လွှတ်ချခံရသောမေတ္တာ(ဇာတ်သိမ်း)

ကျနော့်နဂိုပါရမီအထုံနည်းလို့၊ကျနော်ညံ့ဖျင်းလို့ခုလိုရသမပြည့်စုံတဲ့စာတစ်ပုဒ်အဖြစ် ထွက်လာတဲ့ဒီစာစုလေးတစ်ပုဒ်ကို အချိန်ပေးပြီးဖတ်ပေးကြတဲ့သူတွေအားလုံးကိုလေးလေးစားစားနဲ့ကျေးဇူးတင် စကားလေးကိုဒီနေရာကနေပြောလိုက်ပါတယ်....
နောက်ကိုအများကြီးကြိုးစားပါ့မယ်လို့ပြောရင်းနိဂုန်းချုပ်လိုက်ပါတယ်နော်...
အားလုံးကိုယ်စိတ်နှဝမ်းကျန်းမာရွှင်လန်းကြပါစေ...။







''ဟော...ဒီနေ့ကိုနေသွေးနိုင်တစ်ယောက်ထဲပါလား...အလုပ်မသွားဘူးလားဟင်?''

''ဟုတ်ကဲ့ညီမလေးနှင်းဝေ..အစ်ကိုကြီးဘောလုံးကွင်းဖက်မှာကစားဖို့ထွက်သွားလို့ပါ...
ကျနော်လည်းသင်္ဘောမတက်တော့ပဲဒီမှာပဲတခုခုလုပ်မလို့လေ..
အဲဒါကြောင့်ထိုင်စဉ်းစားနေတာပါ.''

အိမ်ရှေ့အိမ်မှဖြူတုတ်ရဲ့အစ်မမနှင်းဝေမြို့ထဲမှပြန်လာတာပါ...ရောက်လာလာချင်းပဲ နေသွေးနိုင်တစ်ယောက်ထဲငူတူတူထိုင်နေတာမြင်
လို့ဘာရယ်မဟုတ်မေးမြန်းနေခြင်းပေါ့ဗျာ...

''ထိုင်လေညီမလေး..''

ဟုပြောရင်းကွပ်ပျစ်လေးရဲ့တစ်ဖက်စွန်းကိုအသာရွေ့ပေးလိုက်သည်ပေါ့..

''အင်း..ကိုနေသွေးနိုင်တို့ဘဝကလဲတော်တော်ပြောင်းလဲသွားတာပဲနော်..ညီမစိတ်မကောင်းလိုက်တာရှင်''

နေသွေးနိုင်တစ်ယောက်မချိပြုံး ပြုံးလိုက်ရင်းမှ

''မဆန်းပါဘူးညီမလေးရယ်..အရေးကြီးတာကရောက်နေတဲ့ဘဝမှာအကောင်းဆုံးနေသွားနိုင်ဖို့ပဲလေ...
မဟုတ်ဖူးလား? အရင်ကနေခဲ့၊ထိုင်ခဲ့တာတွေကိုပြန်စားမြုံ့ပြန်နေ 
လို့လည်းဘာမှထူးလာတာမှမဟုတ်တာ.ရုန်းကန်ရမှာကရုန်းကန်ရမှာပဲလေ..''

''ဟုတ်ပါတယ်ရှင်..ညီမကစိတ်မကောင်းဖြစ်မိလို့ပြောလိုက်တာပါ..သြော်ဒါနဲ့ ကိုနေသွေးနိုင်ကိုသတင်းကောင်းတစ်ခုပြောရဦးမယ်သိလား''

''ဘာများလဲညီမလေးနှင်းဝေ?''

''အစ်ကိုကြီးနေမိုးနိုင်အတွက်ပေါ့.အစ်ကိုကြီးတို့လိုလူမျိုးတွေကိုဥာဏ်ရည်ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ ကျောင်းရှိတယ်တဲ့ရှင်''

''ဟုတ်လားညီမလေး?''

မေးလိုက်သံနှင့်အတူနေသွေးနိုင်ရဲ့မျက်ဝန်းတွေလည်းမျှော်လင့်ချက်ကြောင့်
တလက်လက်တောက်ပြောနေတော့သည်ပေါ့..။

''ဟုတ်တယ်ကိုနေသွေးနိုင်ရဲ့...အဲဒီကျောင်းကဥာဏ်ရည်မမှီတဲ့သူတွေကိုပဲရွေးပြီးသင်တာလေ.
ပြီးတော့အဲဒီကျောင်းမှာ Level သုံးခုရှိတယ်.အစပထမတော့ကျောင်းသားတွေရဲ့ IQ ကိုသေချာစစ်ဆေးပေးပြီးကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု့ရှိလာအောင်ထိန်းကျောင်းပေးတယ်.. 
နောက်ဆုံး Level 3 အောင်သွားတဲ့ကျောင်းသားတွေဆိုရင်စာတောင်ရေးတတ်၊ဖတ်တတ်နိုင်တယ်တဲ့''

''ဝမ်းသာစရာသတင်းပဲညီမလေးရယ်''

တကယ်လည်းဝမ်းသာအားရနှင့်လှိုက်လှိုက်လှဲလှဲပြောလိုက်တာပါ...

