BlogDay 31Aug(Tag Post)

သြဂုတ်လ ၃၁ ရက်နေ့က Blog Day ဖြစ်ပါတယ်။ ဒါပေမယ့်....... ဘလော့ဂ်နေ့ဆိုတာကိုရိုးရိုးသားသားဝန်ခံရရင်ဖြင့်
ကျွန်တော်သေချာမသိလို့ (သေချာမသိတာတောင်မဟုတ်ပါဘူးဗျာ.ဘာမှန်းမသိတာပါ   :P)သူများတွေရေးထားတာတွေ
အရင်လိုက်ဖတ်ကြည့်မိပါတယ်...။ကိုယ့်အထာနဲ့ကိုအဆင်ပြေသလိုရေးနေကြပေမယ့်ရေးရတဲ့ရည်ရွယ်ချက်ကသွားတူနေ
တာကိုလည်ပတ်ဖတ်ရှူ့ရင်းသိမြင်လိုက်ရတော့ကိုယ်ပါရေးချင်စိတ်ဖြစ်ပေါ်လာမိတာမို့ခုလိုမတောက်တစ်ခေါက်အတွေ့ အကြုံလေးနဲ့ကျွန်တော့်ပထမဆုံး BlogDay 31 Augest ကိုအမှတ်တရရေးချလိုက်ရပါတယ်ဗျာ။ ဒါကျနော့်ရဲ့ဒုတိယ တဂ်ပို့စ်လေးမို့အမှတ်တရနဲ့တကူးတကတဂ်ပေးခဲ့တဲ့ညီမလေးCDရေ....Special Thanks နော်....:P



