လွှတ်ချခံရသောမေတ္တာ ၇

ပြောပြောဆိုဆိုပွလန်ကျဲနေသောနေမိုးအောင်ကစားသည့်အရုပ်ကလေးများကိုလိုက်လံသိမ်း ဆည်းနေရင်းမှအိပ်ခန်းထဲသို့ဝင်လိုက်ရာအိပ်ယာပေါ်တွင်ရှိမနေသော အစ်ကိုကြီးကြောင့်သောက်လာသောအရက်များ၏အာနိသင်ပင်ပျောက်ကွယ်သွားလု 
မတက်ခေါင်းခြောက်သွားရလေတောသည်ပေါ့..။

''ဟင်..အိပ်ယာထဲမှာလည်းမရှိဘူးဆိုတော့အစ်ကိုကြီးဘယ်လျှောက်သွားနေတာလဲမသိဘူး''

''အစ်ကိုကြီးရေ....အစ်ကိုကြီးဘယ်မှာလဲ?''






''အစ်ကိုကြီးရေ....ညီလေးပြန်လာပြီ...အစ်ကိုကြီးရဲ့...''

အရက်ကိုအမူးသောက်လာသည့်နေသွေးနိုင်အာလေးလျှာလေးဖြင့်နေအိမ်သို့ပြန်လာပြီး အစ်ကိုကြီးနေမိုးနိုင်ကိုခေါ်နေတာပါ..။
ညနေကချစ်သူဒေလီယာနှင့်တွေ့ဆုံ၍အပြီးမှာတော့ဘယ်လိုမှကြိတ်မှိတ်မခံစားနိုင်တဲ့အဆုံး နီးစပ်ရာအရက်ဆိုင်တစ်ဆိုင်သို့ဝင်ကာ
အခုလိုပုံပျက်ပန်းပျက်ဖြစ်လာတဲ့အထိသောက်မိသွားတာပေါ့..။လမ်းမှာဘယ်နှစ်ခါလဲကျသွားသလဲဆိုတာပင် မိမိကိုယ်မိမိမမှတ်မိနိုင်တော့လောက်အောင်ပင်...။ အသိကားဆရာတစ်ယောက်နှင့်တွေ့သဖြင့်သာတော်ပေတော့သည်..။သို့မဟုတ်ပါက ဤညအိမ်သို့ပင်ပြန်လာနိုင်မည်၊မလာနိုင်မည်ကိုသေချာမပြောနိုင်ချေ..။




''ဗျို့အစ်ကိုကြီး....ဘယ်ရောက်နေတာလဲအစ်ကိုကြီးရဲ့...ဒီမှာညီလေးအစ်ကိုကြီးအတွက် ခေါက်ဆွဲကြော်တွေဝယ်လာတယ်လေဗျာ.
အစ်ကိုကြီးသိပ်ကြိုက်တဲ့ကြက်သားနဲ့ပေါ့.  အေ့.....''

ဒယီးဒယိုင်နှင့်ပင်အိမ်လှေကားထစ်ပေါ်မှတစ်ဆင့်အိမ်ထဲသို့ဝင်လာခဲ့လေတော့သည်...။

''သြော်..အစ်ကိုကြီးအိပ်များပျော်သွားပြီလားမသိဘူး။..တစ်အိမ်လုံးလည်းရှုပ်ပွနေတာပဲ.........''

ပြောပြောဆိုဆိုပွလန်ကျဲနေသောနေမိုးအောင်ကစားသည့်အရုပ်ကလေးများကို လိုက်လံသိမ်းဆည်းနေရင်းမှအိပ်ခန်းထဲသို့ဝင်လိုက်ရာ
အိပ်ယာပေါ်တွင်ရှိမနေသောအစ်ကိုကြီးကြောင့်သောက်လာသောအရက်များ၏အာနိသင်ပင် ပျောက်ကွယ်သွားလုမတက်ခေါင်းခြောက်
သွားရလေတောသည်ပေါ့..။

''ဟင်..အိပ်ယာထဲမှာလည်းမရှိဘူးဆိုတော့အစ်ကိုကြီးဘယ်လျှောက်သွားနေတာလဲမသိဘူး''

''အစ်ကိုကြီးရေ....အစ်ကိုကြီးဘယ်မှာလဲ?''

