နောက်ဆုံးကဗျာ

စိတ်အရမ်းကျဉ်းကြပ်နေတာနဲ့ကဗျာလေးတစ်ပုဒ်ချရေးလိုက်ပါတယ်။
ကဗျာပီချင်မှပီမှာပါ။ကျနော်နားလည်ထားသလိုရေးထားတာမို့ပါ။
ကျန်းမာရေးကမကောင်းတဲ့အထဲငွေရေးကြေးရေးကြောင့်သိပ်မနားနိုင်အောင်ပါပဲ။
စာအရေးကျဲနေတာကိုယ့်ကိုယ်ကိုသိပါတယ်။ခင်မင်တဲ့သူတချို့တောင်လှမ်းမေးရတဲ့
အထိတောက်လျှောက်ပျောက်နေခဲ့မိတာမို့အားနာခင်မင်လေးစားစွာနဲ့တောင်းပန်လိုက်ပါတယ်။
ကျနော့်ကိုခွင့်လွှတ်ပေးကြပါ။စိတ်နည်းနည်းလေနေတာကြောင့်နောက်လည်းမကြာမကြာ
ပျောက်နေရဦးမှာမို့ခင်မင်ရတဲ့သူငယ်ချင်းများကိုနားလည်ပေးပါလို့ပြောချင်မိတယ်ဗျာ။
ကြည့်ဖူးတဲ့မြန်မာဗီဒီယိုကားလေးတစ်ကား(ဇတ်ကားနာမည်မေ့နေလို့:P)ထဲမှာရာဇာနေဝင်းပြောသလို
ပြောရမယ်ဆိုရင်တော့ @ကျနော်KMCအရမ်းညံ့ပါသည်@ ပေါ့..:D
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။


နံရံတစ်ခုရှိတယ်
အရှုံးတွေများစွာနဲ့
နွမ်းမောခြင်းတွေနဲ့အပြိုင်
စီးကရက်တစ်လိပ်ကုန်သွားပြန်တယ်


ရဲရဲရင့်ရင့်ပြက်ပြက်သားသားနဲ့
စိုက်ထူချင်ခဲ့တာက
သစ္စာနဲ့အချစ်ကျောက်တိုင်
မြင်လိုက်ရတာက
အကာနဲ့အနှစ်သဟဇာတမဖြစ်တဲ့
ဥပေက္ခာတရား
ငါဘယ်လိုပြောပြရမှာလဲ
မင်းကောဘယ်တော့နားလည်မှာလဲ


ည,ညဆိုဖိုးလမင်းကြီးက
ပြုံးပြုံးကြီးလွမ်းပြနေလိုက်တာ
ငါ့မှာတော့မင်းနဲ့ဝေးနေတဲ့
ဒီတညတာနိဂုံးကို
ရှုးဖိနပ်ကြားကဗွက်တွေလောက်တောင်
မမက်မောချင်တော့ဘူး


မိုးကလည်းတစိမ့်စိမ့်နဲ့
မိုးရွာရင်ချစ်သူကိုလွမ်းတယ်
မိုးရွာရင်ချစ်သူကိုတမ်းတယ်
မိုးရွာရင်ချစ်သူကိုမှန်းတယ်
မိုးရွာရင်ချစ်သူကိုနမ်းမယ်ဆို
ခေါင်းမိုးတောင်မလုံတော့တာကွာ
ကောဇောအသစ်ရှာမခင်းချင်ပါနဲ့တော့


ကြေကွဲခြင်းဆိုတဲ့နာကျင်စရာတွေ
ဆုံးရှုံးခြင်းဆိုတဲ့အနာတရတွေကို
ခုံမင်နေမယ့်အစား
စီးကရက်တစ်လိပ်ဟာ
ငါ့ကိုနှစ်သိမ့်ပေးနိုင်နေတာပဲ


ဟီးရိုးဖြစ်ချင်နေပေမယ့်
ဇီးရိုးပဲဖြစ်လာရတာကိုး
နင့်ဘဝစာအုပ်မှာ
လက်ရေးလှလှရေးသွင်းမယ်ဆိုလို့
ငါ့ကိုယ်ငါအလှီးဖြတ်ခံခဲ့ရတာမင်းသိမှာပါ
သက်တမ်းစေ့နေတဲ့
နင့်ရဲ့ရင်ဘတ်ထဲကိုမှ
အလှဆင်ပေးချင်ခဲ့မိတာငါမှားသွားခဲ့တာပါ


မေ့လိုက်ပါတော့တဲ့လား???????


