဲ့ရင်းပြီးပေးဆပ်လိုက်ရတဲ့အမှားတစ်ခုလို့ဆိုရမှာပေါ့နော်.။
အဲဒီအမှားကိုသိလိုက်ရတဲ့အချိန်မှာကျနော်နဲ့သူနဲ့ တစ်ကမ္ဘာစီ ဝေးနေခဲ့ပြီဗျာ ~~~ ဒီ့အရင်သာစောစောကဗီဒီယိုကားကိုကျနော်ကြည့်ခဲ့မိရင်တစ်မျိုးဖြစ်လာနိုင်တယ်လေ..  အဟင်းဟင်းဟင်း
     သူ့နာမည်က မိုးပေါ့~တိတိကျကျဆိုရရင် မိုးမိုးခိုင် ပေါ့ဗျာ~~~ခုတော့ ဒေါက်တာမိုးမိုးခိုင် ဖြစ်နေပါပြီ။ကျနော်ကသူ့ကိုသိပ်ချစ်လွန်းလို့ မိုးလေး လို့ခေါ်ခဲ့တယ်ပဲဆိုကြပါစို့ ...
အဲဒီ မိုး ကိုကျနော်စပြီးချစ်မိခဲ့တာ  မှတ်မှတ်ရရ2004 ခုနှစ်ကတည်းကပေါ့.... ဒီတုန်းကသူကလည်းကျနော့်ကို (ကိုယ့်အထင်) စိတ်ဝင်စားနေသလိုလိုပဲဆိုတော့ နီးစပ်ရာသူငယ်ချင်းတွေ~ ညီကိုဝမ်းကွဲတွေက
 
"လုပ်တော့လေကွာ" 
  
"ကြာရင်သူများနောက်ပါသွားလိမ့်မယ်"

"မင်းကလဲကွာ နေရာချင်းတောင်လဲလိုက်ချင်စမ်းပါဘိ"

'' ဒီထက်ပိုပြီးပဲမင်းကိုရေလာမြောင်းပေးလုပ်လို့ရတော့မလားကွ''
 
'' တော်တော်အထူအပါးနားမလည်တဲ့ကောင်ပဲ''

စသဖြင့် (သိပ်ချစ်ဖို့ကောင်းတဲ့ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်ကွာလို့ပြောပါရစေကွာ။)  အတင်းတွန်းထိုးလွန်းတာနဲ့နဂိုလ်ကမှချစ်စိတ်တွေ ယိုဖိတ်မတက်
ချစ်နေမိတဲ့ကျနော်လေ မြှောက်ပေးရင်ဂွေးတက်အောင်ကတယ်ဆိုသလိုပဲချက်ချင်းအစီအစဉ်ဆွဲပြီး မိုး ဆိုတဲ့ကောင်မလေးကို  (ဟီးဟီးဟီး) ရှေးကဆရာ့ဆရာတွေရဲ့နည်းဟောင်းကြီးကိုပဲသုံးပြီး
ရည်းစားစာပေးလိုက်မိတာပေါ့ဗျာ....ဟွန်း ဘာရမလဲကျနော်ပဲဟာ.:P ဒီလောက်ကတော့ပိုင်ပါတယ်။ 
ဟာ ဟ . ကျနော်ကတော့ကိုယ့်ကိုယ်ကိုပိုင်လှပြီ၊ဟုတ်လှပြီထင်နေတာ၊
သူငယ်ချင်းတွေပြောသလိုပါပဲ၊ တကယ်တော့ကျနော်ဟာအထူအပါးနားမလည်ခဲ့တဲ့ ခပ်ပိန်းပိန်းကောင်တစ်ယောက်ပါပဲလေ။





ကျနော့်စာဖတ်လာသူတွေကိုအရမ်းပြောပြချင်နေတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ...
ခင်မင်လေးစားစွာဖြင့်

ချင်းလေး
0 Responses
abcs