စာရေးတာတော်တော်အားနည်းနေတဲ့အတွက်တောင်းပန်ပါတယ်လို့ပထမဆုံးပြောပါရစေ..။ ဘလော့လေးကိုလာပြီးလည်ပတ်အားပေးကြတဲ့ကိုကိုတွေ၊မမတွေနဲ့အတူအန်တီတွေကိုလည်း
အထူးကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေလေးလေးစားစားပြောလိုက်ပါရစေ..။
''လွှတ်ချခံရသောမေတ္တာ''
အပိုင်းငါးကိုဆက်ရေးပါမယ်..။အားလုံးပဲအားပေးကြပါဦးလို့မေတ္တာရပ်ခံပါရစေဗျာ..။
''သားကြီးဆီမှာ..သားကြီးညီအလုပ်လုပ်တဲ့လိပ်စာရှိတယ်မို့လား...အဲဒါပေးလိုက်ဗျာ...
ကျနော်သူ့ကိုသွားခေါ်လာမယ်..အားလုံးဒီဆိုင်ကပဲစောင့်နေကြပေါ့ဗျာ.''
''ငါလည်းလိုက်မယ်လေကွာ'' ဆိုပြီးနောက်တစ်ယောက်လဲဖြူတုတ်နှင့်အတူပါသွားရော..။ ငွေရှင်းမယ်ပြောပြီးမရှင်းသေးပဲအအေးထပ်မှာကာအချိန်ဆွဲနေကြသည့်
နေမိုးနိုင်တို့ဝိုင်းကို မသင်္ကာဖြစ်လေသလားမသိ...ဆိုင်ရှင်အပါအဝင်စားပွဲထိုးများအားလုံးအလစ်မပေးပဲ စောင့်ကြည့်နေကြလေတော့သည်..။
ဒီကြားထဲကျန်ခဲ့သောကလေးတွေထဲမှတစ်ယောက်က
''သားကြီး...သမီးရှုးပေါက်ချင်တယ်....မောင်လေးနဲ့အတူခဏသွားပေါက်ပါရစေနော်..'' လို့ပြောပြီးထွက်သွားတော့နောက်တစ်ယောက်ကလည်းသူပါပေါက်ချင်သည်
ဟုဆိုကာနေမိုးနိုင်ကိုထား၍ထွက်သွားကြလေတော့သည်ပေါ့..။ နေမိုးနိုင်ခမျာမှာတော့ ဆရာတင်ထားမိသောဖြူတုတ်ကလည်းမရှိ၊ကျန်တဲ့ကလေးတွေပါထွက်သွားတော့
အားငယ်လိုက်ရတာပေါ့..။ စားပွဲထိုးတွေကလည်းလုံးဝအလစ်မပေးချေ..။ ဒါနဲ့ဆယ်မိနစ်လောက်ကြာတော့ဥာဏ်စဉ်မမှီရှာသောနေမိုးနိုင်တစ်ယောက်ခပ်တည်တည်ဖြင့်
ထ၍ဆိုင်အပြင်သို့ထွက်ပြေးရန်ကြိုးစားလေရာ...
