ဖြစ်လာနေတဲ့အခြေအနေပေါ်မှာသာချိုတယ်၊ငံတယ်၊ခါးတယ်မခွဲခြားပဲအကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းသွားကြရမှာပါ။အဲဒီလိုအရသာအမျိုးမျိုးကိုမြည်းစမ်းနိုင်ဖို့လည်းကြိုတင်ပြင်ဆင်ထားကြရမှာပါ။ ပြင်ဆင်ထားကြရမယ်ဆိုလို့တခြားတော့မဟုတ်ပါဘူး..။ လူအချင်းချင်းထားအပ်တဲ့ကိုယ်ချင်းစာတရားတွေ၊အပြန်အလှန်လေးစားအပ်တဲ့
ဆက်ဆံမှု့တွေကိုရှိနေရင်ရပါပြီ။ဒါဆိုရင်ရွေးချယ်ပိုင်ခွင့်မရှိပဲ
ကြုံသလိုရိုးရိုးသားသားလျှောက်လှမ်းနေကြရတဲ့လောကကြီးမှာအဖြေမရှိဘူး လို့ဆိုလို့ရတဲ့ဘဝပုစ္ဆာတွေဟာကျနော်တို့အတွက်ဝန်ထုပ်ဝန်ပိုးကြီးဖြစ်မနေတော့ဘူးမဟုတ်ပါလားခင်ဗျာ?

လောကကြီးမှာလူတိုင်းလူတိုင်းကိုယ်ပိုင်ဟန် နဲ့ကိုယ်ပိုင်အမြင်တွေရှိကြတာချည်းပဲမို့ ယုံကြည်ချက် ၊ ယူဆချက် ၊ တွေးဆချက် တွေဟာလည်း အမျိုးမျိုး ရှိနေကြမှာပါ …. ။ အဲဒီလိုအမျိုးမျိုးရှိနေကြတာကိုကလူ့လောကရဲ့အနှစ်သာရတစ်ခုလို့
ကျနော်မြင်မိသလိုအားလုံးလည်းမြင်မိကြမှာပါပဲ။ယုံကြည်ချက်တွေ၊ယူဆချက်တွေ၊တွေးဆချက်တွေ ဘယ်လိုပင်ကွဲပြားခြားနားပါစေ..တစ်ခုတည်းသောအရေးကြီးဆုံးကမိမိယုံကြည်မှုအပေါ် တန်ဖိုးထားတတ်ရပါမယ် …. အဲဒါအရေးအကြီးဆုံးပါ။
ကိစ္စတစ်ခုအပေါ်ခံယူပုံ၊သုံးသပ်ပုံကွဲပြားကြတယ်ဆိုတာကမိမိတွေ့ကြုံဖြတ်သန်းလာတဲ့အခြေအနေ ပေါ်မှာမူတည်ပြီးလားရာမတူညီခြင်းကိုဖြစ်ပေါ်စေတာပါ ……။ ဥပမာပေးပြောရမယ်ဆိုရင်ဒီခေတ်ကြီးမှာလူတိုင်းနီးနီးအနည်းဆုံးအခြေခံလောက်
ထိတော့သင်္ချာပုစ္ဆာတွေနဲ့စစ်ထိုးခဲ့ဖူးကြမယ်ထင်ပါတယ်။ဒီပုစ္ဆာတွေဟာဘယ်လိုပဲရှုပ်ထွေးနေပါစေ၊ ခက်ခဲနေပါစေသက်ဆိုင်တဲ့သီအိုရီတွေ၊အထောက်အထားတွေနဲ့အဆင့်ဆင့်တွက်ချက်လာပြီးတဲ့ နောက်မှာတော့အဆုံးသတ်အနေနဲ့မှန်ကန်တဲ့အဖြေ
တစ်ခုဆိုတာအသင့်ရှိနေတာကိုတွေ့ရမှာပါ။ပုစ္ဆာတွေကွဲပြားနေသလိုအဖြေတွေကွဲပြားမနေပါ။ လူပုဂ္ဂိုလ်ပညာရှင်တွေခြားနားနေလို့အဖြေတွေခြားနားမနေပါ။ ဒါပေမယ့်ကျနော်တို့အားလုံးအဖြေကြိုတင်ရှာလို့မရတာ၊လက်ခံနိုင်လောက်တဲ့အဆုံးသတ်တွေ
