မြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးဆိုင်ရာသ၀ဏ်လွှာ
ဒီနေရာမှာတွေ့လို့ ဝမ်းသာအားရမျှဝေလိုက်တာပါ။သိပြီးသူများဆော်ရီးအခါတစ်ရာနော်..ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
ဒီနေရာမှာတွေ့လို့ ဝမ်းသာအားရမျှဝေလိုက်တာပါ။သိပြီးသူများဆော်ရီးအခါတစ်ရာနော်..
ဝမ်းသာအားရစွာနဲ့ မျှဝေပေးတာ ကျေးဇူးပါ ချင်းကလေးရေ။ ဆော်ရီးစရာမလိုဘူးလေ။
စေတနာအရင်းခံရင် အဆိပ်တောင်စားရသတဲ့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ထပ်တူဝမ်းသာမိပါတယ်မောင်ချင်းရေ
အစ်မတို့ရဲ့အုတ်တစ်ချပ်သဲတစ်ပွင့်လေး
ဝင်ကူရကျိုးနပ်သွားပြီပေါ့နော်
အရမ်းဝမ်းသာပါတယ်။
သမ္မတကပြောတာကတော့
(ဒီနေ့သတင်းစာထဲမှာပါလို့)
သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာရပ်နားပါ
မယ်တဲ့..။သမ္မတသက်တမ်းက သုံးနှစ်ပဲလေ
၂၀၁၅ရွေးကောက်ပွဲပြီးရင်ထပ်တက်လာတဲ့
သမ္မတကလုပ်ချင်ရင်လုပ်ဦးမှာ
(အစ်မအထင်ပေါ့နော်)
ဒါ့ကြောင့် အရမ်းကြီးဝမ်းမသာနိုင်သလိုပါပဲ
ကွယ်..။
(နည်းနည်းရှည်သွားတယ်ဆောရီးနော်း)
ပျော်ရွှင်ပါစေမောင်ချင်းရေ
ချစ်ခင်စွာဖြင့်
သမီးစံ
နားထောင်ခွင့်ရလို့ အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုချင်းရေ။ သတင်းကောင်းလေး အတွက် အရမ်းဝမ်းသာရပါတယ်ဗျိုး။
ကျေးဂျူးဘာ :)