အဲ  ဘလော့ဆိုလို့ပြောရဦးမယ်ဗျ...ကျနော့်ဘလော့မှာကျနော်ရေးထားတာတွေကမတောက်တခေါက်
လို့ပြောရမယ့်စာတွေချည်းပါပဲ။အဲလိုစာတွေများဘာမှမထူးဆန်းပါဘူးကွာ...ရေးမနေပါနဲ့လို့ပြောလာရင်
တော့ရေးဖို့အချိန်ရှိနေသေးသရွေ့၊ 
နောက်ပြီးနောက်ချန်နေချင်စိတ်မကုန်ခမ်းသရွေ့ရေးနေမှာပဲလို့ခပ်ရိုးရိုးလေးပြောပါရစေ။ ဟုတ်ပါတယ်..။လူသားတွေ
အချင်းချင်းအပြန်အလှန်လေးစားစိတ်တွေ(လူချင်းမတွေ့ဖူးမမြင်ဖူးကြစေကာမူ)ဖြစ်ပေါ်လာစေတာက စာပေပဲမဟုတ်ဖူးလားခင်ဗျာ? 
ဥပမာဆိုရရင်ကျနော်ငယ်ငယ်ကမောင်နှင်းဆွေရေးတဲ့သိုင်းဝတ္ထုတွေဖတ်မိတိုင်း
မောင်နှင်းဆွေဆိုတာကိုမြင်ဖူးချင်လာတယ်၊လေးစားတဲ့စိတ်ဝင်လာတယ်။ အဲဒီလိုပဲဘဝအမောတွေကြားမှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့လှုပ်ရှားနေကြရတဲ့ကျနော်တို့အားလုံးအတွက်နွမ်းလျနေ
တဲ့စိတ်တွေနဲ့ခန္တာကိုယ်တွေကိုဖြေလျော့မှု့ပေးနိုင်စွမ်းတဲ့ဘယ်လိုစာပေမျိုးမဆိုဖတ်လိုက်တာနဲ့တပြိုင်နက် စာဖတ်သူတွေဆီမှာစာရေးသူတွေပေးချင်တဲ့အဓိကအချက်တွေကအနည်းနဲ့အများကျန်ခဲ့ကြမှာပါ..။ အဲလိုကျန်ခဲ့ကြရာကစပြီးအပြန်အလှန်လေးစားတဲ့
ချစ်စရာစိတ်ဆန္ဒလေးတွေဖြစ်ပေါ်လာတတ်ကြတယ်လို့ပြောရင်မမှားနိုင်ပါဘူးဗျာ..။ ဒါကလည်းစာပေအနုပညာရဲ့ဆွဲဆောင်မှု့တစ်ခုပါပဲ။ ပထမဆုံးပြောချင်တာကတော့ဒီဘလော့လောကထဲကိုကျနော်ဝင်လာတာသိပ်မကြာသေးဘူးဆိုတာ
အားလုံးသိကြမှာပါနော်။ပထမစစချင်း(ဘလော့ဂ်လောကထဲကိုရောက်လာခါစက)ကနည်းနည်းတော့ ကြောက်သလိုပဲး)။
စာရေးချင်တဲ့စိတ်ပဲရှိပြီးစာတစ်ပုဒ်ရေးတဲ့သီအိုရီတွေနားမလည်တာရယ်၊နောက်ပြီးဘလော့ဂါအချင်းချင်းကိုယ့်ကို အရေးမလုပ်မှာ၊ စာလာဖတ်သူတွေမရှိမှာ၊အားပေးဖေးမပေးမယ့်သူတွေမရမှာကိုပေါ့။
နောက်ပြီးတော့ကျန်သေးတယ်..ကျနော်ရေးတဲ့မဖြစ်စလောက်လေးတွေကသူများကို အနှောက်အယှက်ဖြစ်လောက်အောင်ကြောင်စီစီနိုင်နေမလားဆိုတာလည်းအဓိကတွေးပူမိတဲ့အချက်တစ်ချက်ပေါ့ဗျာ။
အမှန်ကတော့ကိုယ့်စေတနာသာအဓိကဆိုတာသိမထားတာလဲပါတာပေါ့။ငယ်သေးတာကိုး:P
ဒါပေမယ့်ကျနော်ကံကောင်းခဲ့ပါတယ်။စီနီယာဘလော့ဂါ
ကြီးတွေဖြစ်တဲ့မမအိန်ဂျယ်လ်တို့၊ကိုနန်းရှင်တို့၊မမဂျပ်စ်မင်းတို့လိုဘလော့ဂါတွေ..
နောက်ပြီးလေးစားရတဲ့အင်ဂျင်နီယာကြီးဘလော့ဂါအန်တီတင့်၊မမရွှေစင်....အားကျခဲ့ရတဲ့ကိုဇော်.
နောက်ပြီးညီလေးကိုနေဇော်လင်းတို့(နာမည်မပါခဲ့သူများစိတ်မဆိုးကြပါနဲ့ဗျာ.
အားလုံးကိုရင်ဘတ်ထဲမှာထည့်ထားပြီးသားဆိုတာယုံကြည်ပေးပါ။) ရဲ့လက်တွဲအားပေးမှု့တွေ၊ နောက်ပြီးကိုယ်နဲ့တူတူနီးပါးလောက်လို့ပြောလို့ရတဲ့ညီမငယ်လေးတွေနဲ့ညီငယ်လေးတွေ
ရဲ့တွန်းတင်မှု့ကြောင့်ဘလော့လောကမှာမျက်နှာမငယ်ခဲ့ရပါဘူးဗျာ..။ လင့်လေးတွေမျှဝေချိတ်ပေးရင်းလက်တွဲခေါ်ယူခဲ့ကြပါတယ်။
ဒီလိုနဲ့ဘလော့သက်တမ်းခြောက်လပြည့်ခါနီးပြီဆိုပါတော့ဗျာ..မူလတန်းကြိုအဆင့်ပေါ့နော်...:P ဘာပဲဖြစ်ဖြစ်ရင်တွင်းခံစားချက်တွေရော၊အတွေးအခေါ်အယူအဆလေးတွေပါဖလှယ်ခွင့်၊ အမှတ်တရသိမ်းထားခွင့်ရတဲ့ဒီလိုနေရာတနေရာလေးကိုမူလတန်းကြို
အဆင့်နဲ့နေခွင့်ရနေတာကိုကဘလော့ဂါညီကိုမောင်နှစ်မတွေကိုကျေးဇူးတင်စရာပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ..။ အခုဆိုရင်ဘာသာတွေကွဲ၊လူမျိုးတွေမတူ၊နိုင်ငံတွေဘယ်လောက်ပဲခြားနားနေပါစေ.... ခုလိုမျိုးဘလော့မောင်နှမတွေအဖို့တစ်ယောက်နဲ့
တစ်ယောက်ချစ်ချစ်ခင်ခင်တဂ်ကြ၊ရင်းရင်းနီးနီးကွန်မန့်တွေပေးခဲ့ကြ...။ တကယ်ကြည်နူးစရာကောင်းပါတယ်ဗျာ..။ ဘာနဲ့မှမလဲနိုင်တဲ့နွေးထွေးခြင်းအရသာကိုခံစားတတ်ရင်လူတိုင်းရတတ်တဲ့အမူအကျင့်လေးတစ်ခုပါ။ 
ခက်တာက BlogDay ကိုသတ်မှတ်ထားခြင်းရဲ့ရည်ရွယ်ချက်ထဲက အတိုင်းဘလော့အသစ်ငါးခုကိုမိတ်ဆက်ပေးဖို့ကြတော့ကျနော့်အဖို့တော်တော်လေးအခက်တွေ့စေတာ
တော့အမှန်ပါပဲဗျာ။ဘာလို့လဲဆိုတော့အသစ်ဆိုတဲ့အတန်းအစားထဲမှာရှေ့ဆုံးကပါနေတာကျနော်KMCပါ။ဆိုတော့ဗျာ..။ ဘယ်သူ့ကိုမှအသစ်လို့မပြောရဲလောက်အောင်ကိုယ်တွေကနောက်ကျနေခဲ့တာကိုးဗျ..။ 
ဒီတော့ကာ BlogDay ကိုစတင် Created ခဲ့တဲ့ပညာရှင်ကြီးတွေကို အားနာစွာနဲ့ပဲအစဉ်အလာကိုနည်းနည်းလေး(မဆိုစလောက်ရုံလေးပါ:P)ဆန့်ကျင်ပြီးတော့အသစ်အဟောင်းမခွဲခြားပဲ
ဘလော့ဂါခြောက်ပါးကိုမိတ်ဆက်ပေးလိုက်ပါရစေဗျာ..။
မိတ်ဆက်ပေးခြင်းသက်သက်မို့တခြားဘာညာဘာညာထွေထွေထူးထူးတွေမရေးတော့ပါဘူး။ ခုတောင်လေကြောရှည်နေမိလို့စိတ်ပျက်နေမလားပဲ..။ဟော...ပြောရင်းဆိုရင်း မမဂျပ်စ်မင်းလှမ်းမျက်စောင်းထိုးလိုက်တာမြင်မိလိုက်သလိုပဲ....:P









