မမြင်ယောင်ရဲသေးသောကျနော့်.........။


ဟိုတလောတုန်းလေးမှာခင်မင်တဲ့သူငယ်ချင်းတွေတချို့(အထူးသဖြင့်မြန်မာနိုင်ငံ)ကမေးနေကြတယ်ဗျ။
ချင်းလေးရေ...ဘယ်တော့စားရမှာလဲတဲ့။ (ဟဲဟဲ....ဘာစားချင်နေမှန်းမသိ)...ဘာဖြေရမလဲဗျာ။ဘာမှကိုမဖြေတတ်တာ။
ကျောင်းတုန်းကဘော်ဒါအများစုကအိမ်ထောင်ကျကုန်ကြပြီဆိုတော့သူတို့ဆီကအတွေ့အကြုံလေးတွေ၊ ပျော်ရွှင်စရာ၊စိတ်နောက်ကျိစရာစသဖြင့်ရသအဖုံဖုံတွေအမျိုးမျိုးလည်း 
ပြန်ပြောပြတဲ့အခါပြောပြကြတာပေါ့။ (အကြားနဲ့တင်နောကြေနေပြီပေါ့ဗျာ:Pခွီးခွီး)
ကျနော်ကတော့ဘာမှတ်ချက်မှမပေးခဲ့ပါဘူး။ပေးလည်းမပေးတတ်ဘူးလေ...နော့်? တားတားကခုမှငယ်ငယ်လေးရှိသေးတာကို..


အဲဒါနဲ့ကြာတော့မေးလာသမျှသူငယ်ချင်းတွေရဲ့ဒီလိုမေးခွန်းတွေဆိုရင် ဖြေချင်စိတ်ကကုန်လာတော့တာပါပဲဗျာ။
(သူများကိစ္စတွေသူတို့မို့စပ်စပ်စုစုဗျာ..ဟီးဟီး..ဒီပို့စ်ဖတ်ပြီးရင်ကွိုင်ရှာတော့မှာ မြင်ယောင်သေး..အဟေးဟေး)
အွန်လိုင်းတက်လို့မြင်ပြီဆိုရင်နေကောင်းလား၊အဆင်ပြေလားအရင်အိမ်ထောင်နဲ့ပဲလား..(အာ..ရှုပ်ကုန်ပြီ:P)ဘာညာမေးပြီးတာနဲ့
သူတို့ကန်ထရိုက်ဆွဲထားတဲ့ဟိုမေးခွန်းကိုပဲမေးတော့တာပဲဗျို့။ 
ဒီတော့ကျနော်လည်းစဉ်းစားလာရပြီလေ..။
(ဟဲဟဲ...စဉ်းစားလာရပြီဆိုတော့စာဖတ်နေသူတွေတမျိုးထင်နေဦးမယ်....
အိမ်ထောင်ပြုဖို့လား၊ဘာလား  စတဲ့လားပေါင်းများစွာပေါ့):P
နိုး........အဲဒါစဉ်းစားတာမဟုတ်ရပါဘူးဗျာ။ဘုရားပေးပေး၊ကျမ်းပေးပေးပါ။ 
အမှန်အတိုင်းဝန်ခံရရင်တော့ကျနော်လည်းလူသားပေမို့ လူသားဆန်ဆန်အိမ်ထောင်လေးဘာလေးပြုချင်တာပေါ့ဗျာ...ဟီးဟီး။ 
ခုတော့မဟုတ်သေးပါဘူး။နောက်မှပေါ့လေ...ခုလောလောဆယ်တော့ သူတို့ကိုဒီမေးခွန်းနောက်ထပ်မမေးနိုင်တော့အောင်ဘယ်လိုရှင်းလိုက်ရင်ကောင်းမလဲဆိုပြီး စဉ်းစားမိတာကိုပြောတာပါ။မထူးပါဘူးလေ.... သူတို့စိတ်ထဲမှာကျနော့်ကိုအစဖော်ပေးသလိုဖြစ်စေတဲ့ဒီမေးခွန်းမျိုးနောက်ဘယ်တော့မှ 
မမေးတော့အောင် လံကြုတ်ဇာတ်လမ်းလေးတစ်ခုပြောပြလိုက်ပြီးရှင်းလိုက်မယ် ဆိုတဲ့အကြံလေးကရွှေချထားဖို့ကောင်းတဲ့ခေါင်းလေးထဲဝင်လာတယ်ဗျ။
(အဟဲမောင်တုံးကများလာသေးတယ်)
လိမ်ညာပြီးလုပ်ကြံပြောတယ်ဆိုပေမယ့်ဘယ်သူမှမနစ်နာလောက်ဘူးလေ..
နစ်နာစရာရှိကာယကံရှင်ကျနော်ပဲနစ်နာမှာဆိုတော့ဇာတ်လမ်းတစ်ပုဒ်ထွင်လိုက်တာပေါ့ဗျာ။ အဲဒီဇာတ်လမ်းကိုတော့ခုမပြောပြတော့ပါဘူး။ဇာတ်လမ်းထဲကအတိုင်းဆိုရင်
(ကျနော်ကအိမ်ထောင်ရေးကံမကောင်းတဲ့အိမ်ထောင်သည်တစ်ယောက်ပေါ့ဗျာ)
ဇာတ်ကောင်ကျနော့်ကိုခုစာဖတ်နေတဲ့အကောင်းစားသူငယ်ချင်းတွေကျနော့်ကိုသနားသွားကြမှာမို့ပါ။
ဟီးဟီး...ကိုယ့်လူကိုယ်ယုံလို့ပြောတာပါနော်.....။
ဒါနဲ့ပဲအဲလိုထွင်ထားတဲ့ဇာတ်လမ်းလေးကိုNotepadမှာချရေး..ပြီးတော့မြန်မာဖောင့်မထည့်ထား သူအချို့သူငယ်ချင်းတွေပါဖတ်လို့ရအောင်Pdf File လေးလုပ်၊ ပြီးတာနဲ့မေးလာတဲ့သူငယ်ချင်းတွေဆီကိုတောက်လျှောက်အားကြိုးမာန်တက်ပို့လာလိုက်တာ...
တစ်လကျော်ကျော်လောက်တော့နားအေးပါးအေးနေရသားဗျ။ မဆိုးဘူးလို့ကိုယ့်ဟာကိုယ်တွေးနေတုန်းပြင်သစ်ကသူငယ်ချင်းတစ်ယောက်က (ရန်ကုန်ကျောက်တံတားတွင်နေပါသည်)ကဗျာလိုလို၊စာလိုလိုတစ်ပုဒ်ပို့လာတယ်။
သိပ်မကြာခင်လေးကပေါ့ဗျာ။အဲဒီဟာလေးကိုသဘောကျလွန်းတာနဲ့
(ဖတ်ပြီးတော့ကြံကြံဖန်ဖန်တွေးတတ်၊ရေးတတ်တဲ့သူ့ကိုလည်းဘယ်လိုခံစားချက်မျိုးနဲ့ရေးထား ပါလိမ့်ဆိုပြီးအံ့သြမိတယ်။ကိုယ်တွေ့ဆိုရင်တော့သူ့ကိုကိုယ်ချင်းလည်းစာမိပါတယ်။
ပြီးတော့အူတက်အောင်လည်းရယ်မိတယ်ဗျာ။ဖြစ်တတ်တဲ့သဘောတရားတခုကိုလည်း ရလိုက်တယ်ဆိုပါတော့....။ ကျနော်ပြောတာကဖြစ်တတ်တာကိုပြောတာနော်။ အားလုံးဒီကဗျာမကျ၊စာမကျအတိုင်းစိတ်ကူးကြတယ်လို့မပြောပါဘူး။)