မဲ့နေတာလည်းရှိပါတယ်..အဲဒါကတော့လူ့ဘဝပုစ္ဆာတွေပါပဲ။ လူ့ဘဝပုစ္ဆာဆိုတာပြသနာပေါင်းသောင်းခြောက်ထောင်မကများပြားလွန်းလှတာမို့ ဘယ်လိုပညာရှင်ကမှကြိုတင်မသိမြင်နိုင်ပါဘူး...။ပြည့်စုံအောင်မပြင်ဆင်နိုင်ပါဘူး။

စောစောကပြောထားသလိုကိုယ်ကိုယ်တိုင်ပိုင်ဆိုင်နေတဲ့ ကိုယ်ပိုင်ယုံကြည်ချက်၊ကိုယ်ပိုင်ယူဆချက်၊ကိုယ်ပိုင်တွေးဆချက်တွေရဲ့အင်အားနဲ့ပဲ လတ်တလောကြုံတွေ့နေရတဲ့အခက်အခဲတွေ၊အခြေအနေတွေ၊အဖြစ်အပျက်တွေ..အားလုံး... အားလုံးကိုရုန်းကန်ဖြေရှင်းသွားကြရမှာပါ။အဲဒီလိုဖြေ
ရှင်းကြဆိုရင်လည်းကိုယ်ဖြစ်ချင်နေတဲ့ဆန္ဒနဲ့ လိုက်ဖက်မှု့ရှိနိုင်မယ့်ရလဒ်တစ်ခုဖြစ်လာအောင်သတိပြုပြီးဖြေရှင်းကြတာကိုအားလုံး (သတိမထားမိရင်သာနေမယ်)တွေ့ဖူးကြမယ်လို့ကျနော်ယုံကြည်ပါတယ်။ ဒီနေရာမှာပြောစရာရှိလာတာကကိုယ်သန်ရာသန်ရာကိုယ်ရင်ဆိုင်နေရတဲ့ပုစ္ဆာတွေကို ဖြေရှင်းရင်းနဲ့နောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ကာယကံရှင်တွေကို ပျော်ရွှင်ဖွယ်ဖြစ်လာအောင်၊ကျေနပ်နှစ်သိမ့်မှု့ပေးနိုင်တာတွေလည်းရှိကြသလို စိတ်ပျက်အားငယ်လာအောင်ဖိအားပေးရတာတွေလည်း
ရှိတတ်ကြပါတယ်။ဒါကိုကျနော်တို့လက်ခံကြရမှာပါ..။ ပြောရမယ်ဆိုရင်ဒီတစ်ခါပြုံးရွှင်ကြည်နူးနိုင်အောင်မိမိကိုဘယ်လိုဖြေရှင်းနည်းကလုပ်လိုက်စေတာလဲ ဆိုတာသတိတရလက်ခံထားမိရင်နောက်အကြိမ်ပေါင်းများစွာအဲဒီလိုပျော်ရွှင်ကြည်နူးမှု့တွေကို
ကိုယ်ကိုယ်တိုင်ရှာဖွေလို့အဆင်ပြေမှာပါ။တစ်ဖက်ကလည်းခုလိုစိတ်ပျက်ဖွယ်၊အားငယ်ဖွယ်တွေကို ဘာကြောင့်ကိုယ်ခံစားရတာလဲဆိုတာကိုစစ်စစ်ပေါက်ပေါက်မဟုတ်တောင်အပေါ်ယံ ယေဘုယျအားဖြင့်ချင့်ချိန်နိုင်ခဲ့ရင်လည်းနောင်ဆိုဒီလိုစိတ်ပျက်အား ငယ်စရာတွေကြုံတွေ့ရဖို့လမ်းစနည်းသွားမှာအမှန်ပါပဲဗျာ။

ကျနော်တို့အားလုံးရှင်သန်နေကြတဲ့သံသရာတစ်လျှောက်လုံးကျနော်တို့အချင်းချင်း ကောင်းတာတွေလုပ်ခဲ့တာလည်းရှိမယ်၊၊ ဥပမာဆိုရရင်....တချို့ကကိုယ့်ထက်အားနည်းတဲ့သူတွေကိုလိုအပ်သလို
