ဘလော့ဂါဆိုသည်မှာ ?(Tag Post)

ကဲ..တာဝန်တစ်ခုရှိလာပြီဆိုတော့လည်းဘလော့မောင်နှမတွေကိုလေးစားတဲ့အနေနဲ့ငချွတ်လေးကျနော်
KMC ကိုကိုမောင်(SSK)၊ညီမလေး(Candy)၊မမအိန်ဂျယ်နဲ့မမဂျပ်စ်မင်းတို့ဝိုင်းတဂ်ထားကြတဲ့အနှီဘလော့
ဂါဆိုတာဘာလဲဆိုတာကြီးကိုလေ့လာမှတ်သားခံယူထားသလိုလိုရင်းတိုရှင်းရေးချလိုက်ပါပြီဗျာ။မတူကွဲပြား
တဲ့ခံယူချက်အမြင်တွေကိုငြင်းခုံခြင်းကင်းစွာနဲ့အမျိုးမျိုးကိုယ်သန်ရာသန်ရာ၊ခံယူထားကြသလိုချစ်ခင်ညီညွတ်
စွာဖော်ထုတ်ကြတာမို့ဘလော့ဂါတို့အသိုင်းအဝန်းကအင်မတန်မှအရှိန်အဟန့်ကောင်းလှပါကြောင်းကနဦးပြော
ပါရစေခင်ဗျာ။ဘယ်လောက်တောင်အရှိန်အဟန့်ကောင်းလှသလဲလို့စဉ်းစားကြည့်လိုက်တော့ကိုယ်ပိုင်ဆိုင်တဲ့
ဘလော့အပေါ်မှာကိုယ်ဘယ်လောက်တာဝန်ရှိနေသလဲဆိုတဲ့အတွေးကပါဝင်လာလေပြန်တော့ကာအခုလိုအ
ရေးပါလှတဲ့မေးခွန်းတစ်ဖြစ်လဲအနှီပို့စ်ကြီးကိုရေးဖို့လက်တောင်တွန့်မိကြောင်းပါခင်ဗျာ။ Thank you ပါ။



ဒါပေသိ မတီးမမြည်၊မရေးမပြီး ဆိုသလိုဘယ်သူမှမတိုက်တွန်းပဲ ကိုယ့်ဆန္ဒ့အရလိုလိုလားလား 
ဝင်စို့အော်ပြီးဝင်လာခဲ့ပြီးမှတော့ အများသူငါနည်းတူရေးဖို့ပြင်ဆင်ရပါတော့တယ်ခင်ဗျာ။ 
ကြိုတင်ပြောထားချင်တာက ကျနော်ငချွတ်လေးဟာ ရိုးရိုးသာမန်ငချွတ်လေးသာဖြစ်ပါကြောင်း၊ 
ကိုယ့်ကိုယ်ကိုဘလော့ဂါစစ်စစ်တစ်ယောက်ဟုမမြင်မိပါကြောင်း၊ဘလော့ဂါစစ်စစ်ဆိုသည့်
ဂုဏ်ပုဒ်မှာကျနော့်လိုသာမန်ချွတ်တားလေးနှင့်ဘယ်လိုမှအပ်စပ်သည်ဟူ၍ယူဆမထားပါကြောင်း 
ဘလော့ဂင်းနေကြသောဘလော့ဂါအစ်ကိုအစ်မ၊ညီညီမများနှင့်အန်ကယ်အန်တီများကို ရိုသေစွာပြောကြားလိုပါတယ်ခင်ဗျာ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာစကားဝှက်တွေနဲ့စတတ်နောက်တတ်တဲ့နည်းပညာရှင်ချစ်ကိုကြီး ကိုမောင်(SSK)၊ ကျနော့်ကိုအမြဲစာနာအားပေးတတ်သူညီမငယ် ချိုချဉ်၊ 
လွမ်းဖော်လွမ်းဖက်လာလာညှိတတ်တဲ့ မမအိန်ဂျယ်လ်  နဲ့ထမင်းဟင်းချက်ဖို့အိမ်ရှင်မ
ရှာပေးချင်လွန်းတဲ့ မမဂျပ်စ်မင်း၊ နောက်ပြီးချစ်ခင်လေးစားရတဲ့ကဗျာဆရာ ကိုပဥာက် တို့အားလုံးကခင်ခင်မင်မင်နဲ့ ဘလော့ဂါဆိုတာဘာလဲ? ဆိုတဲ့ခေါင်းစဉ်နဲ့ပို့စ်တစ်ပုဒ်ရေးပေးဖို့ခိုင်းစေလာခဲ့ကြပါတယ်။ 
အဲဒီလိုခိုင်းမယ့်သူမရှိခဲ့ရင်ကျနော်ငချွတ်လေးဟာဘလော့ဂါဆိုတာဘာမှန်းတောင်သေသေချာချာသိရမှာမဟုတ်
ပါဘူးဗျာ။ခက်တော့ခက်တယ်။ဒါပေမယ့်ခုတော့ရေးရမယ်ဆိုတဲ့အသိနဲ့ဘလော့ဂါဆိုတာဘာလဲ ဆိုတာကြီးကိုအသဲအသန်ရှာဖွေစုဆောင်းလေ့လာရပါတော့
တယ်။ရှာဖွေလေ့လာတယ်ပြောလိုက်လို့ ''တယ်ဟုတ်ပါလားလို့'' အတွေးမစောလိုက်ပါနဲ့ဦးခင်ဗျာ။
ဂုရုကြီး ဆီမှာသွားရှာတာမဟုတ်ရကြောင်းပါ။ ဧကန်စစ်စစ်အစ်ကိုအစ်မ၊ညီညီမတွေနဲ့အန်တီအန်ကယ်တို့ရေးထားခဲ့သမျှပို့စ်တွေကို ဒီမှာ လိုက်လံဖတ်ရှု့ခဲ့ရတာ
ကိုရည်ညွှန်းတာပါ:P...။ဒါမှကိုယ်ရေးတဲ့အခါအဆင်ပြေမှာလေဗျာ....ဟဲဟဲ.။



