လွှတ်ချခံရသောမေတ္တာ ၈

ဒီတော့စူပါမင်းလုပ်သလိုလက်တစ်ဖက်ကိုမြှောက်ပြီးဟိုဖက်ဒီဖက်ပြေးပြလိုက်၊ပင့်ကူလူသားလိုလုပ်ပြလိုက်....
တခါတလေမျောက်လိုလုပ်တတ်သေးတယ်ဆိုပြီး
မျောက်မကြီးသန်းဥရှာသလိုလုပ်ပြလိုက်နဲ့ဆိုတော့ဆိုင်ထဲကလူတွေပွဲကျသွားကြတာပေါ့ဗျာ...
ဒီမှာတင်ခွေးပိုင်ရှင်ကသူ့ခွေးကိုလက်ညှိုးထိုးပြပြီး

''ဟေ့လူ...ဒါဘာကောင်လဲသိလား?''

လို့မေးတော့နေမိုးနိုင်က

''သိတာပေါ့ဗျ..ခွေးလေ...ခွေးပေါ့..





ဘူတာရုံနားမှာရှိနေသောဆိုင်တွေမှန်သမျှအလုပ်သမားမလိုဘူးဟုဆိုကာနေမိုးနိုင်ကို မောင်းထုတ်ကြသည်ချည်းဖြစ်နေတော့လေရာညီဖြစ်သူပြောသောငွေရှိမှဖြစ်မည်ဟူ
သည့်စကားအတိုင်းငွေရဖို့ရန်အတွက်အလုပ်လာရှာသော နေမိုးနိုင်တစ်ယောက်ယောင်လည်လည်ဖြစ်နေပေတော့သည်ပေါ့..။
နောက်ဆုံးဖြစ်ချင်ရာဖြစ်ပေတော့ဟုသဘောပိုက်ကာတွေ့ကရာလူတိုင်းကိုအလုပ်ပေးနိုင် မပေးနိုင်မေးနေလေတော့သည်ပေါ့..။ဇွဲကိုမူကားမလျှော့.....။

''မင်းတို့ကလဲကွာတစ်ခါလာလည်းပါပလာကြော်...တစ်ခါလာလည်းမြေပဲကြော်နဲ့ပဲပြီးနေတော့တာပဲ.. အရင်လိုကြက်ကြော်လေး၊ငါးကင်လေးမှာကြဦးလေကွာ''

''ဟာ..ခင်ဗျားကတော့ပြောရော့မယ်...ခုပါပလာကြော်မှာတာတောင်ကျုပ်အဖို့မဟုတ်ဘူးဗျ... ဒီကောင်ကြီးကိုကျွေးဖို့မှာတာပါ..ကျုပ်ကတော့အမြည်းမစားတော့ပါဘူးဗျာ..''

အနားမှာထိုင်နေရှာသောခွေးကိုမေးငေါ့ပြရင်းပြောလိုက်တဲ့စကားသံပါ.. တကယ်တော့သူတို့တွေကဘာအလုပ်မှမယ်မယ်ရရမလုပ်ကိုင်ကြပဲအီးယောင်ဝါး၊တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်
လူတန်းစားတွေထဲကပါ..ခုလည်းဘာမှလုပ်စရာမရှိသည့်အတူတူဘူတာနောက်မှာ ကပ်လျက်ဖွင့်ထားတဲ့အဖိန်းအရက်ဆိုင်လေးထဲရောက်နေကြတာပါ..

''မင်းမလဲ..နေစရာမရှိခွေးမွေးဆိုသလိုဖြစ်နေပြီကွ..ကိုယ်တောင်မစားနိုင်ပဲခွေးကိုကျွေးရတယ်လို့ကွာ...''