လို့တကြော်ကြော်အော်ဟစ်ရှာဖွေရင်းနောက်ဖေးမီးဖိုချောင်ဖက်ရောက်လာလေရာနံရံတွင် ကပ်ပြီးတိတ်ဆိတ်စွာထိုင်နေသောနေမိုးအောင်
ကိုမြင်လိုက်ရလေတော့သည်..။

''ဟော  အစ်ကိုကြီးကဒီမှာထိုင်နေတာကိုး.... ညီလေးကအစ်ကိုကြီးကိုရှာလိုက်ရတာ.....ဘာထိုင်လုပ်နေတာလဲအစ်ကိုကြီးရဲ့?ပြောပါဦး''

''သြော်..ညီလေးကိုနောက်ကျနေလို့စိတ်ဆိုးနေတာထင်တယ်....ဟားဟားဟား...အစ်ကိုကြီးရယ်.. ညီလေးဒီနေ့အသည်းတွေကွဲလာလို့
ကွဲနေတဲ့အသည်းတွေကိုအရက်ဆိုင်မှာဝင်ပြီးစိမ်နေရလို့ပါအစ်ကိုကြီးရဲ့... ဟောဒီမှာကြည့်စမ်း..ညီလေးအစ်ကိုကြီးအတွက်ကြက်သား
ခေါက်ဆွဲကြော်ဝယ်လာတယ်..တူတူစားကြတာပေါ့နော်.''

နေသွေးနိုင်မည်သို့ပင်ပြောနေစေကာမူနေမိုးနိုင်တစ်ယောက်ကတော့တုတ်တုတ်မျှပင်မလှုပ်ချေ... လှည့်၍လည်းမကြည့်..။ထို့ကြောင့်နေသွေးနိုင်ကအစ်ကိုကြီးဖြစ်သူ၏ပုခုံးစွန်းကိုဆွဲယူကာ

''အစ်ကိုကြီး..အစ်ကိုကြီးဘာဖြစ်နေတာလဲ?နေမကောင်းဘူးလားအစ်ကိုကြီး''

လို့မေးရင်းနဖူးကိုစမ်းလိုက်တော့နေသွေးအောင်လက်ကိုပုပ်ချလိုက်ပြီး

''ငါ့ကိုလာမထိနဲ့နော်..မင်းငါ့ကိုညာပြောထားတယ်...မင်းကိုငါမချစ်တော့ဘူးညီလေး...''

ဆိုပြီးငိုချလိုက်ပါတော့တယ်..။နေသွေးနိုင်တစ်ယောက်အမူးများပင်ပြေသွားကာ

''ညီလေးဘာညာမိလို့လည်းအစ်ကိုကြီးရယ်....လာပါဗျာ..ဒီမှာခေါက်ဆွဲကြော်ပူပူနွေးနွေးလေး စားလိုက်ရအောင်နော်အစ်ကိုကြီး''

ဆိုပြီးခေါက်ဆွဲကြော်ထည့်ထားတဲ့ဖော့ဘူးလေးကိုနေမိုးအောင်ဆီးကမ်းပေးလိုက်တော့ နေမိုးအောင်ကလှမ်းယူလိုက်ပြီးအဝေးကိုလွင့်ပစ်ချလိုက်ပါတယ်..။
ပြီးတော့ဘာမှမပြောတော့ပဲငိုမြဲငိုနေတော့တာပေါ့..။

''ညီလေးအစ်ကိုကြီးကိုဘာညာမိလို့ခုလိုလုပ်နေရတာလဲကိုကြီး?''