ပထမဆုံးကျနော့်အမြင်ကိုမပြောခင်သူများတွေပြောကြတဲ့ဘလော့ဂါဆိုတာကိုနည်းနည်းပြောခွင့်ပြုပါ။


အစ်ကိုငွေလမင်း ရဲ့ပို့စ်မှာ If you don’t ask me, I know. But  if you ask me I don’t know. ဆိုတဲ့စာသားလေးကိုဂရုပြုမိသွားတာကိုစပြောရမှာပေါ့ဗျာ..။ မှန်ပါတယ်ဗျာ.....သိသလိုလိုနေခဲ့ပြီးမှ(သိလည်းသိခဲ့တယ်လို့လက်ခံယုံကြည်ထားပြီးမှ)တကယ်
တမ်းဖြေစမ်းဆိုတဲ့အခါကြတော့ဘာဖြေရမှန်းမသိလောက်အောင်ကိုဗျာများသွားခဲ့ရတာပါ..။
ဥပမာဆိုရရင်ကျနော်ပေါ့။ဘလော့စပေါ့ကိုဖောဖောသီသီသုံးလို့ရတယ်ဆိုလို့ဘလော့လေးတစ်ခု
လုပ်ဖြစ်သွားပါတယ်...တစ်ခါမှဒီဥစ္စာကြီးကိုမစဉ်းစားမိဘူးဗျ။ လွယ်လွန်းလို့မစဉ်းစားတာလား၊ဘာလားတော့မပြောတက်လောက်အောင်ပါပဲ...:P
လေးစားပါတယ်အစ်ကိုငွေ

အစ်မရွှေစင်ဦး  ရဲ့ပို့စ်မှာဘလော့ဂါဆိုတာ ''မိမိတို့လက်လှမ်းမှီသမျှပတ်ဝန်းကျင်မှာထူးထူးခြားခြားဖြစ်ပျက်နေတာတွေကိုလည်းအမှန်
တရားအတိုင်းတင်ပြကြပါသေးတယ်''
လို့ဖတ်ရပါတယ်...ဟုတ်ပါတယ်ဗျာ..အဲတာမျိုးကိုဘလော့ဂါလို့ခေါ်တာပါ။
နောက်ပြီးတော့ ''တချို့ဘလော့ဂ်ဂါများကတော့ကိုယ်လက်ခံတဲ့အယူအဆတွေ၊နိုင်ငံရေးသဘောတရားတွေကို တင်ပြဆွေးနွေးကြပါတယ်၊ဆွဲဆောင်သိမ်းသွင်းကြပါတယ်။ အယူအဆခြင်းမတူရင်ငြိမ်းချမ်းစွာသဘောထားမကွဲလွဲပဲနဲ့ဆဲကြဆိုကြတဲ့အခါမှာတော့ဘလောဂ်
ရွာတရွာလုံးဆူညံဆူညံနဲ့ပွက်လောရိုက်နေကြပါတယ်။အဲဒီအချိန်မှာတချို့ရွာသူရွာသားများဟာ ကိုယ့်လာမဆဲအောင်တံခါးပိတ်တိတ်တိတ်လေးချောင်းကြည့်နေကြပါတယ်''
 

တဲ့ဗျာ...ရယ်လိုက်ရတာဗျာ..သိပ်မှန်တဲ့စာတွေပေါ့ဗျာ...။ဘလော့ဂါဆိုတာအဲဒီလိုလည်းချောင်းတတ်ရသေးတယ်ပေါ့။