''ဒီလိုပြေးလို့ရမလားကွ..စားချင်တာစားပြီးပိုက်ဆံတော့ရှင်းခဲ့မှပေါ့''
ဆိုပြီးစားပွဲထိုးတစ်ယောက်အနားကပ်လာသဖြင့်အိတ်ကပ်ထဲတွင်နောက်ဆုံးကျန်နေသော
ငွေနှစ်ထောင်ကိုထုတ်ပေးပြီးထွက်ပြေးမိတော့သည်ပေါ့..။
နောက်မှစားပွဲထိုးတွေရော၊ ဆိုင်ရှင်ပါညာသံပေးပြီးလိုက်တော့ခဏအတွင်းမသွားပါတော့တယ်ဗျာ..။ဒီတော့ဆိုင်ရှင်ကနေမိုးနိုင်ကို
''ဒီမှာကိုယ့်လူ...ကျသင့်ငွေကိုးထောင်ကိုမရှင်းပဲထွက်ပြေးတာဘာသဘောလဲဗျ? စားချင်ရာစားပြီးပိုက်ဆံမပေးပဲထွက်ပြေးတယ်ဆိုတာသူခိုးတွေရဲ့အလုပ်ဗျ''
''ကျုပ်သူခိုးမဟုတ်ပါဘူးဗျ..ကျုပ်အိမ်ပြန်မလို့ပါ..'' ဆိုပြီးယောင်ဝါးဝါးဖြေလိုက်တော့ဆိုင်ရှင်လုပ်တဲ့သူက
''ဟာ..ကျသင့်ငွေမပေးပဲအဲလိုပြန်ချင်တိုင်းပြန်လို့ရမလားကွ..အဲဒီလောက်တောင်ပြန်ချင်တာ.ရော့ကွာ''
ဆိုပြီးနေမိုးနိုင်ကိုအမှတ်မထင်ထိုးလိုက်ပါလေရော....စားသောက်ပြီးလို့
ပြည့်ဖောင်းနေတဲ့ဗိုက်ကိုအထိုးခံလိုက်ရတော့နေမိုးနိုင်လည်းဘာမှစဉ်းစားမနေတော့ပဲ အနီးဆုံးလူကိုကြီးမားလှတဲ့ကိုယ်လုံးနဲ့
ဝင်တိုက်ပစ်လိုက်ပြီးလှည့်ပြေးဖို့ကြိုးစားတော့တာပေါ့..။
နေမိုးနိုင်ရဲ့ကိုယ်လုံးနဲ့အတိုက်ခံလိုက်ရတဲ့ငနဲကတော့လဲကျသွားရာကပြန်မထနိုင်တော့ပါဘူး..။
ဒါနဲ့ဆိုင်ရှင်က
''ပြေးပြီဟေ့..အဲဒီအချောင်သမားကိုမလွတ်စေနဲ့''
လို့ပြောပြီးစားပွဲထိုးတွေကိုအမိန့်ပေးလိုက်တော့အားလုံးကနေမိုးနိုင်ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားလိုက်ကြတယ်လေ..ဒီတော့နေမိုးနိုင်လည်းထွက်မပြေးနိုင်တော့ပဲအမိခံ
လိုက်ရတော့တာပေါ့..။
''ဒီကောင့်ကိုနောက်ဖေးခန်းထဲခေါ်သွားပြီးဖမ်းချုပ်ထားလိုက်... ငါရဲကိုဖုန်းဆက်လိုက်ဥိးမယ်''
လို့ပြောတော့နေမိုးနိုင်ကကြောက်လန့်ပြီး
''ရဲစခန်းကိုတော့ဖုန်းမဆက်ပါနဲ့ဗျာ..တော်ကြာနေကျုပ်ညီလေးရောက်လာမှာပါ...
ညီလေးရောက်လာတော့မှမင်းတို့ပိုက်ဆံပြန်ပေးလိမ့်မယ်..ကျုပ်..ရဲတွေကိုကြောက်လို့ပါ..
ပြီးတော့ကျုပ်ကလူဆိုးလဲမဟုတ်ပါဘူးဗျာ...''
ဆိုပြီးတောင်းပန်မိတော့တာပေါ့..ဒီတော့လည်းမြန်မာလူမျိုးအချင်းချင်းဖြစ်တဲ့ဆိုင်ရှင်ကလည်း..
''အေး..နာရီဝက်လောက်တော့စောင့်ကြည့်ဦးမယ်ကွာ...နာရီဝက်ပြည့်လို့မှမလာသေးရင် မင်းပိုက်ဆံတွေအတွက်ငါတို့မင်းကိုရဲစခန်းပို့ရမှာပဲကွ...နားလည်လား?''
