အင်းး..ဟိုနားသွားလည်းချစ်သူစုံတွဲတွေ..။
ဒီနားနေပြန်တော့လည်းရောက်လာကြပြန်ပြီ..။
သူတို့အတွက်တော့ငါဟာအမှိုက်ဖြစ်နေမလား?
မဖြစ်နိုင်ဘူး..... သေချာတာကတော့
သူတို့ပြောပြောနေတဲ့ အချစ်ဆိုတာနဲ့
မသက်ဆိုင်သူငါ့အတွက်
သူတို့ကတော့အမှိုက်တွေပဲ....။ @ ဝုန်း @
သစ်ပင်ပေါ်ကငှက်ကလေးတောင် လန့်သွားသလားမသိဘူး..။
လုပ်လိုက်ရင်လူတွေအားလုံးဒီအတိုင်းပဲ..ဟင်း
မင်းကိုချစ်ဖို့ လုံလောက်တဲ့အရာဝတ္ထုတစ်ခု
ငါ့မှာရှိနေလို့ပါ..
အဲဒီအရာဝတ္ထုက ပီပီပြင်ပြင်မမြင်တွေ့ရသေးပေမယ့်
တကယ်တော့ငါ့အတွက် သိပ်အရေးမကြီးပါဘူး...
အချစ်ဖြစ်ပေါ်ဖို့အတွက် မိန်းကလေးတစ်ယောက်ကို
မျက်နှာချင်းဆိုင် မြင်ရမှဖြစ်မယ်လို့
ငါဘယ်တုန်းကမှ ထင်မထားဘူးကလေးရယ်....
တကယ့်အချစ်ဆိုတာ ငါ့အတွက်တော့
မင်းရဲ့အရိပ်လေးမြင်ရရုံနဲ့
လုံလောက်သွားပါပြီ.....
မင်းနဲ့စကားတွေပြောတိုင်းမှာ
လှိုင်းတစ်ခုကလူယောင်ဖန်ဆင်းလာသလိုမျိုးပဲ
နူးညံ့တယ်၊အင်အားတွေရှိတယ်၊
ဆွဲငင်အားကလေးတွေနဲ့လှပနေခဲ့တယ်လေ......
မျက်နှာသွင်ပြင်ဘယ်လိုရှိမလဲဆိုတာ
မသေချာတဲ့မင်းတစ်ယောက်အပေါ်မှာ
ဦးစွာထားရှိမိတဲ့ ချစ်ခြင်းတွေမှာတော့
တပ်မက်စိတ်နဲ့မျှော်လင့်မှု့တွေ၊
မသမာစွာဖန်တီးထားတဲ့လှုံ့ဆော်စိတ်တွေ၊
အကွက်ဆင်ဇယားတွေ မပါပါဘူး.......
ပိုင်ဆိုင်လိုမှု့၊ အတ္တ၊ လိင်ကိစ္စ
ဘာဆိုဘာမှမပါတဲ့ သန့်ရှင်းတဲ့မေတ္တာ
ရိုးသားတဲ့ချစ်ခြင်းသပ်သပ်သာဖြစ်တယ်လို့
ငါကိုယ်တိုင်ဝန်ခံကတိရေးထိုးခဲ့မယ်ကွာ........
ဒါ... ငါ့ကိုယ်ငါတည်ဆောက်ထားခဲ့တဲ့
ငါ့ရဲ့ခံတပ်ကြီးပဲလေ.. မင်းအတွက်ပေါ့..........။
ခင်မင်လေးစားစွာဖြင့်
အချစ်တဲ့လား..စကားလုံးလေးပါးပါးလေးနဲ့နှလုံးသားကိုစိမ့်စိမ့်လေး ဝင်သွားတတ်လွန်းလို့ ...နာကျင်၇တာ..ခံ၇ခတ်လါန်းလို့ပါ..
အချစ်ရဲ့ ဖွဲ့ဆိုချက်လေးတွေ ခံစားအားပေး သွားတယ် မောင်လေးရေ...:)
အချစ်အကြောင်းတွေကိုဖတ်လိုက်ပါတယ်
ထပ်တူခံစားလို့လဲရပါတယ်။
ချမ်းမြေ့ပါစေ။ ။
လေးစားရတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်လို့ပြောပါရစေဗျာ..။
ခေါင်းစဉ်လေးနဲ့ လိုက်ဖက်တဲ့ ကဗျာကောင်းလေးပါပဲ။ လူသားတိုင်းမကင်းနိုင်တဲ့ ကိုယ်ပိုင်အတ္တပါကွယ်း)
မေတ္တာဖြင့်
အန်တီတင့်
တကယ်ချစ်ရင် အဲဒီချစ်ခြင်းအတွက် အကြောင်းပြချက်တွေ မလိုတာ အမှန်ပါဘဲ။ ကဗျာလေးကို ခံစားသွားတယ်... :)
ခံစားအားပေးတတ်တဲ့အန်တီနဲ့မမရေ..ကျေးဇူးတင်ပါတယ်ဗျာ...:)