ကဲကြည့်ဗျာ..သူများတွေများရေးသွားလိုက်ကြတာ...စာလေးဖတ်လိုက်ရုံနဲ့တင်သမ္ဘာကိုခန့်မှန်းလို့ရတယ်နော်။
လေးစားမိပါတယ်အစ်မရေ

မမအိန်ဂျယ်လ်  ကတော့ ''ဘဝပင်လယ်၏လှိုင်းချက်အနိမ့်၊အမြင့်မညီညာမှုတွေကြားမှအလူးအလိမ့်ကူးခက်နေကြသော လူသားများ၏နှလုံးသွေးမှရင်ခတ်သံအစစ်အမှန်များကိုလည်းဘလော့ရွာထဲတွင်မြင်တွေ့နိုင်၏။'' 

လို့ဆိုထားတယ်ဗျာ..။ WOW ...။လေးစားစရာအံ့ဖွယ်ဘလော့ဂါတွေပါ။
လေးစားမိတယ်လို့ပြောချင်ပါတယ်မမ

ဘလော့ဂါဆိုတာဘာလဲ?ဆိုတာကိုဖွင့်ဆိုထားကြတဲ့တခြားလေးစားစံနမူနာယူစရာပို့စ်တွေအများကြီးပါ.
သူတို့ပြောကြတဲ့ဘလော့ဂါအကြောင်း မှာသွားဖတ်နိုင်ပါတယ်ခင်ဗျာ။
ဟုတ်ကဲ့.ခုလောလောဆယ်ကျနော့်အမြင်လေးကိုနည်းနည်းလောက်ပြောပါရစေ။


ကျနော်သိထားတဲ့ဘလော့ဂါဆိုတာကိုတော့ခုလိုလေးပြောပြလိုက်ပါတယ်။

ဘလော့ဂါဆိုသည်မှာဘလော့ရေးသူ....တနည်းအင်တာနက်ပေါ်မှာသတင်းများ၊နည်းပညာများ၊ ရသစာပေနှင့်သုတစာပေများ၊ဓမ္မစာပေနှင့်ဖျော်ဖြေရေးအစီအစဉ်ကဏ္ဍများကို ကိုယ့်ထမင်းကိုယ်စားပြီးမည်သည့်မျှော်လင့်ချက်များမပါရှိပဲမျှဝေနေကြသူများကိုခေါ်ပါသည်။

ဘလော့ဂါဆိုသည်မှာလောဘကြီးသူ....တနည်းအင်တာနက်ပေါ်မှနေ၍တကမ္ဘာလုံးကိုခြေလက်ခေါင်းမျက်လုံး အဆုံးရင်းနှီးပြီးအသိပညာများ(အကောင်းနှင့်အဆိုး)ကိုအချိန်ကုန်ခံရှာဖွေတင်ပြတတ်သူများကိုခေါ်ပါသည်။ (ကျနော်လိုအိယောင်ဝါးများမပါဝင်ပါ:D) 

ဘလော့ဂါဆိုသည်မှာအစ်မရွှေစင်ဦးပြောသလိုအငွေ့ကိုစားပြီးအငွေ့ကိုသာရှုရှိုက်နေကြသူများကိုခေါ်ပါသည်။
(ကျားစီး၊ဆင်စီး၊မိကျောင်းစီးသူအချို့လည်းထိုအထဲတွင်အကြုံးဝင်ပါသည်။:D)

ဘလော့ဂါဆိုသည်မှာစေတနာရှိသူ....တနည်းခံစားချက်အထွေထွေကို Screen တွင်းသို့ Input Devices များသုံးကာအသွင်ပြောင်းကုန်ချောထုတ်လုတ်သူ တွေကိုခေါ်ပါသည်။ ထိုထုတ်လုပ်ပြီးသားကုန်ချောများကိုအခမဲ့ပြန်လည်သုံးစွဲခွင့်ပေးထားသောစေတနာရှင်အမျိုးမျိုးကိုလည်း ဘလော့ဂါများဟုသတ်မှတ်ရပါမည်။

ဘလော့ဂါဆိုသည်မှာဝါသနာကြီးသူ....တနည်းနှစ်ဆယ့်လေးနာရီတွင်အလုပ်ချိန်၊အိပ်ချိန်မှအပ (စားချိန်တွင်ပင်မရှောင်)ရရှိသမျှအချိန်အားတိုင်းတွင်ဘလော့ရွာရိုး
ကိုးပေါက်လျှောက်သွားတတ်ကြပြီးတက်လာသမျှစာတွေပေတွေနည်းပညာတွေကိုအလုအယက် သိုမှီးဆည်းပူးသူများကိုဘလော့ဂါဟုခေါ်ပါသည်။ 
(မှတ်ချက်........ကိုယ်ပိုင်ဘလော့ဂင်းသူများကိုဆိုလိုသည်ဟုမှတ်ရန်..:P) စာဖတ်သူသက်သက်များကိုတော့ဘလော့ဂါဟုမခေါ်တွင်သောကြောင့်အနှီစာဖတ်သူများ နားလည်ပေးကြမယ်လို့ယူဆပါသည်။...တိန်။
ထိုအထဲတွင်အချို့ဝါသနာရှင်များမှာအိပ်မက်ထဲတွင်ပင်အခြားဘလော့တခုခုအားကွန်မန့်သွားပေးနေသည်
ဟုမြင်မက်တတ်သူများပါဝင်သည်ကိုသတိတရမှတ်တမ်းတင်၍တင်ပြအပ်ပါသည်...:D

