လွှတ်ချခံရသောမေတ္တာ ၆

            ''ဆော့တာလည်းဆော့တာပေါ့ညီလေးရာ..ကောင်းကင်ပေါ်ကိုကြည့်လိုက်စမ်းညီလေး...
ကောင်းကင်ပေါ်ကကြယ်ကလေးတွေတောင်တနေကုန်လျှောက်ဆော့နေကြပြီးညမိုးချုပ် လာရင်သူတို့အမေလမင်းကြီးဆီပြန်လာကြတာပဲမဟုတ်လားကွာ..
အစ်ကိုကြီးကညမိုးချုပ်လာလို့ညီလေးကိုမမြင်ရရင်မနေတတ်ဘူးကွ''

စောင့်မျှော်အားပေးနေကြတဲ့သူတွေအားလုံးကိုယ်စိတ်နှပါးရွှင်လန်းကြပါစေလို့ ကျနော်မေတ္တာပို့သဆုတောင်းလိုက်ပါတယ်ဗျာ...(ကျေးဇူးတင်ပါတယ်)




 ''ညီလေးရေလာပါတော့အစ်ကိုကြီးတမော့မော့.....ညီလေးရေ မြန်မြန်လာပါတော့အစ်ကိုကြီးမျှော်လှပေါ့''

ညနေမိုးချုပ်လာသည့်တိုင်ပြန်မရောက်သေးသောညီဖြစ်သူကိုမျှော်နေတဲ့နေမိုးအောင်ပါ။ မကြာခင်မှာပဲနေသွေးအောင်တစ်ယောက်ရောက်ရှိလာပါတော့တယ်...... ရောက်လျှင်ရောက်ချင်းသီချင်းတအေးအေးနှင့်ထိုင်စောင့်နေသောအစ်ကိုကြီးနေမိုးအောင်ကိုတွေ့ရသဖြင့်

''ဟာ  အစ်ကိုကြီးးသီချင်းတွေဘာတွေဆိုလို့ပါလား.''

''ဟော..ညီလေးတောင်ပြန်လာပြီကိုး...ဘယ်တွေသွားနေတာလည်းညီလေးရာ...
ညီလေးပြန်မရောက်သေးလို့အစ်ကိုကြီးမျှော်နေတာလည်ပင်းတောင်ရှည်တော့မယ်.''

''ဒီနေ့နည်းနည်းအလုပ်များသွားလို့ပါအစ်ကိုကြီးရယ်..ဆော်ရီးပါနော်..ဒါနဲ့အစ်ကိုကြီးက ညီလေးကိုမျှော်နေတယ်သာပြောတာ...ညီလေးရှိတဲ့နေ့တွေ 
ဆိုရင်လည်းအစ်ကိုကြီးကလျှောက်ဆော့နေတာပဲမဟုတ်လား''

''ဆော့တာလည်းဆော့တာပေါ့ညီလေးရာ..ကောင်းကင်ပေါ်ကိုကြည့်လိုက်စမ်းညီလေး...
ကောင်းကင်ပေါ်ကကြယ်ကလေးတွေတောင်တနေကုန်လျှောက်ဆော့နေ
ကြပြီးညမိုးချုပ်လာရင်သူတို့အမေလမင်းကြီးဆီပြန်လာကြတာပဲမဟုတ်လားကွာ..
အစ်ကိုကြီးကညမိုးချုပ်လာလို့ညီလေးကိုမမြင်ရရင်မနေတတ်ဘူးကွ''

''ဟာ..ငါ့အစ်ကိုကြီးကစကားတွေတောင်တော်တော်တတ်နေပြီပဲ..
ဒါလေးနဲ့ပဲညီလေးကိုညာတုတ်နေတာပေါ့နော်..''

''ငါမညာတတ်တာမင်းသိပါတယ်ညီလေးရယ်.....ဒါနဲ့မင်းကတနေကုန်အလုပ်များနေရအောင် ဘာတွေများလုပ်နေလို့လဲကွာ?''

''သြော်....ညီလေးကမကြာခင်သင်္ဘောတက်တော့မှာအစ်ကိုကြီးရဲ့...အဲဒါမှညီလေးတို့ညီအစ်ကို တွေကောင်းကောင်းစား၊ကောင်းကောင်းနေနိုင်ဖို့
ပိုက်ဆံတွေအများကြီးရမှာလေ.''

''ဟေ..သဘောင်္တက်တယ်ဆိုတာဘယ်လိုတုန်း?ရေထဲကသင်္ဘောတွေကုန်းပေါ်ကိုတက်လာတာလား?''