တကယ်တော့အပေါ်မှာကျနော်အကူအညီတောင်းထားတဲ့သူတွေကိုသေသေချာချာမိတ်ဆက်ပေးချင်ပါသေးတယ်ဗျာ။
မမဂျပ်စ်မင်းဆိုရင်အားလုံးသိကြတဲ့အတိုင်းပါပဲ...နှလုံးသားကိုဖျစ်ညှစ်ပြီးရေးထားသလားတောင် ထင်ရတဲ့ကဗျာကောင်းလေးတွေကိုသူမတူအောင်ရေးနိုင်စွမ်းရှိသူတစ်ယောက်ဆိုတာမမရဲ့ဘလော့ကို သွားလေ့လာကြည့်ရင်သိရမှာပါ။ 

အစ်ကိုပဥာက်ဆိုတာကလည်းရေးထားတဲ့ကဗျာတွေဟာကျနော့်ရင်ကိုတိုက်ရိုက်ထိမှန်စေတဲ့ဥက္ကာပျံတွေအလားပဲ၊ အစွမ်းထက်လွန်းတဲ့ကဗျာဆရာပေါက်စလေးပါဆိုတာမယုံရင်သွားလည်ကြည့်လိုက်ပါ။ ကျနော်ညွှန်းထားတာလိုနေလို့ပြေးရိုက်ချင်လောက်အောင်ကိုမုဒ်အပြည့်နဲ့ရေးတတ်သူတစ်ယောက်ပါ။
(အစ်ကိုရေ..ခရီးကပြန်လာမှရေးနိုင်ပါတယ်ဗျာ..ခရီးအဆင်ပြေပါစေနော်..Have a nice Trip)