ထောက်ပံ့ပေးခဲ့တာတွေ၊တချို့ကသူများဒုက္ခရောက်တော့မယ့်အခြေအနေတွေကို တတ်နိုင်သလောက်ဖယ်ရှားပေးခဲ့တာတွေ၊ပြောရမယ်ဆိုရင်တော့အများကြီးပေါ့ဗျာ.... အဲလိုလေးတွေနဲ့ကောင်းတာတွေလုပ်ခဲ့ကြသလိုပဲသူများနစ်နာအောင်လိမ်ညာလိုက်တာတွေ၊ လှည့်ဖြားလိုက်တာတွေ၊သူများကြပ်တည်းသွားအောင်ကိုယ်ပိုင်ရာဂွင်ထဲကနေပညာပြလိုက်ကြတာတွေ စတဲ့မကောင်းခြင်းတွေလည်းလုပ်ခဲ့ကြမှာပါပဲ။ဒီနေရာမှာ''လူမှန်ရင်အပြစ်နဲ့မကင်းဘူး'' ဆိုတဲ့စကားကတနည်းတဖုံဘောင်ဝင်လာပြန်ရော..
ထားပါ...ပြောချင်တာကအဲဒီလိုကောင်းတာတွေလုပ်ခဲ့ကြသလို၊မကောင်းတာတွေ လုပ်ခဲ့ကြတာကြောင့်လည်းမဆုံးနိုင်တဲ့အဖြစ်အပျက်တွေသူတလှည့်ကိုယ်တလှည့်ဖြစ်နေ ပျက်နေတယ်ဆိုတာပါပဲ။တကယ်တမ်းဖြစ်ပျက်လာကြပြီဆိုရင်လည်းလူတစ်ဦး
နဲ့တစ်ဦးရှုမြင်သုံးသပ်တာ၊ခံယူမှတ်သားတာ၊ခွင့်လွှတ်နားလည်တာတွေဟာမတူညီနိုင်ကြပြန်ပါဘူး ……။ နောက်ပြီးမဖြစ်မနေတွေ့ကြုံလာရတဲ့နောက်ဆက်တွဲရလဒ်တွေအပေါ်တုံ့ပြန်ပုံမှာလည်း တစ်ဦးနဲ့တစ်ဦးကိုယ်ပိုင်စိတ်ခံစားချက်၊အပြုအမူတွေအရကွဲပြားခြားနားနေကြမှာပါ ……။ ကိုယ်တွေ့ကြုံခံစားလိုက်ရတဲ့သဘောတရားအတိမ်အနက်ပေါ်မှာမူတည်ပြီးမတူညီခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။အဲလိုမတူညီတာကလည်းဘာပြသနာမှမရှိလောက်ဘူးလို့ပြောပါရစေ။ ဒီအချက်ကိုအားလုံးလက်ခံနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ တစ်ခုတော့သတိထားရမှာပေါ့ဗျာ...အဲဒီတစ်ခုကဘာလဲဆိုတော့လူတစ်ဖက်သားရဲ့ခံစားချက်ပါပဲ.. အဲဒီခံစားချက်ကိုနားလည်ပေးနိုင်ဖို့အင်မတန်မှအရေးကြီးပါတယ်။ အတတ်နိုင်ဆုံးမိမိရဲ့''ငါဖို့''ဆိုတဲ့အတ္တကိုဘေးဖယ်ထားပြီး
ထဲထဲဝင်ဝင်နားလည်ပေးနိုင်အောင်လည်းကြိုးစားကြရမှာပါ။ ဘာလို့လဲဆိုတော့လောကကြီးမှာမိမိကိုယ်ကိုဗဟိုပြုပြီးဘယ်အရာမှဖြစ်ပျက်ပြောင်းလဲနေတာ မဟုတ်တာ ….အရာရာဟာအခြေအနေ၊အချိန်အခါအရဖြစ်ပျက်နေကြတာမို့''ငါ'' ဆိုတဲ့အတ္တကို