''ဒါနဲ့အစ်ကိုကြီးအခြေအနေနဲ့ဆိုရင်ဘယ်လိုနေမလဲမသိဘူးနော်ညီမလေး?''

''ဟုတ်တယ်ကိုနေသွေးရဲ့...ညီမလေးသူငယ်ချင်းတွေပြောပုံအရဆိုရင်အဲလိုရောဂါအမျိုးအစားက သုံးမျိုးရှိတယ်တဲ့...အစ်ကိုကြီးနေမိုးနိုင်ရဲ့ရောဂါအခြေအနေကသူတို့ပြောသလိုဆိုရင်တော့ 
သုံးမျိုးထဲကမှ Hyper လို့ခေါ်တဲ့ရောဂါပဲ...အဲဒီရောဂါဝေဒနာရှင်တွေကသုံးမျိုးထဲမှာမှဥာဏ်ရည်
အမြင့်ဆုံးပဲလေ..''

''ဟုတ်လားညီမလေး..ဒါဆိုအစ်ကိုကြီးကစာသင်လို့ရတာပေါ့နော်?''

နေသွေးနိုင်ရဲ့အားပါးတရမေးလိုက်တဲ့မေးခွန်းကိုမနှင်းဝေကနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြီးတော့

''စာသင်လို့ရရုံဘယ်ကမလဲကိုနေသွေးနိုင်ရဲ့... တချို့ဆိုရင်တက္ကသိုလ်တောင်တက်နိုင်တဲ့အဆင့်ထိဖြစ်သွားကြတယ်လေ.''

''ဟာ..တယ်ဟုတ်ပါလားညီမလေးရယ်.ကျနော်အစ်ကိုကြီးကိုအဲဒီကျောင်းထားချင်လိုက်တာဗျာ....ဟို  ညီမလေးမနှင်းဝေ...ကျောင်းလခကဘယ်လောက်လောက်ရှိမလဲဟင်?''

''အဲဒီကျောင်းတွေက Private တွေဆိုတော့ဈေးနှုန်းတော့မြင့်တယ်ကိုနေသွေးနိုင်.''

မနှင်းဝေရဲ့နောက်ဆက်တွဲစကားကြောင့်စိတ်ပျက်အားငယ်သွားကာနေသွေးနိုင်က

''ဒီအချိန်ကျမှဒီလိုသတင်းကြားရတာစိတ်မကောင်းစရာပါပဲဗျာ..''




ဟုတ်တယ်လေ..နေသွေးနိုင်အခြေအနေကတော်တော်ဆိုးဝါးနေတာသူအသိဆုံးမဟုတ်ပါလား.... သင်္ဘောတက်ဖို့ဆိုပြီးကုန်ထားခဲ့ရတဲ့ငွေတွေလည်း
တပြားမှပြန်မရတော့ပဲအစစအရာရာနစ်နာနေခဲ့ရတယ်လေ..နောက်ပြီးလောလောဆယ်မှာလည်း ဘာဝင်ငွေမှမယ်မယ်ရရမရှာနိုင်သေး...ညီအစ်ကိုနှစ်
ယောက်ဒီပုံစံအတိုင်းနောက်ထပ်ဘယ်လောက်ခံနိုင်မည်နည်း...

''အရင်တုန်းကအခြေအနေမျိုးဆိုအစ်ကိုကြီးကိုထားနိုင်ပေမယ့်ခုတော့မလွယ်တော့ဘူးဗျာ... ကျောင်းလခအပြင်နေ့တိုင်းအစ်ကိုကြီးကိုကြိုဖို့ပို့ဖို့ကရှိသေးတယ်မဟုတ်လား''

''စိတ်မကောင်းဖြစ်မနေပါနဲ့ကိုနေသွေးနိုင်ရယ်..ဆန္ဒရှိရင်ဘဝရှိပါတယ်.. ညီမလေးရဲ့သူငယ်ချင်းကအဲဒီကျောင်းမှာဆရာမလုပ်နေတာဆိုတော့ညီမလေးကသူ့ဆီကနေ
အဲဒီကျောင်းရဲ့စာသင်ပုံသင်နည်းတွေသွားလေ့လာပြီးညီမလေးကိုယ်တိုင် အစ်ကိုကြီးနေမိုးနိုင်ကိုစာပြန်သင်ပေးမှာပေါ့.''