ဆိုပြိးခပ်မာမာလေးမေးလိုက်တော့မှနေမိုးနိုင်ကငိုရှိုက်နေရင်းမှ

''မင်းသင်္ဘောပေါ်မှာအလုပ်လုပ်ဖို့သွားရင်ငါ့ကိုခေါ်သွားမယ်လို့ပြောတာ ညာတာမဟုတ်ရင်ဘာလဲ?''

''အင်းလေအစ်ကိုကြီးရယ်..ညီလေးပင်လယ်ထဲသွားရင်အစ်ကိုကြီးကိုခေါ်သွားမယ် လို့ပြောထားတာပဲလေ...အဲဒါညာတာမှမဟုတ်တာ''

''မင်းညာနေတာပေါ့....ငါ့သူငယ်ချင်းတွေကပြောတယ်..သင်္ဘောပေါ်မှာအပိုလူခေါ်သွားပိုင်ခွင့်မရှိဘူးတဲ့...''

နေမိုးနိုင်ရဲ့စကားကိုကြားပြီးနေသွေးနိုင်တစ်ယောက်စိတ်မကောင်းတော့ဖြစ်သွားပါသည်...။ သို့သော်လည်း.....

''ဘာပဲဖြစ်ဖြစ်ပေါ့အစ်ကိုကြီးရယ်...ညီလေးခုလိုသွားရတာကလဲ အစ်ကိုကြီးအတွက်ပါပဲလေ...ပိုက်ဆံရှာနေတာအစ်ကိုကြီးနဲ့ညီလေး
နှစ်ယောက်လုံးတင့်တင့်တယ်တယ်နေနိုင်ဖို့ပဲပေါ့...ပိုက်ဆံမပြည့်စုံရင်လောကကြီးမှာရပ်တည်လို့ မရဘူးဆိုတာအစ်ကိုကြီးမသိသေးပါဘူးဗျာ''

''မင်းမသွားပါနဲ့ညီလေးရာ.....ငါမင်းကိုသိပ်ချစ်လို့မင်းနဲ့မခွဲချင်လို့ပါ..''

''အစ်ကိုကြီးကညီလေးကိုချစ်နေတာမဟုတ်ပဲနှစ်နေတာကိုး..ဒီမှာအစ်ကိုကြီးငွေမရှိလို့လုံးဝမဖြစ်ဘူးဗျ.... အခုပဲကြည့်လေ..ညီလေးမှာငွေမရှိလို့
ညီလေးချစ်သူကညီလေးကိုခွဲသွားပြီ.ဒါတွေအစ်ကိုကြီးဘယ်သိမလဲဗျာ.... တောက်.''

နေသွေးနိုင်ဒေါသတကြီးအော်ဟစ်ပြောဆိုနေတာကိုကြားတော့နေမိုးနိုင်က

''ငါ့အတွက်ငွေမလိုပါဘူးညီလေးရာ...ငါ့အနားမှာမင်းရှိနေရင်တော်ပါပြီ... မင်းမှာပိုက်ဆံမရှိလည်းငါမင်းကိုခွဲမသွားပါဘူးကွာ..မင်းလည်းငါ့ကိုတစ်ယောက်ထဲ
ထားမသွားပါနဲ့ညီလေးရယ်.......နော်''

''တော်စမ်းပါအစ်ကိုကြီးရာ....ညီလေးမှာတော့အစ်ကိုကြီးအတွက်ပူပန်နေလိုက်ရတာ၊ ရှာလိုက်ဖွေလိုက်ရတာ၊တကယ်ဆိုအစ်ကိုကြီးကအကြီးဗျ..အကြီးဖြစ်
ပြီးအစ်ကိုကြီးဘာတာဝန်ကျေခဲ့လဲ?ခုလည်းအစ်ကိုကြီးကြောင့်ညီလေးချစ်သူနဲ့ညီလေးလမ်းခွဲခဲ့ရပြီ.... ညီလေးဒီလောက်အစ်ကိုကြီးပေါ်မှာအနစ်နာခံနေတာ
အစ်ကိုကြီးနည်းနည်းလေးမှမသိတတ်ဘူးဗျာ...အစ်ကိုကြီးကလေးမဟုတ်တော့ဘူးဗျ.... အစ်ကိုကြီးလူကြီးဖြစ်နေပြီ..''