ဖယ်ခွါပြီးတစ်ဖက်သားအပေါ်ရှုမြင်ပေးနိုင်ရင် ''နားလည်မှု'' ဆိုတဲ့တစ်ဖက်လူရဲ့ခံစားချက်ကိုတွေ့ထိသိမြင်နိုင်မှာမလွဲပါဘူးဗျာ။
ကျနော့်အနေနဲ့လူတိုင်းဟာ မိမိခံစားချက်အတိုင်းအရာရာကိုတုံ့ပြန်ပြုမူတတ်ကြတယ်လို့ခိုင်ခိုင်မာမာယုံကြည်လို့
ဒီလိုပြောရတာပါ။
ဥပမာအနေနဲ့(ဥပမာတွေကလည်းများနေပြီ...ဆော်ရီးပါဗျာ..)ပြောရရင် လူမျိုးစုတစ်စု၊ဒါမှမဟုတ်လူတစ်ဦးအနေနဲ့
နောက်လူမျိုးစုတစ်စု၊ဒါမှမဟုတ်နောက်လူတစ်ဦးနဲ့ပတ်သက်ပြီး စိတ်ထဲမှာဘာတွေရှိနေတယ်၊ဘယ်လိုတွေမြင်နေတယ်ဆိုတာဒီအတိုင်းသာမန်
အချိန်ဆိုရင်တိတိကျကျသိနိုင်ဖို့ခဲယဉ်းပါတယ်။ဒါပေမယ့်အသိစိတ်ပျောက်သွားကြတယ်လို့အများစု လက်ခံထားကြတဲ့အရက်သေစာသောက်စားထားတဲ့အချိန်တွေမှာဆိုရင်တော့တိတိကျကျသိနိုင်ပါတယ်..။ ဘယ်လိုပြောမလဲ...ကလေးလေးတွေဟန်မဆောင်
တတ်သလို၊မလိမ်မညာတတ်သလိုပေါ့...မူးနေတဲ့သူတွေလည်းကျနော့်အတွေ့အကြုံအရဆိုရင် မလိမ်မညာတတ်ပါဘူး။ဒါလည်းတချို့သတိထားမိမှာပါ။အဲလိုမူးယစ်နေတဲ့အချိန်မှာမလိမ်မညာပဲ ရင်ထဲကအသိတွေ၊ခံစားချက်တွေကိုထုတ်ဖော်တတ်ကြလွန်းလို့လည်း
လူတွေဟာနောက်လူတစ်ယောက်ရဲ့အတွင်းလျှို့ဝှက်ချက်ကိုသိချင်ရင်အရက်မူးအောင် တိုက်လေ့ရှိကြတာမဟုတ်ဘူးလားခင်ဗျာ?မူးလာမှကိုယ်သိချင်တာတွေမှန်မှန်ကန်ကန်၊ တိတိကျကျသိလာကြမှာလို့ယူဆထားကြလို့မဟုတ်ဘူးလားခင်ဗျာ? ဒါကြောင့်လည်း
စကားပုံမှာတောင် ''အရက်မူးကျွဲခိုးပေါ်'' ဆိုပြီးဆိုကြတာမဟုတ်ဘူးလားဗျာ?...ဒါကကျနော့်ယုံကြည်ချက် (လူတိုင်းဟာမိမိခံစားချက်အတိုင်းအရာရာကိုတုံ့ပြန်ပြုမူတတ်ကြတယ်)ကိုခိုင်မာအောင် ကျနော့်အတွေးသေးသေးလေးနဲ့နှိုင်းယှဉ်ကိုးကားပြတာပါ။
မသင့်တော်သလိုဖြစ်သွားရင်ကျနော်အမိုက်အမဲလေးကိုနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။ကျနော်တို့အားလုံးငယ်ငယ်ကတည်းကတက်ရောက်ပညာ သင်ကြားလာခဲ့ကြတဲ့ကျောင်းတွေ၊စာသင်ခန်းတွေမှာတော့ဘဝနဲ့ပတ်သက်ပြီးအကျင့်စာရိတ္တ
