My Land

အားလုံးမင်္ဂလာပါဗျာ။ဒီရက်ပိုင်းမှာကျန်းမာရေးမကောင်းပြန်ဖြစ်နေတာကြောင့်စာလည်းမရေးနိုင်၊
သွားလည်းမဖတ်နိုင်၊စိမ်းကားနေသလိုလိုများဖြစ်နေခဲ့မိပါတယ်။တချို့ကလည်းလေစိမ်းတွေတိုက်နေတယ်လို့
ပြောသွားတဲ့သူကပြောသွားပေါ့။ဟုတ်ကဲ့ပါ....ဘာပြောပြောခံပါ့မယ်ဗျာ။တကယ်တော့လေစိမ်းတိုက်နေတာ
မဟုတ်ပါဘူးခင်ဗျာ..။တကယ်ကိုမတတ်နိုင်လို့ပါ။တစ်ယောက်ထဲနေနေတဲ့နေရာကလေးမှာခုလို
နေထိုင်မကောင်းဖြစ်ရပြီဆိုရင်အရမ်းဝမ်းနည်းရပါတယ်။သတင်းမေးလာသူတွေမရှိတာလည်းတကြောင်းပေါ့ဗျာ။
ဒါနဲ့စိတ်ထဲကလည်းလွမ်းသလိုလိုရှိနေတာနဲ့အဆိုတော် ဟဲလျဲနဲဘွက်ရှ်လဲယ် (Helene Bøksle) ဆိုထားတဲ့
Mitt Land (My Land) ဆိုတဲ့သီချင်းလေးကိုနားထောင်ဖြစ်ပါတယ်။တဆက်ထဲရိုးရိုးအေးအေးလေး
ဆိုပြသွားတဲ့နော်ဝေသူလေးရဲ့သီချင်းကောင်းလေးကိုအားလုံးနားထောင်လို့ရအောင်ပြန်လည်မျှဝေလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်ဗျာ..။

သီချင်းလေးကတော့ပျင်းစရာကောင်းချင်ကောင်းနိုင်တယ်။နို့ပေမယ့်အိမ်နဲ့နိုင်ငံနဲ့အဝေးမှာ
ရောက်နေသူတွေအတွက်တော့အကောင်းဆုံးသီချင်းလေးလို့ယူဆပါတယ်။အားပေးကြပါဦးခင်ဗျာ။






ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
5 Responses
  1. စံပယ်ချို Says:

    နေမကောင်းတဲ့ကြားကတင်ပေးတဲ့
    သီချင်းလေးနားထောင်သွားပါတယ်
    ခင်တဲ့ jas

  2. Candy Says:

    ထင်တော့ ထင်သားပဲ... တစ်ခုခုဖြစ်နေပြီလို့... ပျောက်လွန်းလို့လေ.. :D
    မြန်မြန်နေပြန်ကောင်းပါစေ... :)

  3. အိမ်မက်စေရာ Says:

    အဲ ဘယ်လိုဖြစ်တာလဲ ..ကိုချင်းရေ
    ကျန်းမာရေးဂရုစိုက်မှပေါ့.. မတည့်တာလေးတွေများများစားပေးနော်..( JK )ဟဲ ဟဲ
    မြန်မြန်နေကောင်းပါစေချင့်..
    ချစ်တဲ့
    အိမ်မက်

  4. မေသိမ့်သိမ့် ကျော် Says:

    ကျန်းမာရေးဂရုစိုက်ပါရှင်။ သီချင်းလေးကိုလည်း နားထောင်သွားပါတယ်။

  5. mstint Says:

    တော်လိုက်တဲ့ ချင်းကလေး သီချင်းလေးနဲ့နှစ်သိမ့်သွားတာကိုးး))
    အမြန်ဆုံးကျန်းမာပြီး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

abcs