ဘလော့ဂါဆိုသည်မှာအနုပညာကိုတန်ဖိုးထားသူ....တနည်းအလိမ္မာစာမှာရှိဆိုသလိုရတတ်သမျှသော အချိန်အားများအားစာရေးစာဖတ်ခြင်းဖြင့်သာဘဝကိုအကျိုးရှိရှိ၊
အနုပညာဆန်ဆန်၊ရိုးရိုးသားသားဖြတ်သန်းကုန်လွန်ကြသူများကိုခေါ်ပါသည်။
(မှတ်ချက်..ဤနေရာတွင်အင်တာနက်ပေါ်တနေကုန်အချိန်ပေးပြီးချက်တင်ကမ္ဘာထဲစီးမျောနေသူတွေနှင့်
အင်တာနက်ပေါ်တွင်စာပေလေ့လာနေကြသောဘလော့ဂါများကွာခြားပုံကိုသတိပြုရန်)
*****အထူးသဖြင့် Blogger နှင့် Chatter ကိုကွဲကွဲပြားပြားသိမြင်ရန်*****

ဒါမှမဟုတ်ခပ်လွယ်လွယ်ပြောရရင်

ဘလော့ဂါဆိုတာ KFC ကြက်ကြော်သဖွယ်စားကောင်းသောအရာတစ်ခုပါ။ (ဒါကကိုယ့်ဆိုဒ်ကိုကိုယ်ပြန်ကြည့်တဲ့အချိန်မှာဖြစ်လာတဲ့ခံစားချက်လေးပေါ့..:D)
ဘလော့ဂါဆိုတာ Shopping ထွက်ရင်းယူသွားတတ်တဲ့ (ဝယ်ထားသမျှတွေအကုန်လုံးထည့်လို့ရတဲ့)ကျော်ပိုးအိတ်လိုဟာမျိုးပါ..(ဆိုဒ်တကာဆိုဒ်တွေကသုံးမကုန်တဲ့
ဗဟုသုတတွေအားလုံးစုထည့်ချင်ထည့်သိမ်းလို့ရတဲ့နေရာတစ်ခုလို့ပြောချင်တာပါ..:P)
ဘလော့ဂါဆိုတာကမ္ဘာကျော်ဘောလုံးအသင်းတစ်သင်းလိုညီညာတက်ကြွတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ 
Team တစ်ခုနဲ့လည်းတူပါတယ်။
(ရင်ဖွင့်စရာလူမရှိရင်ကိုယ့်စာမျက်နှာပေါ်ရေးပြီးသာတင်လိုက်......အားပေးလိုက်ကြတဲ့သူတွေ...။
အင်မတန်ပျော်စရာကောင်းတဲ့ဂိမ်းတစ်ခုအလားပဲ...;))






အချုပ်ပြောရရင်တော့
ဘလော့ဂါဆိုတာအစွန်းမရောက်တဲ့သူများဖြစ်သလိုစည်းလုံးညီညွတ်တဲ့သူတွေလည်းဖြစ်ကြပါတယ်။
ဘလော့ဂါဆိုတာအားပေးချီးကျူးတာခံတတ်ကြသလိုထိုးနှက်ဝေဖန်တာကိုလည်းခံနိုင်ကြသူတွေဖြစ်ပါတယ်။
ဘလော့ဂါဆိုတာတခါတလေမှာအိပ်ရေးပျက်ခံရတတ်ပြီးတခါတလေမှာအဆူအဆဲလည်းခံရတတ်သူတွေဖြစ်ပါတယ်။
ဘလော့ဂါဆိုတာကိုယ့်စာလေးတွေကြောင့်အခြားသူတွေကိုမထိခိုက်စေချင်ကြသလိုထိခိုက်စေနိုင်တဲ့စာပေတွေကိုလည်းမဖတ် ချင်ကြသူတွေဖြစ်ပါတယ်။

အသေချာဆုံးကတော့ဘလော့ဆိုတာဘယ်တော့မှရိုးအီမသွားနိုင်တဲ့သံယောဇဉ်အမျှင်တွေတန်းနေတဲ့နေရာတစ်ခုပါ။