မမအိန်ဂျယ်လ်ဆိုတာကလည်းဘလော့ဂါလောကမှာနာမည်တစ်လုံးနဲ့ရပ်တည်နေသူတစ်ယောက်ပါပဲ။ ပို့စ်တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက်ကို စာဖတ်သူတွေရဲ့ရင်ထဲစွဲငြိသွားအောင်ဖမ်းစားရေးတတ်တဲ့စာရေးဆရာမလေးပါပဲဗျာ။

ညီမလေးအိပ်မက်စေရာဆိုတာကလည်းပတ်ဝန်းကျင်ကသတိမထားမိတဲ့အံ့ဖွယ်အကြောင်းအရာ၊စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကိုလိုရင်းတိုရှင်းတင်ပြတတ်တဲ့ဘလော့ဂါသစ်တစ်ယောက်ပါပဲဗျာ..။

အစ်ကိုဇက်ပီလင်းတန်းဆိုတာကလည်းသိထားတဲ့နည်းပညာတွေရော၊တိုင်းရင်းသားဗဟုသုတတွေပါမကျန် မျှဝေတတ်တဲ့ချစ်စရာကောင်းတဲ့ဘလော့ဂါလေးပါပဲ။လူချင်းမရင်းနှီးသေးပေမယ့်သတိထားမိတာတော့ကြာခဲ့ပါပြီ။ စာဖတ်သူတွေအတွက်သွားလည်သင့်တဲ့ဘလော့တစ်ခုပါပဲဗျာ..။