ဆိုပြီးအရက်သာမကအမြည်းများကိုပါပေါပေါများများရောင်းချလိုသောဦးအဖိန်းက ခွေးတစ်ကောင်ကိုဆွဲလာပြီဆိုက်ဂိုက်အပြည့်နဲ့အရက်လာသောက်သူတစ်ယောက်ကိုပြောနေတာပါ..။

''ဘယ်တတ်နိုင်မလဲဗျာ...ဒီကောင်ကြီးကိုကျုပ်အဆင်ပြေတုန်းကမွေးထားတာဗျ... အဲတုန်းကဆိုအသားတွေ၊အမဲအူတွေနဲ့ကျကျနနကျွေးခဲ့တာဗျ..ခုပိုင်ရှင်ကိုယ်တိုင်မွဲနေတော့သူ့ခမျာဒါလေး
တွေနဲ့ပဲပြီးနေရရှာတာဗျ....''

''အင်းးးမင်းပြောတာလဲဟုတ်ပါတယ်..ငါ့ဆိုင်တောင်အရင်လိုရောင်းမကောင်းတော့ဘူးလေ.. ဒါကြောင့်စားပွဲထိုးတွေကိုတောင်အနားပေးလိုက်ပြီးငါကိုယ်တိုင်အားလုံးသိမ်းကြုံးလုပ်နေရတာပေါ့
ကွာ...မင်းတို့မြင်တဲ့အတိုင်းပဲလေ...ဟူး''

ဆိုင်ရှင်အဖိန်းကလဲနည်းနည်းကောင်းနေတယ်ထင်တယ်ဗျ.... တကယ်ဆိုသူသောက်လို့အရင်းပြုတ်တာလည်းဖြစ်နိုင်ပါတယ်လေ... ထိုအချိန်မှာပဲဆိုင်အဝမှာရောက်လာသူကတော့.

''ကိုကြီးတို့..ကိုကြီးတို့.''

''ဘာများသုံးဆောင်မလို့လဲခင်ဗျာ..ကြွပါ..ကြွပါ''

ဖောက်သည်လာပြီအထင်နှင့်အဖိန်းတစ်ယောက်ပျာပျာသလဲဖိတ်ခေါ်နေလေတော့သည်...
သို့သော်.

''ကျနော်သောက်ဖို့မဟုတ်ပါဘူးဗျာ.....ဒီဆိုင်မှာအလုပ်လေးဘာလေးရမလားလို့လာမေးကြည့်တာပါ ကိုကြီးရယ်''

ဆိုပြီးနေမိုးနိုင်တစ်ယောက်ဆိုင်ထဲလှမ်းဝင်လာလိုက်တော့သည်ပေါ့..။ ဆိုင်ရှင်အဖိန်းကပြုံးရွှင်နေသောမျက်နာကိုချက်ချင်းပြန်မဲ့ပစ်လိုက်ပြီး

''ခင်ဗျားကဘာလုပ်တတ်လို့ဒီဆိုင်မှာအလုပ်လာတောင်းရတာလဲ?''

လို့မေးလိုက်တော့နေမိုးနိုင်က ပိုင်ပြီ လို့တွေးကာဝမ်းသာအားရနဲ့

''အကုန်လုပ်တတ်ပါတယ်ခင်ဗျ..အကုန်လုပ်တတ်ပါတယ်.''

နေမိုးနိုင်ရဲ့အမူအယာကိုကြည့်ပြီးအဖိန်းအပါအဝင်ဆိုင်ထဲမှာအရက်သောက်နေကြတဲ့သူတွေ အားလုံးစိတ်ဝင်တစားနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတာပေါ့..။
ဒီတော့စိတ်မနှံ့မှန်းပေါ်လွင်နေတဲ့နေမိုးနိုင်ကိုခေါင်းစားဖို့အကြံရပြီးအဖိန်းက

''ဟုတ်ပါပြီ..အဲဒီအကုန်လုပ်တတ်တယ်ဆိုတာကဘာတွေကိုလုပ်တတ်တယ်ပြောတာ လည်းဆိုတာပြောပြပါဦး''

''ကျနော် SpiderMan လုပ်တတ်တယ်၊ SuperMan လည်းလုပ်တတ်တယ်.''

အဖိန်းကခုနကခွေးမွေးထားတဲ့ခွေးပိုင်ရှင်ရဲ့မျက်နှာကိုအဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်ပြီးတော့

''ဒါဆိုလုပ်ပြပါဦးဗျ.''