ဆိုပြီးဖြဲခြောက်တယ်လေ...ပြီးတော့နေမိုးနိုင်ကိုနောက်ဖေးမီးဖိုခန်းထဲကချက်ပြုတ်ကြော်လှော်နေ ကြတဲ့အခန်းကျဉ်းလေးထဲမှာကြိုးနဲ့ချည်နှောင်ထားလိုက်တော့တာပေါ့..။
အမှန်ကသူတို့လည်းငွေလေးကိုးထောင်တည်းနဲ့ရဲစခန်းအရောက်မခံပါဘူးးး။ ကြပ်မပြည့်မှန်းသိနေတော့ချက်ချင်းနေမိုးနိုင်ကိုလွှတ်ပေးမလို့ပါပဲ..ဒါပေမယ့်နှောင်ကျဉ်သွားအောင်ဆို
ပြီးနေမိုးနိုင်နောက်နောင်မလုပ်ရဲတော့အောင်ပုံစံပေးလိုက်ကြတာပါ..။ ဘာပဲပြောပြောလောလောဆယ်တော့ နေမိုးနိုင်တစ်ယောက်အဖမ်းခံထားလိုက်ရပြီလေ..မကြာပါဘူး..။
နေသွေးနိုင်ရဲ့လက်ကိုဆွဲပြီးဖြူတုတ်ကစားသောက်ဆိုင်ထဲရောက်လာတော့တာပါပဲ..။
အလုပ်နေရာကိုရုတ်တရက်အစ်ကိုဖြစ်သူနေမိုးနိုင်နဲ့ကစားဖော်ကစားဖက်ကောင်လေး ဖြူတုတ်ရောက်လာပြီးအကျိုးအကြောင်းရှင်းပြတော့ အစ်ကိုလုပ်သူကိုပူပန်တဲ့စိတ်က
ငယ်ထိပ်တက်ဆောင့်တာမို့ချက်ချင်းထလိုက်လာခဲ့တာပါ..။
ဆိုင်ထဲရောက်လာတော့မှစောနကထားခဲ့တဲ့ဖြူတုတ်သူငယ်ချင်းတွေရော၊နေမိုးနိုင်ကိုပါ မတွေ့ရတော့တာမို့ဆိုင်ရှင်ဖြစ်သူဆီကိုပဲဖြူတုတ်တန်းလာခဲ့ပါတော့တယ်..။
''ဦးလေး..ဦးလေး..ခုနကကျနော်တို့နဲ့တူတူထိုင်ပြီးထမင်းစားသွားကြတဲ့ကလေးတွေနဲ့ဦးကြီး တစ်ယောက်ကော...ပြန်သွားကြပြီလား?''
အရူးလိုလို၊မသာလိုလိုကောင်ကြောင့်(နေမိုးနိုင်ကိုပြောချင်တာပါ)၊၊ ဘူပိတ်လို့စိတ်တိုနေရတဲ့အထဲကလေးလေးတစ်ယောက်ကခုလိုမေးလာတော့ဆိုင်ရှင်လည်းလှည့်ကြည့်ပြီး
''သြော်..ဘယ်သူများလဲမှတ်တယ်..စောစောကစားသောက်ပြီးပိုက်ဆံမပေးပဲထွက်ပြေးတဲ့ အရူးရဲ့အဖွဲ့ကကောင်ကိုး. ''
ဒီလိုမျိုးအစ်ကိုဖြစ်သူကိုချိုးချိုးဖဲ့ဖဲ့ပြောလိုက်တာကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတော့ နေသွေးနိုင်တစ်ယောက်အနောက်မှာရပ်နေရာကနေရှေ့ကိုလှမ်းတိုးလာပါတော့တယ်..ပြီးတော့
''ဒီမှာဟေ့လူ ကျုပ်အစ်ကို ကိုခုလိုအရူးလို့မပြောပါနဲ့..ဘယ်မှာခေါ်ထားလဲဆိုတာပဲပြော.''