''ဟားဟား..မဟုတ်ပါဘူးအစ်ကိုကြီးရယ်...သင်္ဘောတက်တယ်ဆိုတာ သင်္ဘောပေါ်မှာအလုပ်လုပ်တာကိုပြောတာပါ..သင်္ဘောသားပေါ့''

''ဟေ..ဒါဆိုပျော်စရာကြီးပေါ့..ငါလည်းလိုက်မယ်နော်''

''အစ်ကိုကြီးလိုက်လို့မရဘူးလေ..ညီလေးကအလုပ်သွားလုပ်မှာ''

''ဘာကွ..ငါ့ကိုထားခဲ့ပြီးမင်းသွားမှာပေါ့.....ဟုတ်လားညီလေး?ငါ့ကိုထားခဲ့မယ်ဟုတ်လား?''

ချက်ချင်းပဲငိုသံပါ ပါလာသည့်နေမိုးအောင်ရဲ့အမေးစကားတွေကြောင့်မိမိ စကားမှားသွားပြီဆိုတာကိုတွေးမိလိုက်ပါတယ်..ဒါနဲ့ပဲ
အစ်ကိုကြီးလောလောဆယ်စိတ်ချမ်းသာအောင်ကြည့်ပြောထားလိုက်မယ်လို့စိတ်ကူးလိုက်ပြီးတော့.....

''မဟုတ်ပါဘူးအစ်ကိုကြီးရယ်...ညီလေးအစ်ကိုကြီးကိုမထားခဲ့ပါဘူး..... ညီလေးပင်လယ်ထဲသွားတဲ့အခါကြရင်အစ်ကိုကြီးကိုပါညီလေးနဲ့အတူတူခေါ်သွားမှာ..
ဟုတ်ပြီလား?''

''သေချာလို့လားကွ...?''

မယုံရဲနိုင်သလိုပြန်မေးလိုက်တဲ့နေမိုးနိုင်ကိုကြည့်ပြီးနေသွေးနိုင်ခမျာစိတ်ထိခိုက်သွားရျာတာပေါ့..။

''စိတ်ချပါအစ်ကိုကြီးရာ.''

''ဒါနဲ့မင်းခုနကပြောတဲ့ပင်လယ်ဆိုတာဘာလဲ?''

ဒီတော့မှကျေနပ်စိတ်ချသွားတဲ့ပုံစံနဲ့ပြုံးလာပြီးနေသွေးနိုင်ကိုခုလိုမေးလာပါတော့တယ်.

''ပင်လယ်ဆိုတာ ရေတွေအများကြီးရှိတဲ့နေရာကိုခေါ်တာပေါ့အစ်ကိုကြီးရဲ့..ပင်လယ်ထဲမှာ သင်္ဘောအကြီးကြီးတွေရှိတယ်..
ညီလေးကအဲလိုပင်လယ်ကူးသင်္ဘောတွေပေါ်မှာအလုပ်လုပ်ရမယ့် သင်္ဘောသားပေါ့..ဟီးဟီး''

''ကောင်းတယ်..ညီလေးကသင်္ဘောသားလုပ်..နေ့ခင်းကတော့အစ်ကိုကြီးသင်္ဘောသီးသုပ်စားရတယ်''

''သင်္ဘောသီးသုပ်...ဟုတ်လားအစ်ကိုကြီး?ဘယ်သူကျွေးတာလဲ?''

''အိမ်ရှေ့အိမ်ကညီမကြီးပေါ့...ညီလေးအတွက်တောင်ရှိသေးတယ်..လာသွားစားရအောင်.''

''ကောင်းတာပေါ့အစ်ကိုကြီးရာ...လာသွားစားကြစို့''

ဆိုပြီးညီအစ်ကိုနှစ်ယောက်အိမ်ထဲသို့ဝင်သွားကြတော့သည်ပေါ့...။


နေသွေးနိုင်အိမ်မှမထွက်ခင်အစ်ကိုဖြစ်သူကိုနှုတ်ဆက်ဖို့ရှာတော့ဖြူတုတ်တို့တစ်သိုက်နှင့် ဘောလုံးကန်နေသောနေမိုးအောင်ကိုတွေ့ရာ ကစားပါစေတော့ဆိုပြီး မြို့ထဲသို့ထွက်လာခဲ့တော့သည်ပေါ့..။ ညနေအလုပ်ကအပြန်မှာဒေလီယာ့ကိုလက်ထပ်ဖို့ကိစ္စဆွေးနွေး
ဖို့ချိန်းဆိုထားသည်လေ.......။


''ဒီနေ့ဘောလုံးကန်ရတာပျော်ဖို့ကောင်းတယ်ဟေ့..ကမ်းနားမှာဆိုတော့မောလည်းသိပ်မမော ဘူးလေကလေးတဟူးဟူးနဲ့.''

