101 East - The Lady on the Lake

မင်္ဂလာပါဗျာ..။ပထမဆုံးပြောချင်တာကတော့အခုရက်ပိုင်းမှာခင်မင်ရတဲ့မောင်နှမတွေဆီကိုလည်ပတ်ဖို့
အချိန်သိပ်မရလောက်အောင် Busy နေတယ်ဆိုတာပါပဲဗျာ။ ခွင့်လွှတ်ကြပါလို့တောင်းပန်ချင်ပါတယ်..
နှစ်ရက်လောက်မလည်ဖြစ်တာနဲ့ထူးခြားချက်တွေတော်တော်များများဘလော့ရွာလေးထဲမှာဖြစ်နေတာ
ကိုတွေ့လိုက်ရပါတယ်။ ညီညွတ်မှု့တွေပြည့်လျှံနေတဲ့ဒီဘလော့ရွာလေးကိုနေ့စဉ်မပျက်ဝင်ထွက်ချင်မိ
တာပင်ကိုယ်ဆန္ဒသက်သက်ပါ။နို့ပေမယ့်မပြည့်စုံလေသူဆိုတော့ရုန်းကန်ရသေးတယ်လေဗျာ..:P
တွယ်လာတဲ့သံယောဇဉ်လေးကလုပ်နေတဲ့အလုပ်ဆက်လုပ်မဖြောင့်အောင်၊ ဖွင့်ထားတဲ့စာအုပ်ဆက်ဖွင့်မထား
ချင်တော့အောင်ကိုတစ်စထက်တစ်စခိုင်မာလို့လာတယ်ဆိုတာဝန်ခံမိပါတယ်..။သံယောဇဉ်ဆိုလိုက်လို့အဝှာ
လို့မထင်မိစေနဲ့နော်..:Dဘလောဂ္ဂင်းသံယောဇဉ်ကိုပြောတာပါ..။ပြောရင်းဆိုရင်းကြောက်လွန်းမကကြောက်နေ
မိတဲ့တဂ်လေးနဲ့မိလိုက်ပါပြီ။ရေးမယ်စဉ်းစားတိုင်းခေါင်းစဉ်ကိုဖျားသွားမိတာနဲ့ဟိုပတ်ဒီရှောင်လုပ်နေမိတယ်ဗျာ.။ 
ခွင့်လွှတ်ပေးကြပါ..ဘာရေးရမှန်းမသိနိုင်လို့နောက်နေ့(မနက်ဖြန် OR သန်ဘက်ခါ)မှပဲရေးဖြစ်နိုင်မယ်ထင်တယ်။
လောလောဆယ်တော့အမေစုနဲ့ပတ်သတ်တဲ့ဗီဒီယိုလေးတစ်ခု AlJazeera ရုပ်မြင်သံကြားကတင်ဆက်ထားတာ
ကို YouTube မှာတွေ့လို့ပြန်လည်မယူလာပါတယ်...။ဘလော့ထဲမှာအမှတ်တရထားချင်လို့ပါ..။ 
အားလုံးကိုယ်စိတ်နှဝမ်းငြိမ်းချမ်းကြပါစေလို့ကျနော် KMC ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ...။








  ကျေးဇူးတင်ပါတယ်ဗျာ..။အထက်မှာပြောထားပြီးတဲ့အတိုင်းဒီဗီဒီယိုလေးကို   ဒီနေရာကနေ   ယူလာခဲ့တယ်ဆိုတာထပ်ပြောလိုက်ပါရစေဗျာ..။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
7 Responses
  1. Candy Says:

    သံယောဇဉ်တွယ်တယ် ဆိုတာတော့ အမှန်ပဲဗျို့... :D

  2. မေသိမ့်သိမ့်ကျော် Says:

    ဗီဒီယိုလေးလည်းကြည့်သွားတယ်။ သံယောဇဉ်က အမြဲနောက်ဆံတင်းနေတော့ ကျောင်းသွားလည်း စိတ်က နောက်ချည်းပြန်နေတယ်။ အလုပ်လုပ်လဲ ခိုးပြီး ဘလော့တယ်။ ဒါပေမယ့် အမြဲ မဝင်နိုင်တော့ အားမလိုအားမရဖြစ်နေရတယ်လေ။

    ခင်တဲ့
    မေသိမ့်

  3. Angelhlaing(May everybody be happy and healthy! Says:

    ခွေးလွတ် ..အဲ ..အဲ ... ခွင့်လွတ်ပါတယ်လို့ :):) အဟီးးးးး ဒီလိုပါပဲ မောင်လေးရေ ဘဝတူတွေဆိုတော့လည်း နားလည်ပါတယ်လို့ :P

  4. စံပယ်ချို Says:

    ခွေးလွတ် ....တယ်ဆိုလို့ပြန်ပြေး
    တော့မလို့..ကြောက်တတ်တယ်လေ
    မောင်လေးရေ....ဗီဒီယိုကြည့်သွားပါတယ်
    သံယောဇဉ်တွေကနေရာတိုင်းတော့
    မကောင်းဘူး...
    ခင်မင်တဲ့ jasmine

  5. ပဥာက် Says:

    ငါတို့ဘဝတွေ၇ဲ

့အေးချမ်းတဲ့နေ့တွေဟာ

    ဘယ်တော့လည်း..

    ၇င်နာ၇ုံနဲ့ခေါင်းငုံ..

    အမှန်ကိုကြောက်လို့..

    အမှားမှာမျော..

    ဘဝဟာ.

    .သောင်ကမ်းမကပ်..

    အဖေ မတ်တဲ့ အိမ်မတ်တွေ..

    တ၇ုန်း၇ုန်းသေ...

    အမေေ၇..

    ကယ်ပါတော့..

    အမေေ၇..ဘဝတွေ..ဘဝတွေ...ဘဝတွေ..

    အဒီ ဘဝတွေ ကယ်ဆယ်ပါ...

  6. December Mgmg Says:

    အနော်လည်း လာဖတ်သွားပါတယ် ခင်ညာ ;)

  7. KMC@ချင်းလေး Says:

    ကဗျာလက်ဆောင်ထားခဲ့တဲ့ကိုပဥာက်ရောကျန်တဲ့သူတွေ အားလုံးပါအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရစေဗျာ.။

abcs