သူများတွေလိုတော့ဖွဲ့နွဲ့ပြီးမရေးတတ်ပါ။ရေးတတ်သမျှကိုသာရေးချထားခြင်းမို့တစ်ဦးတစ်ယောက်ကိုထိခိုက် သွားမယ်ဆိုရင်ဒီနေရာကနေကန်တော့ပြီးတောင်းပန်လိုက်ပါတယ်..။
သေချာတာတစ်ခုကတော့အင်တာနက်ပေါ်မှာဘလော့ဂင်းနေကြပြီးစာရေးစာဖတ်လုပ်ခြင်း၊ အသိပညာအတွေ့အကြုံများမျှဝေဖလှယ်ဆွေးနွေးနေကြသူတိုင်းကို 
ဘလော့ဂါဟုခေါ်ပါသည် 
လို့ပြောရင်း အနှီ ''ဘလော့ဂါဆိုတာဘာလဲ?'' ဆိုတဲ့အကြောင်းအရာလေးကိုလက်စတုန်းအပြီးသတ်လိုက်ရပါတယ်ခင်ဗျာ..။

ဟူးးးးးမောလိုက်တာ.။တကယ့်ကိုမလွယ်ကူတဲ့ပို့စ်တစ်ခုပဲဗျို့..။
ဖတ်ပြီးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်...။
မပြည့်ဝခြင်းတွေကိုထောက်ပြပေးစေလိုပါတယ်။
နောက်ထပ်အများကြီးကြိုးစားပါ့မယ်လို့အထူးပြောလိုပါတယ်။
တော်တော်များများတဂ်ပြီးကုန်ကြလို့ထပ်မတဂ်တော့ပါဘူးဗျာ..။တဂ်ချင်တဲ့သူကလည်းသူ့စီပုံးမှာ
အထာသွားပြတာကိုရူးချင်ယောင်ဆောင်နေလို့(ထွက်တောင်မနှုတ်ဆက်ဘူး)အားနာနာနဲ့
မတဂ်တော့ပါဘူး...:D

ကျနော့်ကိုခင်မင်လို့တဂ်တဲ့သူတွေကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ။
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
မနူးမနပ်လူငယ်လေးတစ်ယောက်အနေနဲ့
အကောင်းဆုံးကြိုးစားရေးထားတာမို့အမှားများကိုခွင့်လွှတ်နားလည်ပေးကြပါ။
ကျနော်ချွတ်တားလေးပါ......;)

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

23 Responses
  1. mstint Says:

    ဘလော့ဂါရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ဖတ်သွားတယ်။ မရေးတတ်လို့သာပဲချင်းကလေးရေ။ ဂရုကြီးဖြစ်ဖို့အလားအလာရှိပါတယ်း))
    "ဘလော့ဂါဆိုတာ KFC ကြက်ကြော်သဖွယ်စားကောင်းသောအရာတစ်ခုပါ" ဆိုတာကို ဖတ်ပြီးပို့စ်တစ်ခုတင်တော့မယ်း))
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. လင်းခေတ်ဒီနို Says:

    အသေချာဆုံးကတော့ဘလော့ဆိုတာဘယ်တော့မှရိုးအီမသွားနိုင်တဲ့သံယောဇဉ်အမျှင်တွေတန်းနေတဲ့နေရာတစ်ခုပါ။

    အရမ်းကိုသေချာတဲ့ စကားပါပဲ

  3. kztk Says:

    ဘလော့ဂါဆိုတာ.. ဖတ်သွားပါတယ် ကိုချင်းလေးလည်း ဘလော့ဂ်ဂါ ကောင်းတစ်ယောက် ဖြစ်နေပါပြီ..
    အရေးအသားလည်း ကောင်းပါတယ်ဗျ...
    ကျွန်တော်ဆို အဲလောက်ကို မရေးတက်ဘူးဗျ..
    ပြီးခဲ့တဲ့ ပို့စ်လေးတောင် တော်တော်ကျိုးစားအားထုတ် ရေးလိုက်ရတယ်.

    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

  4. Candy Says:

    ဘလော့ဂါဆိုတာဘာလဲဆိုတာကို တခြားသူရေးထားတာတွေရော ကိုယ့်အမြင်တွေရော ရေးပေးသွားတာ... အရမ်းပြည့်စုံတယ်ဗျို့........... မအားတဲ့ကြားက ရေးပေးလို့ ကျေးဇူးအထူးတင်ပါသည်.. :D

  5. ပဥာက် Says:

    နိုးနိုးချင်းဖွင့်လိုတ်တာပဲ...မေ၇း၇င်လာအော်မလို့

  6. မောင်(စွယ်စုံကျမ်း) Says:

    ကိုချင်းရေ..ကျနော်လည်းပညံ လိုပဲ နိုးနိုးချင်းဖွင့်တာပဲ.. ညကအချိန်မသေသေးလို့ ..ဟဟ
    မရေးတတ်လို့ သာတော်သေးတယ် ရေးထားတာများ..ဖလမ်းဖလမ်းထ..အရမ်းရမ်းလှနေပါလာ...အားလူးဘူးသီး..အာလူးဘူးသီး..ပြန်ပီ..ရထားရထား...မရဘူးလမ်းလျှောက်ပြန်ပီ

  7. စံပယ်ချို Says:

    အရမ်းပြည့်ပြည့်စုံစုံလေးရေးပေးတဲ့အတွက်
    မောင်လေးကို မမတို့မြန်မာ့အသံက
    တစ်မှတ်ပေးပါမယ်...အဲလေ
    ဟုတ်ပါဘူး
    ဘလော့ဂါရပ်ဝန်းကလို့ပြောရမှာ မှားလို့
    ဘွာတေးနော်
    မောင်ချင်းအရမ်းတော်တယ်
    နောင်လဲ ဒီထက်ရေးနိုင်ပါစေ

  8. Angelhlaing(May everybody be happy and healthy! Says:

    ဟွန့် ....မရေးတက်လို့သာပဲ ချင်းလေးကတော့လေ....ရေးများရေးတက်တယ် ဆိုရင်တော့လား.....ပြောကို မပြောချင်ဘူး.....ကဲ ..မပြောချင်ပါဘူးဆိုနေ.....ဟာ ...မပြောဘူးဆိုမှ ....ဟိဟိ နောက်တာ...:P:P

  9. Anonymous Says:

    ချင်းကလေးရေ

    ဘလောဂ့်ဂါ ဆိုတာလေးကိုလာဖတ်သွားပါတယ် အားလုံးရေးကြတာတွေကောင်းပါတယ် အရောင်စုံ ပန်းခင်းထဲက မွှေးကြိုင်သင်းပျံ့ တဲ့ ပန်းလေး တွေ လိုပါဘဲ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  10. ချယ်ရီမြေ Says:

    ကိုချင်းရေ... ဖွင့်ဆိုချက်တွေများစွာထဲက သဘောအကျဆုံးဖွင့်ဆိုချက်တစ်ခုကိုပြောရမယ်ဆိုရင်...ဘလော့ဂါဆိုတာ KFC လိုဆိုရင်တော့ တစ်ခုခု လိုနေသလိုပဲ...(အာလူးကြော်ပါ)

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  11. အိမ်မက်စေရာ Says:

    အမလေး ကိုချင်းတို့များ သူ့ကိုသူ ငချွတ်လေး ဘာလေးနဲ့ ပညာများတော့ စွန်းဝူခုန်းကျ နေတာပါ..
    ရေးတက်လိုက်တာ တခါဖတ်ပြီး စုံစုံစိစိ ကို သိသွားတယ် ကောင်းပါ့ ကောင်းပါ့ ..အားပေးပါတယ် ငါ့အစ်ကိုရေ..
    စီဘောက်မှာ ပြန်နှုတ်မဆက်တာ မဟုတ်ရပါဘူး ဗျာ .. ညာဘက်လက်တစ်ဖက်ကိုက်နေလို့ ညလေး နေ့ငို ညငို လုပ်နေရလို့ ပါ...ပြီးတော့ depressed ဖြစ်နေလို့ ရူးဖို့ နဲနဲပဲလိုတော့တယ် .
    ချစ်တဲ့
    ညီမလေး အိမ်မက်

