မေမေ့ကိုပြန်ပေးပါ

ခုရက်ပိုင်းမှာပုံမှန်ထက်ပိုပြီးမေမေရှိခဲ့စဉ်က မေမေ့အိမ်လေးမှာမောင်နှမတွေအားလုံးနဲ့တူတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတာတွေ၊တစ်ဦးကိုတစ်ဦးကြင်ကြင်နာနာနဲ့လေးလေးစားစား ဆက်ဆံခဲ့ကြတာတွေကိုသတိတွေရနေလို့ပါ။ပိုပြီးသတိရလာစရာဖြစ်လာတာကတော့သူငယ်ချင်း
(Norwaygian)တစ်ယောက်နဲ့အတူ သူငယ်ငယ်ကနေခဲ့တဲ့သူ့မိဘအိမ်ကို (ငယ်ငယ်ကနေခဲ့တဲ့အိမ်ဆိုလို့သူ့ကိုကြီးနေပြီလို့မထင်လိုက်ပါနဲ့ဦး.. 
လူကြီးမင်းကခုမှအသက်နှစ်ဆယ်တောင်မပြည့်သေးပါဘူးခင်ဗျာ...လပိုင်းလိုပါသေးတယ်.. ဒါပေမယ့်မိဘတွေနဲ့တူတူမနေပဲသီးသန့်အိမ်ခွဲနေပါတယ်ခင်ဗျာ။) အလည်လိုက်သွားမိလို့ပါ။






အလည်သွားတာနဲ့အိမ်ကိုသတိရတာနဲ့ဘာဆိုင်လို့လည်း၊ ညာပြီးလာမတုတ်နဲ့လို့အပြောမစောလိုက်ပါနဲ့ဦးဗျာ..P သူတို့ဆီကနွေးထွေးမှု့နည်းပါးတဲ့မိဘနဲ့ သားသမီးဆက်ဆံရေးကိုအနီးကပ်ပထမဆုံးမြင်လိုက်ရတာမို့ ကျနော်တို့ဆီကမိဘတွေအကြောင်း သတိရစရာတွေဖြစ်ပေါ်လာတယ်လို့ဆိုရမှာပေါ့ဗျာ။ အဲလိုသတိရမိသွားလို့လည်းကျနော်တို့ဆီက (ကျနော့်ချစ်မေမေအပါအဝင်)အမေများအားလုံးကိုလေးစားစိတ်၊ဂုဏ်ယူမိတဲ့စိတ် ဖြစ်ပေါ်လာတာမို့အရမ်းချစ်ဖို့ကောင်းတဲ့အမေများအားလုံးကို ဒီပို့စ်လေးနဲ့ဂါရဝပြုချင်လို့ (ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ:P) ခုလိုချရေးလိုက်တာပါ။ အားပေးကြမယ်ဆိုရင်အတိုင်းမသိကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။



မေမေ့ကိုပြန်လိုချင်တယ်....အိုဘုရားသခင်...မေမေ့ကိုပြန်ပေးပါ...


မေမေ့ကိုအရမ်းချစ်တယ်မေမေ
အငိုနည်းသလောက် အချိုကြိုက်တဲ့သား
မောင်နှမဖွားတွေကြား ထင်းနေလေရဲ့လို့ဆိုတတ်တဲ့မေမေ
အဲဒီမောင်နှမတွေနဲ့အတူ သားလေးကိုထားရစ်ခဲ့တာကြာလှပေါ့..။
ငယ်ရွယ်စဉ်ကတည်းက ယဉ်ပါးလာခဲ့ရ
ချစ်မေမေရဲ့အကြင်နာတွေနဲ့
ထုံမွှမ်းနေတဲ့မေမေ့ရဲ့သားချော့တေး
ခုများထိမရိုးနိုင်အောင် ကြားချင်နေတုန်းပါပဲမေမေ.....

