Facebook မှ Blocked ကို Unblock ပြန်လုပ်နည်း

မင်္ဂလာပါဗျာ...။လူတိုင်းနီးပါးသိရှိထားပြီးဖြစ်တဲ့အကြောင်းအရာလေးတစ်ခုကိုအရေးပေါ်တင်ပြလိုက်ပါတယ်။ နားလည်လွန်းလို့၊တတ်ကျွမ်းလွန်းလို့မဟုတ်ပါ။စီဘောက်မှာမေးလာသဖြင့်သိထားသမျှကိုပြန်လည်ချပြခြင်း
သာဖြစ်ကြောင်းပထမဆုံးပြောပါရစေ..။ကျနော်ကိုယ်တိုင်လည်းနားမလည်တာတွေကိုသူများဆီမှာမေးခဲ့ဖူး
တာမို့ခုလိုမေးလာတဲ့သူရှိလာတဲ့အခါနားလည်ထားမိသလောက်ပြန်ဖြေလိုက်ရတယ်လို့ပဲပြောပါရစေ..။ Blocked ကို Unblock ပြန်လုပ်နည်းပါ။သိပြီးသားသူတွေဆော်ရီးပါနော်...။မသိသေးတဲ့သူတွေကိုရည်ရွယ်ထားတာမို့ပါဗျာ..။
အောက်မှာနည်းလေးကိုပုံနဲ့တစ်ကွပြထားပါတယ်။မြန်မာစာရိုက်ရာမှာပြသနာနည်းနည်းရှိနေလို့အင်္ဂလိပ်လိုပဲ
ရေးထားတာမို့စိတ်မဆိုးစေလိုပါကြောင်းကြိုတင်ပြောပါရစေ..။အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဗျာ..။
ဖေ့စ်ဘွက်မှကိုယ်ဘလော့လုပ်ထားသူတွေကို unblock လုပ်ချင်ရင်ပထမဆုံးကိုယ့်ဖေ့စ်ဘွက်ရဲ့စာမျက်နှာမှာရှိတဲ့ Account ကိုနှိပ်လိုက်ပါ။ပြီးရင်အောက်ကပုံအတိုင်း Privacy Setting ဆိုတာလေးကို Click ပြီးဝင်လိုက်ပါ။
ဝင်ပြီးရင်အောက်ကပုံအတိုင်း Block List ဆိုတာလေးကိုရှာကြည့်ပါ။တွေ့ရင်သူ့အောက်မှာပဲ ကျနော်မြှားအနီရောင်နဲ့ ဝိုင်းပြထားတဲ့ Edit Your List ဆိုတာလေးကို Click လိုက်ပါ။

 ပြီးတာနဲ့အပြာရောင်လေးနဲ့ကျနော်ဝိုင်းပြထားတဲ့နေရာလေးကိုတွေ့ပါလိမ့်မယ်..။အဲဒါကတော့ကိုယ် Block လုပ်ထားတဲ့ သူတွေရဲ့နာမည်တွေပါ။ကိုယ်ပြန်ပြီးဆက်သွယ်ချင်လို့ unblock လုပ်ချင်တဲ့သူတွေကိုတော့ဘေးနားက unblock button လေးကိုနှိပ်ပေးလိုက်ပါ..။အောက်ကပုံလေးကြည့်လိုက်ရင်ဘယ်လောက်လွယ်သလဲဆိုတာသိသွားမှာပါ။ 


ပြောစရာတစ်ခုပဲကျန်ပါတော့တယ်..။ပြန်ဖွင့်ပေးလိုက်တဲ့သူကိုကိုယ့်ဖက်ကဖြစ်စေ၊သူ့ဖက်ကဖြစ်စေအသစ်တစ်ခါပြန်ပြီး invite လုပ်ဖို့လိုပါလိမ့်မယ်..။ဖေ့စ်ဘွက်ကသူ့ဖာသာသူအော်တိုပြန်စာရင်းသွင်းပေးမှာမဟုတ်တာကြောင့် ကိုယ့်ဖာသာကိုယ်ပဲ unblock အဆင့်ပြီးရင်လူသစ်တစ်ယောက်ကို invite လုပ်ကြသလိုပြန်လုပ်ပေးရမှာပါ။ စကားများတယ်လို့ထင်နေမှာစိုးလို့ ပြီးပြီလို့ပြောလိုက်ပြီဗျာ။ အဆင်ပြေပါစေ..။

မှတ်ချက်။  ။ပြထားသောပုံများသေးလို့မမြင်ရလျှင်ပုံပေါ်ကိုကလစ်ပြီးပုံကြီးကြည့်နိုင်ပါသည်။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
2 Responses
  1. Anonymous Says:

    ငါကတော့..FB ကိုလှည့်ကိုမကြည့်တာဟေ့..
    (စိတ်နာလို့းP )
    ဒါပေသည့် အစ်မသူငယ်ချင်းတွေကိုပေးဖို့
    မှတ်သွားတယ်ငါ့မောင်ရေ
    ကျေးဇူးပါနော်။
    ခင်မင်စွာဖြင့်
    သမာန်စီး

  2. KMC@ချင်းလေး Says:

    ဟီဟိ...ကျနော်လည်းဖေ့စ်ဘွက်မသုံးတာသုံးလကျော်နေပြီဗျ....ပျင်းလာလို့..။ ဒါနဲ့ဟက်နည်းသိချင်တယ်ဆိုလို့ဘာလို့သိချင်တာလဲဆိုပြီးနည်းနည်းအံ့သြသွားပါတယ်။ ဘာပဲဖြစ်ဖြစ်တင်ပေးလိုက်ပါ့မယ်......နော်အစ်မသမီးစံ..:P (နာမည်ကလည်းတော်တော်ဂွကျ)

abcs