လို့ပြောလိုက်တော့
''မခေါ်လို့ဖြစ်မလားကွ..သူကအရူးပဲဥစ္စာ''
''ဟာ..ခင်ဗျားနော်....ဘယ်မှာလဲကျုပ်အစ်ကို..သူတို့စားထားတာဘယ်လောက်လဲပြော.''
''ဟေ့ကောင်တွေ...ဟိုကောင့်ကိုလွှတ်ပေးလိုက်...''
လို့စားပွဲထိုးတစ်ယောက်ကိုပြောပြီးတစ်ဆက်တည်းနေသွေးနိုင်ဖက်ကိုလှည့်ကာ
''ကိုးထောင်ကျတယ်ဟေ့ကောင်''
''ရော့ ခင်ဗျားငွေကိုးထောင်..ငွေမျက်နှာကိုပဲကြည့်ပြီးအကြင်နာတရားမရှိတဲ့သူတွေ''
လို့ပြောပြီးကောင်တာပေါ်ကိုငွေကိုးထောင်ပစ်ချပေးလိုက်တာပေါ့.....။
ဝိုင်းထိုးထားကြလို့ယိုင်နဲ့နဲ့ထွက်လာတဲ့အစ်ကိုဖြစ်သူနေမိုးနိုင်ကိုပြေးတွဲကာ တောက်တစ်ချက်ပြင်းပြင်းခေါက်ရင်းဆိုင်ထဲမှနေ
သွေးနိုင်တို့လှည့်ထွက်လာခဲ့ကြပါတော့တယ်..။ ဒီတော့မှအပြင်မှာပုန်းအောင်းပြီးအခြေအနေကိုစောင့်နေကြတဲ့ ကလေးတစ်သိုက်ကအလျိုလျိုထွက်လာကြပြီး နေသွေးနိုင်တို့ညီအစ်ကိုနှင့်အတူ၎င်းတို့နေထိုင်ရာအရပ်သို့ပြန်လာခဲ့ကြတော့တာပေါ့ဗျာ..။လမ်းမှာ
နေသွေးနိုင်ကအစ်ကိုကြီးဖြစ်သူနေမိုးနိုင်ကို
''အစ်ကိုကြီးရယ်..နောက်ကိုအဲဒီလိုလျှောက်လျှောက်မသွားပါနဲ့နော်....
အစ်ကိုကြီးသာတစ်ခုခုဖြစ်သွားရင်ညီလေးရင်ကျိုးရမှာအစ်ကိုကြီးမသိဘူးလား''
လို့မဆူမငေါက်ပဲချော့မော့ပြောဆိုလိုက်တော့နေမိုးနိုင်ကလည်း
''သိပါတယ်ညီလေးရာ..ငါလည်းမကစားရတာကြာလွန်းလို့ဒီကောင်တွေကိုခေါ်ပြီးလာကစားမိတာပါ..
နောက်ဆိုခုလိုမလာတော့ပါဘူးကွာ..နော်ညီလေး''
''ဒါပေမယ့်ကိုကြီးကစားချင်လာတဲ့အခါညီလေးကိုပြောပေါ့အစ်ကိုကြီးရာ..ညီလေးလိုက်ပို့မှာပါဗျာ....''
ဆိုပြီးနေမိုးနိုင်ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တော့တာပေါ့..။
''နေသွေးရေ..မင်းသင်္ဘောတက်ဖို့ကိစ္စအဆင်ပြေရင်မင်းအစ်ကိုကြီးကိုဘယ်သူနဲ့ထားခဲ့မှာလဲ?