ကလေးတစ်ယောက်ကပြောလိုက်တာကိုဖြူတုတ်ကလည်းထောက်ခံလိုက်ပါတယ်..

''ဟုတ်တယ်ကွ.ပျော်ဖို့ကောင်းတယ်နော်''

သူတို့ပြောနေတာကိုကြားတော့မှနေမိုးနိုင်တစ်ယောက်လေလာရာဖက်ကိုဂရုပြုမိတော့သည်ပေါ့... ရေတွေ...ဟုတ်တယ်ရေတွေအများ
ကြီး..ဒါဆိုဒီဟာကညီလေးပြောတဲ့ပင်လယ်ကြိးပေါ့...

''ဖြူတုတ်ရေ....ဟော ဟိုပင်လယ်ထဲမှာသင်္ဘောတွေအများကြီးပဲနော်.''

''ဟာ သားကြီးကလည်းအဲဒါပင်လယ်မဟုတ်ဘူးဗျာာ..မြစ်လို့ခေါ်တယ်..မြစ်.''

''ရေတွေအများကြီးရှိတာကိုပင်လယ်လို့ခေါ်တယ်လို့ညီလေးငါ့ကိုပြောပါတယ်ကွာ...ဒါကပင်လယ်ပါ''

''သားကြီးရာ  ဘာမှလည်းမသိပဲလျှောက်မပြောပါနဲ့...ဒါကပင်လယ်မဟုတ်ပါဘူး..မြစ်ပါ.''

လို့ပြန်လည်ချေပနေတဲ့ဖြူတုတ်ကိုနားမလည်စွာလှည့်ကြည့်ရင်း

''ငါသိပါတယ်ကွ...နောက်ဆိုဒီထက်တောင်ပိုပြီးသိလာဦးမှာ''

''ဘာလို့လဲသားကြီးရ..? ပြောပါဦး''

''ဒီလိုကွ..ငါ့ညီကပြောတယ်..မကြာခင်သူပင်လယ်ထဲသွားပြီးသင်္ဘောသားလုပ်မှာတဲ့.. အဲဒီအခါကြရင်ငါ့ကိုပါခေါ်သွားမှာတဲ့''

နေမိုးနိုင်စကားကိုလည်လည်ဝယ်ဝယ်ရှိတဲ့ဖြူတုတ်ကသဘောကျသလို ခွက်ထိုးခွက်လှန်ရယ်မောလိုက်ရင်းမှ

''သားကြီးညီကသားကြီးကိုတကယ်ခေါ်သွားမှာလား?''

''တကယ်ပေါ့ကွ''

''မဖြစ်နိုင်ပါဘူးဗျာ''

''ဘာလို့မဖြစ်နိုင်ရမှာလဲကွ..ငါ့ညီလေးကမညာပါဘူး''

''ဒါဆိုကျနော်ပြောပြမယ်သားကြီး...ပင်လယ်မှာသွားတဲ့သင်္ဘောကြီးတွေပေါ်မှာအလုပ်လုပ်ရင် အပြင်လူခေါ်သွားလို့မရဘူးဗျ
... သားကြီးကိုသားကြီးညီလေးညာလိုက်တာသေချာတယ်''

ကလေးတွေဆိုတော့ကိုယ်သိတာကိုပဲပြောတတ်တဲ့ထုံးစံအတိုင်းရိုးရိုးကြီးပြောချလိုက်တော့ နေမိုနိုင်တစ်ယောက်ငိုင်ကျသွားပါတယ်...။

''ငါ့ကိုညီလေးညာတာလား.....ငါ့ကိုညီလေးဘာလို့ညာရတာလဲ.''

စသည်အားဖြင့်တီးတိုးရေရွတ်ရင်းမှ ဝမ်းနည်းလာကာဆက်မကစားတော့ပဲအိမ်သို့ပြန်လာခဲ့တော့သည်ပေါ့..။ နောက်မှကလေးတွေအားလုံးခေါ်နေကြ
သည်ကိုပင်လှည့်ကြည့်မနေတော့ပါ..။
''ငါဘယ်သူနဲ့နေရမှာလဲ...ညီလေးငါ့ကိုထားခဲ့ရင်ငါနေတတ်မှာမဟုတ်ဘူး''
စိတ်ထဲကလည်းအမျိုးမျိုးတွေးတောနေတော့မိသည်ပေါ့..


