လမင်းကြီးရဲ့အခြားတစ်ဖက်မှာ

အရမ်းလွမ်းနေပြီ..။သိပ်မကြာခင်လွမ်းနာကျတော့မှာကြိုသိနေသလိုပဲ..။လွမ်းနာကျမယ့်အခါကိုယ့်ဘလော့လေးနဲ့
အတူဘလော့ပေါ်ကကိုယ်ချစ်ခင်လေးစားတွယ်တာခင်မင်နေရတဲ့ဆွေမျိုးမောင်နှစ်မတွေဆီသွားလာလည်ပတ်ရင်း
သူ့အပျော်ကိုယ့်အပျော်တွေ၊သူ့ခံစားချက်ကိုယ့်ခံစားချက်တွေ၊သူ့အမြင်ကိုယ့်အမြင်တွေကိုနှီးနှောဖလှယ်ခွင့်ဆုံးရှုံး
ရမှာကြောက်တယ်..။တကယ်တော့ကျနော်ဆိုတာနက်ရှိုင်းကျယ်ပြောလှတဲ့ဘလော့ဂါပင်လယ်ထဲမှာမကူးတတ်ကူး
တတ်ဖုတ်လှိုက်ဖုတ်လှိုက်ကူးနေရတဲ့သာမန်လူမသိသူမသိဘလော့ဂါတစ်ယောက်ပါ..။ဘာမှမဆိုင်ပေမယ့်လွမ်းနာ
ကျလာရင်ဘာမှမလုပ်ချင်၊မခံစားချင်တော့တာကြုံဖူးတဲ့သူတွေသိမှာပါ..။သူပဲမှားသလား......ကိုယ်ပဲမှားသလား....
ဒါမှမဟုတ်တစ်ယောက်မှမမှားပဲအမှန်တရားကြီးကပဲမတော်တဆမှားသွားတာလား....အဲဒီလားပေါင်းများစွာကနှိပ် စက်လွန်းနေတယ်ဗျာ..။လောလောဆယ်တော့မှားနေတယ်ဆိုတာကိုပဲသိတယ်..။တခြားဘာမှမသိတော့ခါးသီးလွန်း
နေတဲ့အလွမ်းနာကျခြင်းကိုရင်နာနာနဲ့ကြိုဆိုလိုက်ပါတယ်..။(သူကလေးများဖတ်ခဲ့မိရင်တော့ဂျီတော့ကလေးစိမ်းလာ
ပါစေလို့ဆန္ဒပြုရင်း...) စာဖတ်လာသူတွေအနှောင့်အယှက်ဖြစ်သွားရင်ခွင့်လွှတ်စေချင်တယ်ဗျာ..။ (လေးစားလျက်)


"Love to someone "  is looks like " watching moon".

We can always see one side.

The other side may or may not the same.

The one that u see and no one can't predict

what's on the other. hello! my KinG, i really

wanna know what's on the other side of you beyond me!

ကဗျာလေးကိုတော့အဓိပ္ပါယ်မပြန်ပြတော့ဘူးနော်....နောက်နေတာလားလို့မေးကြမှာစိုးလို့ပါ။

သီချင်းလေးရဲ့အောက်မှာတော့ကျနော့်ဖာသာရေးထားမိတဲ့ဘာညာလေးရှိတယ်။

ကဗျာလိုလိုဘာလိုလိုပေါ့..ဘာမှန်းကိုမသိတဲ့ဘာညာဘာညာလေးမို့

အခန့်မသင့်ခဲ့ရင်အားပေး(ဆဲဆို)သွားနိုင်ပါကြောင်း  :P  :P  :P



သီချင်းလေးကို Youtube  မှရယူပါတယ်

ချစ်သူ

သူတို့ကပြောကြတယ်နော်

''တစ်စုံတစ်ယောက်ကိုချစ်ရခြင်းကဖိုးလမင်းကြီးကိုကြည့်နေသလိုပဲတဲ့''