မင်းဆီမှာလူပိုလည်းမရှိတော့မင်းဘယ်လိုစီစဉ်ခဲ့မလဲသိချင်လို့ပါ''
ဝင်းဇော်မေးလာတဲ့မေးခွန်းကိုနေသွေးနိုင်တစ်ယောက်ခေါင်းတစ်ချက်ညိတ်ပြီး
ဝင်းဇော်မေးလာတဲ့မေးခွန်းကိုနေသွေးနိုင်တစ်ယောက်ခေါင်းတစ်ချက်ညိတ်ပြီး
အဖြေပြန်ပေးလိုက်ပါတယ်..သူတို့အားလုံး
မြို့ထဲကသင်္ဘောသားရုံးနားမှာဖွင့်ထားတဲ့ လဖ္ဘက်ရည်ဆိုင်မှာထိုင်နေကြတာပါ..။
''ငါလည်းအစ်ကိုကြီးအတွက်ပဲစိတ်ပူနေမိတာပါကွာ..အမှန်တိုင်းပြောရရင်ငါသင်္ဘောမတက်ခင် ဒေလီယာ့ကိုလက်ထပ်ထားလိုက်ချင်တယ်၊
ဒါမှငါတို့လည်းနီးရ၊အစ်ကိုကြိးကိုကြည့်ပေးမယ့်အဖော်လည်းရ..
မြို့ထဲကသင်္ဘောသားရုံးနားမှာဖွင့်ထားတဲ့ လဖ္ဘက်ရည်ဆိုင်မှာထိုင်နေကြတာပါ..။
''ငါလည်းအစ်ကိုကြီးအတွက်ပဲစိတ်ပူနေမိတာပါကွာ..အမှန်တိုင်းပြောရရင်ငါသင်္ဘောမတက်ခင် ဒေလီယာ့ကိုလက်ထပ်ထားလိုက်ချင်တယ်၊
ဒါမှငါတို့လည်းနီးရ၊အစ်ကိုကြိးကိုကြည့်ပေးမယ့်အဖော်လည်းရ..
အဲလိုလုပ်တာပဲကောင်းမယ်ထင်တာပဲကွာ''
နေသွေးနိုင်ရဲ့စကားကိုကြားတော့သူရနဲ့အောင်ကြီးတို့ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကြပါတယ်..။ ဝင်းဇော်ကတော့
''မင်းထင်ထားသလိုဒေလီယာကမင်းကိုလက်မထပ်ချင်ဘူးဆိုရင်ကောနေသွေး?''
ဝင်းဇော်၏စကားကြောင့်နေသွေးနိုင်တစ်ယောက်ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်..။ အမှန်ဆိုဒေလီယာ့ကိုလက်ထပ်ဖို့ဆိုတာ
မလွယ်ကူတော့တာကိုနေသွေးနိုင်လည်းခန့်မှန်းမိပါတယ်..။
နေသွေးနိုင်ရဲ့စကားကိုကြားတော့သူရနဲ့အောင်ကြီးတို့ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကြပါတယ်..။ ဝင်းဇော်ကတော့
''မင်းထင်ထားသလိုဒေလီယာကမင်းကိုလက်မထပ်ချင်ဘူးဆိုရင်ကောနေသွေး?''
ဝင်းဇော်၏စကားကြောင့်နေသွေးနိုင်တစ်ယောက်ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်..။ အမှန်ဆိုဒေလီယာ့ကိုလက်ထပ်ဖို့ဆိုတာ
မလွယ်ကူတော့တာကိုနေသွေးနိုင်လည်းခန့်မှန်းမိပါတယ်..။
ဘာလို့လည်းဆိုတော့အရင်ကသူ့ဖက်ကနေပဲခဏခဏချိန်းဆိုတတ်တဲ့
ဒေလီယာဟာ နေသွေးနိုင်တို့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုကိုပြောင်းသွားပြီး ကတည်းကရှောင်ဖယ်ရှောင်ဖယ်လုပ်ခဲ့တာ နေသွေးနိုင်လည်း
သတိထားမိခဲ့ပါတယ်..။ဒါပေမယ့်နှစ်နှစ်လောက်ချစ်ခဲ့ကြဖူးတဲ့ချစ်သူတွေမို့ ရအောင်ကြိုးစားညှိယူဖို့နေသွေးနိုင်ဆုံးဖြတ်လိုက်မိပါတယ်..။
အေးလေ..ဒါကလည်းသူ့အတွက်အသက်ရှူပေါက်တစ်ခုဆိုလည်းမမှားနိုင်ဘူးမဟုတ်လား..။
ဒေလီယာဟာ နေသွေးနိုင်တို့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုကိုပြောင်းသွားပြီး ကတည်းကရှောင်ဖယ်ရှောင်ဖယ်လုပ်ခဲ့တာ နေသွေးနိုင်လည်း
သတိထားမိခဲ့ပါတယ်..။ဒါပေမယ့်နှစ်နှစ်လောက်ချစ်ခဲ့ကြဖူးတဲ့ချစ်သူတွေမို့ ရအောင်ကြိုးစားညှိယူဖို့နေသွေးနိုင်ဆုံးဖြတ်လိုက်မိပါတယ်..။
အေးလေ..ဒါကလည်းသူ့အတွက်အသက်ရှူပေါက်တစ်ခုဆိုလည်းမမှားနိုင်ဘူးမဟုတ်လား..။
''ဒီလိုဆိုရင်တော့ဘယ်တတ်နိုင်မလဲကွာ....အဆင်ပြေပြေညှိလို့ရတန်ကောင်းပါရဲ့.....