နေသွေးနိုင်ကန်ဘောင်ပေါ်မှာရောက်နေသည်ကတစ်နာရီပြည့်တော့မည်... ခုထိချိန်းဆိုထားသောချစ်သူဒေလီယာ့အရိပ်အယောင်တောင်မမြင်ရသေး..။
တော်ကြာနေတော့မှတရွေ့ရွေ့လျှောက်လာသောဒေလီယာ့ကိုတွေ့မြင်လိုက်ရသဖြင့်ဝမ်းသာသွားကာ အအေးတစ်လုံးကြိုမှာထားပေးလိုက်လေသည်..။

''နောက်ကျလိုက်တာဒေလီယာရယ်..ကိုနိုင်စောင့်နေတာတစ်နာရီကျော်သွားပြီသိလား''

''ဆော်ရီးပဲကိုနိုင်....ကျမချိန်းထားတဲ့သူနဲ့ကနည်းနည်းစောနေသေးလို့တမင်နောက်ကျပြီးထွက်လာတာပါ... ဆိုပါဥိး ဘာကိစ္စနဲ့တွေ့ချင်ရတာလဲ?''

''ကိစ္စရှိမှတွေ့ရမှာလားဒေလီယာရယ်...အခုတလောဒေလီယာကိုနိုင့်အပေါ်မှာအရမ်းစိမ်းနေသလိုပဲ''

''ထင်လို့ပါ...ကျမလည်းခုရက်ပိုင်းမှာသိပ်မအားတော့လို့ပါ''

''ဟိုတစ်ယောက်ကိုအချိန်တွေပေးနေရလို့တော့မဟုတ်ပါဘူးနော်ဒေလီယာ''

နေသွေးနိုင်ငေါ့မေးလိုက်တဲ့စကားက အနာပေါ်တုတ်ကျသွားသလိုခံစားလိုက်ရလားတော့မသိပါဘူး..
ဒိုင်းကနဲမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးတော့

''ဒါကျမကိစ္စပါ..ကျမကိုချုပ်ခြယ်တာမကြိုက်ဘူးဆိုတာကိုနိုင်သိမှာပါနော်''

''သိပ်သိတာပေါ့ဒေလီယာ..ကိုနိုင်ကလည်းလွတ်လပ်မှု့ကိုခုံမင်တဲ့လူတစ်ယောက်ပါ.. ဘယ်သူ့ကိုမှလည်မချည်နှောင်ထားဘူးလေ.ဒါပေမယ့်ဒေလီယာကကိုနိုင်နဲ့
လက်ထပ်ရမယ့်ချစ်သူတစ်ယောက်မို့ပါ.''

''ကျမကိုနိုင့်ကို လက်ထပ်မယ်လို့ဘယ်တုန်းကပြောထားဖူးလို့လဲ?အခုလိုအခြေအနေမျိုးနဲ့ဆို ပိုတောင်ဝေးသေးတယ်.''

''ဘာဖြစ်လို့လဲဒေလီယာရယ်..ခုအချိန်မှာကိုနိုင်ကအရင်လိုတိုက်တွေကားတွေနဲ့မနေ နိုင်ပေမယ့်အိမ်နဲ့ယာနဲ့တော့နေနိုင်ပါသေးတယ်ကွာ..
ပြီးတော့ဒေလီယာနဲ့လက်ထပ်ပြီးရင်ကိုနိုင်ကသင်္ဘောတက်မှာလေ.''

''ဒီမှာကိုနိုင်..ကိုနိုင့်ကိုကျမပွင့်ပွင့်လင်းလင်းပြောမယ်..ကျမလေအောက်ခြေဘဝကတက်ခဲ့ရတာ...
ဆင်းရဲတဲ့ဒဏ်ကိုခါးသီးအောင်ခံခဲ့ရပြီးပြီ..
အရိုးသားဆုံးဝန်ခံရရင်ကျမကိုနိုင့်ကိုချစ်ခဲ့ပါတယ်....ဒါပေမယ့်လက်ထပ်ဖို့တော့မဖြစ်နိုင်ပါဘူး''

''သင်္ဘောသားတစ်ယောက်ရဲ့ဘဝဟာ အရမ်းကိုချို့တဲ့နေပြီလားဒေလီယာ?''