ဘာလို့များသူများတကာတွေလို
လွတ်လွတ်လပ်လပ်သွားလာခွင့်မပေးပါလိမ့်လို့
ကျောင်းသွားကျောင်းပြန်တိုင်း
မေမေ့လက်ကိုတွဲကိုင်ပြီး
စဉ်းစားမိခဲ့ပေမယ့်
ခုပြန်သတိရတိုင်း
ခုချက်ချင်းမေမေ့ရဲ့
နုနုရွရွလက်ကလေးတွေကို
ပြေးနမ်းရှိုက်ချင်မိပါရဲ့ဗျာ
ဒါပေမယ့်............
အိုဘုရားသခင် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုပြန်လိုချင်လို့ပါ...။

ငယ်ရွယ်တုန်းဘဝမှာတော့
မေမေ့လက်ကခွံ့တဲ့
ထမင်းဆီစမ်းပေါ့.....
လူပျိုပေါက်လာပြန်တော့
လမ်းထိပ်ကအကြော်စုံ
သားတို့တူတူစားခဲ့တယ်နော်
စားတိုင်းမှာလည်း
ဝယ်စားခဲ့တာမှန်ပေမယ့်
မေမေ့အငွေ့အသက်က
အကြော်ပူပူပေါ်မှာ လွှမ်းခြုံထားနိုင်ပါရဲ့
နွေးထွေးလိုက်တာမေမေရယ်
ခုတော့သားငိုနေမိပြီအမေရယ်
အိုဘုရားသခင် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုပြန်လိုချင်လို့ပါ...။

ခုလိုအေးလာပြန်တော့လည်း
မေမေ့ကိုအောက်မေ့မိတယ်မေမေ
ရန်ကုန်ဆောင်းဘာမှမဟုတ်ပေမယ့်
ဆွယ်တာထူထူနဲ့ခြေအိတ်ခေါင်းစွတ်နဲ့
ဖိုသီစေခဲ့ဖူးတာတွေပေါ့
သြော်...မေမေရယ်
အရိုးခိုက်အောင်အေးတယ်မေမေ
သားအရမ်းအေးလာရင်လေ
သားဖာ့သာ သားအနွေးထည်မရှာချင်တော့ဘူးဗျာ
မေမေ့ကိုပဲပြန်ရချင်တယ်
မေမေ့ရင်ခွင်မှာပြန်နားချင်တယ်
မေမေ့အထွေးအပွေ့ကြားမှာ 
အပျင်းထူနေချင်သေးတယ်ဗျာ
ဒါပေမယ့်.......
အိုဘုရားသခင်ရယ် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုတကယ်လိုအပ်လို့ပါ...။

သားဘာမှမသိဘူးမေမေ
လာမပြောနဲ့ခေတ်တွေ
ခေါက်ထားလိုက်ပါစနစ်တွေအကြောင်း
သားသိခဲ့တာကသားဆီမှာ
မေမေ့လိုမေမေတစ်ယောက်ရှိဖူးတယ်
သားသိနေတာကသားဆီမှာ
မေမေ့လိုမေမေတစ်ယောက်လိုအပ်နေတယ်
သားသိချင်တာက
သားရဲ့မေမေဘယ်မှာလဲ?
ဘယ်ကိုရောက်နေလဲ?
Angel ကလာမေးတယ်မေမေ...
အိပ်မက်ထဲမှာပေါ့
သားမှာဘာဆန္ဒတွေရှိသလဲတဲ့
သားလေ...သား
အသံထက်မြန်တဲ့အသံတခုနဲ့
မေမေ့သားချော့တေးကိုပြန်ကြားချင်ပါတယ်လို့..............
မေမေ့လက်ဖြူနုနုလေးတွေကိုပြန်နမ်းချင်ပါတယ်လို့........
မေမေ့ကရုဏာတွေပြန်ခံယူချင်ပါတယ်လို့....................
မေမေ့ရင့်ခွင်ထဲပြန်ခိုလှုံချင်ပါတယ်လို့........................ သားစာမေးပွဲအောင်လို့ဝမ်းသာပြီးမေမေ့ကိုပွေ့ချီမခဲ့သလို...
တစ်ခါပြန်ပွေ့ချီထားချင်ပါတယ်လို့.............................
ပြောလိုက်တာပေါ့မေမေရယ်.
မေမေ့ကိုအရမ်းချစ်လို့ပါမေမေ.
သားကိုယုံပါမေမေ
မေမေ့ကိုနေ့စဉ်မပြတ်သတိရနေမိတိုင်း
မေမေတစ်ယောက်ကောင်းရာသုဂတိလားပါစေလို့
ဆုတောင်းပေးနေပါတယ်ချစ်မေမေရယ်။
သူAngel ပြောသလိုဖြစ်ခွင့်သာတကယ်ရခဲ့ရင်.......................
ဘဝဆိုတာကိုတဖန်ပြန်ရွေးချယ်ခွင့်ရခဲ့ရင်...................