ကိုမောင်မောင်(မြစ်ဆုံ)ကတော့ကျနော်အထွေအထူးမပြောလိုတော့ပါဘူး။တကယ်ကိုရသတွေပြည့်ဝနေတဲ့ပို့စ်ကောင်း
လေးတွေရှိနေတာမို့စာဖတ်သူတွေကိုယ်တိုင်ကိုယ်ကျသွားပြီးလေ့လာကြည့်ပါတော့ဗျာ..။ ကျနော်နှစ်ခြိုက်မိတဲ့ဘလော့စာရင်း(ကျနော့်အထင်..ဘလော့အသစ်တွေထဲမှာပေါ့) တွေထဲမှာ ကိုမောင်မောင့်ဘလော့လေးလည်းပါတယ်ပေါ့ဗျာ..။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ပုံဖော်ရေးသားနေကြတဲ့ဘလော့ဂါများအားလုံးကိုအစဉ်လေးစားနေပါတယ်။
ခုကျနော်မိတ်ဆက်ပေးလိုက်တဲ့ဘလောဂါတွေဆီသွားလည်ကြမယ့်မိတ်ဆွေတွေ အလွယ်တကူသွားနိုင်အောင်လို့အပေါ်မှာနာမည်လေးတွေနဲ့တွဲပြီးလင့်လေးတွေတိုက်ရိုက်ချိတ်ပေးထားပါတယ်ဗျာ။  ဘလော့ပေါ်ကမိတ်ဆွေအများကြီးထဲမှာမှရွေးပြီးဒီမိတ်ဆွေတွေကိုပဲနာမည်ရေးပြီးတဂ်တာကပြောမနာဆိုမနာလောက်အောင်  အရမ်းရင်းနှီးနေတာရယ်၊တော်တော်များများကစိနီယာတွေဖြစ်နေတာရယ်ကြောင့်ပါ။ ခုတဂ်ထားတဲ့သူတွေအားလုံးလည်းစီနီယာတွေချည်းပါပဲဗျာ။
ဘာပဲပြောပြောချစ်စရာအလေ့တစ်ခုကိုအားလုံးလက်တွဲပြီးပုံဖော်ကြမယ်ဆိုရင်ဖြင့်
ကြုံဆုံရင်ဆိုင်နေရတဲ့ဘဝအမောတွေအနည်းငယ်မျှလျော့ပါးနိုင်လိမ့်မယ်လို့မျှော်လင့်မိတာကြောင့်ဖတ်မိသူတွေအားလုံး အဆင်ပြေရင် BlogDay 31 Aug အတွက် ပို့စ်လေးတစ်ခုစီလောက်အမှတ်တရရေးထားစေချင်ပါတယ်။
ဒီလောက်ဆိုမိတ်ဆက်ခြင်းကိစ္စအဆုံးသတ်သင့်ပြီထင်ပါတယ်ဗျာ။ မှားတာရှိရင်ခွင့်လွှတ်ပေးကြပါလို့လေးလေးနက်နက်တောင်းဆိုချင်ပါတယ်။
ညီမလေးချိုချဉ်ပြောသလိုပဲအတုခိုးပြီးပြောရမယ်ဆိုရင်တော့ဖိအားတစ်ခုအနေနဲ့မသတ်မှတ်ပဲပေါ့ပေါ့ပါးပါးလေးပဲ ပုံမှန်အတိုင်းနေနိုင်ကြပါတယ်..။အပေါ်မှာနာမည်တွေထည့်ထားလို့  
''ဟာ  ငါတော့မရေးလို့မဖြစ်ဘူး..ဘာညာ  ဘာညာ '' စသဖြင့်မတွေးပဲ
အချိန်လည်းအားမယ်၊ဆန္ဒလည်းရှိမယ်ဆိုရင် BLogDay အမှတ်တရပို့စ်လေးရေးပေးပါလို့လေးလေးစားစားမေတ္တာရပ်ခံပါရစေ။
မောင်နှမအချင်းချင်းပိုပြီးနွေးထွေးလာအောင်သာနာမည်လေးတွေထည့်ယူထားတာပါ။ နာမည်မပါတဲ့အခြားမိတ်ဆွေအများကြီးကျန်ပါသေးတယ်..။စိတ်မဆိုးကြပါနဲ့ဗျာ..။ ကျနော်သိရသလောက်ဘလော့ရေးတာမကြာသေးဘူးလို့ယူဆထားတဲ့သူတချို့ကိုပဲ
ဦးစားပေးပြီးမိတ်ဆက်ပေးနေတာမို့ကိုကိုမမဦးဦးဒေါ်ဒေါ်တို့နားလည်ခွင့်လွှတ်ကြမယ်လို့မျှော်လင့်မိပါကြောင်းးးးးးးး။
ဒီဘလော့ဂ်ဒေးပို့စ်လေးကိုရေးဖြစ်ဖို့သတိတရလေး Tag လာတဲ့ ညီမချိုချဉ်လေးကိုအရင်ဆုံးစီနီယာတစ်ယောက်အနေနဲ့
အသိအမှတ်ပြုကျေးဇူးတင်စကားပြောချင်ပါတယ်ဗျာ.. ညီမလေးချိုချဉ်ရေ....ကျေးဇူးပါး)
အမြဲတမ်းလိုအပ်တာရှိရင်သွားသွားရှာတတ်တဲ့ ကိုကေပီသရီးမိသားစုကိုနေမင်းမောင်ညီလေးနေဇော်လင်း
ကိုမောင်(SSK)ကိုဇော်ကိုဖြိုးဝေကိုပန် စတဲ့စေတနာရှင်နည်းပညာရေးနေကြတဲ့ဆရာကိုကိုတွေအားလုံးကိုလည်း သတိတရကျေးဇူးတင်ကြောင်းကြုံတုန်းဖွခဲ့ပါရစေဗျာ..။သူတို့လိုလူတွေရှိနေလို့လည်းကျနော်တို့လိုလူတွေ
အခက်အခဲမရှိဘလော့ဂင်းနိုင်ကြတယ်ဆိုလည်းမမှားတာမို့သင်ဆရာတွေအဖြစ်သတ်မှတ်ထားပါကြောင်း တလေးတစားပြောပါရစေဗျာ..။