ဆိုပြီးခေါင်းညိတ်ပြလိုက်တော့..နေမိုးနိုင်က

''ပိုက်ဆံပေးရမယ်နော်ကိုကြီး''

''အေးပါကွာ..မင်းကောင်းကောင်းလုပ်ပြရင်ပိုက်ဆံပေးမှာပေါ့ကွ...လုပ်မှာသာလုပ်ပြစမ်းပါကွာ''

ဒီတော့စူပါမင်းလုပ်သလိုလက်တစ်ဖက်ကိုမြှောက်ပြီးဟိုဖက်ဒီဖက်ပြေးပြလိုက်၊ ပင့်ကူလူသားလိုလုပ်ပြလိုက်....တခါတလေမျောက်လိုလုပ်တတ်သေးတယ်ဆိုပြီး
မျောက်မကြီးသန်းဥရှာသလိုလုပ်ပြလိုက်နဲ့ဆိုတော့ဆိုင်ထဲကလူတွေပွဲကျသွားကြတာပေါ့ဗျာ... ဒီမှာတင်ခွေးပိုင်ရှင်ကသူ့ခွေးကိုလက်ညှိုးထိုးပြပြီး

''ဟေ့လူ...ဒါဘာကောင်လဲသိလား?''

လို့မေးတော့နေမိုးနိုင်က

''သိတာပေါ့ဗျ..ခွေးလေ...ခွေးပေါ့..ကျနော်ခွေးလိုလဲလုပ်တတ်တယ်ဗျ..အူလည်းအူတတ်တယ်''

''ဟာ..တယ်ဟုတ်ပါလားကွ..ဒါဆိုအူပြစမ်းပါဦး''

ဆိုပြီးခွေးပိုင်ရှင်ကတောင်းဆိုတော့နေမိုးနိုင်လည်း

''ပြီးရင်ပိုက်ဆံပေးရမယ်နော်''

''အေးပါကွာ..ပေးပါ့မယ်...''

ဆိုပြီးပြောလိုက်တာနဲ့နေမိုးနိုင်ကချက်ချင်းလေးဖက်ထောက်လိုက်ပြီး ခွေးတစ်ကောင်ကဲ့သို့သွားပြကာပါးစပ်မှလည်းလကွယ်ညတွေမှာ
ခွေးတွေအူကြသလိုအူပြနေတော့ကြည့်နေတဲ့သူတွေအားလုံးသဘောအကျကြီးကျကာ ရယ်မောနေကြတော့သည်ပေါ့..။ကိုယ့်ကိုယ်ကိုဘယ်လိုဘဝရောက်အောင်သွားနေမိသလဲဆိုတာ 
နေမိုးနိုင်မသိပါ..။တွေးလည်းမတွေးတတ်ပါ..။နေမိုးနိုင်တွေးထားသည်က၊သိထားသည်က
ပိုက်ဆံရလျှင်ညီလေးနေသွေးနိုင်ကိုအပ်မည်...ညီလေးသူ့ကိုထားပြီးအဝေးကြီးထွက်မသွားနိုင်အောင် အကြီးတစ်ယောက်အနေနဲ့တာဝန်ကျေပြမည်..၊ ငွေရှာတတ်ကြောင်းပြမည်..။ဤမျှသာ...။တကယ်ဆို ဤမျှလောက်တွေးတတ်နေသည်ဆိုလျှင်ပင်ညီဖြစ်သူအပေါ်ထားရှိသောမေတ္တာတရားက ထင်ရှားပေါ်လွင်နေသည်မဟုတ်ပါလား........။
ဒီလိုလေးဖက်ထောက်ပြီးခွေးလိုဟောင်ပြရင်းနဲ့ဆိုင်အဝဖက်ကိုအရောက်မြင်လိုက်ရသော ခြေတစ်စုံကြောင့်လန့်ဖြတ်သွားကာခြေအစုံ
ပိုင်ရှင်ကိုမော့ကြည့်လိုက်မိတော့နေသွေးနိုင်..

''အစ်ကိုကြီး...ဘယ်လိုဖြစ်ရတာလဲအစ်ကိုကြီးရယ်.''

ဆိုပြီးနေမိုးနိုင်ကိုထူမပေးရင်းမေးလိုက်ရာ.