အိုဘုရားသခင် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုပြန်လိုချင်လို့ပါ...။
အိုဘုရားသခင် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုပြန်လိုချင်လို့ပါ...။
အိုဘုရားသခင် မေမေ့ကိုပြန်ပေးပါ....မေမေ့ကိုပြန်လိုချင်လို့ပါ...။

မေမေ့ကိုလွမ်းဆွတ်သတိရမိလို့ချရေးလိုက်တာပါ...လမ်းထိပ်ကအကြော်ဆိုင်မဟုတ်ပေမယ့်
အကြော်ဆိုင်ခြင်းတူတဲ့သဘောတရားအတိုင်း Youtube ကနေမန္တလေးအကြော်ဆိုင်လေးတစ်ဆိုင်ရဲ့
Clip လေးကိုပါယူပြီးတင်ပြလိုက်ရပါတယ်။ Clip ရဲ့ Uploder ကိုလေးစားစွာကျေးဇူးတင်တယ်
လို့ဒီနေရာလေးကနေပြောလိုက်ပါရစေ။







မပြေပြစ်တဲ့ကျနော့်အရေးအသားတွေကိုသီးခံဖတ်ပေးသူတွေအားလုံးကိုယ်စိတ်နှဝမ်းချမ်းမြေ့ကြပြီး
လိုရဆန္ဒအဝဝပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

8 Responses
  1. ကိုဇော် Says:

    အမေကို အရမ်းချစ်တဲ့ သား တစ်ယောက် လေးလေးစားစား နဲ့ သေချာခံစားပြီးဖတ်သွားပါတယ်။

  2. Candy Says:

    အကြော် စားချင်အောင် လုပ်တယ်... :( ... ကဗျာလေး သေချာခံစားပြီး ဖတ်သွားပါတယ်... :D

  3. KMC@ချင်းလေး Says:

    @ကိုဇော်..အစ်ကိုနောက်ဆုံးရေးသွားတဲ့(ကိုဇော်၏နှုတ်ဆက်လမ်းခွဲမှ)ဆိုတဲ့ ပို့စ်မှာSOSEGADOဆိုတဲ့Nickနဲ့ကဗျာကွန့်မန့်ပေးသွားခဲ့တဲ့ကဗျာရဲ့နောက်ဆုံး စာသားလေးအတိုင်းလမ်းကြုံလို့ဝင်လာတာလားခင်ဗျာ?ခင်မင်လေးစားလျက်ပါအစ်ကို. @ညီမချိုချဉ်တခါတလေပင်နစူလာမှာရတတ်ပါတယ်နော်.အောင့်မထားပဲဝယ် စားလိုက်ပါ.အစ်ကိုကတော့အညှော်ပဲခံရမှာပေါ့လေ..ဘဝသမားဆိုတော့:P။ အားလုံးကျေးဇူးတင်ပါတယ်ဗျာ။

  4. mstint Says:

    အန်တီတို့လို မိခင်တိုင်း ရာနှုန်းပြည့် နှစ်သက်မှာပါ ချင်းကလေးရယ်။
    အမြဲအားပေးလျက်ပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  5. ချင်းကလေး Says:

    ကျေးဇူးတင်ပါတယ်အန်တီရယ်။ အန်တီလည်းကျန်းမာပြီးလိုရာဆန္ဒအဝဝပြည့်ဝပါစေဗျာ..။

  6. December Mgmg Says:

    ဖတ်သွားပါတယ် ချင်းကလေးရေ...ကျွန်တော်လည်း အမေနဲ့မနေရဘူးဗျ ။

  7. Angelhlaing(May everybody be happy and healthy! Says:

    အိမ်ပြန်ချင်လာပြီ.. :(

  8. အိမ်မက်စေရာ Says:

    ကိုချင်းရေ မေမေ့ အတွက် ကဗျာလေး လာဖတ်သွားတယ်.. မေမေ အနားမှာ မရှိတော့ပေမယ့် မေမေ့ရဲ့ အငွေ့အသက်တွေက ကိုချင်းနားမှာ ထာဝရရှိနေမှာပါ ကိုချင်းရေ.. နော်

abcs