အချစ်ရဲ့လက်ကျန်သံယောဇဉ်

ဒီလိုပါပဲ..တစ်ခါတလေတော့လည်းဘယ်သူ့ကိုမှဖွင့်ပြောလို့မရနိုင်တဲ့အကြောင်းအရာတွေကို ခုလိုမျိုးလေးနဲ့ဖွင့်ချလိုက်ရပါတယ်..။တခါတလေလို့လှအောင်ပြောနေပေမယ့်တကယ်တော့ အမြဲတမ်းပါ။လူတိုင်းလူတိုင်းမှာပုံပြင်တစ်ပုဒ်စီရှိကြစတမ်းဆိုရင်ကျနော့်မှာလည်းပုံပြင်တစ်ပုဒ် ရှိခဲ့ဖူးပါတယ်..။သေချာတာကတော့အဲဒီပုံပြင်တွေဟာအတိုအရှည်မတူနိုင်ပါဘူးနိဒါန်းနိဂုံးမတူ 
နိုင်ပါဘူးအနိမ့်အမြင့်မတူနိုင်ပါဘူးတူနိုင်တာကတော့ရှိခဲ့ကြဖူးတယ်ဆိုတဲ့နိယာမလေးတစ်ခုပါ.
ချစ်ခဲ့ဖူးပြီးမှဝေးခဲ့ရတဲ့အချစ်ရဲ့သံယောဇဉ်လက်ကျန်လေးကို ကဗျာလေးတစ်ပုဒ်အသွင်ပြောင်း
လဲလိုက်ပြီးခံစားတင်ပြလိုက်တာပါ..။အားပေးကြပါလို့မေတ္တာရပ်ခံပါရစေ....။





ချစ်ရတဲ့သူရယ်
ရူးရူးမိုက်မိုက် နှစ်ခြိုက်ခဲ့ပေမယ့်
ခုများမှာတော့
တစ်စိမ်းပြင်ပြင် ဝေးခဲ့ကြပြီနော်
ကြင်မယ်ဆိုပြီးတွဲ
မကြင်လို့ခွဲကြတော့
တပ်မက်နေဦးလည်း အပိုသာမို့
မျက်ရည်ရွှဲစို မငိုစေချင်ဘူး...။

 
တချိန်ခါတုန်းက
သွားခဲ့ဖူးတဲ့နေရာတွေမှာ
ချစ်သူရဲ့အရိပ်တွေတွေ့တယ်
ဖြတ်သန်းလာတဲ့လေပြည်တွေမှာ
ချစ်သူရဲ့အနံ့အသက်တွေရတယ်
ထိတွေ့မိတဲ့နေရာတိုင်းမှာ
ချစ်သူရဲ့နူးညံ့မှု့တွေရှိတယ်
သြော် လေပြေတွေရယ်
ငါ့ချစ်သူကိုမေးစမ်းပေးပါ
ဘာကြောင့်ဝေးဝေး
ပြေးသွားခဲ့တာလဲလို့...။

 
တချို့ကပြောကြတယ်
အချစ်ဆိုတာအသွားအပြန် မရှိဘူးတဲ့.....
ဟုတ်မယ်နော်..
ငါချစ်တဲ့သူက
ငါပေးသလောက်ယူပြီး
ငါလိုသလောက်ပြန်မပေးဘူး
ညစ်တယ်ကွာ
ဘယ်တော့မှပြန်မရနိုင်တော့မယ့်
ချစ်သူတစ်ယောက်ရဲ့အချစ်ကို
ထမ်းပိုးထားရတာ
အသက်ရှုတာတောင်
အဆင်မပြေတော့ဘူး.............။

လေမုန်တိုင်းလည်းမရှိတော့ပါဘူး
ကောင်းကင်တစ်ခုလုံး ပြာလဲ့လို့
မကြာခင်မှာ
ရောင်နီလာပြီးနံနက်ခင်းကို
ခရီးဦးကြိုပြုမယ်တဲ့
နင်ကောငါပါတူတူရှိရင်လေ
ဘုရားကျောင်းက
ခေါင်းလောင်းလေးတွေကို
ငှက်ကလေးတွေနဲ့အပြိုင်
မြည်ချင်စမ်းပါဘိ......။
ခုတော့
ခုတော့
အလင်းရောင်မှိန်ဖျော့ဖျော့ကသာ
ငါ့အနားမှာရစ်ဝဲနေလေရဲ့
မနက်ဖြန်လည်း
ဒီအတိုင်းပဲဖြစ်နေဦးမှာပဲချစ်သူရယ်.....။

  
မပြည့်စုံတဲ့စာလေးတစ်ပုဒ်အတွက် သူငယ်ချင်းများကိုအားနာပါတယ်ဗျာ.။
အားပေးကြတဲ့အတွက်ကျေးဇူးပါ။


ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
5 Responses
  1. mstint Says:

    ပွင့်အံထွက်လာတဲ့ ခံစားချက် ကဗျာလေး အားပေးသွားတယ် ချင်းကလေးရေ။
    စာသားလေးတွေကတော့ ပြောင်မြောက်ပါ့း)
    စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. Angelhlaing(May everybody be happy and healthy! Says:

    ညစ်တယ်ကွာ
    ဘယ်တော့မှပြန်မရနိုင်တော့မယ့်
    ချစ်သူတစ်ယောက်ရဲ့အချစ်ကို
    ထမ်းပိုးထားရတာ
    အသက်ရှုတာတောင်
    အဆင်မပြေတော့ဘူး.............။

    ရင်နဲ့ခံစားသွားတယ် မောင်လေးရေ...

  3. ပဥာက် Says:

    ဒီထတ်ပိုပြည့်စုံ၇င် ဖတ်၇င်နဲ့ ၇င်ကွဲသွားနိုင်တယ်ဟဟ

  4. KMC@ချင်းလေး Says:

    ရှက်လိုက်တာဗျို့... စိတ်ချမ်းသာအောင်ပြောပေးလို့ အန်တီတင့်..မမအိန်ဂျယ်လ်၊ အစ်ကိုပဥာက်.. အားလုံးလေးစားစွာကျေးဗူးတင်တယ်လို့ပြောပါရစေဗျာ. (လျှောက်ရေးထားတာမို့ရှက်တာတော့တကယ်ပါပဲ)

  5. Candy Says:

    ဘာမှမရှက်နဲ့... တကယ်ဖတ်လို့ကောင်းတာ... ရင်ဘတ်ကြီးနဲ့ ဖတ်သွားတယ်ဗျို့ ... :D

abcs