''ညီလေးရယ်...ငါ့ကိုပိုက်ဆံပေးမယ်ပြောလို့သူတို့ခိုင်းသလိုငါလုပ်နေတာပါ...
ငါအလုပ်လုပ်နေတာပါညီလေးရယ်''

နေမိုးနိုင်စကားကြားလိုက်တော့နေမိုးနိုင်ကိုသနားသွားပြီးတစ်ဖက်ကလည်းကြပ်မပြည့်သူ
တစ်ယောက်ကိုမညှာမတာခိုင်းစရာရှားလို့
ခွေးလိုအူခိုင်းနေတဲ့ကောင်တွေကိုဒေါသဖြစ်ကာ....ဆိုင်ထဲလှမ်းဝင်သွားလိုက်တော့သည်ပေါ့......
မဆိုင်ပဲဒီတိုင်းဝိုင်းကြည့်နေတဲ့သူတချို့ကတော့အလျှိုလျှိုဆိုင်အပြင်သို့ထွက်ခွာသွားကြလေသည်....

''ခင်ဗျားတို့လူတွေမှဟုတ်ကြသေးရဲ့လား?လူတစ်ယောက်ကိုဒီလိုလုပ်ပြခိုင်းစရာလားဗျ.''

ဒီမှာပဲခွေးမွေးထားသောအာဝါဒေးသမားက

''မင်းကဘာကောင်မို့လို့ငါတို့ကိုမေးနေရတာလဲ..မင်းမမြင်ဘူးလားငါတို့လူတွေဆိုတာ...
လူမဟုတ်ရင်ခုနကဟိုကောင်အူနေသလိုငါတို့လဲအူနေမှာပေါ့ကွ.ဟားဟားဟားဟား''

''ဟားဟားဟား  ဟားဟားဟား''

သူ့စကားကိုသဘောကျသွားသည့်အလားကျန်သည့်အဖိန်းနှင့်နောက်တစ်ယောက်ကပါ လိုက်ရယ်လိုက်ကြသဖြင့်နေသွေးနိုင်မိမိ၏ဒေါသကိုချုပ်တည်းမထားနိုင်တော့ချေ.။
ထို့ကြောင့်..

''ဟာကွာ..ဒီလောက်တောင်လူမဆန်တဲ့ကောင်တွေ..ရော့ကွာ''

ဆိုပြီးသုံးယောက်စလုံးကိုမညှာနိုင်တော့ပဲလက်သီးမိုးတွေရွာပေးလိုက်တော့တာပေါ့..

''မြဲမြဲမှတ်ထားကွ...ငါ့အစ်ကိုကြီးကိုထိရင်အသက်ချင်းလဲပစ်လိုက်မယ်...ဘာမှတ်နေလဲ''


အဆုံးသတ်ပြောရရင်တော့သုံးယောက်စလုံးလည်းမှောက်သွားရောနေသွေးနိုင်လည်းဖူးယောင်ပြီး နေမိုးနိုင်ကိုခေါ်ကာအိမ်သို့ပြန်လာခဲ့တော့လေသည်..။
ဘယ်သူမှဝင်ပြီဆွဲလည်းမဆွဲကြသလို၊တားလည်းမတားကြတော့ခုလိုအကြီးကြီးဖြစ်သွားကြတော့တာပေါ့..။ (အကျဉ်းချုံး) နောက်တော့ရပ်ကွက်ရုံးတွေဘာတွေရောက်ပေမယ့်လည်း နေမိုးနိုင်ကိုလူမဆန်စွာစော်ကားခဲ့တာတွေပေါ်လွင်ထင်ရှားခဲ့လို့လူကြီးတွေကခံဝန်ချက်လက်မှတ် ထိုးခိုင်းတာကလွဲပြီးဘာမှဆက်မရှည်သွားတော့ပါဘူးပေါ့ဗျာ... ရပ်ကွက်ထဲမှာတော့နေသွေးနိုင်နာမည်ကြီးသွားလေရဲ့..။
နောက်တော့နေသွေးနိုင်ကနေမိုးနိုင်ကို