လမ်းညွှန်ချက်တွေ၊ဘယ်သူ့ကိုဘယ်လိုဆက်ဆံရမှာ....စိတ်ကောင်းနှလုံးကောင်းတွေကို ဘယ်လိုမွေးမြူရမှာ...စတဲ့လမ်းညွှန်ချက်တွေ၊လူကောင်း၊လူညံ့ရွေးချယ်ပေါင်းသင်းရေးနည်းလမ်းတွေ၊ ကုသိုလ်..အကုသိုလ်ခွဲခြမ်းစိတ်ဖြာတတ်ပြီးဆောင်ရန်..ရှောင်ရန်တွေ
စသည့် စသည့်အခြေခံသဘောတရားတွေကိုတော့ အစအလယ်အဆုံးသင်ရိုးညွှန်းတမ်းတွေ၊စည်းတွေဘောင်တွေထဲကနေပြီး အစီအစဉ်တကျနဲ့သင်ကြားပေးခဲ့ပြီးပါပြီ။တကယ့်လက်တွေ့ဘဝမှာတော့သင်ယူနေကြဆဲပေါ့ဗျာ..။ ဘယ်လိုလူသားဆီမှာမှ
ကိုယ်မလိုချင်တဲ့ကဏ္ဍတွေကိုထုတ်နုတ်ပြီးကိုယ်ဖြစ်ချင်တာတွေပဲ တန်းစီဖြစ်ရမယ်ဆိုတဲ့ရွေးချယ်ပိုင်ခွင့်စွမ်းအားမရှိပါဘူး။ဖြစ်လာနေတဲ့အခြေအနေပေါ်မှာသာ ချိုတယ်၊ငံတယ်၊ခါးတယ်မခွဲခြားပဲအကောင်းဆုံးဖြစ်အောင်လျှောက်လှမ်းသွားကြရမှာပါ။
အဲဒီလိုအရသာအမျိုးမျိုးကိုမြည်းစမ်းနိုင်ဖို့လည်းကြိုတင်ပြင်ဆင်ထားကြရမှာပါ။ ပြင်ဆင်ထားကြရမယ်ဆိုလို့တခြားတော့မဟုတ်ပါဘူး..။ လူအချင်းချင်းထားအပ်တဲ့ကိုယ်ချင်းစာတရားတွေ၊အပြန်အလှန်လေးစားအပ်တဲ့ ဆက်ဆံမှု့တွေကိုရှိနေရင်ရပါပြီ။ဒါဆိုရင်ရွေးချယ်ပိုင်ခွင့်မရှိပဲ
ကြုံသလိုရိုးရိုးသားသားလျှောက်လှမ်းနေကြရတဲ့လောကကြီးမှာ အဖြေမရှိဘူးလို့ဆိုလို့ရတဲ့ဘဝပုစ္ဆာတွေဟာကျနော်တို့အတွက်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်မနေတော့ဘူးမဟုတ်ပါလားခင်ဗျာ?အဲဒီဘဝပုစ္ဆာတွေကတော့ကမ္ဘာတည်နေသရွေ့ ကျနော်တို့လူသားတွေနဲ့မခွဲပဲအမြဲတမ်းအတူတကွရှိနေဦးမှာမို့.......................။
ဘာရယ်မဟုတ်ပါဘူးခုတလောနေရထိုင်ရတာမျိုးကြီးဖြစ်နေလို့ခုလိုပေါက်ကရလေးတွေ ချရေးလိုက်တာပါ။နော်ဝေအကြမ်းဖက်မှု့ကြောင့်အနေခက်သလိုမျိုးဖြစ်မိလို့ နိုင်ငံခြားသားတစ်ဦးအနေနဲ့သူတို့သဘောထား(ကျနော်နှင့်သိတဲ့သူများ)ကိုသူတို့အရက်မူး
နေတဲ့အချိန်မှာမသိမသာတီးခေါက်ကြည့်မိတော့လူလူချင်းလေးစားတတ်တဲ့သူတို့ရဲ့ သဘောထားအမှန်ကိုသိခွင့်ရလိုက်တယ်လေ။တချို့စုန်းပြူးတွေတော့ရှိမှာပေါ့ဗျာ... ဒါကသူတို့ရယ်လို့မဟုတ်ပါဘူး...ကျနော်တို့မြန်မာပြည်မှာလည်းရှိကြပါတယ်။ခုနကပြော