ချစ်နေရသလိုချစ်နေပါ့မလား

လေးနက်ခဲ့သလိုတွေးတတ်ပါ့မလား

အင်းးမှန်တယ်လို့ဆိုချင်တယ်ချစ်သူ

ကိုယ်ချစ်တာမင်းဆိုပေမယ့်

မင်းချစ်ချင်တာကိုယ်မဟုတ်နိုင်ပြန်ဘူးလေ

ဘယ်သူဟောကိန်းကြိုထုတ်မလဲ

ကိုယ်ချစ်တဲ့မင်းဘယ်သူ့ကိုချစ်နေသလဲ

ဝမ်းနည်းရပြီအချစ်ရေ

လွမ်းဆွေးရပြီကလေးရေ

ကြေကွဲရပြီအသက်ရေ


တကယ်ဆိုလမင်းကြီးရဲ့အခြားတစ်ဖက်မှာ


ဘာရှိနေသလဲကိုယ်မသိရိုးအမှန်ပါ

တကယ်ဆိုဂျာအေးကိုသူ့အမေဘာလို့ရိုက်သလဲ

ကိုယ်မသိခဲ့ရိုးအမှန်ပါ

မင်းကိုယ်ဘာလို့ချစ်ခဲ့မှန်းလည်းရေးတေးတေးပါပဲ

ဘဝမှာဘာမှမသိခဲ့ဖူးပေမယ့်ချစ်ခဲ့ဖူးတယ်ဆိုတာတော့သေချာတယ်

သေချာတယ်ဆိုတာသေချာမှု့တစ်ခုကိုပြောတာပါ

အဲဒီသေချာမှု့ရဲ့နောက်ကွယ်ကကိုယ်ဘာကိုမှ

မမျှော်လင့်တော့ပါဘူးကိုယ့်ရင်ထဲက ကလေးလေးရယ်

ဒီပို့စ်လေးမင်းဖတ်မိခဲ့ရင်ခဏဖြစ်ဖြစ်လှည့်လာခဲ့ပါလို့အနူးအညွန့်တောင်းပန်ပါတယ်ကလေးလေးရယ်


မရေးတတ်သူမို့သီးခံကြပါရန်အထူးပန်ကြားပါရစေ


ခင်မင်လေးစားစွာဖြင့်

ချင်းကလေး


13 Responses
  1. လင်းခေတ်ဒီနို Says:

    ချင်းလေးရေ . . လွမ်းနေရသူဆိုရင်တော့ . . ကျုပ်နဲ့ မိတ်ဆွေလုပ်လို့ရပီ . . . လွမ်းနေရင် နာကျင်နေရင် ဘာမှ မလုပ်နဲ့ . . စာသားလေး အဖြစ်ပြောင်းပြီး စာမျက်နှာပေါ် သွန်ချလိုက်ပါ . . .

  2. Candy Says:

    တကယ်ရီး လွမ်းနေတာပဲ... ခံစားချက်အပြည့်နဲ့ ရေးထားတာလေးကို ခံစားချက်အပြည့်နဲ့ဖတ်သွားပါတယ်..
    အစ်ကို့ကလေးလေးနဲ့လည်း မြန်မြန်ပြန်ဆုံပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်.. :D

  3. ဇက်ဗီ Says:

    ဟုတ်တယ်..ချင်းလေး...ကလေးလေး မရှိရင်တောင်မှ အလိုလိုလွမ်းတတ်နေပြီး...အဝေးရောက် ဘဝတူမို့ ခံစားသွားပါတယ်....

  4. စံပယ်ချို Says:

    အလွမ်းတွေကို ကဗျာလုပ်လိုက်နော်..
    ခံစားချက်ပြင်းပြင်းလေးတွေနဲ့
    အလွမ်းဘ၀ မှ မြန်မြန်ကျွတ်ပါစေ...

  5. အိမ်မက်စေရာ Says:

    ဟယ်တော့ အစ်ကိုချင်းတစ်ယောက် တစ်ကယ်လွမ်းနေတာ ... ချစ်မိရင် ဒီလိုပဲ ကိုချင်းရေ ဖွင့်ပြောလိုက်လေ.. ကလေးလေးလဲ ကိုချင်းကို တိတ်တိတ်လေး ချစ်နေလားမှ မသိနိုင်တာနော်....
    အလွမ်းတွေငြိမ်းပါစေ အစ်ကိုရေ

  6. KMC@ချင်းလေး Says:

    >ကိုလင်းခေတ်မိတ်ဆွေတော့ဖြစ်သွားကြပြီ..ဒီတော့မိတ်ဆွေကောင်း တို့ထုံးစံအတိုင်းအစ်ကိုအကြံပေးသလိုလုပ်ပါတော့မယ်ဗျာ..။ >ညီမကန်ဒီလေးပေးတဲ့ဆုနဲ့ပြည့်ပါရစေနော်..ကျေးဇူးတင်ပါတယ်ညီမ။ >ကိုဇက်ဗီ..ဘဝတူတွေတဲ့လားဗျာ..တစ်ယောက်တိုးလာတာပေါ့နော်:P ကျေးဇူးတင်ပါတယ်အစ်ကို။
    >မမဂျပ်စ်မင်းပြောသလိုကျွတ်ချင်လှပါပြီ..ဆုကောင်းပေးတတ်တဲ့ မမရေကျေးဇူးတင်ပါတယ်ဗျာ..။
    >ညီမအိပ်မက်ရေ..သူချစ်မချစ်တော့ဘုရားသခင်ပဲသိပါလိမ့်မယ်ဗျာ.
    လောလောဆယ်တော့ညီမပြောသလိုအလွမ်းတွေငြိမ်းပါစေတော့လို့
    ပဲပြောပါရစေနော်။အားဆေးလေးတွေပေးခဲ့ကြတဲ့ချစ်မိတ်ဆွေများ အားလုံးကံကောင်းခြင်းအဖြာဖြာနဲ့ကြုံတွေ့ကြရပါစေသား..။