''ဘာလို့အစ်ကိုကြီးခုလိုလုပ်ရတာလဲဗျာ...အစ်ကိုကြီးပျောက်သွားလို့ညီလေးဘယ်လောက်စိတ်ပူ သွားရလဲဆိုတာအစ်ကိုကြီးမသိဘူးမလား''

''ငါပိုက်ဆံလိုချင်လို့အလုပ်သွားရှာတာပါညီလေးရာ....သူတို့ကခိုင်းတာလုပ်ရင်ပိုက်ဆံပေး မယ်ဆိုလို့ငါလုပ်မိတာပါ''

''အစ်ကိုကြီးအလုပ်လုပ်ရအောင်ညီလေးကအစ်ကိုကြီးကိုမကျွေးလို့လားအစ်ကိုကြီးရာ''

ဟုမချိတင်ကဲရေရွတ်လိုက်တော့နေမိုးနိုင်ကခေါင်းခါလိုက်ပြီး

''ငါကလေးမဟုတ်တော့ဘူး..လူကြီးဖြစ်လာပြီဆို.?''

နေမိုးနိုင်ပြောလိုက်တဲ့စကားဟာနေသွေးနိုင်ရဲ့အရှိုက်ကိုထိုးနှက်လိုက်သလိုပါပဲ...
ဘာပြန်ပြောရမှန်းမသိအောင်စွံ့အသွားမိသလိုနင့်ကနဲ
ရင်မှာစူးရှနာကျင်သွားမိပါတယ်..။

''မင်းပဲပြောတယ်လေကွာ.ငါကအကြီး.ငါအလုပ်လုပ်ရမှာပေါ့ညီလေးရာ.... ငါမုန့်စားချင်လို့အလုပ်လုပ်တာမဟုတ်ပါဘူးညီလေးရာ.မင်းကို
ဝယ်ကျွေးချင်လို့အလုပ်သွားရှာလုပ်တာပါကွာ...ပြီးတော့ငါဒီနေ့ကစပြီးမုန့်လည်းမစားတော့ဘူး.. အရုပ်တွေလည်းမဝယ်တော့ဘူး..ငါအလုပ်လုပ်ပြီး 
မင်းကိုငါမိန်းမပေးစားမယ်နော်...ညီလေး''

ရှိုက်ရှိုက်ပြီးငိုနေမိတော့တယ်ဗျာ...နောက်တော့နေမိုးနိုင်ကိုဖက်ပြီးရင်ချင်းအပ်ထားကာ ညီအစ်ကိုနှစ်ယောက်လုံးစိတ်ရှိလက်ရှိငိုနေလိုက်
တော့တာပေါ့...

''အစ်ကိုကြီးရယ်....ကျနော်အစ်ကိုကြီးကိုခွဲမသွားတော့ပါဘူးအစ်ကိုကြီးရယ်...ညီလေးကတိပေးပါတယ်''

နေသွေးနိုင်ပြောစကားကြားလိုက်တော့ဝေရီနေတဲ့မျက်လုံးတွေကြားကနေနေမိုးနိုင်ကမော့ကြည့်လာပြီး

''မင်းမိန်းမယူဖို့ဟိုသင်္ဘောကြီးပေါ်တက်ရဦးမှာလေညီလေးရဲ့''

နေသွေးနိုင်ကအစ်ကိုဖြစ်သူကိုအားယူပြုံးပြလိုက်ပြီး

''ညီလေးမတက်တော့ပါဘူးဗျာ..ဟောဒီကအစ်ကိုကြီးကိုခွဲခွါထားရစ်ပြီးညီလေးဘယ်မှမသွားတော့ပါဘူး.. သင်္ဘောသားလည်းမလုပ်တော့ပါဘူး
အစ်ကိုကြီးရာ.''

လို့ပြောလိုက်တော့ဝမ်းသာအားရနဲ့...

''ဝမ်းသာလိုက်တာညီလေးရာ''

ဆိုပြီးညီအစ်ကိုနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားလိုက်ကြတော့တာပေါ့ဗျာ....။





ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

1 Response
  1. စံပယ်ချို Says:

    ဖတ်သွားပါပြီနော်....

abcs