ရိုင်းလိုက်လေခြင်းကွာ
ဟိုတုန်းကတော့ငါ့အနေနဲ့
သာမန်ထက်ပိုပြီးခံစားခဲ့ပါတယ်
အရိုးသားဆုံးဝန်ခံမိတာပါ
မုန်တိုင်းထန်ခဲ့တယ်လို့တောင်ပြောချင်ပါရဲ့
မင်းကြားဖူးမှာပါကွာ
နေပူထဲကြာကြာရပ်ပြီးရင်
အေးမြခြင်းဆိုတဲ့အရိပ်တရားက
မလွဲမသွေရောက်လာမယ်ဆိုတာလေ
ခု.....ငါချမ်းမြေ့နေပြီ
မင်းကတော့ပူလောင်နေဆဲဆိုတာငါသိပါတယ်
စိတ်မကောင်းဘူးကလေးရယ်


ဒူးထောက်ဖို့အားတောင်ချန်မထားပေးခဲ့တဲ့
မင်းရဲ့လမ်းခွဲစကားလေးက
ငါ့ကိုနတ်ပြည်ပို့လိုက်ပြီလေ
အချိန်တန်ရင်တော့
ငါ့အရှေ့မှာလာပြီး
ပြန်ဒူးမထောက်မိပါစေနဲ့လို့
ငါဆုတောင်းပါတယ်

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
9 Responses
  1. အိမ်မက်စေရာ Says:

    ကဗျာအနေနဲ့ ခံစားရင်း ကိုချင်းရေးတာ အရမ်းမိုက်တယ်..
    အဲ့ဒါသာ အမှန်တရားဆိုရင် ကိုချင်းတော်တော် ခံစားရမှာတွေးပြီး သနားတယ် ..
    သနားတယ် ဆိုတာက အရာရာကြိုးစားတည်ဆောက်ခဲ့ပြီးမှ တစ်ဖက်က လမ်းခွဲကြပါစို့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖျက်ဆီးပစ်တာကို ခံရတဲ့ ခံစားမှုကို အိမ်မက်ကောင်းကောင်းနားလည်ခဲ့လို့ပါ..
    ကြိုးစားပါကိုချင်းရေ လုံးလုံးမေ့ပစ်ဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် အချိန်အတိုင်းတာ တစ်ခုကို ကျော်လွန်သွားပြီးရင် ခံနိုင်ရည်ပိုရှိလာမှာပါ..
    လှမ်းနေတဲ့ ခြေလှမ်းတွေကို ငါ့ဘဝအတွက် ငါ့မိသားစုအတွက် ငါ့အနာဂတ်အတွက်လို့ တွေးရင်း ရဲရဲကြီး ဆက်လျှောက်လိုက်စမ်းပါ.. ဘယ်လောက်သေးတဲ့ အောင်မြင်မှုဖြစ်ပါစေ ဒါဟာ ကိုယ်ကြိုးစားခဲ့တဲ့ အသီးအပွင့်ပါ..ခဏကြုံတဲ့ အခက်အခဲတွေဟာ နောက်ခြေလှမ်းကို တွန်းအားပေးမယ့် ခွန်အားတစ်မျိုးဖြစ်ပါစေလို့ ဆန္ဒပြုရင်း
    ချစ်တဲ့ ညီမ
    အိမ်မက်စေရာ

  2. Thameesan Says:

    မောင်ချင်းရေ..အရမ်းကြီးမခံစားနေပါနဲ့အုံးကွယ်
    ဟတ်ထိသွားပါအုံးမယ်။
    တစ်ယောက်မပြောင်းသူကောင်းမဖြစ်မှုတ်လား.နော်
    အလွမ်းတွေဝေးပါစေ မောင်ငေးရေ
    ချစ်ခင်စွာဖြင့်

  3. စံပယ်ချို Says:

    ဟီးရိုးဖြစ်ချင်နေပေမယ့်
    ဇီးရိုးပဲဖြစ်လာရတာကိုး....တဲ့
    ဒူးထောက်ဖို့အားတောင်ချန်မထားပေးခဲ့တဲ့
    မင်းရဲ့လမ်းခွဲစကားလေးက
    ငါ့ကိုနတ်ပြည်ပို့လိုက်ပြီလေ
    အချိန်တန်ရင်တော့
    ငါ့အရှေ့မှာလာပြီး
    ပြန်ဒူးမထောက်မိပါစေနဲ့လို့...တဲ့

    ကောင်းတယ်နော်.....
    နောက်ဆုံးတော့မဖြစ်ပါနဲ့...ဆက်ရေးပါအုန်း
    ခင်တဲ့ အမကြီး jasmine

  4. Candy Says:

    အစ်ကို သိပ်ခံစားပြီးရေးထားတာ သိသာတယ်... စာသားတွေလည်း အရမ်းမိုက်တယ်... ဖတ်လို့လည်းအရမ်းကောင်းတယ်... ကဗျာအရတော့ ငါ့အစ်ကို အသည်းကွဲနေပုံပဲ..
    မခံစားနဲ့လို့တော့ မပြောပါဘူးအစ်ကိုရယ်... အလွန်အကျွံမဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ထိန်းပေါ့... ဆေးလိပ်ကြီးပဲလည်း ဖိသောက်မနေနဲ့ဦး... ကျန်းမာရေးထိခိုက်မယ်...