  7. KMC@ချင်းလေး Says:

    အစ်မသမီးစံရေ..ပေးခဲ့တဲ့အကြံကိုလေးစားတန်ဖိုးထားပါတယ်ဗျာ။
    နို့ပေမယ့်ကော်ဖီကလွဲရင်ဘာမှမသောက်တတ်တော့မခက်ပေဘူးလားဗျာ:P ဆုတောင်းပေးတဲ့အတိုင်းဆုံဆည်းခွင့်ရဖို့နေ့နေ့ညညမျှော်လင့်လျက်ပါ။ အားလုံးကလူချင်းမသိကြပေမယ့်စိတ်ရင်းအမှန်တွေနဲ့မျှဝေခံစားပေးကြ တယ်ဆိုတာအကြွင်းမဲ့ယုံကြည်မိလို့ကျေးဇူးအရမ်းတင်မိပါတယ်လို့ ထပ်ဆင့်ပြောပါရစေနော်...။

  8. 8Yar Says:

    အစ်ကိုချင်းရဲ့ ဘလော့ကိုဖွင့်ဖွင့်ချင်း အလွမ်းတွေလျှံထွက်လာလို့ မနဲလိုက်သိမ်းလိုက်ရတယ်။ လက်စသတ်တော့ ငါ့အစ်ကို အရမ်းလွမ်းနေတာကိုး။
    "ဘဝမှာဘာမှမသိခဲ့ဖူးပေမယ့်ချစ်ခဲ့ဖူးတယ်ဆိုတာတော့သေချာတယ်" ဆိုတာလေးကတော့ဖြင့် အရမ်းကောင်းတာပဲဗျာ။

  9. အလင်းသစ် Says:

    အဝေးရောက်ချစ်သူကိုမှ လွမ်းနေရသတဲ့လား မောင်ချင်းရေ....။။။
    "အဝေးက ချစ်တယ်ဆိုတာ အလုပ်မလုပ်တဲ့ မီးခြစ်နဲ့ မီးညှိရသလိုပါဘဲ .. ကိုယ်ကလည်း အရမ်းသောက်ချင် သူကလည်းအလုပ်မလုပ်တော့ ခံတွင်းချဉ်ယုံသက်သက်ပါဘဲ ...."
    တကယ်တော့ အဝေးကြီးက ချစ်ရတယ်ဆိုတာ လွမ်းနေဖို့ သက်သက်လေးပါပဲလေ။။

  10. Angelhlaing(May everybody be happy and healthy! Says:

    ချင်းလေးရေ လွမ်းနေတယ်ပေါ့လေ ..ဟုတ်လား မောင်လေး အတူတူလွမ်းကြမယ် အဖော်ရှိတယ် အားငယ်နဲ့ :)

  11. ဟန်ကြည် Says:

    လွမ်းတယ်ဆိုတာ တော်ရုံပါရမီနဲ့ လွမ်းလို့မရဘူး ချင်းကလေးရေ...လွမ်းတတ်တဲ့ နှလုံးသားက ရှိဦးမှ...လွမ်းစေတဲ့ အကြောင်းခံကလည်း ရှိဦးမှ...လွမ်းအောင်ဖန်မယ့် ပတ်ဝန်းကျင်ကလည်း ရှိဦးမှ လွမ်းလို့ရတာကလား...လွမ်းခွင့်ရတုန်း အားပါးတရသာလွမ်းထားပေတော့...ပြန်ဆုံကြတော့လည်း လွမ်းခဲ့သမျှ ဟာသတွေ ဆန်ချင်ဆန်သွားမှာပေါ့လေ...

  12. KMC@ချင်းလေး Says:

    ညီလေး8yarရေ..Thank you နော်ညီ..။ ကိုအလင်းသစ်....You are Right.ခုလိုရေးသွားခဲ့တာကျေးဇူးတင်တယ်အစ်ကို..။ မမအိန်ဂျယ်လ်....အလွမ်းမင်းသားဆိုပြီးနမီးကျယ်နေပါဦးမယ်. :Dမလုပ်ပါနဲ့ဗျာ...ကျေးဇူးနော်မမ။ ဆရာဟန်ကြည်ခင်ဗျာ..။ဆရာပြောသလိုနေ့တိုင်းအချိန်ရတိုင်း လွမ်းနေပါကြောင်းပါဗျာ..။ဆရာပြောသလိုပဲပြန်ဆုံရပါစေဆရာ။ ဟာသဆန်ချင်လို့ပါ..ကျေးဇူးတင်ပါတယ်ဆရာ.. အားလုံးကိုလေးစားလျက်..။

  13. mstint Says:

    လွမ်းရက်တွေအမြန်ဆုံးကုန်ဆုံးပါစေ ချင်လေးရေ။
    အချစ်ပင်လယ်ကြောမှာ မျောပါမသွားဖို ပဲ့ကိုနိုင်နင်းစွာ ကိုင်တွယ်နိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

abcs