  12. KMC@ချင်းလေး Says:

    >>မင်္ဂလာပါအန်တီရေ.အန်တီရေးမယ့်KFCလေးကိုလည်ပင်းရှည်လောက်အောင်
    မျှော်တော့မယ်ဗျို့။သားကြိုက်တဲ့အမျိုးအစားမို့လို့ပါ။ကျေးဇူးနော်အန်တီ.......။
    >>မအားတဲ့ကြားကလာဖတ်သွားပေးတဲ့ကိုဗညားကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ။
    >>ကိုဇော်သိင်္ခရေ.တစ်ပါးသူကိုကိုယ်စိတ်ချမ်းသာစေခြင်းသည်'မင်္ဂလာမည်၏'တဲ့. ကျနော့်ကိုစိတ်ချမ်းသာအောင်အားပေးပြောဆိုပေးတဲ့အတွက်အစ်ကိုလည်းနေရာတ ကာပျော်ရွှင်စိတ်ချမ်းသာစရာတွေနဲ့ချည်းကြုံတွေ့ရပါစေဗျာ။ကျေးဇူးပါအစ်ကိုဇော်သိင်္ခ။
    >>ညီမလေးချိုချဉ်.မနေ့ကမုန့်တောင်းစားခဲ့တာခုသဘောပေါက်ပြီလား?ကြိုတင်မဲ အဲလေ..ကြိုတင်ပြီးအခယူလိုက်တာလေ..ဟဲဟဲ..မပိုင်လားညီမရေ။ကျေးဇူးနော်။
    >>ကိုပဥာက်မလာရင်လည်းကျနော်လာအော်မလို့ပါပဲ။ကံကောင်းသွားတယ်မှတ်ပါ။
    ကျေးဇူးတင်ပါတယ်အစ်ကို။အသဲကွဲခြင်းတွေအဆုံးသတ်သွားပါစေတော့ဗျာ။
    >>ကိုမောင်ရေ..လမ်းလျှောက်ပြန်ရလို့အားနာလိုက်တာဗျာ။ညကလည်းအရှိန်လွန် တယ်ဆိုပဲ..။ခွင့်လွှတ်ပါဗျာ..ညီအလိုက်မသိသလိုဖြစ်သွားရင်..(ကိုကိုအာလူးကြီး) ကျေးဇူးပဲ။
    >>မမဂျပ်စ်ရေ..သိပ်လည်းမမြှောက်နဲ့ဗျ..တော်ကြာအရင်လိုတလွဲတွေထပ်ရေး
    နေလို့ဖိနပ်နဲ့အပေါက်ခံနေရဦးမယ်.ဟီးဟီး..မမဂျပ်စ်ကိုကျေးဇူးတင်ပါတယ်လို့ DVBကပြောလို..အဲလေKMCကပြောကြားလိုပါတယ်လို့။
    >>မမအိန်ဂျယ်လ်ရေ...အားပေးတာကျေးဇူးတင်ပါရဲ့မမရယ်.ဒါပေသိ..ကိုယ့် အခြေအနေကိုယ်သာသိဆိုသလိုတိတ်တိတ်ကလေးပဲနေလိုက်ပြီမမရေ:Pကျေးဇူးမမ
    >>အစ်မရွှေစင်ဦးခင်ဗျာ.ခုလိုလာရောက်အားဆေးတိုက်သွားခဲ့တာအရမ်းကို
    ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ပန်းဆိုရင်တောင်အနံ့မဲ့တဲ့ပန်းလေးတစ်ပွင့်မို့တော်ဝင်
    ပန်းပွင့်သင်းသင်းကြီးတွေလာအားပေးခဲ့ရင်အတိုင်းမသိပျော်ရွှင်တတ်မလို့ပါ.:P
    >>ဟုတ်ကဲ့ပါဘုန်းဘုန်း....အာလူးကြော်ကိုထည့်ရင်ဆော့စ်ကိုလည်းမေ့လို့မ
    ဖြစ်ပြန်ဘူးဘုန်းဘုန်း။ကိုကာကိုလာကလည်းလိုသေးတယ်ဆိုတော့ခပ်တိုတိုပဲ
    ရေးခဲ့မိတာပါဘုန်းဘုန်း:Dကျေးဇူးတင်လှပါတယ်ခင်ဗျာ..။

  13. KMC@ချင်းလေး Says:

    >>ညီမလေးအိပ်မက်ရေ..ခုမှတွေ့တယ်မန့်ထားတာ..ခုဘယ်လိုနေသေးလဲညီမ? လက်ကအကိုက်သက်သာသလားဟင်?ဘာလို့Depressဖြစ်ရတာလဲကွယ်.....။
    စိတ်ပြေလက်ပျောက်ကြိုးစားပြီးမေ့ဖျောက်နေတတ်အောင်ကြိုးစားပါညီမ..။ ကိုယ်ကအိမ်နဲ့အဝေးမှာဆိုတာကိုသတိထားပါ.။အဆင်ပြောပါစေညီမလေးရေ။

  14. Anonymous Says:

    စာက မနက်တည်းက ဖတ်တာ ကွန်မန့်ပေးလို့မရလို့ ညမှ ပေးရတယ်ဗျာ
    ဖတ်လို့ကောင်းပါတယ်ဗျာ ဘလော့ တဂ်ပို့စ်တွေကို သေချာဖတ်ပြီး ကောင်းရာတွေ ပြန်ဖော်ပြပေးတာ ကောင်းတယ်ဗျာ

    အားပေးလျှက်
    ငွေလမင်း

  15. မအိမ်သူ Says:

    မောင်ချင်းလေးတို့များ ရေးတတ်လိုက်ထာနော်... တဖွဲ့တနွဲ့ အကိုးအကားတွေနဲ့ ရေးထားလိုက်တာ.. အမကို မင်းဧရာက တဂ်ထားတာအခုမှရေးဖို့စဉ်းစားတုံး။ ဟုတ်တယ် ငွေလမင်းပြောသလိုပဲ သိသလိုလိုနဲ့ မသိတဲ့အထဲမှာ အဲဒီဘလော့ဂါဆိုတာကြီးလဲပါတယ်း))

  16. 8Yar Says:

    ဟွင်းဟွင်းဟွင်း အစ်ကိုချင်းရေးတာစောသွားတယ်။ မဟုတ်ရင် ကျွန်တော် post တင်ပြီး Tag တော့မလို့။

  17. zplintan Says:

    ဝဲရီး ဂွတ်...Takk for Tag

  18. KMC@ချင်းလေး Says:

    >>ကိုငွေလမင်းခင်ဗျာ..ခုလိုလာအားပေးတာကျေးဇူးအနန္တပါပဲခင်ဗျာ.အစ်ကို
    တို့နှစ်ဦးလုံးအစစအရာရာအဆင်ပြေချောမွေ့ကြပါစေဗျာ။
    >>အစ်မမအိမ်သူခင်ဗျာ.ကလေးတွေတစ်ဖက်မအားရတဲ့ကြားကလာရောက်ပြီး
    မောင်လေးကိုချီးမြှောက်ပေးတာကျေးဇူးတင်ပါတယ်ဗျာ။အစ်မတို့မိသားစုကျန်းမာကြပါစေနော်။
    >>ကို8Yarမတဂ်ခင်ရေးမိလိုက်လို့တော်ပါသေးရဲ့။မဟုတ်ရင်ခြောက်ထပ်ကွမ်း

    အတဂ်ခံရကိန်း...အဟိန်းဟိန်း။ကျေးဇူးအစ်ကိုရေ။
    >>ကိုဇာက်ပီ.ချစ်ကိုရေ..Ver Så God ပါဗျာ။

  19. ဟန်ကြည် Says:

    အလုပ်များနေလို့ အခုမှရောက်ဖြစ်တော့တယ် ချင်းကလေးရေ...ဘလော့ဂါကို ဖွင့်ဆိုပုံချင်းကွဲကြပေမယ့် ဘလော့ရွာကို ချစ်ကြပုံတွေချင်းကတော့ တူကြတာမို့ Rush Hour ထဲမှာ Chris Turker ပြောသလို brothers from another mother လို့ပဲ ပြောရတော့မှာပေါ့...

  20. KMC@ချင်းလေး Says:

    ဟုတ်ကဲ့ပါဆရာ..Brothers from another ဆိုတာလေးပြောခဲ့တော့ကျေးဇူးတင်လှပါရဲ့ဆရာ။နို့ပေ
    မယ့်Rush Hourကိုတော့ကျနော်ငတုံးမကြည့်ဖူးခဲ့ဘူး
    ဆရာ။ဒီတော့ဆရာပြောတာကိုကျနော့်အနေနဲ့Chris Turkerပြောတယ်လို့မှတ်လိုက်ပါပြီဗျာ။ကျေးဇူးပါဆရာ။

  21. December Mgmg Says:

    အနော်လာဖတ်သွားတယ် အကိုကြီး :)
    စာရေးဆရာတွေကိုး သီကုံးတတ်ကြလိုက်တာ အားတောင်ငယ်တယ် :)

  22. မောင်မောင် Says:

    ကိုချင်းရေ အရေးအသားကောင်းလှချည်လား။ kfc ဆိုတာလေးနဲ. ညွှန်းထားတာ ကြိုက်တယ်။ ကျနော်က kfc အရမ်းကြိုက်လို.လေ ဟဲ။ တစ်နေ.တစ်မျိုး
    မရိုးနိုင်အောင် ရသအစုံစုံတင်နိုင်တဲ. ကိုချင်းကို လေးစားပါတယ်။ ရှေ.ဆက် တန်ဖိုး ရှိတဲ. ဘလော.ဂါ တစ်ယောက် ဖြစ်လာမှာပါ။
    ကျနော်. ဆိုဒ်လေး ဒိုမိန်းအသစ်နဲ. နည်းနည်းပြုပြင်ထားလို. စောင်.နေရတယ် ကိုချင်း။ နောက် 3 သုံးရက်မှ www.mgthuya.com ဆိုတဲ.ဒိုမိန်းနဲ.စသုံးလို.ရမှာဆိုတော. စာတွေရေးဖို. တင်ဖို. အားခဲထားလိုက်အုန်းမယ်။

  23. ကိုကိုးအိမ်(မန္တလေး) Says:

    ဟဲဟဲ ကေအက်ဖ်စီဆိုရင် ဆော့စ်လေးနဲ့ မှ ကြိုက်တာဗျ.. ခေါင်းဖြူကြီးကိုပြေးမြင်ပါရဲ့ဗျာ.. ဒါပေမယ့် သူကတော့ ဘလော့မဂင်းလိုက်နိုင်ဘူးဗျ... ဟီးဟီး... စာရေးတာ ကောင်းလိုက်တာဗျာ... အချိန်ပေးပြီး လိုက်ဖတ်.. အချိန်ပေးရေးထားမှန်းသိသာပါတယ်....

    ခင်မင်စွာဖြင့်

abcs