ရေစီးကြောင်းထဲမှာရေအလျင်သစ်တွေစီးဝင်လာကြသလိုပါပဲ
 
အများနဲ့အတူမဟာသမုဒ္ဒရာအထိလက်ပစ်ကူးလို့လာခဲ့တယ်
 
အရှိန်အဟုန်ကောင်းကောင်းနဲ့စီးဆင်းနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်



အားလုံးကိုခင်မင်လေးစားလျက်

ချင်းကလေး

15 Responses
  1. Candy Says:

    အစ်ကိုချင်း တက်ဂ်ထားတာလေး ရေးပေးလို့ ကျေးဇူး... ဒီထက်ကောင်းတဲ့ စာတွေဆက်လက်ရေးနိုင်ပါစေနော်...
    ရမ်းရမ်းရမ်း ခင်တဲ့
    ချိုချဉ်... :D

  2. mstint Says:

    ဘလော့ဂ်ဒေး တက်ဂ်ပို့စ်လေး ဖတ်သွားတယ် ချင်းကလေးရေ။ နည်းပညာပိုင်းရော ရသ သုတ ပိုင်းတွေရော လာဖတ်ဖြစ်ပါတယ်ကွယ်။ နေလည်းကောင်းပါ့။ ကိုယ်လည်းမပျောက်ပါဘူး ဟဟ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  3. Anonymous Says:

    အရမ်းကောင်းတဲ့တဂ်ပို့စ်လေးပါကွယ်
    မောင်ချင်းက..လူသာငယ်တယ်အရေးအသားကလည်း
    ကောင်းပါ့။အမြဲတမ်းအားပေးနေပါတယ်နော်။
    ခင်မင်စွာဖြင့်
    သမီးစံ

  4. SHWE ZIN U Says:

    ချင်းကလေး ရေ

    ခြောက်လသား အရွယ်ရောက်ပြီဆိုတော့ မှောက်တတ်ပြီ ပေါ့နော်

    အားပေးနေပါတယ် နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် နဲ့ ဘလောဂ့်ဂင်းနိုင်ပါစေ

  5. Angelhlaing(May everybody be happy and healthy! Says:

    မအားတဲ့ကြားကပဲ တဂ်ပို့လေးလာဖတ်တယ် ချင်းကလေးရေ...မမကတော့ စာအုပ်ရှေ့ချပြိး စာကျက်ချင်ယောင်ဆောင်နေလို့....ဟဟ :)
    တဂ်ပေးလို့ ကျေးဇူးပါလို့...

  6. KMC@ချင်းလေး Says:

    @ညီမချိုချဉ်လေး..ရမ်းရမ်းရမ်းမခင်နဲ့..ပမ်းပမ်းပမ်းသွား လို့မန့်မန့်မန့်မနိုင်ပဲနေမယ်နော်:D @Mstintအန်တီနေကောင်းတာသိရလို့ဝမ်းသာမိပါတယ်။ ခုလိုအမြဲလာပြီးအားပေးတတ်တာကျေးဇူးပါ။အန်တီပေးနေ ကြဆုကလေးနဲ့ပြည့်ပါရစေဗျာ။ @အစ်မသမီးစံအမြဲတမ်းအားပေးတာသိရလို့ပိုခင်မိတာပေါ့ဗျာ။ အမြဲတမ်းခုလိုလေးခင်မင်မှု့တွေအဓွန့်ရှည်နိုင်ပါစေဗျာ.:P @လေးစားရတဲ့အစ်မရွှေစင်..ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ။ ခုလိုအားပေးတတ်တာကြောင့်အဝေးကနေအမြဲမေတ္တာပို့သ လျက်ပါနော်။ @မမအိန်ဂျယ်လ်ရေ..စာလည်းကျက်တာကျက်တာပေါ့။ လမ်းလေးဘာလေးထွက်လျှောက်ပေးဦးနော်..တော်ကြာ အနော့်မမအညောင်းမိနေမှာစိုးလို့:pမအားတာတောင် လာဖတ်ပေးတယ်ဆိုတော့ အမှတ်အပြည့်ပေးချင်တယ်ဗျာ..ရော့....:p ခုလိုအားပေးပြီးစိတ်ဓါတ်ခွန်အားတွေဖြစ်စေတဲ့ကွန်မန့်လေးတွေ ချီးမြှင့်ပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

