ဝမ်းနည်းပါတယ်နော်ဝေ

နောက်ကျနေတယ်လို့ပြောလည်းခံရမှာပါပဲဗျာ..ပထမတော့မတင်မလို့နေနေပြီးမှ မှတ်တမ်းလေးတစ်ခုကိုယ့်ဘလော့ပေါ်မှာရှိနေစေချင်တာနဲ့တင်လိုက်တာပါ..။ အားလုံးလည်းသိပြီးကြားပြီးကြပြီဆိုတာယုံပါတယ်...မြို့ထဲသွားတော့လူအုပ်ကြီး
လမ်းလျှောက်နေတာတွေ့လို့ဘတ်စ်ကားပေါ်ကဆင်းပြီးကိုယ်ပါဝင်ရောလိုက်တယ်။ ရောတယ်ဆိုတာထက်စိတ်ထဲကလည်းတကယ်ကိုမကောင်းဖြစ်မိလို့ပါ..ကျနော်တို့ ထရောင်ဟိုင်းမ်မြို့မှာတော့လမ်းလျှောက်စီတန်းနေတဲ့လူအုပ်ဟာခြောက်သောင်း ဝန်းကျင်လောက်ရှိမယ်ထင်ပါတယ်..။



 အော်စလိုတို့၊ စတာဗန်ဂါတို့မှာဆိုအဲလိုဝမ်းနည်းပြီးစီတန်းလမ်းလျှောက်ကြသူတွေသိန်းနဲ့ချီပါတယ်.။ အော်စလိုမှာဆို တစ်သိန်းခွဲလောက်ထိရှိတယ်လို့ကြားရပါတယ်...။ထရောင်ဟိုင်းမ်မှာလှည့်လည်တာ လူစည်ကားတဲ့အချိန်မဟုတ်သေးဘူးနော်..။ညဖက်အချိန်ပါ..။ခုလိုလူအင်အားကောင်းကောင်းနဲ့ (နော်ဝေဂျီယံအမျိုးသားနေ့တွေလိုနေ့မျိုးမပါပါ)စုရုံးနေကြတာ ကျနော်နော်ဝေရောက်တာနှစ်နှစ်ကျော်နေပေမယ့်တခါမှမမြင်ဖူးပါဘူးဗျာ..။ကျနော့်ကိုထားတော့..။ သူငယ်ချင်းအချို့ဆို ခြောက်နှစ်ကျော်နေပြီ..သူတို့အပြောအရဆိုဒီလိုလူအင်အားများများနဲ့ သေဆုံးသူတွေကိုဂါရဝပြုလှည့်လည်တာကို ခုမှမြင်ဖူးကြတာဆိုပဲဗျ.. ကျနော်ကြက်သီးတွေတောင်ထတယ်ဗျာ..။ဘုရားစူး..။ဘာပဲပြောပြောအေးချမ်းသာယာတဲ့နိုင်ငံမှာခုလို အဖြစ်ဆိုးကြုံလိုက်ရတော့ အမှန်တကယ်စာနာမိပါရဲ့ဗျာ...။ဒီနေ့လည်းမြို့ထဲမှာပန်းစည်းပေါင်းမြောက်မြားစွာနဲ့ အသံတိတ်ရပ်ပြီးဆုတောင်းနေကြလေရဲ့..။ နေလို့မပျော်တာနဲ့၊နောက်ပြီးကင်မရာလည်းပါမသွားတာနဲ့ဓါတ်ပုံတွေတော့မရိုက်နိုင်ခဲ့ပါဘူးဗျာ..။ ဘာရယ်မဟုတ်ပါဘူးးးးးသတင်းထောက်လည်းမဟုတ်ပါ......စာနာခြင်းသက်သက်ဖြင့်ဘလော့ပေါ်မှတဆင့် ကွယ်လွန်သွားကြတဲ့သူတွေ(၁၀၀ ယောက်နီးပါး) ကောင်းရာသုဂတိလားကြစေဖို့ဆုတောင်းပေးရုံသက်သက်ပါ..။ နောက်နောင်ဒီလိုအဖြစ်ဆိုးမျိုးဒီနော်ဝေမှာသာမက၊ကမ္ဘာ့နိုင်ငံအားလုံးမှာမကြုံရစေဖို့..အိုထာဝရဘုရားသခင် ထိန်းသိမ်းစောင့်ရှောက်တော်မူပါ..။ နော်ဝေလူမျိုးတွေအတွက်တော့ (22/07/2011-သောကြာနေ့) ဟာအောက်မေ့ဖွယ်ရာနေ့တနေ့ဖြစ်သွားတာမို့ ဝမ်းနည်းပါကြောင်းပြောပါရစေ..။



ဗုံးခွဲခံရတဲ့ဝန်ကြီးဌာနအနီးအနားမြင်ကွင်း (အော်စလို/နော်ဝေ)





22/07/2011 နေ့ကနော်ဝေနိုင်ငံ၊အော်စလိုမြို့အပြင်ဖက်ရှိ UTØYA ကျွန်းပေါ်က သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ကွယ်လွန်သူ(ငယ်ရွယ်နုပျိုသူလူငယ်ကြယ်ပွင့်များ) ကိုဂုဏ်ပြုတင်ဆက်ထားခြင်းပါ။ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်ဗျာ..။ ဆယ်ကျော်သက်ကအများစုဖြစ်ကြပြီးနှစ်ဆယ်ပတ်ဝန်းကျင်လူငယ်လေးများသာ ဖြစ်ကြပါတယ်..။



ဗီဒီယိုများကို Youtube မှယူပါတယ်..။ မူရင်း Uploader များကိုဂါရဝပြုလျက်ပါ..။ ကွယ်လွန်သူများအားလုံးကောင်းရာသုဂတိလားကြပါစေ..။



ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
3 Responses
  1. Angelhlaing(May everybody be happy and healthy! Says:

    စိတ်မကောင်းစရာပါပဲ...

  2. mstint Says:

    'ကမ္ဘာသူ ကမ္ဘာသားအပေါင်း တွေ့ကြုံနေရသော ဆင်းရဲ ဒုက္ခတွေ ချုပ်ငြိမ်းကွယ်ပျောက်ကြပါစေ။
    မိစ္ဆာဝါဒတွေ ပျက်သုဉ်း၍သွားပါစေ။ သမ္မာဆန္ဒ ဟူသမျှတွေ တိုးတက်ကြပါစေ။ ပဋိပက္ခအဝဝတွေ ငြိမ်းအေးကြည်သာခြင်းသို့ ရောက်ရှိကြပါစေ' လို့ တောင်းဆုပြုပါတယ် ချင်းလေးရေ။

    မေတ္တာဖြင့်
    အန်တီတင့်

  3. အိမ်မက်စေရာ Says:

    စဖြစ်တဲ့နေ့ Tv မှာ မြင်လိုက်ရထဲက စိတ်မကောင်းဘူး..

abcs