ကျနော့်ဘလော့ကိုလာပြီးအမြဲတမ်းစာဖတ်ပေးနေတတ်တဲ့ကျနော့်အကောင်းစားသူငယ်ချင်း မိတ်ဆွေတွေကိုပါဖတ်စေချင်လွန်းလို့ပြန်လည်မျှဝေလိုက်ပါတယ်။ဖတ်ကြည့်ကြပါဦးခင်ဗျာ။



''အိမ်ထောင်ရေးထဲမှာ 

အချစ်ဟာမရှင်သန်နိုင်တော့ရင်
 
သူရှင်သန်အောင်လို့သူ့ကို
 
အပြင်တနေရာမှာ
 
မွေးမြူရတော့မှာပဲ''




ဘာရယ်လို့မရည်ရွယ်ပါဘူးဗျာ။ 
အပျော်သဘောသက်သက်ပါဆိုတာနားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်။
ကျနော်ချင်းလေးသူငယ်ချင်းတွေအားလုံးကိုလေးစားလျက်ပါ။
ကျနော်အပါအဝင်သူငယ်ချင်းတို့အားလုံးကိုယ့်ကိုနားလည်ပေးနိုင်ပြီး
အနွံတာခံချစ်တတ်ကြတဲ့ချစ်သူတွေနဲ့ပဲဆုံဆည်းလက်ထပ်နိုင်ကြပါစေလို့.......။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

9 Responses
  1. mstint Says:

    တောင်းဆုချွေပုံလေးကို သဘောကျတယ် 'ကျနော်အပါအဝင်' တဲ့ ဟဟ ကျန်ခဲ့မှာစိုးတယ်လား။
    လုပ်ကြံဇာတ်လမ်းလေးကြောင့် နားအေးသွားတယ်ဆိုပေမယ့် လက်တွဲဖော်ရရင် ပြဿနာရှင်းနေရအုံးမယ်နော်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. KMC@ချင်းလေး Says:

    ဟိဟိ.. လက်တွဲဖော်ကတော့ခေါင်းစဉ်ပေးထားသလိုပဲပေါ့အန်တီ။ မြင်ယောင်စိတ်ကူးလို့မရသေးတာမို့သိပ်မပူသေးပါဘူးအန်တီ။ အန်တီသတိပေးတာကျေးဇူးပါဗျာ။ ကျန်းမာပါစေ။

  3. ဟန်ကြည် Says:

    ချင်းကလေးရဲ့ ကြော်ငြာစာကို ဖတ်သွားပါသဗျား...မြန်မြန်စွံပါစေလို့လဲ ဆုတောင်းပေးလိုက်ပါရဲ့...တစ်ခုတော့ ပြောခဲ့ဦးမှ...

