စိတ်ကူးရဲ့ခမ်းနားသောဆန္ဒ

တခုခုရေးသင့်တယ်လို့စိတ်ထဲကခံစားရသလိုလိုဖြစ်နေတာနဲ့ရေးလက်စပို့စ်စ်နှစ်ပုဒ်ကိုဖွင့်ကြည့်လိုက်မိပါတယ်။
ဘယ်လိုမှဆက်မရေးချင်တဲ့Topicတွေဖြစ်နေတာနဲ့နည်းနည်းညစ်သွားမိတယ်။ဒါနဲ့ပဲထုံးစံအတိုင်းဂျီမေးလ်
သွားစစ်ကြည့်မိတာပေါ့။ကျနော့်ဒုက္ခလည်းမသေးဘူးဗျ...။ဂျီမေးလ်တစ်ခါဖွင့်တိုင်းရင်တစ်ခါနာကျင်ရ
တာမို့နာကျင်မိတဲ့အကြောင်းအရာလေးကိုကဗျာလိုလိုစာလိုလိုလေးချရေးမိသွားတယ်ဗျာ။
စာလာဖတ်သူတွေရဲ့ဆန္ဒနဲ့တစ်ထပ်တည်းတော့မကျနိုင်မှာသိပါတယ်..။နို့ပေမယ့်လည်းနည်းနည်းလေး
သက်သာလည်းမနည်းဘူးဟဆိုပြီးရေးခဲ့မိတာလေးကိုပြန်လည်မျှဝေလိုက်ပါတယ်။

အကောင်းအဆိုးများတိုင်ပင်မယ်ရင်ထဲမှာ
စာနာခြင်းများဖူးပွင့်စေ
အတိုင်းအဆမဲ့ရည်ရွယ်ချက်ထားရှိကာ
အားဖြည့်လို့သွားကြစို့လား


ဟိုစဉ်တုန်းကစကားသံနဲ့
ညစဉ်ဖက်တွယ်ငါအိပ်စက်ခဲ့

မင်းသိနေမယ်လို့တော့တကယ်မထင်ပါ
ငါ့ကိုယ်ငါလည်းမညှင်းဆဲတော့ပါ
အပြောင်းအလဲများတည်ငြိမ်စွာဖြေရှင်းမယ်ဆို
ညှာတာခြင်းများလည်းသင်းပျံ့စေလို
အနှိုင်းအဆမဲ့ကြင်နာမှု့များထားရှိခဲ့တာ
ခုလိုအလိမ်အညာတွေနဲ့မမိခဲ့ချင်လို့ပါ

မင်းနဲ့အတူသာထာဝရ
အိပ်မက်ခဲ့ဖူးတယ်တစ်ခါက
ဒါပေမယ့်လည်းအချစ်ရယ်
ခုတော့တို့နှစ်ယောက်ဝေးပြီကွယ်

လှိုင်းတွေကြမ်းလေတွေထန်မှာသိခဲ့ပေမယ့်
ရင်ခုန်ဖော်ကိုယ်နဲ့အတူလျှောက်လှမ်းရမယ့်ဒီခရီးထက်
စိတ်ဝင်စားစရာတကယ်မရှိခဲ့တယ်လို့
ပြောခဲ့တာတွေသိမ်းကြုံးယုံခဲ့မိသူမို့
ယိုင်နဲ့နေခဲ့ရပြီလို့ပကတိဆိုပါစို့

ရှိသေးတယ်အချစ်ရယ်
မင်းနဲ့အတူနှစ်ယောက်သားကွယ်
(တွဲ)ဆွဲလက်တွေခိုင်မြဲကြမယ်
ထပ်မဟောင်းနွမ်းနိုင်တော့မယ့်စံအိမ်ကိုတည်ဆောက်မယ်
ဟိုး  အရှေ့ကရောင်နီတွေဆီသွားကြမယ်လေအချစ်ရယ်..။

ကိုယ်ပြောပါရစေ
ရှင်သန်ခြင်းအသစ်လည်းမွေးဖွားစေ
ဆွေးမြေ့မယ့်အိုနာသေခြင်းတရားလည်းကျန်ရစ်စေ
မင်းရယ်၊ကိုယ်ရယ်..ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ရယ်
လောကကြီးကိုကျောခိုင်းလို့အားဖြည့်ကြစို့လားကွယ်





ရသမပြည့်ဝတဲ့ကဗျာတိုလေးကိုလာရောက်ဖတ်ရှု့ပေးတာကျေးဇူးတင်ပါတယ်ဗျာ
နဂိုပါရမီနည်းလှတာမို့ခွင့်လွှတ်ပေးကြမယ်လို့မျှော်လင့်ပါတယ်

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
8 Responses
  1. အိမ်မက်စေရာ Says:

    ဟင်းးးးးးးးးးးးးးးးး
    သက်ပြင်းရှည်ကြီးပဲ ချလိုက်တယ်..ဘာပြောရမှန်းမသိလို့..
    ရင်နာတယ်ဆိုတာ အပြောသက်သက်ခံစားချက်မျိုးမဟုတ်တဲ့ ရင်တွင်းက တကယ်ကို နာကျင်ခံရခက်တဲ့ ဝေဒနာမျိုးပါ..
    အပူတွေငြိမ်းပါစေ ကိုချင်းရေ
    အိမ်မက်

  2. စံပယ်ချို Says:

    အကောင်းအဆိုးများတိုင်ပင်မယ်ရင်ထဲမှာ
    စာနာခြင်းများဖူးပွင့်စေ
    အတိုင်းအဆမဲ့ရည်ရွယ်ချက်ထားရှိကာ
    အားဖြည့်လို့သွားကြစို့လား....