ဘယ်လိုမှထိန်းချုပ်လို့မရအောင်ဒေါသတွေအလိပ်လိုက်ပွင့်ထွက်လာတော့လည်း ပြောမိပြောရာတွေပြောလိုက်မိတော့သည်ပေါ့..။တကယ်ဆိုဒေလီယာနှင့်
အဆင်မပြေဖြစ်ခဲ့တုန်းကတည်းကမည်သူ့ကိုမျှရင်ဖွင့်မပစ်နိုင်ခဲ့ပဲ မျိုသိပ်ထားခဲ့သမျှတွေဟာအခုနေမိုးနိုင်အပေါ်မှာစုပြုံပြီးပေါက်ကွဲပစ်နေသည်လို့ပဲဆိုရမှာပေါ့..။

နေသွေးနိုင်တစ်ယောက်မိမိကိုယ်တစ်ခါမျှဤကဲ့သို့အော်ဟစ်ပြောဆိုနေတာကို မမြင်ဖူးခဲ့တဲ့နေမိုးနိုင်ဟာလည်းငိုလက်စမျက်ရည်များပင်ရပ်တန့်သွားကုန်ကြပြီး
အံ့သြစွာမိမိအပြည့်အဝနားလည်နိုင်သောနေသွေးနိုင်ရဲ့စကားတွေကိုသာငေးမောနားထောင်ရင်း
နှုတ်ဆိတ်နေလိုက်တော့သည်ပေါ့...။
ထို့နောက်တွင်တော့နေသွေးနိုင်တစ်ယောက်မူးမူးနှင့်ပင်အိပ်ပျော်သွားရှာလေတော့သည်... နေမိုးနိုင်မူကားတစ်ညလုံးမအိပ်နိုင်တော့ပဲညီဖြစ်သူပြောသွားခဲ့သော
မိမိနားမလည်နိုင်သည့်စကားများကိုသာစဉ်းစားနေမိတော့သည်ပေါ့......။နောက်ဆုံးမိုးလင်းကာနီးတော့မှ မိမိနားလည်မိသလိုညီဖြစ်သူအိပ်ယာမှမနိုးခင်ညကညီဖြစ်သူ
ပြောသွားခဲ့သည့် ငွေဆိုတာကိုရှာရန်(သို့မဟုတ်) အလုပ်လုပ်လျှင်မိမိတို့ညီအစ်ကိုနှစ်ယောက်တင့်တင့်တယ်တယ်နေနိုင်မည်ဟု ပြောထားသဖြင့်အလုပ်လုပ်ရန် အလုပ်ရှာပုံတော်
ထွက်ခဲ့လေတော့သည်..။နေသွေးနိုင်ကားအိပ်မောကျနေတုန်း........။




''အစ်ကိုကြီးရေ....အစ်ကိုကြီး''