    အသက်အစိတ်မှ ပုခက်မချိတ်ရရင်တော့ တစ်သက်မနိပ်ပါဘူးတဲ့...ဘယ့်နှယ်သဘောရသလဲ...ကိုင်း

  4. KMC@ချင်းလေး Says:

    ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျားးးး.နောက်ကစာအတိုင်းဆိုရင်တော့ကျနော့်ဒိတစ်သက်မနိပ်နိုင်တော့ပြီပေါ့ဗျာ.. (မွေးမေလေ့)သမိန်ပေါသွပ်ကာတွန်းထဲကအတိုင်းညည်းလိုက်ခြင်း..:P...မေမေရေကယ်ပါ။ဆရာဟန်ကြည်ရေကယ်ပါ။ အန်တီတင့်ရေကယ်ပါ။ အားလုံးကယ်ကြပါ။

  5. Candy Says:

    အစ်ကိုချင်းရေ.. လန်ကြုတ်ဇာတ်လမ်းထွင်ရအောင်ကို စပ်စုကြတယ်လား.. ဟားဟား.. :D .. သူပြန်ရေးတဲ့ ကဗျာအတိုင်းတော့ အပြင်မှာ မလုပ်မိစေနဲ့နော်.. သူငယ်ချင်းအဖြစ်က ပြတ်စဲလိုက်မယ်.. ဟင်းဟင်း.. နာ့အစ်ကိုချင်း မြန်မြန်စွံပါစေဂျာ.. ^^

  6. KMC@ချင်းလေး Says:

    စိတ်ချညီမရေ..စိတ်တောင်မကူးပါဘူးနော်....သူငယ်ချင်းပြောတာကိုပြန်ပြောပြရုံပါပဲ။ :D အဟီးးညီမကအဲလိုလုပ်ချင်လို့ပြောပြနေတယ်ထင်မှာစိုးလို့ပါ။ ပေးတဲ့ဆုလေးနဲ့ပြည့်ပါရစေညီမငယ်ရေ..ကျေးဇူး....

  7. အိမ်မက်စေရာ Says:

    ကိုချင်း အဖော်လိုချင်နေပြီပေါ့..( မှတ်ထား သူများကဗျာကို နောက်ချင်ဦး ဟိဟိ)...
    သူ့ကိုချစ်မယ့်လူလဲ ရှိဘူးတဲ့ တနားပါတယ် ကရော် ကရော် ညလေးရှာပေးရမလား.. ဒါပေမယ့် တားက ကလေးလေးဆိုတော့ နဲနဲတော့ ခက်သား.. ကိုယ့်အိမ်ထောင်ရေးကို သာယာအောင်မလုပ်ပဲ အချစ်ကို အပြင်မှာ မွေးမြူတက်တက်လူမျိုး အိမ်မက်စေရာ သိပ်မုန်းတယ်..တွေ့ရင်ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် သတ်ပစ်မှာ.. ( စိတ်ကြီးတယ်)

  8. အလင်းသစ် Says:

    ဟိုက်...မောင်ချင်းရေ..မောင်ရင့်ပို့လေးဖတ်ပြီး
    ကိုယ်လိုလူရှိပါသေးလားဟတွေးနေတုန်း...ဆရာ ဦးဟန်ကြည်ရဲ့ ကွန်မန့်ကိုတွေ့တော့ မျက်ဖြူဆိုက် ရပါပြီကော....အစိတ်ကို စွန်းစွန်းကြီးကျော်လာ တာတောင်မှ အခုထိ မူးလို့ရှူစရာ ထွန်းရွှေဝါပဲ ရှိသေးတယ်.. သေဖို့ပဲရှိတော့တာပေါ့..မွေးမေလေ့ အိမ်နောက်က ငှက်ပျောတစ်ခင်းက သားအတွက်များ ဖန်ဆင်းခဲ့လေသလား...:P:P:P

  9. စံပယ်ချို Says:

    သူ့ကိုချစ်မယ့်လူလဲ ရှိဘူးတဲ့ တနားပါတယ် ကရော် ကရော် ညလေးရှာပေးရမလား.. ဒါပေမယ့် တားက ကလေးလေးဆိုတော့ နဲနဲတော့ ခက်သား.. ကိုယ့်အိမ်ထောင်ရေးကို သာယာအောင်မလုပ်ပဲ အချစ်ကို အပြင်မှာ မွေးမြူတက်တက်လူမျိုး အိမ်မက်စေရာ သိပ်မုန်းတယ်..တွေ့ရင်ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် သတ်ပစ်မှာ.. ( စိတ်ကြီးတယ်)
    သူပြောသလိုပဲနော်....ငါလဲစိတ်ကြီးတယ်
    ကိုယ်တွေကတော့ စွန်လွန်းလို့ခက်နေတယ်ကွယ်
    (မျက်စိ)ပြောတာပါ...

abcs