    ခင်တဲ့..
    ညီမချိုချဉ်

  5. ဇက်ဗီ Says:

    ဇီးရိုးမဖြစ်ဘဲ ဟီးရိုးဖြစ်ဖို့ ၁၀၀%သေချာတယ်။ဆက်ရေးအားပေးတယ်။ အခုချိန်ရာသီပြောင်းချိန်ဆိုတော့ ကျနော်လည်း နေနဲ့လ သိပ်မကောင်းဘူး။ ပျော်ရွှင်ပါစေ သူငယ်ချင်း။

  6. KMC@ချင်းလေး Says:

    @ညီမအိပ်မက်စေရာ...အဓိပ္ပါယ်ရှိတဲ့ဆုတောင်းဆန္ဒလေးကြောင့် ညီမကိုအရမ်းခင်သွားပြီကွယ်။အားပေးနှစ်သိမ့်ပေးတာကျေးဇူးပါညီမရယ်။
    @အစ်မသမီးစံရေ....ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။ကျေးဇူးပါအစ်မ...။
    @မမဂျပ်စ်မင်း...ကြိုးစားမယ်နော်မမ..ကျေးဇူးမမရေ။
    @ညီမချိုချဉ်လေး..အစ်ကိုအသဲမကွဲပါဘူးနော်:Pကွဲစရာလားလို့။
    ဆေးလိပ်မသောက်ပါနဲ့ဆိုလို့ကျေးဇူးညီမလေး.ခုလိုသတိပေးတာ။ နည်းနည်းတော့သောက်ပါရစေညီမရယ်။နော်...။
    @ချစ်ကိုဇာက်ပီ...အေးဗျာ.ခုလိုအမှောင်ရာသီစလာရင်နော်ဝေ မှာဘယ်လိုမှမနေချင်ဘူးဗျို့။မျိုးကြီးသီချင်းကိုသတိရတော့ပိုဆိုး တယ်။အဟင်းဟင်း...ကျန်းမာရေးတော့ဂရုစိုက်ပါအစ်ကိုရာ။။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

  7. mstint Says:

    ခံစားချက်ဆိုတာ အလိုလိုက်ရင်လိုက်သလောက် တစ်ဖက်စွန်းကို ကျွံသွားတတ်တယ် ချင်းကလေးရေ။
    ကဗျာလေး အားပေးသွားတယ်။
    ကျန်းမာရေးကိုအထူးဂရုစိုက်ပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  8. မအိမ်သူ Says:

    ကဗျာလေးကကောင်းလိုက်တာ.. အသဲကွဲရင် ကာရန်တွေပိုလှလာတယ်ဆိုလား...း)
    နောက်တာမောင်ချင်းလေးရေ။ နောက်ဆုံးကဗျာတော့မလုပ်ပါနဲ့။ ခံစားရရင် ချသာရေးပစ် ရင်ဘတ်ထဲက ကဗျာတွေအများကြီးထွက်လာလိမ့်မယ်။ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုပါပဲ။ အချစ်တစ်ခုအတွက်နဲ့တော့ ဘ၀မှာပန်းတိုင်မပျောက်စေနဲ့ပေါ့ကွယ်။
    နဖူးစာဆိုတာ လုပ်ယူလို့ရတာမဟုတ်ဘူးလေ။ ဘုရားသခင်ကသတ်မှတ်ထားပြီးသားမဟုတ်လား။ စိတ်လေတဲ့နောက်ကို လူတော့မပါသွားစေနဲ့ပေါ့။ Take care!

  9. KMC@ချင်းလေး Says:

    @အန်တီတင့်ရေ...အရမ်းလေးနက်တဲ့ကွန်မန့်လေးအတွက်ကျေးဇူးပါဗျာ။ သတိပေးတာအရမ်းကျေးဇူးတင်ပါတယ်အန်တီရယ်။@အစ်မမအိမ်သူ....။ ဟုတ်ကဲ့ခင်ဗျာသတ်မှတ်ထားပြီးသားနှဖူးစာဆိုတာကိုလက်ခံထားလို့လေနေတဲ့ စိတ်နောက်ကိုပါမသွားစေရပါဘူးဗျာ.စိတ်ချပါအစ်မ။ခုလိုအားပေးတာကျေးဇူး
    နော်အစ်မမအိမ်သူ..။

abcs