''သာမန်လူထက်စာရင်တော့ သာမှာပါကိုနိုင်...ဒါပေမယ့်ကိုနိုင်သိတဲ့အတိုင်းပဲလေ..ဒီခေတ်မှာဝင်ငွေထက်  လက်ရှိပိုင်ဆိုင်ထားမှု့ကပိုအရေးကြီးတယ်လေ''

''ဒေလီယာဘာကိုဆိုလိုချင်တာလဲဆိုတာကိုနိုင်သိပ်နားမလည်ဘူးဒေလီယာ''

''ဟင်းဟင်း...ကောင်းပြီလေ...ကိုနိုင်အရင်ကနေခဲ့ဖူးတဲ့ခြံနဲ့တိုက်ကြီးက ဘယ်လောက်လောက်တန်မယ်လို့ထင်လဲ?''

''*******သိန်းလောက်တန်မယ်ထင်ပါတယ်.''

''ကိုနိုင်သင်္ဘောတက်ရင်လစာကတစ်လဘယ်လောက်ရနိုင်မယ်လို့ထင်လဲ?''

''********လောက်တော့ရမှာပါ''

''ကျမပြောချင်တာအဲဒါပဲကိုနိုင်...ကိုနိုင်အရင်လိုလုံးချင်းတိုက်နဲ့နေနိုင်ဖို့ဆိုတာ ဒီဘဝမှာလုံးဝမဖြစ်နိုင်တော့ဘူး''

''တော်ပါတယ်ဒေလီယာ..မင်းသိပ်ကိုတော်ပါတယ်...မင်းမှာရှိနေတဲ့သင်္ချာပါရဂူဦးနှောက်နဲ့ရိုဘော့တစ် နှလုံးသားကို ငါမချီးကျူးပဲမနေနိုင်ပါဘူး..
ဒါပေမယ့်မင်းသိထားဖို့က..အချစ်မပါတဲ့အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလျာလိုမျိုးဖြစ်နေမှာတော့သေချာတယ်''

''ဆားမပါရင်မဖြစ်ဘူးဆိုပေမယ့်အဲဒီဆားတုံးကြီးကိုတော့ဘယ်သူမှဒီအတိုင်းကိုက်မစားကြပါဘူးကိုနိုင်..
ငံတတ်တယ်ဆိုတာလည်းသတိရပေါ့..
ဒါနဲ့ကြုံကြိုက်လို့တစ်ခုလောက်မေးပါရစေ..ကိုနိုင့်အစ်ကိုနဲ့ကျမ ဘယ်သူ့ကိုကိုနိုင်ပိုချစ်လဲ?''

''ဟာ...ဒါကအကန့်မတူဘူးဒေလီယာ''

''ဒါပဲပေါ့..ကိုနိုင့်ကိုလက်မထပ်နိုင်တဲ့အထဲမှာအဲဒီကိစ္စကထိပ်ဆုံးကပါတယ်သိလား.. ကျမရဲ့ငယ်ရွယ်လွတ်လပ်တဲ့အချိန်တွေကို
ကြပ်မပြည့်တဲ့သူတစ်ယောက်ကိုထိန်းကျောင်းရင်းနဲ့အချိန်ကုန်မခံနိုင်ပါဘူးကိုနိုင်..''

ကြားလိုက်ရတဲ့စကားတွေကိုမယုံနိုင်သလိုနဲ့ဒေလီယာ့ကိုစေ့စေ့ကြည့်မိပါတော့တယ်.... ဒေလီယာကတော့မခိုးမခန့်လေးပြုံးပြီး

''ခုလောက်ဆိုရင်တော့ရှင်သဘောပေါက်လောက်ပါပြီနော်..ကဲ..ကျမလည်းအမျိုးသား
ဖြစ်လာမယ့်သူနဲ့ချိန်းထားတဲ့အချိန်ရောက်လာလို့
သွားလိုက်ပါဥိးမယ်..ခွင့်ပြုပါဥိးနော်''

ဆိုပြီးစိမ်းစိမ်းကားကားထွက်သွားရက်လေတဲ့ဒေလီယာ့ကိုအံ့တင်းတင်းကြိတ်ကာ ကြည့်လိုက်ရင်းမှတောက်တစ်ချက်ကိုခပ်ပြင်းပြင်း
ခေါက်လိုက်မိပါတော့တယ်...

''တောက်''





အားလုံးကိုကျေးဇူးတင်ပါတယ်..
ခင်မင်လေးစားစွာဖြင့်

ချင်ကလေး
1 Response
  1. စံပယ်ချို Says:

    "တောက်"
    ကောင်းပြီဆိုရင်ဖြတ်လိုက်ပြီနော်..
    မြန်မြန်လေးတင်ပေါ့...ဆန့်တငင်ငင်နဲ့
    ချမ်းမြေ့ပါစေ။

abcs