    အဲဒီစာသားလေးကိုအကြိုက်ဆုံးပါနော်....
    ခင်မင်တဲ့ အမကြီး jas

  3. SHWE ZIN U Says:

    ကဗျာလေး ဖတ်သွားတယ် အေးချမ်းပါစေ ချင်းလေးရေ

  4. mstint Says:

    စကားလုံးတွေ ပြောင်မြောက်လှချည်လား ချင်းကလေးရေ။ အတိတ်ကအရိပ်ဆိုးတွေကို ခဝါချပြီး အနာဂါတ်ကို ပျော်ရွှင်ကြည်နူးစွာနဲ့ နှစ်ကိုယ်ယှဉ်တွဲလို့ ဘဝဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေနော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  5. Candy Says:

    ကဗျာလေးကို ခံစားပြီးဖတ်သွားပါတယ်... အစ်ကိုချင်းခံစားချက်ကိုလည်း မြင်ပေမယ့် အဲ့လောက်မခံစားသင့်ဘူးလို့ ထင်ပါတယ်..
    အစ်ကိုကဒီလောက်ဖြစ်နေပေမယ့် သူကဘာမှမဖြစ်လို့ပဲ မလာတာကို.. အစ်ကိုပဲနစ်နာတယ်လို့ထင်တယ်.. >.<

  6. Angelhlaing(May everybody be happy and healthy! Says:

    သြော် ချင်းကလေးမှာလဲ အဟောင်းဒဏ်ရာတွေနဲ့ပါလား.....
    မပြောင်းလဲပဲ
    အဟောင်းတွေကပဲ အသစ်လုပ် နှိပ်စက်နေတယ် ထင်ပါရဲ့လေ.....
    ခံစားအားပေးလျှက်ပါလို့......

  7. KMC@ချင်းလေး Says:

    >>ညီမအိပ်မက်ပေးတဲ့ဆုအတိုင်းပြည့်ပါရစေဗျာ.ညီမလည်းထာဝရငြိမ်းချမ်းပါစေနော်
    >>မမဂျပ်စ်.:Pမကြိုက်ရိုးလားမမရယ်..အဲဒီစာသားကသီချင်းတစ်ပုဒ်မှာပါဖူးထား တယ်လေ..ဟဲဟဲကျနော်ကပြန်ကောက်သုံးထည့်လိုက်တာပါဗျို့ကျေးဇူးနော်မမ
    >>အစ်မရွှေစင်ဦးပေးတဲ့ဆုနဲ့လည်းပြည့်ပါရစေခုလိုလာရောက်အားပေးခဲ့တာအစ်မ ကိုအရမ်းကျေးဇူးတင်ပါတယ်ဗျာ။အစ်မလည်းပျော်ရအင်အေးချမ်းပါစေနော်
    >>အန်တီပြောသလိုဖြစ်ချင်လိုက်တာအန်တီရေ..ကုသိုလ်ကံပေါ်မှာပဲ ယုံပုံထားလိုက်ရတော့မှာပဲ။အန်တီပေးတဲ့ဆုထဲကလိုစိတ်ဓာတ်အစဉ်ကြည် လင်အေးမြစေဖို့အတွက်ဘုရားလည်းရှိခိုးဆုတောင်းနေပါတယ်အန်တီ..။ အန်တီလည်းအသက်ရှည်အနာကင်းပြီးသက်စေ့နေသွားနိုင်ပါစေဗျာ..။
    >>ညီမကန်ဒီလေး..နစ်နာတယ်မနာဘူးဆိုတာချစ်သူတွေကြားမှာမပြောပ
    လောက်ပါဘူးဗျာ။ညီမကျနော့်ကိုစာနာနားလည်ပေးတာသိရလို့အတိုင်းမသိ ဝမ်းသာရပါတယ်။ညီမပြောသလိုခံစားချက်ကင်းကင်းနဲ့နေသွားနိုင်ဖို့ကျနော် ကြိုးစားနေပါတယ်ညီမရေ.။ကျေးဇူးတင်တယ်နော်ညီမလေး...။ >>မမအိန်ဂျယ်..ပြောင်းလဲချင်မိပေမယ့်ပြောင်းလဲလို့မရတဲ့စိတ်တွေကြောင့် မမပြောသလိုအဟောင်းတွေပဲအသစ်ဖြစ်ဖြစ်လာပါရောလားဗျာ..ဟားဟား အားပေးကြတဲ့လေးစားချစ်ခင်ရသူမောင်နှမများအားလုံးကိုကျနော့်ရင်ဘတ်ထဲ မှာထာဝရထည့်ထားပါတယ်လို့..။

  8. ဟန်ကြည် Says:

    ရှင်သန်ခြင်းအသစ်လည်းမွေးဖွားစေ
    ဆွေးမြေ့မယ့်အိုနာသေခြင်းတရားလည်းကျန်ရစ်စေ
    မင်းရယ်၊ကိုယ်ရယ်..ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ရယ်
    လောကကြီးကိုကျောခိုင်းလို့အားဖြည့်ကြစို့လားကွယ်...

    လှလိုက်တဲ့စာသားလေးတွေ...ရင်ထဲကို ရောက်လာလို့ ကူးထားလိုက်မိတယ် ချင်းကလေးရေ...အင်း တစ်ခုတော့ ရှိပေသပေါ့ ချစ်သူဘ၀မှာတော့ လောကကြီးကို ကျောခိုင်းလို့ ရချင်ရမှာဖြစ်ပေမယ့် အိမ်ထောင်သည်ဖြစ်လာရင်တော့ လောကကြီးကို ကျောချင်းကပ်ပြီး ရင်ဆိုင်ကြရပါဦးမဗျား...

abcs