သလိုပဲပေါ့......''မိမိယုံကြည်မှုအပေါ်တန်ဖိုးထားတတ်ရပါမယ်'' အဲဒါမှပြည့်ဝတဲ့လူ့လောကရဲ့အနှစ်သာရတစ်ခုလို့မြင်မိကြောင်းလေးစားစွာနဲ့တင်ပြလိုက်ရပါတယ်။
မှတ်ချက်။ ။ဘယ်သူဘယ်ဝါကိုမှရည်ညွှန်းတိုက်ခိုက်ထားခြင်းမဟုတ်ပါ။
ကျနော့်ရင်ထဲကခံယူချက်ကို
ပွင့်ပွင့်လင်းလင်းအများသိအောင်ချပြထားခြင်းသာဖြစ်ပါတယ်။
ဒီတလောကျနော့်ဘလော့လေးကိုဖွင့်ရင်မဆိုင်တဲ့စာမျက်နှာသေးသေးလေးတစ်ခု
ပေါ်လာတတ်ပါတယ်။ပြသနာမရှိပါ။စီဘောက်မှာဝဲMassageတွေမလာတော့အောင်ပြင်ထားလို့ပါ။ အဲလိုစာမျက်နှာသေးသေးလေးတွေတက်လာရင်Closeဆိုတဲ့စာတမ်းလေးမြင်ရပါမယ်။အဲဒါလေးကို
နှိပ်ပြီးဖျက်လိုက်ရင်ပြီးပါပြီခင်ဗျာ။ အားလုံးစိတ်အနှောက်အယှက်ဖြစ်သွားကြရင်
ခွင့်လွှတ်ကြပါလို့......။

ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
ရိုးသားခြင်း၊ ကိုယ်ချင်းစာခြင်း ၊ လေးစားခြင်း ဒါတွေက မရှိမဖြစ် ကျင့်ဝတ်တွေပေါ့ရှင်။
ခင်တဲ့
သိပ်မှန်တာပေါ့သူငယ်ချင်းရာ... လေးစားပါတယ်ဗျာ။
မှန်တာပေါ့ မှန်တာပေါ့ အကိုရေ..
"ငါ" ဆိုတဲ့ အတ္တကို ခုချိန်ထိတော့ အပြီးသတ် မဖယ်ရှားနိုင်ပေမယ့် အဲဒီ့ အတ္တကြောင့် သူများဒုက္ခမရောက်စေအောင်တော့ နေပါတယ်အစ်ကို...
ခင်တဲ့...
ချိုချဉ်
လူတိုင်းတော့ ငါ့ ဖို့ဆိုတဲ့ အတ္တ
ရှိနေဦးမှာပဲ.....အနဲနဲ့အများပဲ ကွာတယ်။
အပြီးသတ်တော့ ဖယ်ရှားနိုင်မှာ မဟုတ်ဘူးနော်...
ချမ်းမြေ့ပါစေ။
@မဒမ်ကိုးရေ....လေးစားပါတယ်ဗျာ။@ညီမချိုချဉ် ရေ...(ရေမခပ်လာနဲ့နော်:P) ကျနော်လည်းညီမလိုပါပဲ..ကြိုးစားဆဲ့အဆင့်လို့ ဝန်ခံချင်ပါတယ်။ ခုထိတော့နေနိုင်သေးတယ်ထင်တာပဲ..အဟိ။@မကြီးဂျပ်စ်မင်းပြောတာ သိပ်လက်ခံတာပေါ့ဗျာ.လူပဲလေ..။အားလုံးခုလိုအမြင်လေးတွေထုတ်ဖော်ပြလာတော့ ကျနော်ရေးတဲ့စာကိုတောင်ကျနော်ပြန်ရှက်မိသလိုလိုပါပဲဗျာ..ဟဲဟဲဟဲ။ @ကျေးဇူးပဲသူငယ်ချင်းတို့ရေ။ကျေးဇူး။
မှန်လဲမှန် ..ဟုတ်လဲဟုတ်နေတယ် ချင်းလေးရေ..
ခံစားအားပေးသွားလျှက်..