အိမ်ရှေ့အိမ်မှကောင်လေးဖြူတုတ်တို့အိမ်ရှေ့မှာနေသွေးနိုင်အိပ်ယာမှနိုးနိုးချင်းအခါတိုင်းလို အစ်ကိုကြီးနေမိုးအောင်ကိုမတွေ့သဖြင့်လာရောက်ရှာဖွေနေခြင်းပါ.။
မရှာလို့လည်းမဖြစ်ဘူးမဟုတ်လား...ခမျာမနက်စာတောင်မစားရသေးဘူးလေ..။ ညကမူးမူးနဲ့အိပ်ပျော်သွားပြီးနေတော်တော်မြင့်မှနိုးလာတဲ့မမကြောင့်အစ်ကိုကြီး
နေမိုးအောင်ကိုမနက်စာကျွေးဖို့လစ်ဟင်းခဲ့ရတာမို့ပါ..။တခါတလေဒီအိမ်မှာပဲအစ်ကိုကြီးက စားတတ်တာမို့ခုလိုလာရောက်ရှာဖွေနေခြင်းပေါ့.......
အင်းးးအစ်ကိုကြီးကိုတော့ဒီအိမ်ကလူတွေအားလုံးသံယောဇဉ်အရှိသားကလား...။
အိမ်နီးချင်းကောင်းများ(အထူးသဖြင့်အစ်ကိုကြီးလိုဥာဏ်ရည်မမှီသူ)တစ်ယောက်အပေါ်မှာ
နားလည်ပေးနိုင်သောသူများနှင့်နီးနီးကပ်ကပ်နေထိုင်ခွင့်ရသဖြင့် နေသွေးနိုင်ကံကြမ္မာကို ကြိတ်ကာကျေးဇူးတင်မိလေသည်..။

''ဖြူတုတ်ရေ...ဒီကောင်လေးရှိလားဟေ့?''

လူသံသူသံမကြားရတာမို့အိမ်ထဲစွတ်မဝင်ရဲခြေ......ဤအိမ်မှာဖြူတုတ်၏အစ်မလည်းရှိနေသည် မဟုတ်ပါလား..။မိန်းမပျိုလေးတစ်ယောက်နေထိုင်သောအိမ်သို့
ခွင့်ပြုချက်မရှိပဲဝင်ရမည်မှာမလုပ်သင့်သောကိစ္စဟုနေသွေးနိုင်မှတ်ယူထားသဖြင့် ထိုသို့အိမ်ရှေ့မှပင်အသံပြုနေခြင်းပါ..။အတန်ကြာသည်အထိမည်သူမှထွက်မလာသဖြင့်
အစ်ကိုကြီးဒီမှာရှိမနေတာသေချာသွားသလိုလိုပင်..။ရှိနေပါကမိမိအသံကြားလျှင်ထွက်လာရမည်သာ..။ ထို့ကြောင့် နေမိုးအောင်တစ်ယောက်မပြောမဆိုပဲဘယ်များသွားနေပါ
သနည်းဟူသောမေးခွန်းကိုမိမိဖာသာတွေးရင်းအကြံအိုက်နေလေတော့သည်ပေါ့.....။

''ဟော..မောင်နေသွေး....စောစောစိးစိးပါလား...မင်းဒီနေ့အလုပ်မသွားဘူးလားကွယ်?''

နောက်နားဆီမှအသံကြားလိုက်သဖြင့်လှည့်ကြည့်လိုက်တော့ ဖြူတုတ်တို့ဦးလေး..ဦးပေါ်ဦး.
မနက်တိုင်းလဘ္ဖက်ရည်ဆိုင်ထိုင်တတ်သောဥိးပေါ်ဦးအကြောင်းသိထားသဖြင့်ယခုလည်း
လဘ္ဖက်ရည်ဆိုင်မှပင်ပြန်လာခြင်းဖြစ်ရမည်ဟုတွေးမိကာ

''ဟုတ်ကဲ့ဦးလေး....ဒီနေ့ခေါင်းနည်းနည်းကိုက်နေလို့အလုပ်မသွားပဲအိပ်နေမိတာပါ.. ဒါနဲ့အစ်ကိုကြီးကိုကောတွေ့မိလားဦးလေး?''

''ဆေးခန်းလေးဘာလေးပြဥိးပေါ့ငါ့တူရယ်.... သြော်  အေး...မင်းအစ်ကိုကြီးကိုတော့ဈေးပိုင်းဖက်မှာတွေ့လိုက်တယ်ကွ... မင်းကိုဘာမှပြောမသွားဘူးလား?
ငါကမင်းတစ်ခုခုဝယ်ခိုင်းလိုက်တယ်မှတ်နေတာ...''