မနှင်းဝေရဲ့အားပေးနှစ်သိမ့်စကားကြောင့်နေသွေးနိုင်အားတွေပြန်တက်လာပါတော့တယ်.

''သူတို့လောက်မထူးချွန်ရင်တောင်မှတိုးတက်မှု့တော့ရှိလာမှာပါ''

''ဝမ်းသာလိုက်တာညီမလေးမနှင်းဝေရယ်....ကျနော်လေညီမလေးကိုကျေးဇူးတင်တယ် ဆိုတဲ့စကားလေးကိုတောင်ဘယ်လိုပြောရမှန်းမသိတော့ပါဘူးဗျာ''

''ညီမလေးကိုတကယ်ကျေးဇူးတင်တယ်ဆိုရင်တော့ညီမလေးကိုစာသင်ခွင့်ပေးနော်.''

''သင်ပါဗျာ..သင်ပါ...စိတ်တိုင်းကျသာသင်ပါတော့ညီမလေးရယ်.''

ဆိုပြီးနေသွေးနိုင်ပြောချလိုက်တော့မှကျေနပ်သွားကာနှစ်ဥိးသားပြိုင်တူ  ရယ်မောလိုက်ကြတော့သည်ပေါ့။။။။

ဒီလိုနဲ့နေမိုးနိုင်လည်းဆရာမလေးမနှင်းဝေဆီမှာတပည့်ခံရင်းစာတွေသင်ကြားလိုက်၊ နေသွေးနိုင်ကလည်းသူငယ်ချင်းတစ်ယောက်ရဲ့အဆက်အသွယ်နဲ့
အုံနာခပေးပြီးမောင်းရတဲ့တက္ကဆီကားလေးမောင်းလိုက်နဲ့ဘဝကိုဖြတ်သန်းနေကြတော့တာပေါ့..။ သူတို့ဘဝကပျော်ရွှင်ကျေနပ်စရာဘဝလေးတစ်ခုအဖြစ်
တဖြည်းဖြည်းရောက်လာနေပြီလေ....။  သိတဲ့အတိုင်းပေါ့ဗျာ....နဂိုကလည်းသနားစိတ်လေးအခံကရှိနေပြန်၊ ခုလိုရင်းရင်းနှီးနှီးနေရတာကလည်းကြုံနေပြန်တော့
အခြေအနေအဆင့်အတန်းတူညီနေတဲ့သူတို့ဆီမှာဘယ်လိုအနှောက်အယှက်ကဝင်လာနိုင်တော့မှာလဲဗျာ... 

ဘယ်လိုဇာတ်သိမ်းသွားကြမလဲဆိုတာတော့စာဖတ်သူတို့အားလုံးနားလည်မိကြမှာပါ..။

ကျနော်ညံ့ဖျင်းလို့ခုလိုရသမပြည့်စုံတဲ့စာတစ်ပုဒ်အဖြစ်ထွက်လာတဲ့စာစုလေးတစ်ပုဒ်ကို အချိန်ပေးပြီးဖတ်ပေးကြတဲ့သူတွေအားလုံး
ကိုလေးလေးစားစားနဲ့ကျေးဇူးတင်စကားလေးကိုဒီနေရာကနေပြောလိုက်ပါတယ်.... နောက်ကိုဒီထက်ပိုပြီးအများကြီးကြိုးစားပါ့မယ်လို့ပြောရင်းနိဂုန်းချုပ်လိုက်ပါတယ်နော်...
အားလုံးကိုယ်စိတ်နှဝမ်းကျန်းမာရွှင်လန်းကြပါစေ...။






ခင်မင်လေးစားစွာဖြင့်
ချင်းကလေး

2 Responses
  1. စံပယ်ချို Says:

    ဇတ်သီမ်းလေးကိုဖတ်ရလို့ကျေးဇူးတင်ပါတယ်နော်
    ကောင်းတယ်သိမ်းပုံလေးကလှတယ်...
    နောင်လဲအားရင်ရေးနော်..အားပေးနေမှာပါ..
    ချမ်းမြေ့ပါစေ။

  2. Angelhlaing(May everybody be happy and healthy! Says:

    ဒီဇတ်သိမ်းပြိးရင် သိမ်းစရာလေးတွေလဲ မကြာနဲ့နော်....စောင့်မျှော်နေတယ်လို့...

abcs