  7. မောင်(စွယ်စုံကျမ်း) Says:

    ချင်းကလေးရေ..စာတွေလာဖတ်ရင်းလာရောက်လည်ပတ်ကြောင်းသတင်းပို့ ပါ၏...ခင်မင်လေးစားလျှက်..မောင်

    (အခုတလောအလုပ်တွေများလို့ နောက်မှဆွေးနွေးချက်တွေရေးတော့မယ်ဗျာ...)
    ကျနော့်အထက်ကတစ်ယောက်ကျော်..နော်..ဟွန့် 
    ပြောချင်းဝူး..ဂယ်ပဲ..

  8. စံပယ်ချို Says:

    အမလေး ချင်းလေးရေ
    နင်နဲ့တွေ့မှငါလဲ နှလုံးသားကိုဖိညှစ်
    ရေးတဲ့သူဖြစ်နေပါရောလား။ ။
    အေးပါဟယ် ကျေးဇူးတင်ပါတယ်
    မောင်ချင်းရေ...အရမ်းကိုရေးတတ်တာပဲ
    ငါကတော့အဲလိုရေးတတ်မယ် မထင်ပါဘူး
    လူငယ်တွေက လူကြီးထက်တော်တယ်
    ဆိုတဲ့စကားကိုလက်ခံရမယ်။
    သူများတွေ အားလုံးရေးတာကိုစောင့်နေတာ
    အတုခိုးရမှာမို့လို့.....
    ဒီထက်ကောင်းတဲ့စာတွေရေးနိုင်ပါစေ။

  9. KMC@ချင်းလေး Says:

    @ဟုတ်ကဲ့ကိုမောင်ရေ...ကျေးဇူးတင်ပါတယ်ဗျာ.။:) @မမဂျပ်စ်ရေ....တင်စားပြောခဲ့တာမို့စိတ်မဆိုးပါနဲ့နော်။ မမတို့အားပေးနေလို့လည်းခြောက်လပြည့်လာခဲ့တာပါ။ မဟုတ်ရင်ကျနော့်ဘလော့ဂ်လည်းရေတိမ်နစ်တာကြာ လှပေါ့ဗျာ.....:P:P:P

  10. 8Yar Says:

    မှတ်သားသွားပါတယ် ခင်ဗျာ။ သွားလည်နိုင်အောင်လည်းကြိုးစားပါ့မယ်။

  11. ပန်းချီ Says:

    ကိုချင်းရေ...
    ချစ်စရာပို့စ်လေး လာဖတ်ပါတယ်။ စာရေးကောင်းပါရဲ့ရှင်..ဆက်ရေးပါ။ ဒီမှာ ပရိသတ်ရှိပါတယ်း)

  12. မောင်စေတနာ Says:

    ဘလော့ဒေး နေ့လေးမှသည် နောင်နှစ်တွေများစွာတိုင် အောင်မြင်မှု ရရှိပါစေ။ မှတ်သွား မှတ်သွားပါတယ်ဗျာ
    အားပေးလျှက်ပါ အစ်ကို ..

  13. KMC Says:

    ညီလေး8Yar၊ပန်းချီနဲ့ညီလေးနေဇော်လင်း...အားပေးတာကျေးဇူးတင်ပါတယ်ဗျာ..။ သူငယ်ချင်းတို့အားလုံးလိုရာဆန္ဒအဝဝပြည့်စုံကြပါစေနော်။ခင်မင်လေးစားစွာဖြင့်(KMC)

  14. အလင်းသစ် Says:

    တဂ်ပို့စ်လေး အားပေးသွားတယ်ဝေ့။။

  15. ဖြိုးမောင်မောင်(CTM) Says:

    ရောက်ခဲ့ ပါတယ် ညီဖြစ်မယ်ထင်တယ်...
    အရေးအသားတွေကောင်းပါတယ်။
    ဆက်လက်ပြီး အားပေးနေပါတယ်။
    ခင်မင်စွာဖြင့် ဖြိုး

abcs