ငါသွားဥိးမယ်သူငယ်ချင်းတို့....အစ်ကိုကြီးကို
ဒီနေ့စောစောပြန်လာမယ်ပြောထားခဲ့တယ်လေ. နောက်နေ့ပုံမှန်အချိန်မှာပြန်ဆုံကြတာပေါ့ကွာ''
ဆိုပြီးနွမ်းလျတဲ့အသံလေးနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ထွက်လာခဲ့တဲ့ နေသွေးနိုင်ရဲ့ကျောပြင်ကိုကြည့်ရင်းအောင်ကြီးတို့တစ်တွေ
ခေါင်းတစ်ခါခါနဲ့ကျန်ခဲ့ကြပါတော့တယ်ဗျာ...။
''ဒီကောင်ကြီးဘဝကမယုံနိုင်စရာပြောင်းလဲသွားတာကိုး''
သူရရဲ့နှုတ်ကနေတိုးတိုးလေးထွက်ကျလာတဲ့စကားကြောင့်သုံးယောက်သား သက်ပြင်းကိုယ်စီရှိုက်မိလိုက်ကြတယ်..။
ဒီနေ့စောစောပြန်လာမယ်ပြောထားခဲ့တယ်လေ. နောက်နေ့ပုံမှန်အချိန်မှာပြန်ဆုံကြတာပေါ့ကွာ''
ဆိုပြီးနွမ်းလျတဲ့အသံလေးနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ထွက်လာခဲ့တဲ့ နေသွေးနိုင်ရဲ့ကျောပြင်ကိုကြည့်ရင်းအောင်ကြီးတို့တစ်တွေ
ခေါင်းတစ်ခါခါနဲ့ကျန်ခဲ့ကြပါတော့တယ်ဗျာ...။
''ဒီကောင်ကြီးဘဝကမယုံနိုင်စရာပြောင်းလဲသွားတာကိုး''
သူရရဲ့နှုတ်ကနေတိုးတိုးလေးထွက်ကျလာတဲ့စကားကြောင့်သုံးယောက်သား သက်ပြင်းကိုယ်စီရှိုက်မိလိုက်ကြတယ်..။
ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
မောင်လေးရေ ..ဝထ္ထုလေး အားပေးသွားတယ်နော်..စောင့်မျှော်အားပေးနေပါ့မယ်လို့ ..:)
မမအိန်ဂျယ်လ်တို့ပေးတဲ့အားနဲ့ပဲ ကျနော်ဆက်ကြိုးစားသွားနိုင်မှာ အမှန်ပဲမို့ကျေးဇူးကမ္ဘာပါပဲဗျာ....
အားပေးတယ် pls quickly write :D
ဆက်လက်ဖတ်သွားပါတယ်နော်....
ဇာတ်သိမ်းကဘယ်တော့လဲ..