''ဟုတ်ကဲ့ဥိးလေး..ညကလေ..ကျနော်တို့ညီအစ်ကိုတွေစကားများကြလို့... အဲဒါသူစိတ်ဆိုးပြီးကျနော့်ကိုတောင်မနိုးပဲထွက်သွားလိုက်တာထင်တယ်..''

''ဟေ..မင်းတို့စကားများကြတယ်ဟုတ်လား?ဒီလောက်ချစ်ကြတဲ့ညီအစ်ကိုတွေကစကားများရတယ်လို့ကွာ..
ဖြစ်မှဖြစ်ရလေ.''

''တခါတလေဒီလိုပါပဲဦးလေးရာ....ဒါဆိုကျနော်လိုက်သွားလိုက်ဦးမယ်ဦးလေး... သူ့ကိုမနက်စာလည်းဘာမှမကျွေးရသေးဘူးဆိုတော့..ခွင့်ပြုပါဦးဦးလေး''

''အေးအေး....သွားငါ့တူ....သွားသွား...ကျန်းမာရေးလည်းဂရုစိုက်ဦးနော်''

''ဟုတ်ကဲ့ပါဦးလေး''

ဦးပေါ်ဦးကိုနှုတ်ဆက်ပြီးကပျာကယာပင်ဈေးပိုင်းဖက်သို့နေသွေးနိုင်ထွက်လာခဲ့တော့သည်ပေါ့.... ခေါင်းထဲမှာတော့သိပ်မကြည်... ဤကဲ့သို့နေသွေးနိုင်ထွက်ခွါသွားတော့မှ
ပြတင်းပေါက်လိုက်ကာအကွယ်မှနေသွေးနိုင်နှင့်ဦးလေးဦးပေါ်ဦးတို့ပြောဆိုနေကြတာတွေကို နားထောင်နေမိသော မနှင်းဝေကအခြေမြင့်အနေမြင့်မှရုတ်တရက်ပြောင်းပြန်
ဖြစ်ကာရုန်းကန်နေရရှာသောနေသွေးနိုင်၏ကျောပြင်ကိုကြည့်ရင်းစိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းလေးတစ်ခုချလိုက်မိပါတော့သည်.....






မပြေပြစ်တဲ့၊မချောမောတဲ့ကျနော့်ရဲ့အရေးအသားတွေကိုသီးသန့်
အချိန်ပေးလာရောက်အားပေးကြတဲ့သူငယ်ချင်းတွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်...။

စာရိုက်နှေးတဲ့သူမို့နားလည်ပေးကြပါလို့မေတ္တာရပ်ခံပါရစေဗျာ..။


ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
3 Responses
  1. စံပယ်ချို Says:

    ဖတ်နေပါတယ်ချင်းလေးရေ.....
    စာရိုက်နှေးတာလဲရပါတယ်
    အမကြီးလဲ မမြန်ပါဘူး။
    စိတ်ရှည်ရှည်နဲ့ဖတ်မှာပါ...

  2. Unknown Says:

    ကိုချင်းလေးရေ စာသားတွေရော အရေးအသားတွေရော
    အရမ်းကောင်းတယ်။တန်ပလေ့တ် ဒီဇိုင်းလဲ အရမ်းကိုကြည့်လို့ကောင်းသွားပြီ။

  3. KMC@ချင်းလေး Says:

    (ဟားဟား....ကိုနန်းရှင်တို့လိုအမှန်တရားမြင်တတ်တဲ့သူ ဒီခေတ်မှာရှားသွားတာအမှန်ပဲ)....ပျော်စေပျက်စေ နောက်တာပါဗျာ....အမှန်ကကိုနန်းရှင်နဲ့ယှဉ်ရင် ချင်းလေးဆိုတာသဲတစ်ပွင့်၊မြူတစ်မှုံလောက်ပါပဲ... အားပေးတာကျေးဇူးအထူးတင်ပါတယ်အစ်ကိုနဲ့ အပေါ်ကမမဂျပ်စ်.....

abcs